ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၇)

“ဒီမြေကြီးတွေ၊ ဒီသစ်ပင်တွေ၊ ဒီကျွန်းတွေ မရှိလို့ရှိရင် ကျနော်တို့က ဒီဌာနေတိုင်းရင်းသားတွေက ဘယ်လိုမှ နေထိုင်လို့ရမဘူး။ ဘယ်လိုမှလည်း လုပ်စားလို့ မရဘူး ပေါ့နော်။ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ ဒုတိယမိခင် လို့လည်း ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ ဟိုး ဘိုးဘွားလက်ထက်ကတည်းက ဒီဟာတွေက လုပ်စား လာတယ်။ အခုလည်း ကျနော်တို့ လုပ်စားနေတယ်။ အခု မျိုးဆက်သစ်တွေလည်း ထားခဲ့ချင်တယ်။ ဒီအတိုင်းပဲ ထားခဲ့ချင်တာပေါ့နော်။ ဒါပေမယ့် တိုးတက်တာတော့ မကန့်ကွက်လိုဘူး။ အရာရာ တရားမျှတမှုနဲ့ ရှိစေချင်တယ်” ဒေသခံ ရေလုပ်သား

ဒေသအတွင်းမှာ ခေတ်အဆက်ဆက် မြေယာသိမ်းဆည်းမှုနဲ့ မဖြေရှင်းနိုင်သေးတဲ့ မြေယာပြဿနာ များစွာ ရှိနေပြီး အခုလိုမျိုး သက်ဆိုင်ရာက ဒေသခံတွေရဲ့ သဘောထားဆန္ဒတွေကို ရယူခြင်းမရှိပဲ လုပ်ငန်းရှင်တွေကို မြေနေရာလုပ်ပိုင်ခွင့်ချထားပေးမှုဟာ မြေယာပြဿနာအသစ်တွေကို ထပ်မံဖန်တီးနေတာမျိုး ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ထားဝယ်ဒေသအတွင်း ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရာမှာ ရေရှည်တည်တံ့တဲ့ အောင်မြင်မှု ရရှိဖို့အတွက် ကတော့ လုပ်ငန်းစဉ်အဆင့်ဆင့် လူထုရဲ့ သဘောဆန္ဒပါဝင်ဖို့ လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာစွာချပြပြီး တခြားဒေသရှိ ခရီးသွားလုပ်ငန်းတွေက အတွေ့အကြုံတွေကို ယူပြီး ပြည်သူကို အမှန်တကယ် အခြေပြုတဲ့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ဖို့ တောင်းဆိုနေကြတဲ့အကြောင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

ZAWGYI…

ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၇၇)

“ဒီေျမႀကီးေတြ၊ ဒီသစ္ပင္ေတြ၊ ဒီကြၽန္းေတြ မရွိလို႔ရွိရင္ က်ေနာ္တို႔က ဒီဌာေနတိုင္းရင္းသားေတြက ဘယ္လိုမွ ေနထိုင္လို႔ရမဘူး။ ဘယ္လိုမွလည္း လုပ္စားလို႔ မရဘူး ေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ရဲ႕ ဒုတိယမိခင္ လို႔လည္း ေျပာလို႔ရတယ္။ ဘာလို႔လည္းဆိုေတာ့ ဟိုး ဘိုးဘြားလက္ထက္ကတည္းက ဒီဟာေတြက လုပ္စား လာတယ္။ အခုလည္း က်ေနာ္တို႔ လုပ္စားေနတယ္။ အခု မ်ိဳးဆက္သစ္ေတြလည္း ထားခဲ့ခ်င္တယ္။ ဒီအတိုင္းပဲ ထားခဲ့ခ်င္တာေပါ့ေနာ္။ ဒါေပမယ့္ တိုးတက္တာေတာ့ မကန႔္ကြက္လိုဘူး။ အရာရာ တရားမွ်တမႈနဲ႔ ရွိေစခ်င္တယ္” ေဒသခံ ေရလုပ္သား

ေဒသအတြင္းမွာ ေခတ္အဆက္ဆက္ ေျမယာသိမ္းဆည္းမႈနဲ႔ မေျဖရွင္းႏိုင္ေသးတဲ့ ေျမယာျပႆနာ မ်ားစြာ ရွိေနၿပီး အခုလိုမ်ိဳး သက္ဆိုင္ရာက ေဒသခံေတြရဲ႕ သေဘာထားဆႏၵေတြကို ရယူျခင္းမရွိပဲ လုပ္ငန္းရွင္ေတြကို ေျမေနရာလုပ္ပိုင္ခြင့္ခ်ထားေပးမႈဟာ ေျမယာျပႆနာအသစ္ေတြကို ထပ္မံဖန္တီးေနတာမ်ိဳး ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။

ထားဝယ္ေဒသအတြင္း ခရီးသြားလုပ္ငန္းကို ေဖာ္ေဆာင္ရာမွာ ေရရွည္တည္တံ့တဲ့ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ ကေတာ့ လုပ္ငန္းစဥ္အဆင့္ဆင့္ လူထုရဲ႕ သေဘာဆႏၵပါဝင္ဖို႔ လိုအပ္ပါတယ္။ ပြင့္လင္းျမင္သာစြာခ်ျပၿပီး တျခားေဒသရွိ ခရီးသြားလုပ္ငန္းေတြက အေတြ႕အႀကဳံေတြကို ယူၿပီး ျပည္သူကို အမွန္တကယ္ အေျချပဳတဲ့ ခရီးသြားလုပ္ငန္းကို ေဖာ္ေဆာင္ဖို႔ ေတာင္းဆိုေနၾကတဲ့အေၾကာင္းေတြကို စုစည္းတင္ဆက္ေပးထားပါတယ္။

ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။