မဲဆွယ်ရ ခက်ခဲမည်ကို တိုင်းရင်းသား ပါတီများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်။
COVID-19 ကာလအတွင်း မဲဆွယ်စည်းရုံးရေး စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများအတွက် အခက်အခဲ လွန်စွာ ဖြစ်ပေါ်စေမည့် ကန့်သတ်ချက်များကို ရှောင်ရှားရန် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP က တိုက်တွန်း တောင်းဆို လိုက်သည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “COVID ကာလမှာ ရွေး ကောက် ပွဲ လုပ်မှာ ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးတဲ့ ကိစ္စမှာ ကျနော်တို့နဲ့ စာလို့ရှိရင် အစိုးရဖြစ်နေတဲ့ NLD က ပိုပြီးတော့ အားသာတဲ့ သဘောမျိုး သူကအစိုးရ လုပ်ငန်းကို လုပ်ရင်း လုပ်ရင်းနဲ့ ဒါမသိမသာလေး မဲဆွယ် လို့ရတယ်လေ။ ကျနော်တို့က လူ ၅ ယောက် လူ ၁၅ ယောက်လောက်ကိုပဲ မဲဆွယ်စည်းရုံးရမယ်ဆိုလို့ရှိရင် ဒီလောက်ကျယ်ပြန့်တဲ့ မဲဆန္ဒနယ်မြေတွေကို ကျနော်တို့ ထိထိရောက်ရောက် ဘယ်လိုလုပ်မဲဆွယ်မလဲ ဆို တော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးရေး စည်းကမ်းတွေ ထုတ်ပြန်တဲ့ အခါကျလို့ရှိရင် ဒါက မျှ တတဲ့ စည်းကမ်းတွေ ထုတ်ပြန်ပေးဖို့ သင့်တယ် ဆိုတဲ့ သဘောမျိုး” ဟု ပြောသည်။
လက်ရှိ NLD အစိုးရ အနေဖြင့် ၎င်းတို့၏ ပါတီမဲဆွယ်စည်းရုံးရေးကို COVID-19 ကာလတွင် တစ်ဖက်တစ် လမ်းက လုပ်ဆောင်၍ ရသော်လည်း တိုင်းရင်းသား ပါတီများမှာ ကန့်သတ်ချက်များကြောင့် ခက်ခဲမှုမဖြစ် ပေါ်စေရန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် မျှတသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာ ချ မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်သည် ဟု ဆိုသည်။
COVID-19 ကာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီများ မဲဆွယ်စည်းရုံး ရမည့် စည်းမျဉ်းစည်းကမ်း နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုအချိန်အထိ ထုတ်ပြန်ထားခြင်း မရှိသေးသည့်အတွက် မဲဆွယ်စည်းရုံရေး လုပ်ဆောင်ရန် ကော်မရှင်၏ ထုတ်ပြန်ချက် ကို စောင့်ဆိုင်းနေရသည်ဟု KNDP က ပြောသည်။
တစ်ဖက်တွင်လည်း COVID-19 ကာလတွင် လူ ၁၅ ဦးထက် ပို၍ မစုရဆိုသည့် အစိုးရ၏ ဥပဒေထုတ် ပြန်ချက်ကလည်း ရှိနေသေးသည့်အပြင် အဆိုပါ ထုတ်ပြန်ချက်မှာ သြဂုတ်လကုန်အထိ တစ်စုံတစ်ရာ အပြောင်းအလဲ မရှိပဲ ဆက်လက် သက်တမ်းတိုးလိုက်မည်ဆိုပါက ပါတီများ မဲဆွယ်စည်းရုံးရေးမှာ ခက်ခဲ မှုကို ပို၍ ဖြစ်စေနိုင်သည်ဟု မန်းအောင်ပြည်စိုးက ပြောသည်။
“နောက်ထပ် ဘာစည်းကမ်းတွေ ထွက်လာအုံးမလဲ အဲဒါကိုပဲ စောင့်မျှော်နေရတယ်။ နောက်တစ်ခုက အမှန် ကတော့ ခါတိုင်း နှစ်ဆိုရင် ၂ လ လားမသိဘူး အကယ်လို့ ၂ လခွင့် ပြုမယ်ဆိုလို့ရှိရင် ဒီလကုန်ဆိုရင် စက် တင်ဘာလ ကနေ စတင်ပြီပေါ့ အခု ကိုဗစ် ၁၅ ယောက်ထက် ပိုမစုရဆိုတဲ့ဟာက သြဂုတ်လကုန် ထိဆို တော့ စက်တင်ဘာဆန်းတာနဲ့ အပြောင်းအလဲ ရှိမလား။ မရှိဘူး ဒါကို extension လုပ်မလား extension လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် ဒုက္ခပဲ ဟုတ်လား။ အခုဟာက ခုနက စည်းကမ်း ဥပဒေအမိန့်ကို ကျနော်တို့က စောင့်နေရတဲ့ သဘောမျိုးတော့ ရှိနေတယ်။”
