ဖာပွန်ခရိုင်တွင် ယခုနှစ်အတွင်း တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သား ၂ သေ၊ ၅ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
ယခုနှစ်အတွင်း မူတြော်(ဖာပွန်) ခရိုင်အတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံ၂ ဦး သေဆုံးပြီး ၅ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “၂၀၂၀ တစ်လပိုင်းကနေပြီးတော့ ၇ လပိုင်းအထိ အတောအတွင်း ကျနော်တို့ မူတြော်ခရိုင်အတွင်းထဲမှာ ပြည်သူလူထုကို ပစ်သတ်ခဲ့တာကတော့ ၂ ယောက် နောက် ဒဏ်ရာရ ခဲ့သူ ၅ ယောက်ရှိတယ်” ဟု ပြောသည်။
မူတြော်(ဖာပွန်)ခရိုင် အခြေစိုက် စကခ ၈ လက်အောက်ခံ တပ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရသေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဇန္နဝါရီလဆန်းပိုင်းတွင် ဝါသိုးခိုရွာသား ၂ ဦး ပြင်းထန် စွာ ထိခိုက်ဒဏ် ရာရရှိခြင်း၊ မတ်လ ၅ ရက်နေ့တွင် မယ်ဝေစခန်းကနေ ပစ်ခတ်မှုကြောင့် ဒေသခံ သစ်တော တာဝန်ရှိသူတစ်ဦး သေဆုံးခြင်း၊ မေလ ၉ ရက်နေ့တွင် ကူးဆိပ်ရွာသားတစ်ဦး ပစ်ခတ်ခံရသည့် အတွက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဇွန်လ ၂ ရက်နေ့က ဝါသိုးထာကျေးရွာသား ၂ ဦး ပစ်ခတ်ခံရခြင်းနှင့် ဇူလိုင်လ ၁၆ ရက်နေ့က ပိုလိုးထာရွာသူ နော်မူနော် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဉ်များကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများနှင့် နေနေရသည့်အတွက် တပ်မတော် တပ်စ ခန်းများအနေဖြင့် အဆိုပါဒေသအတွင်းမှ ရုတ်သိမ်းထွက်ခွာပေးရန် ဒေသခံများက တောင်းဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ဒေသခံများက ဒွယ်လိုးမြို့နယ်အတွင်းရှိ တပ်မတော် တပ်စခန်းများ ရှေ့တွင် ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့ကြသကဲ့သို့ ဇူလိုင်လ ၂၈ ရက်နေ့ (ယနေ့) တွင်လည်း ဒွယ်လိုး မြို့နယ်နှင့် ဘူးသောမြို့နယ်မှ ဒေသခံများက တောင်သုံးလုံးမှ ကမမောင်းအထိ လမ်းလျှောက် ဆန္ဒထုတ် ဖော်ကာ ထပ်မံ တောင်းဆိုခဲ့ကြသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “နော်မူနော်အတွက်ကတော့ အခုလို သေရတဲ့အပေါ်မှာ အခုဖြစ် ရပ် တွေက နောက်ပိုင်းမှာ မရှိသင့်တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပြည်သူတွေက သူဟာသူ လုပ်စား နေကြတာ အခုလို တပ်မတော်ကနေ ပစ်သတ်တာတွေ ကြောက်လန့်အောင် လုပ်တာတွေ အဲဒီအချက် အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြည်သူ လူထုကနေပြီးတော့ မြန်မာတပ်မတော် သူတို့ ဒေသရှိ တပ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ ဆန္ဒထုတ် ဖော်ခဲ့တယ်။ဆန္ဒပြခဲ့တယ်” ဟု ပြောသည်။
လက်ရှိတွင် ဇူလိုင်လ ၁၆ ရက်နေ့က နော်မူနော်အား ပစ်သတ်ခဲ့သည့် တပ်မတော်သား ၂ ဦး ကို တပ်မ တော်က ဖမ်းဆီးရမိထားပြီး ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်တွင် ကရင်အရပ်ဖက် အဖွဲ့အစည်း အသီးသီးက နော်မူနော် အမှုတွင် ကျူးလွန်သူများကို တရားမျှတစွာ အပြစ်ပေးအရေးယူရန် နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက လည်း ဖြစ်စဉ်အား ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရန် ထုတ်ပြန်ချက်ဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။
ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားရခြင်းသည် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA တွင် ပါရှိသည့် ကတိကဝတ်များကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု မူတြော် (ဖာပွန်) ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မြန်မာအစိုးရတပ်မတော်ရဲ့ အခုလို ဒေသခံပြည်သူအပေါ် ထိခိုက်သေကြေစေတဲ့အပေါ်မှာ ကျနော်တို့ NCA အရ ပြန်ကြည့်မယ်ဆိုရင် သူတို့ဖက်ကအမှားလုပ်တယ်။ ပြီးတော့ များသောအားဖြင့်က NCA အပေါ် လိုက်နာ ရမယ်လို့ သဘောတူထားပေမယ့် လူထုတွေအပေါ် ထိခိုက်နစ်နာအောင် လုပ်စေတဲ့အပေါ်မှာ နှစ်ဖက် ငြိမ်း ချမ်းရေးကို တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာပဲ ဖြစ်ဖြစ် အားနည်းမှုကို ဖြစ်စေတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဖြစ်မယ်ဆိုရင် ယုံကြည်မှုပဲဖြစ်ဖြစ် ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ အဟန့်အတားတွေဖြစ်စေတယ်။”
ဇူလိုင် ၂၈ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲသို့ ဒွယ်လိုးနှင့် ဘူးသော မြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၁၀ စုမှ ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ၄၆၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တပ်မတော်နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် KNU တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်) ခရိုင်သည် အခြား KNU တပ်မ ဟာများထက် တပ်မတော် ၏ လမ်းဖောက်လုပ်မှုများကြောင့် နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု အရှိဆုံး တပ်မဟာ ဖြစ်သည်။
Zawgyi…
ဖာပြန္ခရိုင္တြင္ ယခုႏွစ္အတြင္း တပ္မေတာ္ ပစ္ခတ္မႈေၾကာင့္ အရပ္သား ၂ ေသ၊ ၅ ဦး ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။
ယခုႏွစ္အတြင္း မူေၾတာ္(ဖာပြန္) ခ႐ိုင္အတြင္း တပ္မေတာ္၏ ပစ္ခတ္မႈေၾကာင့္ ေဒသခံ၂ ဦး ေသဆံုးၿပီး ၅ ဦးအထိ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားကေျပာသည္။
အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “၂၀၂၀ တစ္လပိုင္းကေနၿပီးေတာ့ ၇ လပိုင္းအထိ အေတာအတြင္း က်ေနာ္တို႔ မူေၾတာ္ခ႐ိုင္အတြင္းထဲမွာ ျပည္သူလူထုကို ပစ္သတ္ခဲ့တာကေတာ့ ၂ ေယာက္ ေနာက္ ဒဏ္ရာရ ခဲ့သူ ၅ ေယာက္ရွိတယ္” ဟု ေျပာသည္။
မူေၾတာ္(ဖာပြန္)ခ႐ိုင္ အေျခစိုက္ စကခ ၈ လက္ေအာက္ခံ တပ္မ်ား၏ ပစ္ခတ္မႈေၾကာင့္ ေဒသခံမ်ား ထိခိုက္ ဒဏ္ရာ ရေသဆံုးခဲ့ရျခင္း ျဖစ္သည္ဟု ဆိုသည္။
တပ္မေတာ္၏ ပစ္ခတ္မႈေၾကာင့္ ဇႏၷဝါရီလဆန္းပိုင္းတြင္ ဝါသိုးခိုရြာသား ၂ ဦး ျပင္းထန္ စြာ ထိခိုက္ဒဏ္ ရာရရွိျခင္း၊ မတ္လ ၅ ရက္ေန႔တြင္ မယ္ေ၀စခန္းကေန ပစ္ခတ္မႈေၾကာင့္ ေဒသခံ သစ္ေတာ တာ၀န္ရွိသူတစ္ဦး ေသဆံုးျခင္း၊ ေမလ ၉ ရက္ေန႔တြင္ ကူးဆိပ္ရြာသားတစ္ဦး ပစ္ခတ္ခံရသည့္ အတြက္ ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔အျပင္ ဇြန္လ ၂ ရက္ေန႔က ဝါသိုးထာေက်းရြာသား ၂ ဦး ပစ္ခတ္ခံရျခင္းႏွင့္ ဇူလိုင္လ ၁၆ ရက္ေန႔က ပိုလိုးထာရြာသူ ေနာ္မူေနာ္ ပစ္သတ္ခံရသည့္ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။
