လူမျိုးရေးထိခိုက်မှုမရှိသော မဲဆွယ်မှုမျိုး TNLA ခွင့်ပြုမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA လှုပ်ရှားရာဒေသများတွင် လူမျိုးရေး ထိခိုက်ပြောဆိုမှုမျိုး မပါဝင်ပဲ မဲဆွယ်စည်းရုံးခွင့်ပြုကြောင်း TNLA က ပြောသည်။

တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာ ဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “စည်းရုံးပေမယ့်လည်း လူမျိုးရေးကို ပုတ်ခတ်စေနိုင်တဲ့ ထိခိုက် စေနိုင်တဲ့ အကြောင်း အရာ ဟောပြောပွဲတွေ မရှိဖို့တော့ လိုတာပေါ့ ဒီ ရွေးကောက်ပွဲကို ကျနော်တို့က ထောက်လည်း မထောက်ခံဘူး။ ဒါပေမယ့် သူဟာသူ လူထုရဲ့ ဆန္ဒအရ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်။ ကျနော်တို့ က ဝင်ရောက် ဟန့်တားမှုတော့ မရှိပါဘူး” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှ ဖြစ်တည်လာသည့် ရွေးကောက်ပွဲကို မထောက်ခံသော်လည်း ၎င်းတို့ လှုပ်ရှားရာဒေသများတွင် ပါတီများ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့်ရှိ သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။

“(ရွေးကောက်ပွဲကို) မထောက်ခံပေမယ့် ဒီမိုကရေစီ နည်းကျကျ ကျနော်တို့ ဒေသမှာ ရှိတဲ့ လူထုတွေရဲ့ ဆန္ဒအရ ဘယ်သူမဆို ကိုယ်ကြိုက်တဲ့ လူလွတ်လွတ်လပ်လပ် မဲပေးလို့ရတယ်။ ဒီပါတီလည်း လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံး လို့ရတယ်။”

TNLA လှုပ်ရှားရာ ဒေသများမှာ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုး မိတ်၊ နမ့်ဆန် အစရှိသည့် မြို့နယ်များဖြစ်သည်ဟု သိရသည်။

ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် SSPP/SSA ကလည်း ၎င်းတို့ လှုပ်ရှားရာဒေသတွင် နိုင်ငံရေး ပါတီများအနေဖြင့် လွတ် လပ်စွာ မဲဆွယ်စည်းရုံးခွင့် နှင့် မဲဆန္ဒရှင်ပြည်သူများကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပြုမည်ဟု ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် ယခင်က ၎င်းတို့၏ ဒေသတွင် ပါတီ များ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ၏ မဲပေးခွင့်ကို ဟန့်တားမှုများ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ လာ မည့် ရွေးကောက်ပွဲတွင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

“ဒီမိုကရေစီနည်းအရ သူတို့ရဲ့ right ပေါ့ အဲဒါကို ကျနော်တို့က အဓိက ဇောင်းပေးပြီးတော့ လွတ်လပ် စေ ချင်တယ်။ လွတ်လပ်စွာနဲ့ မဲပေးပိုင်ခွင့်ရှိ စေချင်တယ်။ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ကျနော်တို့က ခွင့်ပြု တာ ဖြစ်တယ်ခင်ဗျာ။”

သို့သော် ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ချက်အရ COVID-19 ကာလ ဖြစ်သည့် အတွက် ၎င်းတို့ဒေသတွင် ပါတီများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများမှာ ယခုအချိန်အထိ မတွေ့ရသေး ဟု SSPP/SSA ကပြောသည်။