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် ကြိုတင်ပြင်ဆင်မှု များအနေဖြင့် ဗီနိုင်းပြုလုပ်ထားခြင်း၊ ကြေညာစာတမ်းများ ထုတ်ခြင်း၊ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စား လှယ်လောင်းများ၏ ကိုယ်ရေးရာဇဝင်အကျဉ်း (Profile) များကို အွန်းလိုင်းကနေတစ်ဆင့် ထုတ်ပြန်ခြင်း စသည့်တို့ကို လုပ်ဆောင်ထားသည် ဟု ဆိုသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ် KNDP ပါတီသည် ကရင်ပြည်နယ် အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၄ ပါတီ ဖြင့် ပေါင်းစည်းထားသည့် ပါတီဖြစ်ပြီး ၂၀၁၈ ခု ဖောဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် UEC က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီဖြစ်သည်။
ပေါင်းစည်းပါတီ KNDP ပါတီတွင် ပါဝင်လာသည့် ကရင်နိုင်ငံရေး ပါတီများမှာ ကရင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP ၊ စည်းလုံးညီညွှတ်သော ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ KUDP နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP တို့ ဖြစ်ကြသည်။
ကရင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP ၊ စည်းလုံး ညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KUDP ၃ ပါတီမှာ ပါတီဖျတ်သိမ်းလိုက်သော်လည်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှာ လက်ရှိအချိန်အထိ ပါတီဖျတ်သိမ်းထားခြင်း မရှိသေးဘူး ဟု သိရသည်။
*** ZAWGYI ***
မဲဆြယ္ရ ခက္ခဲမည္ကို တိုင္းရင္းသား ပါတီမ်ား စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၃ ရက္။
COVID-19 ကာလအတြင္း မဲဆြယ္စည္းရံုးေရး စည္းကမ္းသတ္မွတ္ခ်က္မ်ား ခ်မွတ္ရာတြင္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားအတြက္ အခက္အခဲ လြန္စြာ ျဖစ္ေပၚေစမည့္ ကန္႔သတ္ခ်က္မ်ားကို ေရွာင္ရွားရန္ ျပည္ ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အား ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP က တိုက္တြန္း ေတာင္းဆို လိုက္သည္။
ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက “COVID ကာလမွာ ေရြး ေကာက္ ပြဲ လုပ္မွာ ျဖစ္သည့္အတြက္ မဲဆြယ္စည္းရံုးတဲ့ ကိစၥမွာ က်ေနာ္တို႔နဲ႔ စာလို႔ရွိရင္ အစိုးရျဖစ္ေနတဲ့ NLD က ပိုၿပီးေတာ့ အားသာတဲ့ သေဘာမ်ိဳး သူကအစိုးရ လုပ္ငန္းကို လုပ္ရင္း လုပ္ရင္းနဲ႔ ဒါမသိမသာေလး မဲဆြယ္ လို႔ရတယ္ေလ။ က်ေနာ္တို႔က လူ ၅ ေယာက္ လူ ၁၅ ေယာက္ေလာက္ကိုပဲ မဲဆြယ္စည္းရံုးရမယ္ဆိုလို႔ရွိရင္ ဒီေလာက္က်ယ္ျပန္႔တဲ့ မဲဆႏၵနယ္ေျမေတြကို က်ေနာ္တို႔ ထိထိေရာက္ေရာက္ ဘယ္လိုလုပ္မဲဆြယ္မလဲ ဆို ေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ မဲဆြယ္စည္းရံုးေရး စည္းကမ္းေတြ ထုတ္ျပန္တဲ့ အခါက်လို႔ရွိရင္ ဒါက မွ် တတဲ့ စည္းကမ္းေတြ ထုတ္ျပန္ေပးဖို႔ သင့္တယ္ ဆိုတဲ့ သေဘာမ်ိဳး” ဟု ေျပာသည္။
လက္ရွိ NLD အစိုးရ အေနျဖင့္ ၎တို႔၏ ပါတီမဲဆြယ္စည္းရံုးေရးကို COVID-19 ကာလတြင္ တစ္ဖက္တစ္ လမ္းက လုပ္ေဆာင္၍ ရေသာ္လည္း တိုင္းရင္းသား ပါတီမ်ားမွာ ကန္႔သတ္ခ်က္မ်ားေၾကာင့္ ခက္ခဲမႈမျဖစ္ ေပၚေစရန္ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးေရးအတြက္ မွ်တသည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကိုသာ ခ် မွတ္ေပးရန္ ေတာင္းဆိုရျခင္းျဖစ္သည္ ဟု ဆိုသည္။
