တရုတ် အထူးသံနှင့် KIO တွေ့ဆုံ၊ ၂၁ ရာစု ပင်လုံ အပါအဝင် ကိစ္စရပ်များ ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် အပါအဝင် COVID-19 ကာကွယ် တားဆီးရေး လုပ်ငန်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ကချင်လွတ် လပ်ရေးအဖွဲ့ KIO နှင့် တရုတ်အထူးသံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က KIO နှင့် တရုတ်အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်တို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ရင်ကျန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ သည် ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“သူဖက်ကနေ ကျနော်တို့ကို တိုက်ပွဲ အခြေအနေတွေကို မေးမြန်းတာမျိုးတွေ နောက်ပြီးတော့ COVID-19 ရောဂါကာကွယ် နိုင်နှင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ပြီးတော့ ၂၁ ရာစု ပင်လုံညီ လာခံ နဲ့ ပတ်သက်တာတွေ ဆွေးနွေးတယ်။”

ထို့အပြင် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် နှင့် နယ်စပ်ဒေသတည် ငြိမ်းအေးချမ်းရေးတို့ကို အလေးထားဆောင်ရွက်ရန်အပြင် အစိုးရ NRPC နှင့် ရပ်တန့် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း ဆက်ပြီးလုပ်ဆောင်နိုင်အောင် ကြိုးစားရန် မစ္စတာ ဆွန်ကော့ ရှန် ဖက်မှ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

KIO ဖက်မှ ဆွေးနွေးချက်နှင့် ပတ်သက်၍ “ကျနော်တို့ KIO ဖက်ကလည်း ဒီရောဂါကာကွယ်နိုင်နှင်းရေး တာဝန်ကို ထမ်းဆောင်ကြတာဖြစ်ပါတယ်။ ဆိုတော့ အဲဒါက အချင်းချင်း လက်တွဲပြီးမှ ကာကွယ်နိုင် နှင်းရ မယ့် ကိစ္စတွေကို ကျနော်တို့ KIO အနေနဲ့ လည်း ဆွေးနွေးတယ်။ သူဖက်ကလည်း အဲဒါအကြောင်းတွေ ကို ဆွေးနွေးတာ အဲဒါရှိတယ်။” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ပင်လုံညီလာခံနဲ့ ပတ်သက်လို့ သူကတော့ ဖိတ်ကြား လို့ ရှိရင် တော့ ညီလာခံတော့ တက်ရင်ကောင်းပါ တယ်။ ဆိုပြီးမှ သူ့ဖက်ကနေ ကျနော်တို့ကို တွန်းအားပေးတာ တော့ ဒါမျိုးတွေတော့ရှိတယ်။ ကျနော်တို့ကတော့ ဖိတ်စာလည်း မရဘူး။ အဲဒါကြောင့် တကယ်လို့များ ဖိတ်စာရရင် အဲဒီဖိတ်စာအပေါ်မှာ မူတည်ပြီးမှပဲ ကျနော်တို့က ဆုံးဖြတ်မှာ ဖြစ်တဲ့အကြောင်းတွေကို သူ့ကို ပြန်ပြီးမှ ဆွေးနွေးတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

KIO နှင့် တရုတ်အထူး သံတမန်တို့ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့များလည်း ပါဝင် တက်ရောက်ခဲ့သည်ဟု သတင်းများထွက်ပေါ် နေသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

PCG မှ ဦးဆမ်အောင်က “ကျနော်အဲဒါ အသေအချာ အသိဘူးခင်ဗျာ။ ကြားတော့ ကြားထားတယ် အသေး စိတ်တော့ ကျနော်မသိဘူးခင်ဗျား။ သတင်းမှာ ပါလာတာပဲ တွေ့တယ် ဘယ်အဖွဲ့တွေ ပါလာတာဆို လည်း မသိဘူး။ အဲဒီ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့တယ်လို့ပဲ ကြားသေးတယ်” ဟု ပြောသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မစ္စတာ ဆွန်ကော့ရှန်နဲ့ မြောက်ပိုင်း မဟာ မိတ်တွေ တွေ့တာကတော့ ကျနော်ကတော့ မသိဘူးခင်ဗျာ။ KIO လူကြီးတွေနဲ့ တွေ့တာကတော့ ရှိပါ တယ်။ ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်တွေနဲ့ တွေ့တယ်ဆိုတာကတော့ ကျနော် မကြား မိပါဘူး။ ကျနော်တို့ KIO ဗဟိုကော်မတီတွေနဲ့ တွေ့တာကတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ရင်ကျန်းမှာ တွေ့ တာ ရှိပါတယ်။ ကျနော်ကတော့ အဲဒီအကြောင်းပဲ ကြားပါတယ်။ တစ်ခြားကတော့ ကျနော် မကြားမိပါဘူး ခင်ဗျာ” ဟု ပြောသည်။

