FPNCC ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်။
မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်တော့မည် မဟုတ် ကြောင်း ဆုံးဖြတ်လိုက်သည်။
သို့ဖြစ်ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သည့် ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တို့မှာ ၂၁ ရာစု ပင်လုံ ညီလာခံ စတုတ္ထအစည်းအဝေးကို တက်ရောက်နိုင်တော့မည်မဟုတ်ပေ။
အစည်းအဝေး မတက်တော့မည့် အကြောင်းကို သြဂုတ်လ ၁၃ ရက်နေ့ ယနေ့တွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ၏ ဗဟိုဌာနချုပ် ပန်းဆန်း (ပန်ခမ်း) တွင် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်သည့် FPNCC ၏ အစည်းအဝေးမှ ဆုံး ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အစည်းအဝေးအပြီး FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ဤတစ်ကြိမ် ညီလာခံသည် COVID-19 ကပ်ရော ဂါ ပြန့်ပွားနေသည့် အချိန်ကာလတွင် ကျင်းပသည့်အတွက်ကြောင့် မိမိတို့ တောင်ပေါ်နယ်စပ် ဒေသများ တွင် ဆေးကုသရေး ပညာအားနည်းခြင်း၊ ဆေးဝါးကုသမှု စက်ကိရိယာများ မပြည်စုံခြင်း COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသွား အလာ ခရီးစရိတ်များ စီစဉ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရခြင်းတို့ဟာ မိမိတို့ ၆ ဖွဲ့၏ ညီလာခံသို့ မတက်ရောက်နိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ပါသည်။ ထို့ကြောင့် FPNCC အဖွဲ့ဝင် ၆ ဖွဲ့ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ပါ” ဟု ပါရှိသည်။
သို့ရာတွင် ၎င်းတို့ အဖွဲ့ဝင် အဖွဲ့အစည်း ၆ ဖွဲ့ကို အစိုးရမှ ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်း ယခု ကျင်းပသည့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုလည်း ဂုဏ်ပြုသည်ဟု FPNCC ၏ ထုတ်ပြန်ချက် ထဲတွင် ထည့်သွင်းထားသည်။
ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် တိုင်းရင်းသား ပဋိပက္ခများဖြေရှင်းရန် တိုက်ပွဲများ ရပ်တန့်ရန် နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ပြောဆိုမှုကို ၎င်းတို့အနေဖြင့် အမြဲကြိုဆိုခဲ့ပါသည်ဟု FPNCC က ဆိုသည်။
၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးသို့ ၎င်းတို့ အဖွဲ့ဝင် အဖွဲ့အစည်း ၆ ဖွဲ့ကိုသာ ဖိတ်ကြားပြီး ရက္ခိုင့် တပ် တော် ULA/AA ကို မဖိတ်သည့်အတွက် FPNCC အနေဖြင့် စိတ်မကောင်း ဖြစ်မိသည် ဟု ပြောသည်။
