EAO ဒေသများရှိ ပြည်သူများ အား အမြန်ဆုံး နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပြုလုပ်ပေးရန် ရွေးကောက်ပွဲလူထု အစီအစဉ်က တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးက တိုင်းရင်းသား လက်နက်ကိုင် နယ်မြေရှိ ပြည်သူ ၃၀ ရာခိုင်နှုန်းခန့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိနေသည်ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှု အစီအစဉ် က ပြောဆိုလိုက်သည်။
လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အဆင်သင့် ရှိ၊ မရှိ အနေအထားကို လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်က စစ် တမ်းကောက်ယူခဲ့ပြီး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန် ခဲ့သည်။
လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် ဒါရိုက်တာ နိုင်ကဆုမွန် က “EAO ထိန်းချုပ်ထားတဲ့ဒေသတဝိုက်မှာရှိတဲ့ ပြည်သူလူထု ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိပါဘူး။ နောက်သူတို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တာမျိုး အခွင့်အလမ်း မ ရကြတာလဲ ရှိပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားပြည်သူလူထုများလယ်ဝယ်တွင် မှတ်ပုံတင်မရှိပါက ၎င်းတို့၏ နိုင်ငံသားအခွင့်အရေး အလိုလို ဆုံး ရှုံးနေမည်ဖြစ်သည့်အပြင် လာမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးကြရမည့် အခြေအနေ ရှိနေ သည် ဟု အစီရင်ခံက ပြောဆိုထားသည်။
မှတ်ပုံတင်မရှိသူများသည် မှတ်ပုံတင်သွားလုပ်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ ဗဟုသုတနည်းပါးခြင်း၊ ပဋိပက္ခနယ်မြေတွင် နေထိုင်နေရခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း၊ ခွဲခြားဆက် ဆံခံရခြင်း၊ ရွှေ့ ပြောင်းအလုပ်သမားများဖြစ်ခြင်း၊ ကြောက်ရွံ့ ခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မလုပ် ဖြစ်ကြသည် ဟု အစီရင်ခံစာက ပြောသည်။
“မဲပေးတဲ့အခါ တကယ်လို့ သူတို့ (မှတ်ပုံတင်မရှိသူ) ရဲ့ မဲပါမလာဘူးဆိုရင် သူတို့လိုလားတဲ့ ပါတီ၊ အမတ်တွေ ရှုံးသွားမယ်၊ ရှုံးသွားရင် လွှတ်တော်ထဲ အစိုးရအဖွဲ့ထဲ မသွားရောက်နိုင်တော့ သူတို့ လိုလားတောင်းတချက်တွေ သူတို့ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့ဘူး အကောင်အထည်မဖော်ပေးနိုင်တော့ဘူး ဒါက အခွင့်အရေး ဆုံးရှုံးတဲ့သဘောပါ။ ဒီနိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်းနဲ့ သူတို့ နိုင်ငံရေးအခွင့်အရေး နောက် သူတို့ရဲ့ လူမျိုးရေး တိုင်းရင်းသားအခွင့်အရေး လူမှုရေး စီးပွားရေး ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး စသဖြင့်ပေါ့ သူတို့ အမတ်က သွားမတင်ပြနိုင်တော့ ဒီအခွင့်အရေးတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်” ဟု နိုင်ကဆုမွန် က ဆက်ပြောသည်။
မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် ရရှိရေးနှင့် ၎င်းတို့၏ ဆန္ဒမဲပေးပိုင်ခွင့်အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လဝကဌာနတို့ ပေါင်းပြီးတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ဆုံးလုပ်ပေးဖို့ အဓိကကျပါတယ်။ ဒါမှ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိမယ် သူတို့ရဲ့ နိုင်ငံသား အခွင့် အရေးမဆုံးရှုံးမှာ” ဟု လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်မှ ဦးဆောင်အဖွဲ့ဝင် မိမြင့်မြင့်မွန် က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ရေးမြို့ နယ် ရေးချောင်းဖျားဒေသရှိ ၎င်းတို့ ဗဟိုဌာနတဝိုက်က မှတ်ပုံတင် မရှိသည့် ဒေသခံပြည်သူ ၂၀၀၀ ကျော် မှတ်ပုံတင်ရရှိနိုင်ရေးအတွက် ရေးမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေးရန် သဘောတူထားပြီဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။
“နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုသည့် အစီရင်ခံစာကို မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ ဘားအံ၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ ရေဖြူ စသည့် မြို့ နယ် ၉ ခုတို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံထားမှုအပေါ် အခြေခံ ပြီး ပြုစုထားခြင်းဖြစ်သည်ဟု သိရသည်။
Zawgyi…
EAO ေဒသမ်ားရွိ ျပည္သူမ်ား အား အျမန္ဆံုး နိုင္ငံသား စီစစ္ေရး ကဒ္ျပား ျပဳလုပ္ေပးရန္ ေရြးေကာက္ပြဲလူထု အစီအစဥ္က ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။
ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးက တိုင္းရင္းသား လက္နက္ကိုင္ နယ္ေျမရွိ ျပည္သူ ၃၀ ရာခိုင္ႏႈန္းခန္႔ မဲေပးခြင့္ဆံုး႐ႈံးဖြယ္ရွိေနသည္ဟု လြတ္လပ္တရားမွ်တသည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ လူထုလႈပ္ရွားမႈ အစီအစဥ္ က ေျပာဆိုလိုက္သည္။
လာမည့္ ေရြးေကာက္ပြဲတြင္ မဲေပးပိုင္ခြင့္ရွိသူတိုင္း မဲေပးႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးက ႏိုင္ငံသားစိစစ္ေရးကတ္ျပား (မွတ္ပံုတင္) အဆင္သင့္ ရွိ၊ မရွိ အေနအထားကို လြတ္လပ္တရားမွ်တသည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ လူထုလႈပ္ရွားမႈအစီအစဥ္က စစ္ တမ္းေကာက္ယူခ့ဲၿပီး “ႏိုင္ငံသားအခြင့္အေရး မဆံုး႐ႈံးေစခ်င္” ဆိုသည့္ေခါင္းစဥ္ျဖင့္ အစီရင္ခံစာ ထုတ္ျပန္ ခဲ့သည္။
လြတ္လပ္တရားမွ်တသည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ လူထုလႈပ္ရွားမႈအစီအစဥ္ ဒါ႐ုိက္တာ ႏိုင္ကဆုမြန္ က “EAO ထိန္းခ်ဳပ္ထားတဲ့ေဒသတဝိုက္မွာရွိတဲ့ ျပည္သူလူထု ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းထိ ႏိုင္ငံသား စိစစ္ေရးကတ္ျပားမရွိပါဘူး။ ေနာက္သူတို႔မွာလည္း ႏိုင္ငံသားစိစစ္ေရးကတ္ျပား လုပ္တာမ်ဳိး အခြင့္အလမ္း မ ရၾကတာလဲ ရွိပါတယ္” ဟု ေျပာသည္။
တိုင္းရင္းသားျပည္သူလူထုမ်ားလယ္ဝယ္တြင္ မွတ္ပံုတင္မရွိပါက ၎တို႔၏ ႏိုင္ငံသားအခြင့္အေရး အလိုလို ဆံုး ႐ံႈးေနမည္ျဖစ္သည့္အျပင္ လာမည့္ ေရြးေကာက္ပြဲတြင္လည္း မဲေပးပိုင္ခြင့္ ဆံုး႐ႈံးၾကရမည့္ အေျခအေန ရွိေန သည္ ဟု အစီရင္ခံက ေျပာဆိုထားသည္။
