မွန်ပြည်နယ်တွင် မဲဆန္ဒရှင်စာရင်း စိတ်ဝင်စားသူ နည်းပါး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။

မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံမဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကြေညာထားပြီး မဲစာရင်းအပေါ် မွန်လူထုတို့၏ စိတ်ဝင်စားမှု နည်းပါးသည်ဟု သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။

မဲစာရင်းကြေညာသည့်နေ့တွင် မဲစာရင်းအပေါ် စိတ်ဝင်စားပြီး လာကြည့်သူနည်းပါးသလို ဒုတိယနေ့၊ တတိယ နေ့တို့တွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်မြို့ ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် သီရိမင်္ဂလာရပ်ကွက်မှာဆိုလျှင် မဲစာရင်း တကူးတကလာကြည့်သူ နည်းပးါကြောင်း တခြားအကြောင်းကိစ္စ လာရင်းနှင့်သာ မဲစာရင်းကြည့်ဖြစ်သွားကြသည့် အခြေအနေ ရှိသည် ဟု ပြောသည်။

“လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲသွားကြတာလေ လာမကြည့်ကြဘူး” ဟု မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး က ပြောသည်။

မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေကလည်း မဲစာရင်းအပေါ် ရပ်ကွက်လူထု၏ စိတ် ဝင်စားမှုသည် ပုံမှန်အနေအထားသာရှိနေသည်ဟု ပြောသည်။

မော်လမြိုင် အပါအဝင် မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံမဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ ကြဂုတ်လ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားပေးမည်ဖြစ်သည်။

ကော်မရှင်အနေနှင့်လည်း မဲစာရင်း ကြည့်ရှုသူ ပိုမိုများလာအောင် တက်နိုင်သလောက်ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

“(မဲစာရင်းကြည့်သူ) ပိုမိုများလာအောင် ဆောင်ရွက်ဖို့လိုတယ် ကော်မရှင်အနေနဲ့လည်း တက်နိုင် သလောက် ဆောင်ရွက်နေတယ်။ သက်ဆိုင်ရာ မီဒီယာ၊ CSO၊ မဲအန္ဒရှင်ပြည်သူတွေ သက်ဆိုင်ရာ ဒေသအစိုးရတွေ မဲဆန္ဒရှင် ပြည်သူတွေ လာရောက်ကြည့်ရှုနိုင်ဖို့ ကူညီဆောင်ရွက်ပေးဖို့။”

လက်ရှိကြေညာထားသည့် မဲစာရင်းတွင် အမည်မှားခြင်း၊ မှတ်ပုံတင်နံပါတ်မှားခြင်း၊ မိဘအမည်များမှားခြင်း စသဖြင့် မှားယွင်းဖော်ပြမှုမျိုးလည်း အများအပြားရှိနေပြီး မဲစာရင်းထဲ မပါသူတချို့လည်း ရှိနေသည်ဟု ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ထံမှ သိရသည်။

မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုရှိပါက မပါသင့်သူများပါဝင်ခြင်း၊ မှားခြင်း၊ ပျယ်ဖျက်ခြင်းဆိုသည့် ပုံစံ ၃ မျိုးဖြင့် မဲစာရင်းအသစ် လျှောက်ပြီး ပြင်ဆင်နိုင်သည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် တပ်မတော်နှင့်အတူနေမိသားစုမဲစာရင်းအပါအဝင် အခြေခံမဲဆန္ဒရှင်များစာရင်း ၁၇ သိန်း ၆ သောင်းကျော်ရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၃ သောင်းကျော်ရှိခဲ့ရာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နောက်ဆုံး ကောက်ယူရရှိထားသည့် စာရင်းများ အရ ၂ သိန်းကျော် တိုးလာခြင်း ဖြစ်သည်။

Zawgyi…

မြန္ျပည္နယ္တြင္ မဲဆႏၵရွင္စာရင္း စိတ္၀င္စားသူ နည္းပါး

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုနွစ္၊ ဇူလိုင္လ ၂၈ ရက္။

မြန္ျပည္နယ္တစ္ခုလံုး၏ အေျခခံမဲဆႏၵရွင္မ်ားစာရင္းကို ဇူလိုင္လ ၂၅ ရက္ေန႔က စတင္ေၾကညာထားၿပီး မဲစာရင္းအေပၚ မြန္လူထုတို႔၏ စိတ္ဝင္စားမႈ နည္းပါးသည္ဟု သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာ ေရြးေကာက္ ပြဲေကာ္မရွင္အဖြဲ႔ခြဲတို႔ထံမွ သိရသည္။

မဲစာရင္းေၾကညာသည့္ေန႔တြင္ မဲစာရင္းအေပၚ စိတ္ဝင္စားၿပီး လာၾကည့္သူနည္းပါးသလို ဒုတိယေန႔၊ တတိယ ေန႔တို႔တြင္လည္း လာေရာက္ၾကည့္႐ႈသူ နည္းပါးေၾကာင္း ရပ္ကြက္/ေက်းရြာ ေကာ္မရွင္အဖြဲ႔ခြဲႏွင့္ ေဒသခံတို႔၏ ေျပာျပခ်က္အရ သိရသည္။