ထုတ်ပြန်ချက်ထဲတွင် “ထို့ကြောင့် ပဋိပက္ခဖြစ်ပွားသည့် အဖွဲ့အစည်း အားလုံး ညီလာခံသို့ တက်ရောက်နိုင်ပြီး မျက်နှာချင်းဆိုင် စုံလင်စွာ ဆွေးနွေးနိုင်မှသာလျှင် ယုံကြည်မှုများ မြှင့်တင်နိုင်ပြီး ငြိမ်းချမ်းရေး နှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤ စတုတ္ထအကြိမ် ညီလာခံတွင် ပြည်ထောင်စု အစိုးရမှ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA အား ဖိတ်ကြား ခြင်း မရှိသည့်အတွက် မိမိတို့ အနေဖြင့် များစွာ စိတ်မကောင်းဖြစ်မိပါသည်” ဟု ရေးသားထားသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပြတ်တောက်နေသည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပြန် လည်စတင်နိုင်သည့် လမ်းစသည် ၂၁ ရာစုပင်လုံ ညီလာခံဖြစ်သည်ဟု လေ့လာသူအချို့နှင့် တိုင်းရင်း သား ခေါင်းဆောင် အချို့က သုံးသပ်ပြောဆိုထားသည်။
FPNCC အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်မှု မရှိသည့်အတွက် ရှေ့ဆက် တွေ့ဆုံဆွေးနွေး မှုကို ထိခိုက်နိုင်မည် မဟုတ်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG က ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
“ဒါကလည်း အခုလောလောဆယ်တော့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ AA ကို သူတို့ မဖိတ်တဲ့ အခါကျတော့ FPNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် သူတို့ မတက်ရောက်ဘူးဆိုတဲ့ သဘောဖြစ်လိမ့်မှာပါ။ နောက်ပြီး တွေ့ ဆုံဆွေးနွေးမှုကလည်း အဲဒီမတက်ခြင်းအားဖြင့်လည်း ဒီအတိုင်းထားဖို့လည်း မရဘူးလေ။ တွေ့ဆုံ ဆွေး နွေးမှုက လုပ်ရမှာပဲလေ။ အခုလောလောဆယ်က COVID-19 ကိစ္စမို့လို့ တွေ့ဆုံဖို့ အတွက်က အဆင်မပြေသေးတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီ COVID-19 ငြိမ်ကျသွားရင်တော့ ပြန်လည် တွေ့ဆုံ နိုင်မယ်လို့ ကျနော်တို့ ဒီလိုပဲ မျှော်လင့်တယ်ဗျာ။”
FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်အတွက် FPNCC အနေဖြင့် သက်ဆိုင် ရာ အဖွဲ့အစည်းအားလုံး မြင့်မြတ်သော စိတ်ထားများဖြင့် မတူညီသော အမြင်သဘောထားများကို ဖယ်ရှား ပြီး အဖွဲ့အစည်း အသီးသီးတို့၏ နိုင်ငံရေး တောင်းဆိုချက်များကို သဘောထားကြီးကြီးဖြင့် နားဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဆိုသည်။
ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ တစ်ဆင့် အားလုံး၏ ဘုံသဘောတူညီချက်များကို ရရှိနိုင်မှသာလျှင် မိမိ တို့၏ ဘုံရည်မှန်းချက်များကို ဖော်ဆောင်သွားနိုင်မည်ဟု FPNCC က ပြောသည်။
တချိန်တည်းမှာပင် FPNCC မဟာမိတ်အဖွဲ့တွင် မပါဝင်သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ကလည်း ညီလာခံ အစည်းအဝေးကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
*** ZAWGYI ***
FPNCC ၂၁ ရာစု ပင္လံု ညီလာခံ တက္ေရာက္မည္မဟုတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၃ ရက္။
ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္း ခုနွစ္ဖြဲ႔ျဖင့္ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC က ၂၁ ရာစုပင္လံုညီလာခံသို႔ တက္ေရာက္ေတာ့မည္ မဟုတ္ ေၾကာင္း ဆံုးျဖတ္လိုက္သည္။
