ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၅)

“စိတ်မပျော်ဘူးလေ။ စိတ်မကောင်းဘူး။ ဆွေမျိုးတွေ မြစ်ကြီးနားတို့ နမ္မတီးတို့မှာရှိတယ်။ သွားရင်လည်း ရှက်တယ်။ ပိုက်ဆံလည်းမရှိဘူးလေ။ ကျမသွားရင် ပိုက်ဆံလာတောင်းသလားဆိုပြီး။ တောင်းစားဖို့လာ သလားဆိုပြီးထင်မှာ ဆိုးလို့ မသွားဘူး လုံးဝမသွားဘူး။ ဆွေမျိုးတွေ အိမ်တောင်မသွားချင်ဘူး စစ်ရှောင် ဖြစ်သွားလို့။” ဒေါ်လဖိုင်ဒွဲရော် ကချင်စစ်ရှောင်အမျိုးသမီး

“ညီမလေးတို့က ကျောင်းက တစ်ကျောင်းထဲပဲရှိတယ်။ ဒါပေမယ့်လည်း ညီမလေးတို့က စစ်ရှောင်ဆိုပြီးမှ သက်သက်ခွဲထားတယ်။ သူတို့ကခွဲခြားသလိုမျိုး ဖြစ်တယ်လို့ ပြောရမှာပေါ့နော်။ ကျောင်းအုပ်ကြီးက လည်း သက်သက်ဟုတ်တယ်။ ညီမလေးတို့က စစ်ရှောင်ဆိုတဲ့ ကျောင်းမှာပဲ နေရတယ်။ ကွာခြားတာ တော့ ပညာသင်ကြားမှုတို့ ဘာတို့၊ ဆရာမတို့ရဲ့ ဂရုစိုက်လေးစားမှုတို့ နည်းနည်းလိုအပ်တယ်လို့ ထင်ပါ တယ်။ ညီမလေးတို့က တစ်မျိုးကြီးတော့ ခံစားရတယ်။ အားငယ်သလိုလိုပဲ ခံစားရတယ်။ ဒီလိုမျိုး စစ် ရှောင် မဖြစ်တုန်းကတော့ အကုန်လုံးက တန်းတူပဲ၊ ခွဲခြားဆက်ခံမှု သိပ်မရှိဘူး။ အားငယ်တဲ့သဘော လည်း သိပ်မခံစားဖူးဘူး။ အခုဒီမှာရောက်ပြီးမှညီမလေးတို့က အရမ်းအားငယ်တယ်။ ခေါန်နန် မိုင်းနား RC စစ်ရှောင်စခန်း (၈ တန်း ကျောင်းသူ)

ကချင်စစ်ရှောင်တွေရဲ့ ၉ နှစ်တာအတွင်း ဘာတွေ ကြုံနေရသလဲ…?

  • နှစ်တွေကြာလာတာနဲ့ အမျှ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လျော့နည်းလာတဲ့ ကချင်စစ်ရှောင်တွေရဲ့ အခက်အခဲ
  • စစ်ရှောင်တွေအနေနဲ့ အသက်အရွယ်မရွေး တူညီတဲ့ခံစားမှုကတော့ ခွဲခြားခံနေရတဲ့ဆိုတဲ့ အခြေအနေ
  • တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေအပေါ် သူတို့ရဲ့ အမြင်
  • ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် သူတို့ရဲ့ သဘောထား
  • ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍတွေ ဆုံးရှုံးနေရတဲ့အပြင် စစ်ရှောင်တွေ အားလုံးဟာ အနာဂတ်မဲ့ နေသလိုမျိုးခံစားနေကြရတယ်ဆိုတဲ့ အကြောင်းတွေကို စုစည်း တင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

ZAWGYI…

ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၇၅)