ေမာ္လၿမိဳင္ၿမိဳ႕ ေပၚ ရပ္ကြက္တစ္ခုျဖစ္သည့္ သီရိမဂၤလာရပ္ကြက္မွာဆိုလွ်င္ မဲစာရင္း တကူးတကလာၾကည့္သူ နည္းပးါေၾကာင္း တျခားအေၾကာင္းကိစၥ လာရင္းႏွင့္သာ မဲစာရင္းၾကည့္ျဖစ္သြားၾကသည့္ အေျခအေန ရွိသည္ ဟု ေျပာသည္။

“လူေတြက မဲစာရင္းၾကည့္ဖို႔ထက္ ဝမ္းစာက အေရးႀကီးေတာ့ အလုပ္ပဲသြားၾကတာေလ လာမၾကည့္ၾကဘူး” ဟု ေမာ္လၿမိဳင္ၿမိဳ႕ သီရိမဂၤလာရပ္ကြက္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ အတြင္းေရးမွဴး က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕ မရမ္းကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေဆြကလည္း မဲစာရင္းအေပၚ ရပ္ကြက္လူထု၏ စိတ္ ဝင္စားမႈသည္ ပံုမွန္အေနအထားသာရွိေနသည္ဟု ေျပာသည္။

ေမာ္လၿမိဳင္ အပါအဝင္ မြန္ျပည္နယ္တစ္ခုလံုး၏ အေျခခံမဲဆႏၵရွင္မ်ားစာရင္းကို ဇူလိုင္လ ၂၅ ရက္ေန႔ကေန ၾကဂုတ္လ ၇ ရက္ေန႔ထိ ၁၄ ရက္ၾကာ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာေကာ္မရွင္အဖြဲ႔ခြဲ႐ုံးမ်ားတြင္ ကပ္ထား ေပးမည္ျဖစ္သည္။

ေကာ္မရွင္အေနႏွင့္လည္း မဲစာရင္း ၾကည့္႐ႈသူ ပိုမိုမ်ားလာေအာင္ တက္ႏိုင္သေလာက္ေဆာင္ရြက္ေနသည္ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဒုတိယၫႊန္ၾကားေရးမႉး ဦးဟိဏ္းလင္းထက္ က ေျပာသည္။

“(မဲစာရင္းၾကည့္သူ) ပိုမိုမ်ားလာေအာင္ ေဆာင္ရြက္ဖို႔လိုတယ္ ေကာ္မရွင္အေနနဲ႔လည္း တက္ႏိုင္ သေလာက္ ေဆာင္ရြက္ေနတယ္။ သက္ဆိုင္ရာ မီဒီယာ၊ CSO၊ မဲအႏၵရွင္ျပည္သူေတြ သက္ဆိုင္ရာ ေဒသအစိုးရေတြ မဲဆႏၵရွင္ ျပည္သူေတြ လာေရာက္ၾကည့္႐ႈႏိုင္ဖို႔ ကူညီေဆာင္ရြက္ေပးဖို႔။”

လက္ရွိေၾကညာထားသည့္ မဲစာရင္းတြင္ အမည္မွားျခင္း၊ မွတ္ပံုတင္နံပါတ္မွားျခင္း၊ မိဘအမည္မ်ားမွားျခင္း စသျဖင့္ မွားယြင္းေဖာ္ျပမႈမ်ဳိးလည္း အမ်ားအျပားရွိေနၿပီး မဲစာရင္းထဲ မပါသူတခ်ဳိ႕လည္း ရွိေနသည္ဟု ရပ္ကြက္/ေက်းရြာေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ႐ုံးတို႔ထံမွ သိရသည္။

မဲဆႏၵရွင္စာရင္း ထုတ္ျပန္ရာတြင္ မွားယြင္းမႈရွိပါက မပါသင့္သူမ်ားပါဝင္ျခင္း၊ မွားျခင္း၊ ပ်ယ္ဖ်က္ျခင္းဆိုသည့္ ပံုစံ ၃ မ်ဳိးျဖင့္ မဲစာရင္းအသစ္ ေလွ်ာက္ၿပီး ျပင္ဆင္ႏိုင္သည္။

မြန္ျပည္နယ္တစ္ခုလံုးတြင္ တပ္မေတာ္ႏွင့္အတူေနမိသားစုမဲစာရင္းအပါအဝင္ အေျခခံမဲဆႏၵရွင္မ်ားစာရင္း ၁၇ သိန္း ၆ ေသာင္းေက်ာ္ရွိသည္ဟု ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရသည္။

မြန္ျပည္နယ္တြင္ ၂၀၁၅ ေ႐ြးေကာက္ပြဲကာလက မဲေပးပိုင္ခြင့္ရွိသူ ၁၅ သိန္း ၃ ေသာင္းေက်ာ္ရွိခဲ့ရာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ေနာက္ဆုံး ေကာက္ယူရရွိထားသည့္ စာရင္းမ်ား အရ ၂ သိန္းေက်ာ္ တိုးလာျခင္း ျဖစ္သည္။