COVID-19 ကာလတြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲအတြက္ ပါတီမ်ား မဲဆြယ္စည္းရံုး ရမည့္ စည္းမ်ဥ္းစည္းကမ္း နည္းဥပေဒမ်ားကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ယခုအခ်ိန္အထိ ထုတ္ျပန္ထားျခင္း မရွိေသးသည့္အတြက္ မဲဆြယ္စည္းရံုေရး လုပ္ေဆာင္ရန္ ေကာ္မရွင္၏ ထုတ္ျပန္ခ်က္ ကို ေစာင့္ဆိုင္းေနရသည္ဟု KNDP က ေျပာသည္။
တစ္ဖက္တြင္လည္း COVID-19 ကာလတြင္ လူ ၁၅ ဦးထက္ ပို၍ မစုရဆိုသည့္ အစိုးရ၏ ဥပေဒထုတ္ ျပန္ခ်က္ကလည္း ရွိေနေသးသည့္အျပင္ အဆိုပါ ထုတ္ျပန္ခ်က္မွာ ၾသဂုတ္လကုန္အထိ တစ္စံုတစ္ရာ အေျပာင္းအလဲ မရွိပဲ ဆက္လက္ သက္တမ္းတိုးလိုက္မည္ဆိုပါက ပါတီမ်ား မဲဆြယ္စည္းရံုးေရးမွာ ခက္ခဲ မႈကို ပို၍ ျဖစ္ေစႏိုင္သည္ဟု မန္းေအာင္ျပည္စိုးက ေျပာသည္။
“ေနာက္ထပ္ ဘာစည္းကမ္းေတြ ထြက္လာအံုးမလဲ အဲဒါကိုပဲ ေစာင့္ေမွ်ာ္ေနရတယ္။ ေနာက္တစ္ခုက အမွန္ ကေတာ့ ခါတိုင္း ႏွစ္ဆိုရင္ ၂ လ လားမသိဘူး အကယ္လို႔ ၂ လခြင့္ ျပဳမယ္ဆိုလို႔ရွိရင္ ဒီလကုန္ဆိုရင္ စက္ တင္ဘာလ ကေန စတင္ၿပီေပါ့ အခု ကိုဗစ္ ၁၅ ေယာက္ထက္ ပိုမစုရဆိုတဲ့ဟာက ၾသဂုတ္လကုန္ ထိဆို ေတာ့ စက္တင္ဘာဆန္းတာနဲ႔ အေျပာင္းအလဲ ရွိမလား။ မရွိဘူး ဒါကို extension လုပ္မလား extension လုပ္မယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔အတြက္ ဒုကၡပဲ ဟုတ္လား။ အခုဟာက ခုနက စည္းကမ္း ဥပေဒအမိန္႔ကို က်ေနာ္တို႔က ေစာင့္ေနရတဲ့ သေဘာမ်ိဳးေတာ့ ရွိေနတယ္။”
ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP အေနျဖင့္ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးရန္ ႀကိဳတင္ျပင္ဆင္မႈ မ်ားအေနျဖင့္ ဗီႏိုင္းျပဳလုပ္ထားျခင္း၊ ေၾကညာစာတမ္းမ်ား ထုတ္ျခင္း၊ ေရြးေကာက္ပြဲ ၀င္မည့္ ကိုယ္စား လွယ္ေလာင္းမ်ား၏ ကိုယ္ေရးရာဇ၀င္အက်ဥ္း (Profile) မ်ားကို အြန္းလိုင္းကေနတစ္ဆင့္ ထုတ္ျပန္ျခင္း စသည့္တို႔ကို လုပ္ေဆာင္ထားသည္ ဟု ဆိုသည္။
ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ KNDP ပါတီသည္ ကရင္ျပည္နယ္ အေျခစိုက္ ကရင္ႏိုင္ငံေရးပါတီ ၄ ပါတီ ျဖင့္ ေပါင္းစည္းထားသည့္ ပါတီျဖစ္ၿပီး ၂၀၁၈ ခု ေဖာေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ျပည္ေထာင္စု ေရြး ေကာက္ပြဲ ေကာ္မရွင္ UEC က မွတ္ပံုတင္ခြင့္ျပဳခဲ့သည့္ ပါတီျဖစ္သည္။
ေပါင္းစည္းပါတီ KNDP ပါတီတြင္ ပါ၀င္လာသည့္ ကရင္ႏိုင္ငံေရး ပါတီမ်ားမွာ ကရင္ဒီမိုကရက္တစ္ပါတီ KDP ၊ ကရင္ျပည္နယ္ ဒီမိုကေရစီႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ KSDDP ၊ စည္းလုံးညီၫႊတ္ေသာ ကရင္အမ်ိဳး သား ဒီမိုကရက္တစ္ပါတီ KUDP ႏွင့္ ဖလံု-စေ၀ၚ ဒီမိုကရက္တစ္ပါတီ PSDP တို႔ ျဖစ္ၾကသည္။
ကရင္ဒီမိုကရက္တစ္ပါတီ KDP ၊ ကရင္ျပည္နယ္ ဒီမိုကေရစီႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ KSDDP ၊ စည္းလုံး ညီၫႊတ္ေသာ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KUDP ၃ ပါတီမွာ ပါတီဖ်တ္သိမ္းလိုက္ေသာ္လည္း ဖလံု-စေ၀ၚ ဒီမိုကရက္တစ္ပါတီမွာ လက္ရွိအခ်ိန္အထိ ပါတီဖ်တ္သိမ္းထားျခင္း မရွိေသးဘူး ဟု သိရသည္။