ရှမ်းမြောက် ပေါက်ကွဲမှုကြောင့် ကလေး တစ်ဦးသေ၊ ကလေး ငါးဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ကလေး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရသူကလေးများအနက် ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် အရေးအပေါ် ခွဲစိတ်လိုက်ရသည်ဟု သိရ သည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သေတဲ့တစ်ယောက်ကတော့ မိုင်းထိတာနဲ့ကို အခြေအနေက လုံးဝ မကောင်းတော့ဘူး။ အသက်တောင် ကောင်းကောင်းမရှူတော့တာ။ အဲ့ဒါကြောင့် လားရှိုးဆေးရုံ ကို မခေါ် ခဲ့တော့ဘူး။ ကွတ်ခိုင်ဆေးရုံမှာပဲ ဆုံးတယ်။ ပြီးတော့ သေသွားတဲ့ တစ်ယောက်ကတော့ မိန်းကလေး” ဟု ပြောသည်။

ကျန်ရှိသည့် ကလေး ၅ ဦးထဲမှ ၃ ဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပိုဆောင်ခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့ ယနေ့နံနက်တွင် အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်းဝင်လိုက်ရသည်ဟု ဆို သည်။

အရေးပေါ် ခွဲစိတ်ခန်းဝင်လိုက်ရသည့် ကလေး ၃ ဦး၏ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ အမည် မဖော် လိုသူ ဒေသခံက ယခုကဲ့သို့ ဆက်ပြောသည်။

“ခြေထောက် အရမ်းပြင်းထန်လို့ မနက် ၉ နာရီ ကျော်ကျော်လောက်မှာ တစ်ယောက်ခွဲစိတ်လိုက် ရတယ်။ နောက်နှစ်ယောက် နေ့လည်လောက်မှာ ခွဲစိတ်ခန်းဝင်ရတယ်။ ကလေးတွေက သွေး အထွက်လွန် သွားတယ်။ ကလေးတွေက ဆေးရုံရောက်တော့လည်း အရမ်းနာတော့ ငိုပဲငိုနေကြတယ်။ တစ်ယောက်က ခေါင်းထိတယ်။ ငယ်ထိပ်ကို ထိသွားတယ် ခေါင်းနောက်ပိုင်းလည်းထိသွားတယ်။ နောက်တစ်ယောက်က ခြေထောက်ထိတယ်။ ခြေထောက်က အရိုးတွေတောင် ပေါ်နေတယ်။ ပေါက်သွားတာပေါ့ နော်။ တစ်ယောက်က ညာဘက် တခြမ်းလုံးမှာ အကုန်ထိသွားတယ်။ ချိုင်းအောက်ကနေ အကုန်ထိသွားတယ်။ မျက်နှာတွေမှာလည်း မိုင်းစတွေ မှန်ကုန်တယ်။ လားရှိုးဆေးရုံမှာပဲ။”

အရေးအပေါ် အခြေအနေကြောင့် ခွဲစိတ်ခန်းဝင်လိုက်ရသည့် ကလေးများမှာ ကျော်ထွန်း အသက် ၇ နှစ်၊ အေးလောဝ် အသက် ၈ နှစ် နှင့် အောင်နိုင် အသက် ၅ နှစ် တို့ဖြစ်ပြီး၊ ကိန်ခမ်း အသက် ၅ နှစ်မှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် သေဆုံးသွားသည်ဟု ဆိုသည်။