သို႔ျဖစ္ရာ အင္အားၾကီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားပါ၀င္သည့္ ၀ ျပည္ ေသြးစည္းညီညြတ္ေရး ပါတီ UWSP၊ ကခ်င္ လြတ္လပ္ေရး အဖြဲ႔ KIO၊ တအန္းအမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA၊ ရကၡိဳင့္တပ္ေတာ္ AA၊ ရွမ္းျပည္တိုးတက္ေရး ပါတီ (SSPP/SSA)၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္ (NDAA- မိုင္းလား အဖြဲ႕)၊ တို႔မွာ ၂၁ ရာစု ပင္လံု ညီလာခံ စတုတၳအစည္းအေ၀းကို တက္ေရာက္နိုင္ေတာ့မည္မဟုတ္ေပ။
အစည္းအေ၀း မတက္ေတာ့မည့္ အေၾကာင္းကို ၾသဂုတ္လ ၁၃ ရက္ေန႔ ယေန႔တြင္ “၀” ျပည္ေသြးစည္း ညီၫႊတ္ေရးပါတီ UWSP ၏ ဗဟိုဌာနခ်ဳပ္ ပန္းဆန္း (ပန္ခမ္း) တြင္ ၂၁ ရာစုပင္လံု ညီလာခံ တက္ေရာက္ေရးႏွင့္ ပတ္သက္သည့္ FPNCC ၏ အစည္းအေ၀းမွ ဆံုး ျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။
အစည္းအေ၀းအၿပီး FPNCC ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ဤတစ္ႀကိမ္ ညီလာခံသည္ COVID-19 ကပ္ေရာ ဂါ ျပန္႔ပြားေနသည့္ အခ်ိန္ကာလတြင္ က်င္းပသည့္အတြက္ေၾကာင့္ မိမိတို႔ ေတာင္ေပၚနယ္စပ္ ေဒသမ်ား တြင္ ေဆးကုသေရး ပညာအားနည္းျခင္း၊ ေဆးဝါးကုသမႈ စက္ကိရိယာမ်ား မျပည္စံုျခင္း COVID- 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးကာလအတြင္း အသြား အလာ ခရီးစရိတ္မ်ား စီစဥ္ရာတြင္ အခက္အခဲမ်ား ရင္ဆိုင္ေနရျခင္းတို႔ဟာ မိမိတို႔ ၆ ဖြဲ႔၏ ညီလာခံသို႔ မတက္ေရာက္ႏိုင္သည့္ အဓိက အေၾကာင္းအရင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ FPNCC အဖြဲ႔၀င္ ၆ ဖြဲ႔ အေနျဖင့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လံု စတုတၳ အႀကိမ္ အစည္းအေ၀းသို႔ မတက္ေရာက္ႏိုင္ပါ” ဟု ပါရွိသည္။
သို႔ရာတြင္ ၎တို႔ အဖြဲ႔၀င္ အဖြဲ႔အစည္း ၆ ဖြဲ႔ကို အစိုးရမွ ဖိတ္ၾကားသည့္အတြက္ ေက်းဇူးတင္ေၾကာင္း ယခု က်င္းပသည့္ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံကိုလည္း ဂုဏ္ျပဳသည္ဟု FPNCC ၏ ထုတ္ျပန္ခ်က္ ထဲတြင္ ထည့္သြင္းထားသည္။
ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစုပင္လံုသည္ တိုင္းရင္းသား ပဋိပကၡမ်ားေျဖရွင္းရန္ တိုက္ပြဲမ်ား ရပ္တန္႔ရန္ ႏွင့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု တည္ေထာင္ရန္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၏ ေျပာဆိုမႈကို ၎တို႔အေနျဖင့္ အၿမဲႀကိဳဆိုခဲ့ပါသည္ဟု FPNCC က ဆိုသည္။
၂၁ ရာစုပင္လံုညီလာခံ အစည္းအေ၀းသို႔ ၎တို႔ အဖြဲ႔၀င္ အဖြဲ႔အစည္း ၆ ဖြဲ႔ကိုသာ ဖိတ္ၾကားၿပီး ရကၡိဳင့္ တပ္ ေတာ္ ULA/AA ကို မဖိတ္သည့္အတြက္ FPNCC အေနျဖင့္ စိတ္မေကာင္း ျဖစ္မိသည္ ဟု ေျပာသည္။