ထိုျဖစ္စဥ္မ်ားေၾကာင့္ ေဒသခံမ်ားမွာ စိုးရိမ္ေၾကာက္လန္႔မႈမ်ားႏွင့္ ေနေနရသည့္အတြက္ တပ္မေတာ္ တပ္စ ခန္းမ်ားအေနျဖင့္ အဆိုပါေဒသအတြင္းမွ ႐ုတ္သိမ္းထြက္ခြာေပးရန္ ေဒသခံမ်ားက ေတာင္းဆိုသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၂ ရက္ေန႔က ေဒသခံမ်ားက ဒြယ္လိုးၿမိဳ႕နယ္အတြင္းရွိ တပ္မေတာ္ တပ္စခန္းမ်ား ေရွ႕တြင္ ဆႏၵထုတ္ေဖာ္ကာ ေတာင္းဆိုခဲ့ၾကသကဲ့သို႔ ဇူလိုင္လ ၂၈ ရက္ေန႔ (ယေန႔) တြင္လည္း ဒြယ္လိုး ၿမိဳ႕နယ္ႏွင့္ ဘူးေသာၿမိဳ႕နယ္မွ ေဒသခံမ်ားက ေတာင္သံုးလံုးမွ ကမေမာင္းအထိ လမ္းေလွ်ာက္ ဆႏၵထုတ္ ေဖာ္ကာ ထပ္မံ ေတာင္းဆိုခဲ့ၾကသည္။
အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ေနာ္မူေနာ္အတြက္ကေတာ့ အခုလို ေသရတဲ့အေပၚမွာ အခုျဖစ္ ရပ္ ေတြက ေနာက္ပိုင္းမွာ မရွိသင့္ေတာ့ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ေဒသခံျပည္သူေတြက သူဟာသူ လုပ္စား ေနၾကတာ အခုလို တပ္မေတာ္ကေန ပစ္သတ္တာေတြ ေၾကာက္လန္႔ေအာင္ လုပ္တာေတြ အဲဒီအခ်က္ အေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔ ျပည္သူ လူထုကေနၿပီးေတာ့ ျမန္မာတပ္မေတာ္ သူတို႔ ေဒသရွိ တပ္စခန္းေတြကို ႐ုတ္သိမ္းေပးဖို႔ ဆႏၵထုတ္ ေဖာ္ခဲ့တယ္။ဆႏၵျပခဲ့တယ္” ဟု ေျပာသည္။
လက္ရွိတြင္ ဇူလိုင္လ ၁၆ ရက္ေန႔က ေနာ္မူေနာ္အား ပစ္သတ္ခဲ့သည့္ တပ္မေတာ္သား ၂ ဦး ကို တပ္မ ေတာ္က ဖမ္းဆီးရမိထားၿပီး ထိေရာက္စြာ အေရးယူသြားမည္ဟု ထုတ္ျပန္ထားသည္။
အျခားတစ္ဖက္တြင္ ကရင္အရပ္ဖက္ အဖြဲ႔အစည္း အသီးသီးက ေနာ္မူေနာ္ အမႈတြင္ က်ဴးလြန္သူမ်ားကို တရားမွ်တစြာ အျပစ္ေပးအေရးယူရန္ ႏွင့္ ႏိုင္ငံတကာ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႕မ်ားက လည္း ျဖစ္စဥ္အား ဝင္ေရာက္စစ္ေဆးမႈ ျပဳလုပ္ရန္ ထုတ္ျပန္ခ်က္ျဖင့္ ထုတ္ျပန္ေတာင္းဆိုထားသည္။
ယခုကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္ပြားရျခင္းသည္ တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA တြင္ ပါရွိသည့္ ကတိက၀တ္မ်ားကို မလိုက္နာျခင္းေၾကာင့္ ျဖစ္ေပၚလာရျခင္းျဖစ္သည္ဟု မူေၾတာ္ (ဖာပြန္) ခ႐ိုင္မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
“ျမန္မာအစိုးရတပ္မေတာ္ရဲ႕ အခုလို ေဒသခံျပည္သူအေပၚ ထိခိုက္ေသေၾကေစတဲ့အေပၚမွာ က်ေနာ္တို႔ NCA အရ ျပန္ၾကည့္မယ္ဆိုရင္ သူတို႔ဖက္ကအမွားလုပ္တယ္။ ၿပီးေတာ့ မ်ားေသာအားျဖင့္က NCA အေပၚ လိုက္နာ ရမယ္လို႔ သေဘာတူထားေပမယ့္ လူထုေတြအေပၚ ထိခိုက္နစ္နာေအာင္ လုပ္ေစတဲ့အေပၚမွာ ႏွစ္ဖက္ ၿငိမ္း ခ်မ္းေရးကို တည္ေဆာက္တဲ့အခါမွာပဲျဖစ္ျဖစ္ ယံုၾကည္မႈတည္ေဆာက္တဲ့အပိုင္းမွာပဲ ျဖစ္ျဖစ္ အားနည္းမႈကို ျဖစ္ေစတယ္။ ဒါေတြက မျဖစ္သင့္ဘူး။ ျဖစ္မယ္ဆိုရင္ ယံုၾကည္မႈပဲျဖစ္ျဖစ္ ေရွ႕ဆက္ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္ေတြမွာ အဟန္႔အတားေတြျဖစ္ေစတယ္။”
ဇူလိုင္ ၂၈ ရက္ေန႔ (ယေန႔) တြင္ ျပဳလုပ္သည့္ ဆႏၵထုတ္ေဖာ္ပြဲသို႔ ဒြယ္လိုးႏွင့္ ဘူးေသာ ၿမိဳ႕နယ္အတြင္း ရွိ ေက်းရြာအုပ္စု ၁၀ စုမွ ေက်းရြာေပါင္း ၁၁၄ ရြာမွ ေဒသခံ ၄၆၀၀ ေက်ာ္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
တပ္မေတာ္ႏွင့္ ပဋိပကၡမ်ားျဖစ္ပြားေနသည့္ KNU တပ္မဟာ ၅ နယ္ေျမ မူေၾတာ္(ဖာပြန္) ခ႐ိုင္သည္ အျခား KNU တပ္မ ဟာမ်ားထက္ တပ္မေတာ္ ၏ လမ္းေဖာက္လုပ္မႈမ်ားေၾကာင့္ ႏွစ္ဖက္ပစ္ခတ္မႈမ်ား မၾကာခဏ ဆိုသလို ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈ အရွိဆုံး တပ္မဟာ ျဖစ္သည္။