မွန်ပြည်နယ်တွင်လည်း မဲစာရင်း အမှားများ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်။

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ထုတ်ပြန်ကြေညာ ထားသည့် မဲစာရင်းတွင် အချက်အလက် မှားယွင်းမှု များနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြောသည်။

မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းရှိနေပြီး တချို့ မဲရုံမှာဆိုလျှင် ၅၀ ရာခိုင်နှုန်းကျော် မှားယွင်းမှု ရှိနေသည်ဟုသည်လည်း မဲစာရင်းစောင့်ကြည့်လေ့လာနေသူများက ပြောသည်။

မဲစာရင်းစောင့်ကြည့်ရေး ကမ်ပိန်းလုပ်နေသည့် မခိုင်ခိုင်လဲ့မြင့် က “ကျမတို့ မဲရုံတွေကို လိုက်မေးကြည့်တယ် ဘယ်နှစ်ဦးလာကြည့်ပြီးလဲ၊ ဘယ်လောက်ပြင်ရလဲ၊ တချို့ နေရာဆိုရင် ၅ ယောက် လာကြည့်တယ် ၃ ယောက် က ပြင်ရတယ်။ အဲလိုမျိုးရှိတယ်” ဟု ပြောသည်။

ပထမအကြိမ် မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ် ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကပ်ထားပေးမည်ဟု ကနဦး ကြေညာထားသော်လည်း ယခုအခါ သြဂုတ်လ ၁၄ ရက်နေ့ထိ ရက် ထပ်တိုးပေးထားသည်။

“မဲစာရင်း အမှားအယွင်းတအားများတယ်၊ အခု တစ်ပတ်ထပ်တိုးတယ် (မဲစာရင်းကပ်သည့်ရက်) က လည်း အမှားအယွင်း တအားများလို့” ဟု မော်လမြိုင် စစ်ကဲကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေး အေးသီ က ပြောသည်။

မဲစာရင်းတွင် အမည်မှားခြင်း၊ မှတ်ပုံတင်မှားခြင်း၊ မွေးသက္ကရာဇ်မှားခြင်း အစရှိသည့် အချက်အလက် မှားယွင်း ခြင်းအပြင် မိသားစုလိုက်၊ တစ်ယောက်ချင်းစီ မဲစာရင်းမပါလာသည့် ဖြစ်စဉ်များလည်းရှိနေသည်ဟု မော်လ မြိုင်မြို့ ၊ မရမ်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ က ပြောသည်။

ထို့အပြင် သေဆုံးသူများလည်း မဲစာရင်းတွင် ပါရှိနေသည်လည်း ရှိနေသည်ဟု ဦးမြင့်ဆွေက ဆက် ပြောသည်။

နောက်ထပ်မှားယွင်းစွာ ဖော်ပြမှုတစ်ခုမှာ မဲစာရင်းတွင် အမည်ပါရှိနေပြီး မှတ်ပုံတင်မပါနေသူများလည်း အများ အပြားတွေ့ရှိနေသည်ဟု ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ က ပြောသည်။

မဲစာရင်း စတင်ကြေညာသည့် ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့ထိ တစ်ပြည်နယ်လုံးတွင် မဲစာရင်း ကြည့်သူ ၁ သိန်း ၇ သောင်းကျော်ရှိနေပြီး ပုံစံ (၃) ဖြင့် လျှောက်သူ ၁၀၀၀၀ ကျော်၊ ပုံစံ (၄) ဖြင့် လျှောက်သူ ၃၀၀၀ ကျော်၊ ပုံစံ(၄-ဂ) ဖြင့်လျှောက်သူ ၃၀၀၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“အချက်အလက်မှားတဲ့ကိစ္စကို ရွေးကောက်ပွဲနေ့အထိ ပြင်ဆင်ခွင့်ရှိတယ်၊ မဲထည့်ပိုင်ခွင့်လဲရှိတယ်၊ ရွေး ကောက်ပွဲနေ့မှာ ဘယ်လိုပြင်ဆင်မလဲ ပုံစံ(၁၂) ဆိုတာရှိတယ်။ မဲရုံမှူးက အကျဉ်းဖော်ပြမယ် ပြီးတာနဲ့ တခါ တည်း ပြင်လို့ရမယ်။ အဲဒါရွေးကောက်ပွဲနေ့မှာ ဆောင်ရွက်လို့ရတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မဲစာရင်းထဲ မပါသည့်ကိစ္စ မဲစာရင်း အမှားများသည့်ကိစ္စနှင့် ပတ်သက်၍ ရပ်ကျေးအဆင့်ရှိ မွန်ညီညွတ်ရေး ပါတီဝင်များက အချိန်မီ ပြင်ဆင် လျှောက်ထားနိုင်ရန် စိစစ် ဆောင်ရွက်ပေးနေသည်ဟု ပါတီခေါင်းဆောင်များ က ပြောသည်။

