အင်တာနက်လိုင်းများ ပြန်ဖွင့်ပြီဆိုသော်လည်း သုံးမရသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်။
အင်တာနက်လိုင်းပိတ်ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက မြို့များအား လိုင်းများ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်သော်လည်း သုံးစွဲ၍ မရသေးကြောင်း ဒေသခံများ က ပြောသည်။
သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးလိုက်ပြီဟု ဆက်သွယ်ရေးအော်ပရေတာများမှ message ပေးပို့ခဲ့သော်လည်း အမြန်နှုန်းများ နှေးနေသည့်အတွက် ယနေ့ အချိန်ထိ သုံးစွဲ၍ မရသေးကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့ က ဦးလှမြင့် က “ပြန်ဖွင့်ပေးတယ်ဆိုတာ အပြောပဲ၊ လက်တွေ့က ဘာမှသုံးမရဘူး။ 2G ပေါ့၊ အင်တာနက်ဖွင့်ရင် E တက်တယ်။ E တော့ ပေါ်နေတယ်ကွာ။ ဒါပေမယ့် ဘာမှသုံးမရဘူး။ ကြည့်လို့လည်း မရဘူး။ တင်လို့လည်းမရဘူး။ ဘာမှမမြင်ရဘူး။ အလကား ဖွင့်ပေးတယ်ဆိုတာ အပြောပဲ။ MPT ရော၊ Telenor ရော၊ Mytel, Ooredoo အကုန်လုံး အတူတူပဲလေ။ ၁ ရက်နေ့ ညည ၁၀ နာရီလောက်မှာ ဖွင့်ပေး တယ်ဆိုတာမျိုး ကြေငြာလိုက်တာပေါ့။ ဘာမှ သုံးလို့ကိုမရဘူး။ ကျနော်တို့ ကျောက်တော်ရော၊ တခြားမြို့ တွေရော ဒီလိုပဲလို့ပြောကြတယ်” ဟု ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် လက်နက် ကိုင်ပဋိပက္ခများကြောင့် ပြည်နယ်နှစ်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်တို့အား အင်တာနက်လိုင်းများ ပိတ် ထားခဲ့ရမှာ သြဂုတ်လဆန်းမှစတင်၍ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏား ကျွန်းမြို့နယ်များအပြင် ချင်းပြည်နယ်အတွင်းက ပလက်ဝ မြို့နယ်တို့အား အင်တာနက်လိုင်းများ ဖွင့်ပေးလိုက် သော်လည်း ဒေသခံများမှာ လုံးဝသုံးမရဘူးဟု ပြောသည်။
မင်းပြားဒေသခံ ဦးစိန်အောင် က “တကယ်တော့ သုံးလို့ ပြောရမယ်ဆိုရင် တင်လို့မရရင်တောင်မှ ကြည့်လို့ရရင် မဆိုးဘူးလေနော်။ အခုက နားလှည့်ပါးရိုက်လုပ်တာပါ။ မထူးဘူးလေ။ ကြည့်လို့မှမရတာကိုး။ ကျနော်တို့ ရခိုင် ပြည်ကိုတော့ ဒီလိုပဲ လုပ်တော့မယ်ထင်တယ်။ ဘယ်သူကမှလည်း တာဝန်မယူပေးနိုင်ဘူး။ ဘာမှလည်း လုပ် လို့မရဘူး။ အခုက ကျန်းမာရေးအတွက်လည်း အရေးကြီးတယ်။ စစ်ပွဲနဲ့ ပတ်သက်တဲ့ တခြားလူမှုရေး၊ ပညာ ရေး အကုန်ပေါ့ လိုင်းမရတော့ အခြေအနေက ဒီအတိုင်းပါပဲ။ ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာ မသိတော့ဘူးလေ။ လူထုက” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်အား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် အင်တာနက်လိုင်းများကို ပိတ်ခဲ့သည်မှာ တစ်နှစ် ကျော်ရှိပြီဖြစ်သည်။
