မွန်ပြည်နယ်တွင် တိုင်းရင်းသား ပါတီ ၃ ပါတီ ရွေးကောက်ပွဲ ဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီအပြင် ကရင် နှင့် ပအိုဝ်းတိုင်းရင်းသားပါတီတို့လည်း ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၃ ပါတီရှိပြီး မွန်ညီညွတ်ရေးပါတီနှင့် ကရင်ပြည်သူ့ ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ စသည့် တိုင်းရင်းသားပါတီ ၃ ပါတီ ပါဝင်သည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က “အားလုံး ၁၃ ပါတီ မွန် ပြည်နယ်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ ၁၃ ပါတီအနေနဲ့ကတော့ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဗမာ ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုက ရက် တစ်ပါတီ၊ ပြည်သူ့ပါတီ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ” ဟု ပြော သည်။

အဆိုပါ ပါတီ ၁၃ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ကိုယ် စားလှယ်လောင်း ၃၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားသည်ဟုလည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။

ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်ရှိ မြို့ နယ် ၈ ခု တို့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ဗမာတိုင်းရင်းသားရေးရာ နေရာ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၅ နေရာဝင်ပြိုင်မည်ဖြစ်သည်။

ကရင်ပြည်သူ့ပါတီကတော့ မွန်ပြည်နယ်ရှိ မြို့နယ် ၄ ခုတို့တွင် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည် နယ်လွှတ်တော်နှင့် ကရင်တိုင်းရင်းသားရေးရာနေရာအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉ နေရာ ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကလည်း မွန်ပြည်နယ်တွင် အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ် လွှတ်တော် ၁ နေရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ စုစုပေါင်း ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ထုတ်ပြန် ထားသည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည် နယ်လွှတ်တော် မဲဆန္ဒနယ် ၂၀ နေရာနှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာရှိပြီး စုစု ပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် ဟု ပြည် နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ တိုင္းရင္းသား ပါတီ ၃ ပါတီ ေရြးေကာက္ပြဲ ၀င္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၂ ရက္။

မြန္ျပည္နယ္တြင္ မြန္တိုင္းရင္းသားပါတီအျပင္ ကရင္ ႏွင့္ ပအိုဝ္းတိုင္းရင္းသားပါတီတို႔လည္း ေရြးေကာက္ပြဲ ဝင္ၿပိဳင္မည္ဟု ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲ ထံမွ သိရသည္။

မြန္ျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီ ၁၃ ပါတီရွိၿပီး မြန္ညီညြတ္ေရးပါတီႏွင့္ ကရင္ျပည္သူ႔ ပါတီႏွင့္ ပအိုဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္ပါတီ စသည့္ တိုင္းရင္းသားပါတီ ၃ ပါတီ ပါဝင္သည္။

မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္ က “အားလံုး ၁၃ ပါတီ မြန္ ျပည္နယ္ထဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္၊ ၁၃ ပါတီအေနနဲ႔ကေတာ့ ညီညြတ္ေသာ ဒီမိုကရက္တစ္ ပါတီ၊ ညီညြတ္ေသာ တိုင္းရင္းသားလူမ်ဳိးမ်ားဒီမိုကရက္တစ္ပါတီ၊ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ၊ အမ်ဳိး သားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၊ ပအိုဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္ပါတီ၊ မြန္ညီညြတ္ေရးပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ ဗမာ ျပည္သူ႔ပါတီ၊ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီ၊ ျပည္သူ႔ေရွ႕ ေဆာင္ပါတီ၊ အမ်ဳိးသားႏိုင္ငံေရး ဒီမိုက ရက္ တစ္ပါတီ၊ ျပည္သူ႔ပါတီ ၈၈ မ်ဳိးဆက္ဒီမိုကေရစီပါတီ တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ” ဟု ေျပာ သည္။

အဆိုပါ ပါတီ ၁၃ ပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း ကိုယ္ စားလွယ္ေလာင္း ၃၀၃ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စာရင္းတင္သြင္းထားသည္ဟုလည္း ဦးဟိဏ္းလင္းထက္ က ဆက္ေျပာသည္။

ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီတစ္ခုျဖစ္သည့္ မြန္ညီၫြတ္ေရးပါတီက မြန္ျပည္နယ္ရွိ ၿမိဳ႕ နယ္ ၈ ခု တို႔တြင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ႏွင့္ ဗမာတိုင္းရင္းသားေရးရာ ေနရာ အပါအဝင္ စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၃၅ ေနရာဝင္ၿပိဳင္မည္ျဖစ္သည္။

ကရင္ျပည္သူ႔ပါတီကေတာ့ မြန္ျပည္နယ္ရွိ ျမိဳ႔နယ္ ၄ ခုတို႔တြင္ ျပည္သူ႔လႊတ္ေတာ္ အမ်ဳိးသားလႊတ္ေတာ္ ျပည္ နယ္လႊတ္ေတာ္ႏွင့္ ကရင္တိုင္းရင္းသားေရးရာေနရာအတြက္ စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၉ ေနရာ ဝင္ ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

ထို႔အတူ ပအိုဝ္းအမ်ဳိးသားအဖြဲ႔ခ်ဳပ္ပါတီကလည္း မြန္ျပည္နယ္တြင္ အမ်ဳိးသားလႊတ္ေတာ္ ၁ ေနရာ၊ ျပည္နယ္ လႊတ္ေတာ္ ၁ ေနရာႏွင့္ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာ စုစုေပါင္း ၃ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ထုတ္ျပန္ ထားသည္။

မြန္ျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၁၀ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္ ၁၂ ေနရာ၊ ျပည္ နယ္လႊတ္ေတာ္ မဲဆႏၵနယ္ ၂၀ ေနရာႏွင့္ ဗမာ၊ ကရင္၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာ ၃ ေနရာရွိၿပီး စုစု ေပါင္း မဲဆႏၵနယ္ ၄၅ ေနရာရွိသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက မြန္ျပည္နယ္တြင္ ႏိုင္ငံေရးပါတီ ၁၈ ပါတီမွ ကိုယ္စားလွယ္ ေလာင္းမ်ားႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၂၈၀ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္ ဟု ျပည္ နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲမွ သိရသည္။