“စိတ္မေပ်ာ္ဘူးေလ။ စိတ္မေကာင္းဘူး။ ေဆြမ်ိဳးေတြ ျမစ္ႀကီးနားတို႔ နမၼတီးတို႔မွာရွိတယ္။ သြားရင္လည္း ရွက္တယ္။ ပိုက္ဆံလည္းမရွိဘူးေလ။ က်မသြားရင္ ပိုက္ဆံလာေတာင္းသလားဆိုၿပီး။ ေတာင္းစားဖို႔လာ သလားဆိုၿပီးထင္မွာ ဆိုးလို႔ မသြားဘူး လုံးဝမသြားဘူး။ ေဆြမ်ိဳးေတြ အိမ္ေတာင္မသြားခ်င္ဘူး စစ္ေရွာင္ ျဖစ္သြားလို႔။” ေဒၚလဖိုင္ဒြဲေရာ္ ကခ်င္စစ္ေရွာင္အမ်ိဳးသမီး

“ညီမေလးတို႔က ေက်ာင္းက တစ္ေက်ာင္းထဲပဲရွိတယ္။ ဒါေပမယ့္လည္း ညီမေလးတို႔က စစ္ေရွာင္ဆိုၿပီးမွ သက္သက္ခြဲထားတယ္။ သူတို႔ကခြဲျခားသလိုမ်ိဳး ျဖစ္တယ္လို႔ ေျပာရမွာေပါ့ေနာ္။ ေက်ာင္းအုပ္ႀကီးက လည္း သက္သက္ဟုတ္တယ္။ ညီမေလးတို႔က စစ္ေရွာင္ဆိုတဲ့ ေက်ာင္းမွာပဲ ေနရတယ္။ ကြာျခားတာ ေတာ့ ပညာသင္ၾကားမႈတို႔ ဘာတို႔၊ ဆရာမတို႔ရဲ႕ ဂ႐ုစိုက္ေလးစားမႈတို႔ နည္းနည္းလိုအပ္တယ္လို႔ ထင္ပါ တယ္။ ညီမေလးတို႔က တစ္မ်ိဳးႀကီးေတာ့ ခံစားရတယ္။ အားငယ္သလိုလိုပဲ ခံစားရတယ္။ ဒီလိုမ်ိဳး စစ္ ေရွာင္ မျဖစ္တုန္းကေတာ့ အကုန္လုံးက တန္းတူပဲ၊ ခြဲျခားဆက္ခံမႈ သိပ္မရွိဘူး။ အားငယ္တဲ့သေဘာ လည္း သိပ္မခံစားဖူးဘူး။ အခုဒီမွာေရာက္ၿပီးမွညီမေလးတို႔က အရမ္းအားငယ္တယ္။ ေခါန္နန္ မိုင္းနား RC စစ္ေရွာင္စခန္း (၈ တန္း ေက်ာင္းသူ)

ကခ်င္စစ္ေရွာင္ေတြရဲ႕ ၉ ႏွစ္တာအတြင္း ဘာေတြ ႀကဳံေနရသလဲ…?

  • ႏွစ္ေတြၾကာလာတာနဲ႔ အမွ် စားနပ္ရိကၡာေထာက္ပံ့မႈေတြ ေလ်ာ့နည္းလာတဲ့ ကခ်င္စစ္ေရွာင္ေတြရဲ႕ အခက္အခဲ
  • စစ္ေရွာင္ေတြအေနနဲ႔ အသက္အ႐ြယ္မေ႐ြး တူညီတဲ့ခံစားမႈကေတာ့ ခြဲျခားခံေနရတဲ့ဆိုတဲ့ အေျခအေန
  • တိုက္ပြဲေတြနဲ႔ စစ္ေရးပဋိပကၡေတြအေပၚ သူတို႔ရဲ႕ အျမင္
  • ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြအေပၚ သူတို႔ရဲ႕ သေဘာထား
  • ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရး က႑ေတြ ဆုံးရႈံးေနရတဲ့အျပင္ စစ္ေရွာင္ေတြ အားလုံးဟာ အနာဂတ္မဲ့ ေနသလိုမ်ိဳးခံစားေနၾကရတယ္ဆိုတဲ့ အေၾကာင္းေတြကို စုစည္း တင္ဆက္ထားပါတယ္။

ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။