မွတ္ပံုတင္မရွိသူမ်ားသည္ မွတ္ပံုတင္သြားလုပ္ရန္ လမ္းပန္းဆက္သြယ္ေရးခက္ခဲျခင္း၊ ေငြေၾကးမတတ္ႏိုင္ျခင္း၊ ဗဟုသုတနည္းပါးျခင္း၊ ပဋိပကၡနယ္ေျမတြင္ ေနထိုင္ေနရျခင္း၊ ဘာသာစကားအခက္အခဲရွိျခင္း၊ ခြဲျခားဆက္ ဆံခံရျခင္း၊ ေရႊ႕ ေျပာင္းအလုပ္သမားမ်ားျဖစ္ျခင္း၊ ေၾကာက္ရြ႕ံ ျခင္း စသျဖင့္ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မလုပ္ ျဖစ္ၾကသည္ ဟု အစီရင္ခံစာက ေျပာသည္။
“မဲေပးတဲ့အခါ တကယ္လို႔ သူတို႔ (မွတ္ပံုတင္မရွိသူ) ရဲ႕ မဲပါမလာဘူးဆိုရင္ သူတို႔လိုလားတဲ့ ပါတီ၊ အမတ္ေတြ ႐ႈံးသြားမယ္၊ ႐ႈံးသြားရင္ လႊတ္ေတာ္ထဲ အစိုးရအဖြဲ႔ထဲ မသြားေရာက္ႏိုင္ေတာ့ သူတို႔ လိုလားေတာင္းတခ်က္ေတြ သူတို႔ဆႏၵေတြကို မျဖည့္ဆည္းေပးႏိုင္ေတာ့ဘူး အေကာင္အထည္မေဖာ္ေပးႏိုင္ေတာ့ဘူး ဒါက အခြင့္အေရး ဆံုး႐ႈံးတဲ့သေဘာပါ။ ဒီႏိုင္ငံသားအခြင့္အေရးဆံုး႐ႈံးျခင္းနဲ႔ သူတို႔ ႏိုင္ငံေရးအခြင့္အေရး ေနာက္ သူတို႔ရဲ႔ လူမ်ဳိးေရး တိုင္းရင္းသားအခြင့္အေရး လူမႈေရး စီးပြားေရး ယဥ္ေက်းမႈဆိုင္ရာအခြင့္အေရး စသျဖင့္ေပါ့ သူတို႔ အမတ္က သြားမတင္ျပႏိုင္ေတာ့ ဒီအခြင့္အေရးေတြ ဆံုး႐ႈံးသြားမွာျဖစ္ပါတယ္” ဟု ႏိုင္ကဆုမြန္ က ဆက္ေျပာသည္။
မွတ္ပံုတင္မရွိသူမ်ားအား မွတ္ပံုတင္ ရရွိေရးႏွင့္ ၄င္းတို႔၏ ဆႏၵမဲေပးပိုင္ခြင့္အတြက္ သက္ဆိုင္ရာ တာဝန္ရွိ သူမ်ား အေနျဖင့္ အျမန္ဆံုးေဆာင္ရြက္ေပးရန္လိုအပ္သည္ဟု အစီရင္ခံစာက တိုက္တြန္းထားသည္။
“ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ လဝကဌာနတို႔ ေပါင္းၿပီးေတာ့ ႏိုင္ငံသားစိစစ္ေရးကတ္ျပား အျမန္ဆံုးလုပ္ေပးဖို႔ အဓိကက်ပါတယ္။ ဒါမွ ႏိုဝင္ဘာလမွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ မဲေပးခြင့္ရွိမယ္ သူတို႔ရဲ႕ ႏိုင္ငံသား အခြင့္ အေရးမဆံုး႐ႈံးမွာ” ဟု လြတ္လပ္တရားမွ်တသည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ လူထုလႈပ္ရွားမႈအစီအစဥ္မွ ဦးေဆာင္အဖြဲ႔ဝင္ မိျမင့္ျမင့္မြန္ က ေျပာသည္။
မြန္ျပည္သစ္ပါတီအေနျဖင့္ ေရးၿမိဳ႕ နယ္ ေရးေခ်ာင္းဖ်ားေဒသရွိ ၎တို႔ ဗဟိုဌာနတဝိုက္က မွတ္ပံုတင္ မရွိသည့္ ေဒသခံျပည္သူ ၂၀၀၀ ေက်ာ္ မွတ္ပံုတင္ရရွိႏိုင္ေရးအတြက္ ေရးၿမိဳ႕ နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသား မွတ္ပံုတင္ေရးဦးစီးဌာနႏွင့္ မြန္ျပည္နယ္အစိုးရအဖြဲ႔တို႔ႏွင့္ ၫွိႏႈိင္း ေဆြးေႏြးထားၿပီး ကြင္းဆင္းျပဳလုပ္ေပးရန္ သေဘာတူထားၿပီျဖစ္သည္ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္ က ေျပာသည္။
“ႏိုင္ငံသားအခြင့္အေရး မဆံုး႐ႈံးေစခ်င္” ဆိုသည့္ အစီရင္ခံစာကို ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္ျပည္နယ္၊ ကရင္ ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးမွ ေရး၊ သံျဖဴဇရပ္၊ ေခ်ာင္းဆံု၊ ေပါင္၊ က်ဳိက္မေရာ၊ ဘားအံ၊ ၾကာအင္း ဆိပ္ႀကီး၊ ေကာ့ကရိတ္၊ ေရျဖဴ စသည့္ ၿမိဳ႕ နယ္ ၉ ခုတို႔ရွိ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႔ဆံုထားမႈအေပၚ အေျခခံ ၿပီး ျပဳစုထားျခင္းျဖစ္သည္ဟု သိရသည္။