မွန်ပြည်နယ်တွင် ကိုယ်စားလှယ်ပေါင်း ၃၀၃ ဦးရွေးကောက်ပွဲ ဝင်မည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၉ ရက်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စား လှယ်လောင်း ၃၀၃ ဦး စာရင်းတင်သွင်းထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။
ကိုယ်စားလှယ်လောင်းများမှာ ပါတီ ၁၃ ပါတီမှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၂ ဦးတို့ ပါဝင်သည်။
စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၇ ဦးနှင့် ဗမာတိုင်းရင်းသားရေးရာနေရာအတွက် ၇ ဦး၊ ကရင်တိုင်းရင်းသားရေးရာအတွက် ၈ ဦး၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာအတွက် ၈ ဦးတို့ဖြစ်သည်။
“အမည်စာရင်းတင်သွင်းထားတဲ့ ဗမာတိုင်းရင်းသား ၈ ဦးမှာ ၁ ဦးကတော့ ပြန်လည်ရုတ်သိမ်းသွားတယ်၊ အမျိုးသားလွှတ်တော် ၇၉ ဦးမှာ ၁ ဦး ပြန်လည်ရုတ်သိမ်းသွားတယ်၊ ပြည်နယ်လွှတ်တော်မှာလည်း ၁ ဦး ရုတ်သိမ်းသွားတယ်” ဟု မွန်ပြည်နယ်ကော်မရှင် အဖွဲ့ ခွဲ တာဝန်ခံ အရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည့်ရက်ကို ဇူလိုင် လ ၂၀ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
အမည်စာရင်းတင်သွင်းရမည့် သြဂုတ်လ ၇ ရက်နေ့ ကိုယ်စားလှယ်လောင်း ၃၀၆ ဦး စာရင်းတင်သွင်းခဲ့အနက် ပြန်လည်ရုတ်သိမ်းသွားသည့် ကိုယ်စားလှယ်လောင်း ၃ ဦး ရှိသည့်အတွက် စာရင်းတင်သွင်းထားသည့် ကိုယ် စားလှယ်လောင်း ၃၀၃ ဦး ကျန်ရှိသည်ဟု ဦးဟိဏ်းလင်းထက် က ဆက် ပြောသည်။
တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က “မွန်ပြည်နယ်တစ်ခုလုံးမှာ တိုင်းရင်းသားအပါ လွှတ်တော်သုံးရပ် အား လုံးပေါင်း ၃၀၃ ဦး အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ထားတဲ့ ပုဂ္ဂိုလ်များကိုတော့ (သြဂုတ်) ၁၁ ရက်နေ့ကပြီး ၁၇ ရက်အတွင်း စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည် နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာရှိပြီး စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။
မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီကတော့ မွန်ပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း ၃၅ ဦး တင်သွင်းထားသည်ဟု ပါတီခေါင်းဆောင် များက ပြောသည်။
“မွန်ပြည်နယ်မှာက သထုံနဲ့ ဘီးလင်းကလွဲရင် ကျန် ၈ မြို့နယ်မှာ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်မယ် နောက် ဗမာ တိုင်းရင်းသားနေရာတစ်နေရာ ဝင်ပြိုင်မယ်” ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က ပြော သည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်းတိုင်း စသည့် တိုင်းနှင့် ပြည်နယ် ၅ ခုတို့တွင် ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်း ထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီအသီးသီးတို့က ကိုယ်စားလှယ် လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ကိုယ္စားလွယ္ေပါင္း ၃၀၃ ဦးေရြးေကာက္ပြဲ ၀င္မည္။
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၉ ရက္။
ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ကိုယ္စား လွယ္ေလာင္း ၃၀၃ ဦး စာရင္းတင္သြင္းထားသည္ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရ သည္။
ကိုယ္စားလွယ္ေလာင္းမ်ားမွာ ပါတီ ၁၃ ပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ တသီးပုဂၢလ ကိုယ္စားလွယ္ ၁၂ ဦးတို႔ ပါ၀င္သည္။