ဒဏ်ရာ ပြင်းထန်မှု မရှိသည့် ကိန် အသက် ၄ နှစ် နှင့် အီလောဝ် အသက် ၂ နှစ် တို့ ၂ ဦး မှာ ခိုတင်ကျေး ရွာတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ကလေးတစ်ဦး၏ အဖွားဖြစ်သူ ဒေါ်ညွန့်က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အစက အဖွားခြံသွားတာ မိုင်းပေါက်ကွဲတာကတော့ လေးနာရီလောက်ဖြစ်တယ်။ ကလေးတွေက ဘယ် မှာ သွားကောက်လာလည်းမသိဘူး။ ကောက်လာပြီးမှဆော့ ကစားကြတယ်။ အဖွားတောင် သိပ်မကြည့် ရဲဘူး။ သွေးတွေကြီးပဲ ရှိတာက ၇ ယောက် ထိတာကျတော့ ၆ ယောက် ထိတယ်။ မိုင်းပေါက်ကွဲတဲ့ အိမ်က အဖွားအိမ်မှာ အိမ်သာသွားတဲ့လမ်း ရေတွင်းနား ဖြစ်တယ်။”

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေကြသည့် ပြည်သူများမှာ မိုင်းမကြာ ခဏ ပေါက်ကွဲမှုကြောင့် ထိ ခိုက် ဒဏ်ရာရကာ အသက်သေဆုံးနေကြရသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်များတွင် မြေမြုပ်မိုင်းများမထောင်ထား ကြရန် ဒေသခံ များနှင့် လူမှုအသင်းအဖွဲ့များက တောင်းဆိုသည်။

တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU) အထွေထွေ တွဲဖက်အတွင်းရေမှုး (၁) လွေးပိုးဂျေ က “အဓိက မိုင်းအသုံးမပြုတဲ့ လက်နက်ကိုင်အဖွဲ့တော့ မရှိပါဘူး။ ဒါပေမယ် အသုံးပြုတဲ့နေရာမှာ မှားယွင်းမှု တွေနဲ့တွေ့ရတယ်။ မနေ့ ညက ဖြစ်သွားတဲ့ကိစ္စလည်း အိမ်မှာပေါက်ကွဲသွားတာမျိုးဆို ဒါလုံး၀ မဖြစ်သင့် ဘူး” ဟု ပြောသည်။

“မိုင်းပေါက်ကွဲမှုနဲ့ပတ်သတ်ရင် နေအိမ်တွေထိတာ လမ်းမကြီးတွေမှာထိတာတွေ ဒါက ပြည်သူလူထုတွေ ကို ရည်ရွယ်ပြီး ထောင်ထားတဲ့မိုင်းလို့ ကျမယူဆတယ်။ အမှန်တကယ်ကတော့ ဒါလုံး၀ မဖြစ်သင့်တဲ့ အရာ ဖြစ်တယ်။ ပြည်သူလူထုတွေကို လှုပ်ရှားနေတဲ့နေရာတွေ မိုင်းထောင်ထားတာ ဒါသူတို့အတွက် အသက်အန္တာရာယ်ရှိတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့ ဖြစ်ဖြစ် ကျေးရွာတွေ ကျေးရွာပတ်ဝန်းကျင်တွေ နေရာတွေမှာ မိုင်းထောင်ထားရင်တောင် ပြည်သူတွေကို အဲဒီနေရာတွေမသွားဖို့ ပြောပြရမှာ” ဟု လွေးပိုးဂျေ က ဆက်ပြောသည်။

ယခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အိမ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက တပ်မတော်သားများ လာ ရောက် တည်းခိုသွားခဲ့သည့် နေအိမ်ဖြစ်ပြီး ထိုတည်းခိုမှုအတွင်း တစ်ညလုံးနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည် ဟု ဒေသခံများ က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယခုပေါက်ကွဲမှုအပြင် ဇူလိုင်လ ၈ ရက်နေ့က ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ကျေးရွာ တွင်တစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်နေ့က မိုင်းယုလေးကျေးရွာတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ပါနင် ကျေးရွာတွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး သေ ဆုံးခဲ့သည် ဟု သိရသည်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်း အကျန်များကြောင့် ထိခိုက်မှုများအတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုအားလုံး ၆၄ ရာခိုင်နှုန်းရှိခဲ့ပြီး ရခိုင် ပြည်နယ်တစ်ခုတည်းမှာတင် ၅၃ ရာခိုင်နှုန်းရှိခဲ့သည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်း ရေးရုံး (UNOCHA) က ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ZAWGYI…