အင်တာနက်လိုင်းအား ပြန်ဖွင့်ပေးထားသော်လည်း မြန်နှုန်းအဆင့်အား လျှော့ချထားခြင်းကြောင့် ယနေ့အချိန် ထိ သုံး၍ မရသေးဘူးဟု ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့နယ် က လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ဒီနေ့အထိ 2G ပဲ ပေါ်တယ်။ ဆရာမတို့ ရသေ့တောင်အပါအဝင်ပေါ့ တခြားမြို့တိုင်းလိုလိုအဲ့လိုပဲလို့ ကြားနေရတယ်။ အခုက တကယ့်ကို သုံးမရတဲ့ ဟာမျိုး ဖွင့်ပေးတာဆိုတော့ မဖွင့်ပေးတာနဲ့ အတူတူပဲလေနော်။ အစိုးရကလည်း ဒါက ဘာကြောင့်လဲဆိုတာ ချပြသင့်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။
“အခုက မြန်မာနိုင်ငံတစ်နိုင်ငံလုံးလည်း COVID-19 ရောဂါဖြစ်နေတယ်။ စိုးရိမ်နေကြရတယ်။ အင်တာနက် ပိတ်ထားတဲ့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေ အခက်အခဲရှိကြတယ်။ အခုက ၁၀ တန်း စာမေး ပွဲတွေလည်း အွန်လိုင်းက ထုတ်မယ်ဆိုတော့၊ နောက်တစ်ခါ ရွေးကောက်ပွဲကလည်းလာတော့မယ်။ အဲ့ဒီ အတွက်ရောပေါ့၊ အားလုံးအတွက် လိုင်းကောင်းမှ အဆင်ပြေမှာလေနော်။ မြန်မာတစ်နိုင်ငံလုံး 4G သုံးနေ တာလေ။ ဒါကြောင့် ဆရာမတို့ဘက်ကိုလည်း လိုင်းသုံးလို့ရအောင်၊ လိုင်းကောင်း တစ်ခုခုတော့ ချပေးသင့် တယ်လို့ ပြောချင်ပါတယ်ရှင့်။”
၂၀၁၉ ခုနှစ် ဇွန်လက စတင်ပြီး အဆိုပါမြို့နယ်များအား အင်တာနက်လိုင်းများ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ HRW တို့အပါအဝင် ပြည်တွင်း ပြည်ပက အဖွဲ့အစည်း များနှင့် ဒေသခံများက လိုင်းများ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုထားကြသည်။
*** ZAWGYI ***
အင္တာနက္လိုင္းမ်ား ျပန္ဖြင့္ၿပီဆိုေသာ္လည္း သံုးမရေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ၾသဂုတ္လ ၄ ရက္။
အင္တာနက္လိုင္းပိတ္ထားသည့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္အတြင္းက ၿမိဳ႕မ်ားအား လိုင္းမ်ား ျပန္လည္ ဖြင့္ေပးလုိက္ၿပီျဖစ္ေသာ္လည္း သံုးစြဲ၍ မရေသးေၾကာင္း ေဒသခံမ်ား က ေျပာသည္။
ၾသဂုတ္လ ၁ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ခန္႔က အင္တာနက္လိုင္းမ်ား ျပန္လည္ဖြင့္ေပးလိုက္ၿပီဟု ဆက္သြယ္ေရးေအာ္ပေရတာမ်ားမွ message ေပးပို႔ခဲ့ေသာ္လည္း အျမန္ႏႈန္းမ်ား ေႏွးေနသည့္္အတြက္ ယေန႔ အခ်ိန္ထိ သံုးစြဲ၍ မရေသးေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ေက်ာက္ေတာ္ၿမိဳ႕ က ဦးလွျမင့္ က “ျပန္ဖြင့္ေပးတယ္ဆိုတာ အေျပာပဲ၊ လက္ေတြ႕က ဘာမွသံုးမရဘူး။ 2G ေပါ့၊ အင္တာနက္ဖြင့္ရင္ E တက္တယ္။ E ေတာ့ ေပၚေနတယ္ကြာ။ ဒါေပမယ့္ ဘာမွသံုးမရဘူး။ ၾကည့္လုိ႔လည္း မရဘူး။ တင္လို႔လည္းမရဘူး။ ဘာမွမျမင္ရဘူး။ အလကား ဖြင့္ေပးတယ္ဆိုတာ အေျပာပဲ။ MPT ေရာ၊ Telenor ေရာ၊ Mytel, Ooredoo အကုန္လံုး အတူတူပဲေလ။ ၁ ရက္ေန႔ ညည ၁၀ နာရီေလာက္မွာ ဖြင့္ေပး တယ္ဆိုတာမ်ိဳး ေၾကျငာလုိက္တာေပါ့။ ဘာမွ သံုးလို႔ကိုမရဘူး။ က်ေနာ္တုိ႔ ေက်ာက္ေတာ္ေရာ၊ တျခားၿမိဳ႕ ေတြေရာ ဒီလိုပဲလို႔ေျပာၾကတယ္” ဟု ေျပာသည္။
တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(ULA/AA) တို႔အၾကား ျဖစ္ပြားေနသည့္ စစ္ေရးတင္းမာမႈမ်ားႏွင့္ လက္နက္ ကိုင္ပဋိပကၡမ်ားေၾကာင့္ ျပည္နယ္ႏွစ္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္တို႔အား အင္တာနက္လိုင္းမ်ား ပိတ္ ထားခဲ့ရမွာ ၾသဂုတ္လဆန္းမွစတင္၍ ျပန္လည္ဖြင့္ေပးခဲ့ျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္အတြင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ႏွင့္ ပုဏၰား ကၽြန္းၿမိဳ႕နယ္မ်ားအျပင္ ခ်င္းျပည္နယ္အတြင္းက ပလက္ဝ ၿမိဳ႕နယ္တို႔အား အင္တာနက္လိုင္းမ်ား ဖြင့္ေပးလိုက္ ေသာ္လည္း ေဒသခံမ်ားမွာ လံုးဝသံုးမရဘူးဟု ေျပာသည္။
မင္းျပားေဒသခံ ဦးစိန္ေအာင္ က “တကယ္ေတာ့ သံုးလို႔ ေျပာရမယ္ဆုိရင္ တင္လို႔မရရင္ေတာင္မွ ၾကည့္လို႔ရရင္ မဆိုးဘူးေလေနာ္။ အခုက နားလွည့္ပါးရိုက္လုပ္တာပါ။ မထူးဘူးေလ။ ၾကည့္လို႔မွမရတာကိုး။ က်ေနာ္တို႔ ရခိုင္ ျပည္ကိုေတာ့ ဒီလိုပဲ လုပ္ေတာ့မယ္ထင္တယ္။ ဘယ္သူကမွလည္း တာဝန္မယူေပးႏုိင္ဘူး။ ဘာမွလည္း လုပ္ လို႔မရဘူး။ အခုက က်န္းမာေရးအတြက္လည္း အေရးႀကီးတယ္။ စစ္ပြဲနဲ႔ ပတ္သက္တဲ့ တျခားလူမႈေရး၊ ပညာ ေရး အကုန္ေပါ့ လိုင္းမရေတာ့ အေျခအေနက ဒီအတုိင္းပါပဲ။ ဘယ္သူ႕ကို အကူအညီေတာင္းရမလဲဆိုတာ မသိေတာ့ဘူးေလ။ လူထုက” ဟု ေျပာသည္။
ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္အား ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားေၾကာင့္ လံုၿခံဳေရး အေၾကာင္းျပခ်က္ျဖင့္ အင္တာနက္လိုင္းမ်ားကို ပိတ္ခဲ့သည္မွာ တစ္ႏွစ္ ေက်ာ္ရွိၿပီျဖစ္သည္။
အင္တာနက္လုိင္းအား ျပန္ဖြင့္ေပးထားေသာ္လည္း ျမန္ႏႈန္းအဆင့္အား ေလ်ွာ့ခ်ထားျခင္းေၾကာင့္ ယေန႔အခ်ိန္ ထိ သံုး၍ မရေသးဘူးဟု ေဒသခံမ်ားက ေျပာသည္။
ရေသ့ေတာင္ၿမိဳ႕နယ္ က လြတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က “ဒီေန႔အထိ 2G ပဲ ေပၚတယ္။ ဆရာမတို႔ ရေသ့ေတာင္အပါအဝင္ေပါ့ တျခားၿမိဳ႕တုိင္းလို္လိုအဲ့လိုပဲလို႔ ၾကားေနရတယ္။ အခုက တကယ့္ကို သံုးမရတဲ့ ဟာမ်ိဳး ဖြင့္ေပးတာဆိုေတာ့ မဖြင့္ေပးတာနဲ႔ အတူတူပဲေလေနာ္။ အစိုးရကလည္း ဒါက ဘာေၾကာင့္လဲဆိုတာ ခ်ျပသင့္တယ္လို႔ ေျပာခ်င္တယ္” ဟု ေျပာသည္။
“အခုက ျမန္မာႏုိင္ငံတစ္ႏုိင္ငံလံုးလည္း COVID-19 ေရာဂါျဖစ္ေနတယ္။ စိုးရိမ္ေနၾကရတယ္။ အင္တာနက္ ပိတ္ထားတဲ့အတြက္ က်န္းမာေရး၊ လူမႈေရး၊ ပညာေရးေတြ အခက္္အခဲရွိၾကတယ္။ အခုက ၁၀ တန္း စာေမး ပြဲေတြလည္း အြန္လိုင္းက ထုတ္မယ္ဆိုေတာ့၊ ေနာက္တစ္ခါ ေရြးေကာက္ပြဲကလည္းလာေတာ့မယ္။ အဲ့ဒီ အတြက္ေရာေပါ့၊ အားလံုးအတြက္ လိုင္းေကာင္းမွ အဆင္ေျပမွာေလေနာ္။ ျမန္မာတစ္ႏို္င္ငံလံုး 4G သံုးေန တာေလ။ ဒါေၾကာင့္ ဆရာမတို႔ဘက္ကိုလည္း လိုင္းသံုးလို႔ရေအာင္၊ လိုင္းေကာင္း တစ္ခုခုေတာ့ ခ်ေပးသင့္ တယ္လို႔ ေျပာခ်င္ပါတယ္ရွင့္။”
၂၀၁၉ ခုႏွစ္ ဇြန္လက စတင္ၿပီး အဆုိပါၿမိဳ႕နယ္မ်ားအား အင္တာနက္လုိင္းမ်ား ပိတ္ထားခဲ့ျခင္းျဖစ္သည္။
ကမၻာ့ကုလသမဂၢ၊ ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ HRW တုိ႔အပါအဝင္ ျပည္တြင္း ျပည္ပက အဖြဲ႕အစည္း မ်ားႏွင့္ ေဒသခံမ်ားက လုိင္းမ်ား ျပန္လည္ဖြင့္ေပးရန္ ေတာင္းဆိုထားၾကသည္။