တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် မွန်ပြည်နယ် တတိယသာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၉ ရက်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်ပြည်နယ် သည် ပြည်နယ်နှင့် တိုင်းများတွင် တတိယ အောင်ချက် အကောင်းဆုံးဖြစ်သည်။
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ပထမအနေဖြင့် ရပ်တည်လာခဲ့သည့် မွန်ပြည် နယ်သည် ၂၀၁၉-၂၀၂၀ ပညာနှစ်မှာတော့ တတိယအဆင့်သို့ ကျသွားခြင်းဖြစ်သည်။
“စနစ်သစ် ပုံစံပြောင်းလဲတဲ့အခြေအနေမှာ မေးခွန်းပုံစံပြောင်းလဲတာတွေလည်း အနည်းငယ်ရှိခဲ့တယ်၊ ဒီအခြေ အနေနဲ့ ဖြေဆိုတဲ့နေရာမှာ လိုအပ်ချက်လေးတွေရှိခဲ့တာဖြစ်နိုင်တယ်” ဟု မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။
မွန်ပြည်နယ်သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး ပထမ ရရှိ ခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ယမန်နှစ်ကထက် များ သော်လည်း သင်ရိုးအပြောင်းအလဲရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်း ကျသွားခြင်းဖြစ်နိုင်သည်ဟု မွန်ပြည် နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က ပြောသည်။
သြဂုတ် ၉ ရက်နေ့ (ယနေ့)တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် တက္ကသိုလ်ဝင်တန်း အောင်စာရင်း များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၃၀၅၇၈ ဦးရှိသည့်အနက် ၁၀၆၁၄ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၃၄ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် တတိယ ဖြစ်သည်။
၂၀၂၀ ခုနှစ် အောင်ချက် ကျသွားသော်လည်း ယမန်နှစ်နှင့်ယှဉ်လျှင် ဂုဏ်ထူးရရှိသူ များလာသည်ဟု ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူများ က ပြောသည်။
၂၀၁၉ ခုနှစ်တွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၈၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၇၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁၂၅ ဦး ရရှိကြသည်။
၂၀၂၀ ခုနှစ်မှာတော့ ခြောက်ဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၄ ဦး၊ လေးဘာသာ ဂုဏ် ထူးရှင် ၉၉ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၉၉ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၀၆ ဦး ရရှိကြသည်။
၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မန္တလေးတိုင်းဒေသကြီးသည် ပထမဖြစ်ပြီး အောက်ချက် ၃၇ ဒသမ ၅၁ ရာခိုင်နှုန်း၊ ဒုတိယဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီးတွင် အောင်ချက် ၃၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးမှူးဌာနက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယရရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ၂၀၁၆-၂၀၁၇ ပညာသစ်နှစ်တွင် ပထမ နေရာကို ပြန်လည်ရရှိလာခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသစ်တွင် တတိယ ပြန်ကျသွားကာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမပြန်ရရှိခဲ့သည်။
*** ZAWGYI ***
တကၠသိုလ္၀င္တန္းစာေမးပြဲေအာင္ခ်က္ မြန္ျပည္နယ္ တတိယသာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၉ ရက္။
တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္းထုတ္ျပန္ခ်က္အရ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ မြန္ျပည္နယ္ သည္ ျပည္နယ္ႏွင့္ တိုင္းမ်ားတြင္ တတိယ ေအာင္ခ်က္ အေကာင္းဆံုးျဖစ္သည္။
တစ္ႏိုင္ငံလံုးတြင္ တကၠသိုလ္ဝင္တန္းေအာင္ခ်က္အေကာင္းဆံုး ပထမအေနျဖင့္ ရပ္တည္လာခဲ့သည့္ မြန္ျပည္ နယ္သည္ ၂၀၁၉-၂၀၂၀ ပညာႏွစ္မွာေတာ့ တတိယအဆင့္သို႔ က်သြားျခင္းျဖစ္သည္။
“စနစ္သစ္ ပံုစံေျပာင္းလဲတဲ့အေျခအေနမွာ ေမးခြန္းပံုစံေျပာင္းလဲတာေတြလည္း အနည္းငယ္ရွိခဲ့တယ္၊ ဒီအေျခ အေနနဲ႔ ေျဖဆိုတဲ့ေနရာမွာ လိုအပ္ခ်က္ေလးေတြရွိခဲ့တာျဖစ္ႏိုင္တယ္” ဟု မြန္ျပည္နယ္ပညာေရးမွဴး ေဒါက္တာ ခ်ဳိခ်ဳိျမတ္ေအာင္က ေျပာသည္။
မြန္ျပည္နယ္သည္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ တစ္ႏုိင္ငံလံုးတြင္ ေအာင္ခ်က္ အေကာင္းဆံုး ပထမ ရရွိ ခဲ့သည္။
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ မြန္ျပည္နယ္၌ တကၠသိုလ္ဝင္တန္း ဝင္ေရာက္ေျဖဆိုသူ ယမန္ႏွစ္ကထက္ မ်ား ေသာ္လည္း သင္႐ုိးအေျပာင္းအလဲရွိခဲ့ျခင္းေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း က်သြားျခင္းျဖစ္ႏိုင္သည္ဟု မြန္ျပည္ နယ္ ပညာေရးမွဴး ေဒါက္တာခ်ဳိခ်ဳိျမတ္ေအာင္ က ေျပာသည္။
ၾသဂုတ္ ၉ ရက္ေန႔ (ယေန႔)တြင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား အလိုက္ တကၠသိုလ္ဝင္တန္း ေအာင္စာရင္း မ်ား ထုတ္ျပန္ခ်က္အရ မြန္ျပည္နယ္တြင္ ေျဖဆိုသူ ၃၀၅၇၈ ဦးရွိသည့္အနက္ ၁၀၆၁၄ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ ၃၄ ဒသမ ၇၁ ရာခိုင္ႏႈန္းျဖင့္ တစ္ႏိုင္ငံလံုးတြင္ ေအာင္ခ်က္ တတိယ ျဖစ္သည္။
၂၀၂၀ ခုႏွစ္ ေအာင္ခ်က္ က်သြားေသာ္လည္း ယမန္ႏွစ္ႏွင့္ယွဥ္လွ်င္ ဂုဏ္ထူးရရွိသူ မ်ားလာသည္ဟု ျပည္နယ္ ပညာေရးမွဴး႐ုံး တာဝန္ရွိသူမ်ား က ေျပာသည္။
၂၀၁၉ ခုႏွစ္တြင္ ေျခာက္ဘာသာ ဂုဏ္ထူးရွင္ ၆ ဦး၊ ငါးဘာသာ ဂုဏ္ထူးရွင္ ၂၃ ဦး၊ ေလးဘာသာ ဂုဏ္ထူးရွင္ ၈၅ ဦး၊ သုံးဘာသာ ဂုဏ္ထူးရွင္ ၈၄ ဦး၊ ႏွစ္ဘာသာ ဂုဏ္ထူးရွင္ ၁၇၆ ဦးႏွင့္ တစ္ဘာသာ ဂုဏ္ထူးရွင္ ၁၁၂၅ ဦး ရရွိၾကသည္။
၂၀၂၀ ခုႏွစ္မွာေတာ့ ေျခာက္ဘာသာဂုဏ္ထူးရွင္ ၂၄ ဦး၊ ငါးဘာသာ ဂုဏ္ထူးရွင္ ၄၄ ဦး၊ ေလးဘာသာ ဂုဏ္ ထူးရွင္ ၉၉ ဦး၊ သံုးဘာသာ ဂုဏ္ထူးရွင္ ၂၁၁ ဦး၊ ႏွစ္ဘာသာ ဂုဏ္ထူးရွင္ ၃၉၉ ဦးႏွင့္ တစ္ဘာသာ ဂုဏ္ထူးရွင္ ၁၂၀၆ ဦး ရရွိၾကသည္။
၂၀၁၉-၂၀၂၀ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္ ရာခိုင္ႏႈန္း အျမင့္ဆုံး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ မႏၲေလးတိုင္းေဒသႀကီးသည္ ပထမျဖစ္ၿပီး ေအာက္ခ်က္ ၃၇ ဒသမ ၅၁ ရာခိုင္ႏႈန္း၊ ဒုတိယျဖစ္သည့္ စစ္ကိုင္း တိုင္းေဒသႀကီးတြင္ ေအာင္ခ်က္ ၃၅ ဒသမ ၁၇ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ပညာေရးမႉးဌာနက ထုတ္ျပန္သည့္ စာရင္းအရ သိရသည္။
ျမန္မာတစ္ႏိုင္ငံလံုးတြင္ ၆ ႏွစ္ဆက္တိုက္ ေအာင္ခ်က္အေကာင္းဆုံး ရရွိလာခဲ့သည့္ မြန္ျပည္နယ္သည္ ၂၀၁၄-၂၀၁၅ ပညာသင္ႏွစ္တြင္ ဒုတိယရရွိခဲ့ၿပီး ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္၊ ၂၀၁၆-၂၀၁၇ ပညာသစ္ႏွစ္တြင္ ပထမ ေနရာကို ျပန္လည္ရရွိလာခဲ့ေသာ္လည္း ၂၀၁၇-၂၀၁၈ ပညာသစ္တြင္ တတိယ ျပန္က်သြားကာ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ ပထမျပန္ရရွိခဲ့သည္။