တရုတ်အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံသည့် ဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေး KIO ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အတူ ဗဟိုကော်မတီဝင် ၅ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွင် ရက္ခိုင့်တပ်တော် AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ( MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ပါဝင်သည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

Zawgyi…

တရုတ္ အထူးသံႏွင့္ KIO ေတြ႔ဆံု၊ ၂၁ ရာစု ပင္လံု အပါအ၀င္ ကိစၥရပ္မ်ား ေဆြးေႏြး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။

အစိုးရႏွင့္ ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ အပါအ၀င္ COVID-19 ကာကြယ္ တားဆီးေရး လုပ္ငန္းႏွင့္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ကခ်င္လြတ္ လပ္ေရးအဖြဲ႔ KIO ႏွင့္ တ႐ုတ္အထူးသံတမန္တို႔ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၅ ရက္ေန႔က KIO ႏွင့္ တ႐ုတ္အထူး သံတမန္ မစၥတာ ဆြန္ေကာ့ရွန္တို႔ တ႐ုတ္ျပည္ သူ႔သမၼတႏိုင္ငံ ယူနန္ျပည္နယ္အတြင္းရွိ ရင္က်န္းၿမိဳ႕တြင္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾက သည္ ဟု KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူက ေျပာသည္။

“သူဖက္ကေန က်ေနာ္တို႔ကို တိုက္ပြဲ အေျခအေနေတြကို ေမးျမန္းတာမ်ိဳးေတြ ေနာက္ၿပီးေတာ့ COVID-19 ေရာဂါကာကြယ္ ႏိုင္ႏွင္းေရးနဲ႔ ပတ္သက္လို႔ ေဆြးေႏြးတာေတြ ရွိတယ္။ ၿပီးေတာ့ ၂၁ ရာစု ပင္လံုညီ လာခံ နဲ႔ ပတ္သက္တာေတြ ေဆြးေႏြးတယ္။”

ထို႔အျပင္ နယ္စပ္ေဒသတစ္ေလွ်ာက္ တိုက္ပြဲမ်ား မျဖစ္ပြားေအာင္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ရန္ ႏွင့္ နယ္စပ္ေဒသတည္ ၿငိမ္းေအးခ်မ္းေရးတို႔ကို အေလးထားေဆာင္ရြက္ရန္အျပင္ အစိုးရ NRPC ႏွင့္ ရပ္တန္႔ ေနသည့္ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားကိုလည္း ဆက္ၿပီးလုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးစားရန္ မစၥတာ ဆြန္ေကာ့ ရွန္ ဖက္မွ ထည့္သြင္း ေဆြးေႏြးခဲ့သည္ဟု ဆိုသည္။

KIO ဖက္မွ ေဆြးေႏြးခ်က္ႏွင့္ ပတ္သက္၍ “က်ေနာ္တို႔ KIO ဖက္ကလည္း ဒီေရာဂါကာကြယ္ႏိုင္ႏွင္းေရး တာ၀န္ကို ထမ္းေဆာင္ၾကတာျဖစ္ပါတယ္။ ဆိုေတာ့ အဲဒါက အခ်င္းခ်င္း လက္တြဲၿပီးမွ ကာကြယ္ႏိုင္ ႏွင္းရ မယ့္ ကိစၥေတြကို က်ေနာ္တို႔ KIO အေနနဲ႔ လည္း ေဆြးေႏြးတယ္။ သူဖက္ကလည္း အဲဒါအေၾကာင္းေတြ ကို ေဆြးေႏြးတာ အဲဒါရွိတယ္။” ဟု ဗို္လ္မွဴးၾကီး ေနာ္ဘူက ေျပာသည္။