SSPP/SSA လှုပ်ရှားရာ ဒေသများမှာ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ သီပေါ၊ ကျောက်မဲနှင့် နမ္မတူ အစရှိသည့် မြို့နယ်များဖြစ်သည်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA နှင့် SSPP/SSA တို့မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီများအား မဲဆွယ်စည်းရုံးခွင့်၊ ပြည်သူများအား မဲပေးခွင့်ကို လွတ်လပ်စွာ ခွင့်ပြုထားသော်လည်း အခြားအဖွဲ့ဝင်ဖြစ် သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA မှာ ၂၀၀၈ အခြေခံဥပအောက်မှ ဖြစ်တည်လာခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကို လက်မခံသကဲ့သို့ ၎င်းတို့ လှုပ်ရှားရာ ဒေသများတွင် မဲပေးခွင့် ပြုမည် မဟုတ် ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတင်းမီဒီယာများ ကို ပြောဆိုထားသည်။

*** ZAWGYI ***
လူမ်ဳိးေရးထိခိုက္မႈမရွိေသာ မဲဆြယ္မႈမ်ဳိး TNLA ခြင့္ျပဳမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၃ ရက္။

၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲႀကီးအတြက္ တအန္းအမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA လႈပ္ရွားရာေဒသမ်ားတြင္ လူမ်ဳိးေရး ထိခိုက္ေျပာဆိုမႈမ်ဳိး မပါ၀င္ပဲ မဲဆြယ္စည္းရံုးခြင့္ျပဳေၾကာင္း TNLA က ေျပာသည္။

တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “စည္းရံုးေပမယ့္လည္း လူမ်ိဳးေရးကို ပုတ္ခတ္ေစႏိုင္တဲ့ ထိခိုက္ ေစႏိုင္တဲ့ အေၾကာင္း အရာ ေဟာေျပာပြဲေတြ မရွိဖို႔ေတာ့ လိုတာေပါ့ ဒီ ေရြးေကာက္ပြဲကို က်ေနာ္တို႔က ေထာက္လည္း မေထာက္ခံဘူး။ ဒါေပမယ့္ သူဟာသူ လူထုရဲ႕ ဆႏၵအရ လြတ္လြတ္လပ္လပ္ မဲေပးခြင့္ရွိတယ္။ က်ေနာ္တို႔ က ၀င္ေရာက္ ဟန္႔တားမႈေတာ့ မရွိပါဘူး” ဟု ေျပာသည္။

၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒေအာက္မွ ျဖစ္တည္လာသည့္ ေရြးေကာက္ပြဲကို မေထာက္ခံေသာ္လည္း ၎တို႔ လႈပ္ရွားရာေဒသမ်ားတြင္ ပါတီမ်ား၏ မဲဆြယ္စည္းရံုးခြင့္ႏွင့္ ျပည္သူမ်ား လြတ္လပ္စြာ မဲေပးခြင့္ရွိ သည္ဟု ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ဆက္ေျပာသည္။

“(ေရြးေကာက္ပြဲကို) မေထာက္ခံေပမယ့္ ဒီမိုကေရစီ နည္းက်က် က်ေနာ္တို႔ ေဒသမွာ ရွိတဲ့ လူထုေတြရဲ႕ ဆႏၵအရ ဘယ္သူမဆို ကိုယ္ႀကိဳက္တဲ့ လူလြတ္လြတ္လပ္လပ္ မဲေပးလို႔ရတယ္။ ဒီပါတီလည္း လြတ္လြတ္လပ္လပ္ မဲဆြယ္ စည္းရံုး လို႔ရတယ္။”

TNLA လႈပ္ရွားရာ ေဒသမ်ားမွာ ေက်ာက္မဲ၊ သီေပါ၊ လားရႈိး၊နမ့္ခမ္း၊ မူဆယ္၊ နမၼတူ၊ ကြတ္ခိုင္၊ မိုး မိတ္၊ နမ့္ဆန္ အစရွိသည့္ ၿမိဳ႕နယ္မ်ားျဖစ္သည္ဟု သိရသည္။