ရွမ္းေျမာက္ ေပါက္ကြဲမႈေၾကာင့္ ကေလး တစ္ဦးေသ၊ ကေလး ငါးဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္တြင္ မိုင္းေပါက္ကြဲမႈေၾကာင့္ ကေလး ၁ ဦး ေသဆံုးၿပီး ကေလး ၅ ဦး ဒဏ္ရာ ရရွိခဲ့သည္။

ဒဏ္ရာရသူကေလးမ်ားအနက္ ၃ ဦးမွာ ဒဏ္ရာ ျပင္းထန္ေသာေၾကာင့္ အေရးအေပၚ ခြဲစိတ္လိုက္ရသည္ဟု သိရ သည္။

ကြတ္ခိုင္ၿမိဳ႕နယ္ ခိုတင္ေက်းရြာတြင္ ဇူလိုင္လ ၃၀ ရက္ေန႔က မိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။

“ေသတဲ့တစ္ေယာက္ကေတာ့ မိုင္းထိတာနဲ႔ကို အေျခအေနက လံုးဝ မေကာင္းေတာ့ဘူး။ အသက္ေတာင္ ေကာင္းေကာင္းမရွဴေတာ့တာ။ အ့ဲဒါေၾကာင့္ လားရိႈးေဆးရံု ကို မေခၚ ခဲ့ေတာ့ဘူး။ ကြတ္ခိုင္ေဆးရံုမွာပဲ ဆံုးတယ္။ ၿပီးေတာ့ ေသသြားတဲ့ တစ္ေယာက္ကေတာ့ မိန္းကေလး” ဟု ေျပာသည္။

က်န္ရွိသည့္ ကေလး ၅ ဦးထဲမွ ၃ ဦးအား လားရႈိးျပည္သူ႔ေဆးရံုသို႔ ပိုေဆာင္ခဲ့ရာ ဇူလိုင္လ ၃၁ ရက္ေန႔ ယေန႔နံနက္တြင္ အေရးအေပၚ အေျခအေနေၾကာင့္ ခြဲစိတ္ခန္း၀င္လိုက္ရသည္ဟု ဆို သည္။

အေရးေပၚ ခြဲစိတ္ခန္း၀င္လိုက္ရသည့္ ကေလး ၃ ဦး၏ အေျခအေနႏွင့္ ပတ္သက္၍ အဆိုပါ အမည္ မေဖာ္ လိုသူ ေဒသခံက ယခုကဲ့သို႔ ဆက္ေျပာသည္။

“ေျခေထာက္ အရမ္းျပင္းထန္လို႔ မနက္ ၉ နာရီ ေက်ာ္ေက်ာ္ေလာက္မွာ တစ္ေယာက္ခြဲစိတ္လုိက္ ရတယ္။ ေနာက္ႏွစ္ေယာက္ ေန႔လည္ေလာက္မွာ ခြဲစိတ္ခန္းဝင္ရတယ္။ ကေလးေတြက ေသြး အထြက္လြန္ သြားတယ္။ ကေလးေတြက ေဆးရံုေရာက္ေတာ့လည္း အရမ္းနာေတာ့ ငိုပဲငိုေနၾကတယ္။ တစ္ေယာက္ က ေခါင္းထိ တယ္။ ငယ္ထိပ္ကို ထိသြားတယ္ ေခါင္းေနာက္ပိုင္းလည္းထိသြားတယ္။ ေနာက္တစ္ ေယာက္က ေျခေထာက္ ထိတယ္။ ေျခေထာက္က အရိုးေတြေတာင္ ေပၚေနတယ္။ ေပါက္သြားတာေပါ့ ေနာ္။ တစ္ေယာက္က ဘယ္ဘက္ တျခမ္းလံုးမွာ အကုန္ထိသြားတယ္။ ခ်ိဳင္းေအာက္ကေန အကုန္ ထိ သြားတယ္။ မ်က္ႏွာေတြမွာလည္း မိုင္းစေတြ မွန္ကုန္တယ္။ လားရိႈးေဆးရံုမွာပဲ။”