ထုတ္ျပန္ခ်က္ထဲတြင္ “ထို႔ေၾကာင့္ ပဋိပကၡျဖစ္ပြားသည့္ အဖြဲ႔အစည္း အားလံုး ညီလာခံသို႔ တက္ေရာက္ႏိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္ စံုလင္စြာ ေဆြးေႏြးႏိုင္မွသာလွ်င္ ယံုၾကည္မႈမ်ား ႁမွင့္တင္ႏိုင္ၿပီး ၿငိမ္းခ်မ္းေရး ႏွင့္ အမ်ိဳး သား ျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္ကိုေဖာ္ေဆာင္ႏိုင္မည္ျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ဤ စတုတၳအႀကိမ္ ညီလာခံတြင္ ျပည္ေထာင္စု အစိုးရမွ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္ ULA/AA အား ဖိတ္ၾကား ျခင္း မရွိသည့္အတြက္ မိမိတို႔ အေနျဖင့္ မ်ားစြာ စိတ္မေကာင္းျဖစ္မိပါသည္” ဟု ေရးသားထားသည္။
ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရတို႔ ျပတ္ေတာက္ေနသည့္ ေတြ႕ဆံုေဆြးေႏြးေရး လမ္းေၾကာင္းကို ျပန္ လည္စတင္ႏိုင္သည့္ လမ္းစသည္ ၂၁ ရာစုပင္လံု ညီလာခံျဖစ္သည္ဟု ေလ့လာသူအခ်ိဳ႕ႏွင့္ တိုင္းရင္း သား ေခါင္းေဆာင္ အခ်ိဳ႕က သံုးသပ္ေျပာဆိုထားသည္။
FPNCC အေနျဖင့္ ၂၁ ရာစုပင္လံုညီလာခံသို႔ တက္ေရာက္မႈ မရွိသည့္အတြက္ ေရွ႕ဆက္ ေတြ႕ဆံုေဆြးေႏြး မႈကို ထိခိုက္ႏိုင္မည္ မဟုတ္ဟု ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ PCG က ဦးလမိုင္ဂြမ္ဂ်ာက ေျပာသည္။
“ဒါကလည္း အခုေလာေလာဆယ္ေတာ့ FPNCC အဖြဲ႔၀င္ေတြျဖစ္တဲ့ AA ကို သူတို႔ မဖိတ္တဲ့ အခါက်ေတာ့ FPNCC အဖြဲ႔၀င္ေတြ ျဖစ္တဲ့အတြက္ သူတို႔ မတက္ေရာက္ဘူးဆိုတဲ့ သေဘာျဖစ္လိမ့္မွာပါ။ ေနာက္ၿပီး ေတြ႕ ဆံုေဆြးေႏြးမႈကလည္း အဲဒီမတက္ျခင္းအားျဖင့္လည္း ဒီအတိုင္းထားဖို႔လည္း မရဘူးေလ။ ေတြ႕ဆံု ေဆြး ေႏြးမႈက လုပ္ရမွာပဲေလ။ အခုေလာေလာဆယ္က COVID-19 ကိစၥမို႔လို႔ ေတြ႕ဆံုဖို႔ အတြက္က အဆင္မေျပေသးတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ အဲဒီ COVID-19 ၿငိမ္က်သြားရင္ေတာ့ ျပန္လည္ ေတြ႕ဆံု ႏိုင္မယ္လို႔ က်ေနာ္တို႔ ဒီလိုပဲ ေမွ်ာ္လင့္တယ္ဗ်ာ။”
FPNCC ၏ ထုတ္ျပန္ခ်က္ထဲတြင္ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို ေဖာ္ေဆာင္ရန္ႏွင့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုႏိုင္ငံေတာ္ကို တည္ေဆာက္ရန္အတြက္ FPNCC အေနျဖင့္ သက္ဆိုင္ ရာ အဖြဲ႔အစည္းအားလံုး ျမင့္ျမတ္ေသာ စိတ္ထားမ်ားျဖင့္ မတူညီေသာ အျမင္သေဘာထားမ်ားကို ဖယ္ရွား ၿပီး အဖြဲ႔အစည္း အသီးသီးတို႔၏ ႏိုင္ငံေရး ေတာင္းဆိုခ်က္မ်ားကို သေဘာထားႀကီးႀကီးျဖင့္ နားဆင္ေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္ဟု ဆိုသည္။
ထို႔အျပင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွ တစ္ဆင့္ အားလံုး၏ ဘံုသေဘာတူညီခ်က္မ်ားကို ရရွိႏိုင္မွသာလွ်င္ မိမိ တို႔၏ ဘံုရည္မွန္းခ်က္မ်ားကို ေဖာ္ေဆာင္သြားႏိုင္မည္ဟု FPNCC က ေျပာသည္။
တခ်ိန္တည္းမွာပင္ FPNCC မဟာမိတ္အဖြဲ႔တြင္ မပါ၀င္ေသာ္လည္း တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္မေရးထိုးရေသးသည့္ ကရင္နီ အမ်ဳိးသား တိုးတက္ေရး ပါတီ KNPP ကလည္း ညီလာခံ အစည္းအေ၀းကို တက္ေရာက္ႏိုင္မည္မဟုတ္ေၾကာင္း ထုတ္ျပန္ထားသည္။