ထို႔အတူ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ အေျခစိုက္သည့္ ရွမ္းတိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔တစ္ဖြဲ႔ျဖစ္သည့္ SSPP/SSA ကလည္း ၎တို႔ လႈပ္ရွားရာေဒသတြင္ ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ လြတ္ လပ္စြာ မဲဆြယ္စည္းရံုးခြင့္ ႏွင့္ မဲဆႏၵရွင္ျပည္သူမ်ားကို လြတ္လပ္စြာ မဲေပးပိုင္ခြင့္ျပဳမည္ဟု ေျပာသည္။

ရွမ္းျပည္တိုးတက္ေရးပါတီ/ ရွမ္းျပည္တပ္မေတာ္ SSPP/SSA အေနျဖင့္ ယခင္က ၎တို႔၏ ေဒသတြင္ ပါတီ မ်ား၏ မဲဆြယ္စည္းရံုးခြင့္ႏွင့္ ျပည္သူမ်ား၏ မဲေပးခြင့္ကို ဟန္႔တားမႈမ်ား လုပ္ေဆာင္ျခင္း မရွိသကဲ့သို႔ လာ မည့္ ေရြးေကာက္ပြဲတြင္လည္း လုပ္ေဆာင္မည္ မဟုတ္ေၾကာင္း SSPP/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး စိုင္းဖုန္းဟန္ က ေျပာသည္။

“ဒီမိုကေရစီနည္းအရ သူတို႔ရဲ႕ right ေပါ့ အဲဒါကို က်ေနာ္တို႔က အဓိက ေဇာင္းေပးၿပီးေတာ့ လြတ္လပ္ ေစ ခ်င္တယ္။ လြတ္လပ္စြာနဲ႔ မဲေပးပိုင္ခြင့္ရွိ ေစခ်င္တယ္။ ဒါကို အခြင့္အေရးတစ္ခုအေနနဲ႔ က်ေနာ္တို႔က ခြင့္ျပဳ တာ ျဖစ္တယ္ခင္ဗ်ာ။”

သို႔ေသာ္ ေရြးေကာက္ပြဲ ေကာ္မရွင္၏ မဲဆြယ္စည္းရံုးခြင့္ကာလ သတ္မွတ္ခ်က္အရ COVID-19 ကာလ ျဖစ္သည့္ အတြက္ ၎တို႔ေဒသတြင္ ပါတီမ်ား၏ မဲဆြယ္စည္းရံုးေရး လႈပ္ရွားမႈမ်ားမွာ ယခုအခ်ိန္အထိ မေတြ႕ရေသး ဟု SSPP/SSA ကေျပာသည္။

SSPP/SSA လႈပ္ရွားရာ ေဒသမ်ားမွာ ေက်းသီး၊ မိုင္းေနာင္၊ မိုင္းရႉး၊ တန္႔ယန္း၊ မိုင္းရယ္၊ ၀မ္ဟိုင္း၊ သီေပါ၊ ေက်ာက္မဲႏွင့္ နမၼတူ အစရွိသည့္ ၿမိဳ႕နယ္မ်ားျဖစ္သည္။

တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA တို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားျဖင့္ ဖြဲ႔စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားျဖစ္သည္။

FPNCC အဖြဲ႔၀င္ျဖစ္သည့္ PSLF/TNLA ႏွင့္ SSPP/SSA တို႔မွာ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ပါတီမ်ားအား မဲဆြယ္စည္းရံုးခြင့္၊ ျပည္သူမ်ားအား မဲေပးခြင့္ကို လြတ္လပ္စြာ ခြင့္ျပဳထားေသာ္လည္း အျခားအဖြဲ႔၀င္ျဖစ္ သည့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIO/KIA မွာ ၂၀၀၈ အေျခခံဥပေအာက္မွ ျဖစ္တည္လာခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲကို လက္မခံသကဲ့သို႔ ၎တို႔ လႈပ္ရွားရာ ေဒသမ်ားတြင္ မဲေပးခြင့္ ျပဳမည္ မဟုတ္ ေၾကာင္း KIO/KIA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူက သတင္းမီဒီယာမ်ား ကို ေျပာဆိုထားသည္။