စာရင္းတင္သြင္းထားသည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၆၅ ဦး၊ အမ်ဳိးသား လႊတ္ေတာ္အတြက္ ၇၈ ဦး၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၁၃၇ ဦးႏွင့္ ဗမာတိုင္းရင္းသားေရးရာေနရာအတြက္ ၇ ဦး၊ ကရင္တိုင္းရင္းသားေရးရာအတြက္ ၈ ဦး၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာအတြက္ ၈ ဦးတို႔ျဖစ္သည္။
“အမည္စာရင္းတင္သြင္းထားတဲ့ ဗမာတိုင္းရင္းသား ၈ ဦးမွာ ၁ ဦးကေတာ့ ျပန္လည္႐ုတ္သိမ္းသြားတယ္၊ အမ်ဳိးသားလႊတ္ေတာ္ ၇၉ ဦးမွာ ၁ ဦး ျပန္လည္႐ုတ္သိမ္းသြားတယ္၊ ျပည္နယ္လႊတ္ေတာ္မွာလည္း ၁ ဦး ႐ုတ္သိမ္းသြားတယ္” ဟု မြန္ျပည္နယ္ေကာ္မရွင္ အဖြဲ႕ ခြဲ တာဝန္ခံ အရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။
လႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္မ်ားအတြက္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းရမည့္ရက္ကို ဇူလိုင္ လ ၂၀ ရက္ေန႔မွ ၾသဂုတ္လ ၇ ရက္ေန႔အထိ ေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည္။
အမည္စာရင္းတင္သြင္းရမည့္ ၾသဂုတ္လ ၇ ရက္ေန႔ ကိုယ္စားလွယ္ေလာင္း ၃၀၆ ဦး စာရင္းတင္သြင္းခဲ့အနက္ ျပန္လည္႐ုတ္သိမ္းသြားသည့္ ကိုယ္စားလွယ္ေလာင္း ၃ ဦး ရွိသည့္အတြက္ စာရင္းတင္သြင္းထားသည့္ ကိုယ္ စားလွယ္ေလာင္း ၃၀၃ ဦး က်န္ရွိသည္ဟု ဦးဟိဏ္းလင္းထက္ က ဆက္ ေျပာသည္။
တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္ က “မြန္ျပည္နယ္တစ္ခုလံုးမွာ တိုင္းရင္းသားအပါ လႊတ္ေတာ္သံုးရပ္ အား လံုးေပါင္း ၃၀၃ ဦး အမည္စာရင္း တင္သြင္းခဲ့တာျဖစ္တယ္။ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္း ထားတဲ့ ပုဂၢဳိလ္မ်ားကိုေတာ့ (ၾသဂုတ္) ၁၁ ရက္ေန႔ကၿပီး ၁၇ ရက္အတြင္း စိစစ္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု ဆက္ေျပာသည္။
မြန္ျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၁၀ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္ ၁၂ ေနရာ၊ ျပည္ နယ္လႊတ္ေတာ္မဲဆႏၵနယ္ ၂၀ ေနရာႏွင့္ ဗမာ၊ ကရင္၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာ ၃ ေနရာရွိၿပီး စုစုေပါင္း မဲဆႏၵနယ္ ၄၅ ေနရာရွိသည္။
မြန္ျပည္နယ္အေျခစိုက္ အင္အားႀကီးပါတီတစ္ခုျဖစ္သည့္ မြန္ညီညြတ္ေရးပါတီကေတာ့ မြန္ျပည္နယ္အတြင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ကိုယ္စားလွယ္ေလာင္းအမည္စာရင္း ၃၅ ဦး တင္သြင္းထားသည္ဟု ပါတီေခါင္းေဆာင္ မ်ားက ေျပာသည္။
“မြန္ျပည္နယ္မွာက သထံုနဲ႔ ဘီးလင္းကလြဲရင္ က်န္ ၈ ၿမိဳ႕နယ္မွာ မဲဆႏၵနယ္အားလံုး ဝင္ၿပိဳင္မယ္ ေနာက္ ဗမာ တိုင္းရင္းသားေနရာတစ္ေနရာ ဝင္ၿပိဳင္မယ္” ဟု မြန္ညီညြတ္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္စံတင္ က ေျပာ သည္။
မြန္ညီညြတ္ေရးပါတီသည္ မြန္ျပည္နယ္အျပင္ ကရင္ျပည္နယ္ တနသၤာရီတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္းတိုင္း စသည့္ တိုင္းႏွင့္ ျပည္နယ္ ၅ ခုတို႔တြင္ ကိုယ္စားလွယ္ေလာင္း ၆၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အမည္စာရင္း တင္သြင္း ထားသည္။
ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက မြန္ျပည္နယ္တြင္ ႏိုင္ငံေရးပါတီအသီးသီးတုိ႔က ကိုယ္စားလွယ္ ေလာင္းမ်ားႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၂၈၀ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။