လာမည့်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်နှင့် အတူနေမိသားစုဝင်များအပါအဝင် မဲပေး ပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိသည်ဟု ပြည်နယ် ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မဲပေးပိုင်ခွင့် ၁၇ သိန်း ၆ သောင်းကျော်ရှိသည့်အနက် မဲစာရင်းလာရောက်ကြည့်ရှုသူမှာ ၁ သိန်း ၇ သောင်း ကျော်သာ ရှိသေးသည်။

*** ZAWGYI ***

မြန္ျပည္နယ္တြင္လည္း မဲစာရင္း အမွားမ်ား

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၈ ရက္။

မြန္ျပည္နယ္အတြင္း ပထမအႀကိမ္ ထုတ္ျပန္ေၾကညာ ထားသည့္ မဲစာရင္းတြင္ အခ်က္အလက္ မွားယြင္းမႈ မ်ားေနသည္ဟု မဲဆဆႏၵရွင္ျပည္သူမ်ားနွင့္ ရပ္/ေက်းေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ရွိသူမ်ားက ေျပာသည္။

မဲစာရင္း အခ်က္အလက္မွားယြင္းမႈသည္ မဲ႐ုံတိုင္းရွိေနၿပီး တခ်ဳိ႕ မဲ႐ုံမွာဆိုလွ်င္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ မွားယြင္းမႈ ရွိေနသည္ဟုသည္လည္း မဲစာရင္းေစာင့္ၾကည့္ေလ့လာေနသူမ်ားက ေျပာသည္။

မဲစာရင္းေစာင့္ၾကည့္ေရး ကမ္ပိန္းလုပ္ေနသည့္ မခိုင္ခိုင္လဲ့ျမင့္ က “က်မတို႔ မဲ႐ုံေတြကို လိုက္ေမးၾကည့္တယ္ ဘယ္ႏွစ္ဦးလာၾကည့္ၿပီးလဲ၊ ဘယ္ေလာက္ျပင္ရလဲ၊ တခ်ဳိ႕ ေနရာဆိုရင္ ၅ ေယာက္ လာၾကည့္တယ္ ၃ ေယာက္ က ျပင္ရတယ္။ အဲလိုမ်ဳိးရွိတယ္” ဟု ေျပာသည္။

ပထမအႀကိမ္ မဲစာရင္းကို ဇူလိုင္လ ၂၅ ရက္ေန႔မွ ၾသဂုတ္လ ၇ ရက္ေန႔ထိ ၁၄ ရက္ၾကာ သက္ဆိုင္ရာ ရပ္ ကြက္ ေက်းရြာေကာ္မရွင္အဖြဲ႔ခြဲ႐ုံးတို႔တြင္ ကပ္ထားေပးမည္ဟု ကနဦး ေၾကညာထားေသာ္လည္း ယခုအခါ ၾသဂုတ္လ ၁၄ ရက္ေန႔ထိ ရက္ ထပ္တိုးေပးထားသည္။

“မဲစာရင္း အမွားအယြင္းတအားမ်ားတယ္၊ အခု တစ္ပတ္ထပ္တိုးတယ္ (မဲစာရင္းကပ္သည့္ရက္) က လည္း အမွားအယြင္း တအားမ်ားလို႔” ဟု ေမာ္လၿမိဳင္ စစ္ကဲကုန္းရပ္ကြက္ ေကာ္မရွင္အဖြဲ႔ခြဲ အတြင္းေရးမွဴး ေဒၚေအး ေအးသီ က ေျပာသည္။