အေရးအေပၚ အေျခအေနေၾကာင့္ ခြဲစိတ္ခန္း၀င္လိုက္ရသည့္ ကေလးမ်ားမွာ ေက်ာ္ထြန္း အသက္ ၇ ႏွစ္၊ ေအးေလာ၀္ အသက္ ၈ ႏွစ္ ႏွင့္ ေအာင္ႏိုင္ အသက္ ၅ ႏွစ္ တို႔ျဖစ္ၿပီး၊ ကိန္ခမ္း အသက္ ၅ ႏွစ္မွာ ဒဏ္ရာ ျပင္းထန္သည့္အတြက္ ေသဆံုးသြားသည္ဟု ဆိုသည္။

ဒဏ္ရာ ျပင္းထန္မႈ မရွိသည့္ ကိန္ အသက္ ၄ ႏွစ္ ႏွင့္ အီေလာဝ္ အသက္ ၂ ႏွစ္ တို႔ ၂ ဦး မွာ ခိုတင္ေက်း ရြာတြင္ ေဆးကုသမႈ ခံယူေနသည္ဟု သိရသည္။

ထိခိုက္ဒဏ္ရာ ရရွိသူ ကေလးတစ္ဦး၏ အဖြားျဖစ္သူ ေဒၚၫြန္႔က မိုင္းေပါက္ကြဲမႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။

“အစက အဖြားၿခံသြားတာ မိုင္းေပါက္ကြဲတာကေတာ့ ေလးနာရီ ေလာက္ျဖစ္တယ္။ ကေလးေတြက ဘယ္ မွာ သြားေကာက္လာလည္းမသိဘူး။ ေကာက္လာၿပီးမွေဆာ့ ကစားၾကတယ္။ အဖြားေတာင္ သိပ္မၾကည့္ ရဲဘူး။ ေသြးေတြႀကီးပဲ ရွိတာက ၇ ေယာက္ ထိတာက်ေတာ့ ၆ ေယာက္ ထိတယ္။ မိုင္းေပါက္ကြဲတဲ့ အိမ္က အဖြားအိမ္မွာ အိမ္သာ သြားတဲ့လမ္း ေရတြင္းနား ျဖစ္တယ္။”

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ေနထိုင္ေနၾကသည့္ ျပည္သူမ်ားမွာ မိုင္းမၾကာ ခဏ ေပါက္ကြဲမႈေၾကာင့္ ထိ ခိုက္ ဒဏ္ရာရကာ အသက္ေသဆံုးေနၾကရသည့္အတြက္ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အေနျဖင့္ ေက်းရြာအတြင္းႏွင့္ ေက်းရြာအနီးတစ္ဝိုက္မ်ားတြင္ ေျမျမဳပ္မိုင္းမ်ားမေထာင္ထား ၾကရန္ ေဒသခံ မ်ားႏွင့္ လူမႈအသင္းအဖြဲ႔မ်ားက ေတာင္းဆိုသည္။

တအာင္းေက်ာင္းသားႏွင့္လူငယ္မ်ားအဖြဲ႔ (TSYU) အေထြေထြ တြဲဖက္အတြင္းေရမႈး (၁) ေလြးပိုးေဂ် က “အဓိက မိုင္းအသံုးမၿပဳတဲ့ လက္နက္ကိုင္အဖြဲ႕ေတာ့ မရွိပါဘူး။ ဒါေပမယ္ အသံုးၿပဳတဲ့ေနရာမွာ မွားယြင္းမႈ ေတြနဲ ့ေတြ႕ရတယ္။ မေန႔ ညက ျဖစ္သြားတဲ့ကိစၥလည္း အိမ္မွာေပါက္ကြဲသြားတာမ်ိဳးဆို ဒါလံုး၀ မျဖစ္သင့္ ဘူး” ဟု ေျပာသည္။