“ပင္လံုညီလာခံနဲ႔ ပတ္သက္လို႔ သူကေတာ့ ဖိတ္ၾကား လို႔ ရွိရင္ ေတာ့ ညီလာခံေတာ့ တက္ရင္ေကာင္းပါ တယ္။ ဆိုၿပီးမွ သူ႔ဖက္ကေန က်ေနာ္တို႔ကို တြန္းအားေပးတာ ေတာ့ ဒါမ်ိဳးေတြေတာ့ရွိတယ္။ က်ေနာ္တို႔ကေတာ့ ဖိတ္စာလည္း မရဘူး။ အဲဒါေၾကာင့္ တကယ္လို႔မ်ား ဖိတ္စာရရင္ အဲဒီဖိတ္စာအေပၚမွာ မူတည္ၿပီးမွပဲ က်ေနာ္တို႔က ဆံုးျဖတ္မွာ ျဖစ္တဲ့အေၾကာင္းေတြကို သူ႔ကို ျပန္ၿပီးမွ ေဆြးေႏြးတာရွိပါတယ္” ဟု ဗိုလ္မွဴးႀကီးေနာ္ဘူ က ဆက္ေျပာသည္။

KIO ႏွင့္ တ႐ုတ္အထူး သံတမန္တို႔ ေတြ႕ဆံုသည့္ ေဆြးေႏြးပြဲတြင္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔မ်ားလည္း ပါ၀င္ တက္ေရာက္ခဲ့သည္ဟု သတင္းမ်ားထြက္ေပၚ ေနေသာ္လည္း သတင္းႏွင့္ မီဒီယာ ကြန္ရက္ အေနျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

PCG မွ ဦးဆမ္ေအာင္က “က်ေနာ္အဲဒါ အေသအခ်ာ အသိဘူးခင္ဗ်ာ။ ၾကားေတာ့ ၾကားထားတယ္ အေသး စိတ္ေတာ့ က်ေနာ္မသိဘူးခင္ဗ်ား။ သတင္းမွာ ပါလာတာပဲ ေတြ႕တယ္ ဘယ္အဖြဲ႔ေတြ ပါလာတာဆို လည္း မသိဘူး။ အဲဒီ ေျမာက္ပိုင္းအဖြဲ႔ေတြနဲ႔ ေတြ႕တယ္လို႔ပဲ ၾကားေသးတယ္” ဟု ေျပာသည္။

KIO သတင္းႏွင့္ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူက “မစၥတာ ဆြန္ေကာ့ရွန္နဲ႔ ေျမာက္ပိုင္း မဟာ မိတ္ေတြ ေတြ႕တာကေတာ့ က်ေနာ္ကေတာ့ မသိဘူးခင္ဗ်ာ။ KIO လူႀကီးေတြနဲ႔ ေတြ႕တာကေတာ့ ရွိပါ တယ္။ ဒါေပမယ့္ ေျမာက္ပိုင္း မဟာမိတ္ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕တယ္ဆိုတာကေတာ့ က်ေနာ္ မၾကား မိပါဘူး။ က်ေနာ္တို႔ KIO ဗဟိုေကာ္မတီေတြနဲ႔ ေတြ႕တာကေတာ့ ဇူလိုင္လ ၂၅ ရက္ေန႔မွာ ရင္က်န္းမွာ ေတြ႕ တာ ရွိပါတယ္။ က်ေနာ္ကေတာ့ အဲဒီအေၾကာင္းပဲ ၾကားပါတယ္။ တစ္ျခားကေတာ့ က်ေနာ္ မၾကားမိပါဘူး ခင္ဗ်ာ” ဟု ေျပာသည္။

တ႐ုတ္အထူး သံတမန္ မစၥတာ ဆြန္ေကာ့ရွန္ႏွင့္ ေတြ႕ဆံုသည့္ ေဆြးေႏြးပြဲသို႔ ကခ်င္လြတ္လပ္ေရး KIO ဖက္မွ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး အင္ဘန္လႏွင့္အတူ ဗဟိုေကာ္မတီ၀င္ ၅ ဦးတို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾက သည္ဟု သိရသည္။

ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO သည္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔၀င္ျဖစ္ၿပီး ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔ တြင္ ရကၡိဳင့္တပ္ေတာ္ AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ ( MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔ ပါ၀င္သည္။

၎ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕သည့္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္း ျဖစ္သည္။