မဲစာရင္းတြင္ အမည္မွားျခင္း၊ မွတ္ပံုတင္မွားျခင္း၊ ေမြးသကၠရာဇ္မွားျခင္း အစရွိသည့္ အခ်က္အလက္ မွားယြင္း ျခင္းအျပင္ မိသားစုလိုက္၊ တစ္ေယာက္ခ်င္းစီ မဲစာရင္းမပါလာသည့္ ျဖစ္စဥ္မ်ားလည္းရွိေနသည္ဟု ေမာ္လ ၿမိဳင္ၿမိဳ႕ ၊ မရမ္းကုန္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ေဆြ က ေျပာသည္။

ထုိ႔အျပင္ ေသဆံုးသူမ်ားလည္း မဲစာရင္းတြင္ ပါရွိေနသည္လည္း ရွိေနသည္ဟု ဦးျမင့္ေဆြက ဆက္ ေျပာသည္။

ေနာက္ထပ္မွားယြင္းစြာ ေဖာ္ျပမႈတစ္ခုမွာ မဲစာရင္းတြင္ အမည္ပါရွိေနၿပီး မွတ္ပံုတင္မပါေနသူမ်ားလည္း အမ်ား အျပားေတြ႔ရွိေနသည္ဟု ရပ္/ေက်းေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ရွိသူမ်ား က ေျပာသည္။

မဲစာရင္း စတင္ေၾကညာသည့္ ဇူလိုင္ ၂၅ ရက္ေန႔မွ ၾသဂုတ္လ ၆ ရက္ေန႔ထိ တစ္ျပည္နယ္လံုးတြင္ မဲစာရင္း ၾကည့္သူ ၁ သိန္း ၇ ေသာင္းေက်ာ္ရွိေနၿပီး ပံုစံ (၃) ျဖင့္ ေလွ်ာက္သူ ၁၀၀၀၀ ေက်ာ္၊ ပံုစံ (၄) ျဖင့္ ေလွ်ာက္သူ ၃၀၀၀ ေက်ာ္၊ ပံုစံ(၄-ဂ) ျဖင့္ေလွ်ာက္သူ ၃၀၀၀ ေက်ာ္ရွိသည္ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။

“အခ်က္အလက္မွားတဲ့ကိစၥကို ေရြးေကာက္ပြဲေန႔အထိ ျပင္ဆင္ခြင့္ရွိတယ္၊ မဲထည့္ပိုင္ခြင့္လဲရွိတယ္၊ ေရြး ေကာက္ပြဲေန႔မွာ ဘယ္လိုျပင္ဆင္မလဲ ပံုစံ(၁၂) ဆိုတာရွိတယ္။ မဲ႐ုံမွဴးက အက်ဥ္းေဖာ္ျပမယ္ ၿပီးတာနဲ႔ တခါ တည္း ျပင္လို႔ရမယ္။ အဲဒါေရြးေကာက္ပြဲေန႔မွာ ေဆာင္ရြက္လို႔ရတယ္” ဟု ဦးဟိဏ္းလင္းထက္က ေျပာသည္။

မဲစာရင္းထဲ မပါသည့္ကိစၥ မဲစာရင္း အမွားမ်ားသည့္ကိစၥႏွင့္ ပတ္သက္၍ ရပ္ေက်းအဆင့္ရွိ မြန္ညီညြတ္ေရး ပါတီဝင္မ်ားက အခ်ိန္မီ ျပင္ဆင္ ေလွ်ာက္ထားႏိုင္ရန္ စိစစ္ ေဆာင္ရြက္ေပးေနသည္ဟု ပါတီေခါင္းေဆာင္မ်ား က ေျပာသည္။

လာမည့္ေရြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တြင္ တပ္မေတာ္နွင့္ အတူေနမိသားစုဝင္မ်ားအပါအဝင္ မဲေပး ပိုင္ခြင့္ရွိသူ ၁၇ သိန္း ၆ ေသာင္းေက်ာ္ရွိသည္ဟု ျပည္နယ္ ေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရသည္။

မဲေပးပိုင္ခြင့္ ၁၇ သိန္း ၆ ေသာင္းေက်ာ္ရွိသည့္အနက္ မဲစာရင္းလာေရာက္ၾကည့္ရႈသူမွာ ၁ သိန္း ၇ ေသာင္း ေက်ာ္သာ ရွိေသးသည္။