“မိုင္းေပါက္ကြဲမႈနဲ ့ပတ္သတ္ရင္ ေနအိမ္ေတြထိတာ လမ္းမႀကီးေတြမွာထိတာေတြ ဒါက ျပည္သူလူထုေတြ ကို ရည္ရြယ္ၿပီး ေထာင္ထားတဲ့မိုင္းလို ့ က်မယူဆတယ္။ အမွန္တကယ္ကေတာ့ ဒါလံုး၀ မျဖစ္သင့္တဲ့ အရာ ျဖစ္တယ္။ ျပည္သူလူထုေတြကို လႈပ္ရွားေနတဲ့ေနရာေတြ မိုင္းေထာင္ထားတာ ဒါသူတို ့အတြက္ အသက္ အႏၱာရာယ္ရွိတယ္။ ဘယ္လက္နက္ကိုင္အဖြဲ ့ ျဖစ္ျဖစ္ ေက်းရြာေတြ ေက်းရြာပတ္၀န္းက်င္ေတြ ေနရာေတြမွာ မိုင္းေထာင္ထားရင္ေတာင္ ျပည္သူေတြကို အဲဒီေနရာေတြမသြားဖို ့ ေျပာျပရမွာ” ဟု ေလြးပိုး ေဂ် က ဆက္ေျပာသည္။

ယခုမိုင္းေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ အိမ္သည္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လတုန္းက တပ္မေတာ္သားမ်ား လာ ေရာက္ တည္းခိုသြားခဲ့သည့္ ေနအိမ္ျဖစ္ၿပီး ထိုတည္းခိုမႈအတြင္း တစ္ညလံုးနီးပါး ပစ္ခတ္မႈ ျဖစ္ပြားခဲ့သည္ ဟု ေဒသခံမ်ား က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ယခုေပါက္ကြဲမႈအျပင္ ဇူလုိင္လ ၈ ရက္ေန႔က ပန္ကိုင္ေက်းရြာအုပ္စု နမ့္ခြမ္ေက်းရြာ တြင္တစ္ႀကိမ္၊ ဇူလိုင္လ ၁၂ ရက္ေန႔က မိုင္းယုေလးေက်းရြာတြင္ တစ္ႀကိမ္၊ ဇူလုိင္လ ၁၄ ရက္ေန႔က ပါနင္ ေက်းရြာတြင္ တစ္ႀကိမ္ မိုင္းေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆံုး လူ ၁၅ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး တစ္ဦး ေသ ဆံုးခဲ့သည္ ဟု သိရသည္။

၂၀၁၉ ခုႏွစ္အတြင္း ျမန္မာႏိုင္္ငံတစ္ဝန္း ေျမျမႇဳပ္မိုင္းႏွင့္ ေပါက္ကြဲေစတတ္သည့္ စစ္လက္နက္အႂကြင္း အက်န္မ်ားေၾကာင့္ ထိခိုက္မႈမ်ားအတြင္း အရပ္သားထိခိုက္ဒဏ္ရာရမႈအားလုံး ၆၄ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ရခိုင္ ျပည္နယ္တစ္ခုတည္းမွာတင္ ၅၃ ရာခိုင္ႏႈန္းရွိခဲ့သည္ဟု ျမန္မာႏိုင္ငံရွိ ကုလသမဂၢလူသားခ်င္းဆိုင္ရာညႇိႏႈိင္း ေရး႐ုံး (UNOCHA) က ဇူလိုင္လ ၃၀ ရက္ေန႔က ထုတ္ျပန္ထားသည္။