ကချင်ပြည်နယ် မြောက်ဖျားဒေသ ဝမ်းရောဂါဖြစ်၊ သေသူ ၉ ဦးရှိပြီ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့နယ်အတွင်းက ခါကာဘိုဒေသအတွင်းရှိ ကျေးရွာ ၁၄ ရွာ ခန့်တွင် ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေပြီး သေဆုံးသူ ၉ ဦး ရှိပြီဟု သိရသည်။

ပန်းနန်းဒင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာ ရှိသည့်အနက် ၁၄ ရွာတွင် ဝမ်းပျက် ဝမ်းလျော ရောဂါများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်လမှာပဲ ဝမ်းလျှောလို့ သေသွားတာပေါ့၊ အားလုံးပေါင်း ၉ ယောက်ပေါ့။ ဖြစ်နေတာက ပန်နန်းဒင် မှာက ရွာပေါင်း အားလုံး ၁၆ ရွာရှိတယ်နော်။ တောင်ပေါ်ပဲ တစ်ရွာနဲ့ တစ်ရွာလည်းအရမ်းတော့ဝေးတယ်။ အခုဖြစ်တာက ရွာ ၁၄ ရွာမှာ ရောဂါဖြစ်တယ်။ ဒီသြဂုတ်လမှာတော့ ပူတာအို၊ နောင်မွန်းက ဆေးဆရာ၊ ဆရာမ တွေလာမယ်လို့တော့ ပြောတယ်။ ကျမက အခု ဒီပူတာအိုရောက်နေတော့ ဆရာမတွေလာသလား မလာသေးဘူးလား မသိသေးဘူး။ ဟို ဖုန်းလိုင်းလည်း မရဘူးလေနော် ဟိုပန်နန်းဒင်မှာကလေ” ဟု ဒေသခံ ဒေါ်မေရမ် က ပြောသည်။

ပန်နန်းဒင်ဒေသခံများအနေဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ဆေးကုသမှုများ လာရောက်လုပ်ဆောင်ပေးစေချင်သည် ဟု ပြောသည်။

လက်ရှိတွင် တိုင်းရင်းဆေးဝါးများကိုသာ အဓိက အားထားပြီး ဆေးကုသမှု လုပ်ဆောင်နေရသည် ဟု ဒေသခံ ကိုဆန်လုရမ်ဆိန်း က ပြောသည်။

“ရောဂါဖြစ်တာ အစက လွန်ခဲ့တဲ့ လေးလပိုင်းမှာ စဖြစ်ပေမယ့် အခု ဇွန်လနဲ့ ဇွန်လိုင်လမှာ ပိုပြီး ဆိုးလာတယ်။ဒီမှာက လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ဆေးရုံ ဆေးခန်းက မရှိတော့ ဆေးကုသတာက တော ထွက် ဆေးတွေကို အသုံးပြုကြတယ်။ အမြဲတမ်းသုံးနေကြတယ်။ ဆေးရုံ ဆေးခန်းက မရှိတဲ့အခါကြတော့ ဘာမှ လုပ်လို့မရဘူးလေ”

ထို့အပြင် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အတော်ခက်ခဲနေသည်ဟု ဆိုသည်။

ဒေသခံ ဒေါ်မေရမ် က “ကျမတို့ဆီမှာ ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လ နှစ်လလုံး မိုးက ဆက်တိုက်ရွာတယ်။ လမ်းတွေ ကလည်း သွားလို့မရတော့ဘူး။ တစ်ခုခုဖြစ်လို့ နောင်မွန်းသွားမယ်ဆိုလည်း သွားလို့မရဘူး။ တစ်နေရာကနေ တစ်နေရာသွားမယ်ဆိုလည်း အရမ်းခက်ခဲတယ်။ အခုလို မိုးတွင်းဆိုရင် နောင်မွန်းကို လာဖို့တောင် တစ်ပတ် နှစ်ပတ် အဲ့လိုကြာတယ်။ ပန်နန်းဒင်ထဲမှာက ဆေးခန်းလည်းမရှိဘူး။ ဆေးဆရာ၊ ဆရာမတွေလည်း မလာနိုင် ဘူး။ မိုးကုန်ရင် တစ်ခါခါတော့ အစိုးရဝန်ထမ်းတွေရောက်လာတာမျိုးတော့ ရှိတယ်နော်။ အခုအချိန်တော့ တော်တော်နဲ့ မလာဘူး” ဟု ပြောသည်။

ပန်နန်းဒင် မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဆေးရုံ/ဆေးခန်း မရှိသောကြောင့် ဒေသခံပြည် သူများ ဆေးကုသရေး အခက်အခဲရှိနေသည်ဟု သိရသည်။

ပန်နန်းဒင်မြို့နယ်၊ ခါကာဘိုဒေသသည် အစိုးရဌာနဆိုင်ရာများနှင့် သက်ဆိုင်သော ရုံးများ လာရောက် အခြေစိုက်ထားခြင်း မရှိသေးသည့် ဒေသဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် “အဓိကတော့ ကျနော်တို့ ဒီခါကာဘိုဒေသမှာ အစိုးရအနေနဲ့ ဆေးပေးခန်းတို့ ဖွင့်စေချင်တာပေါ့ နော်။ အဲဒါက ကျနော်တို့အမြဲတမ်း တောင်းဆို နေတဲ့အရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံတွေနဲ့ မနီးတဲ့ အခါကြတော့ အခက်အခဲတွေအများကြီး သူ့ရာသီနဲ့သူ အမြဲရင်ဆိုင် နေရတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဆေးနဲ့ ပတ်သက်ပြီးတော့မှ ဆေးရုံ ဆေးပေးခန်းတို့ ပြည်သူလူထုက အမြန်ဆုးံအစိုးရ အကောင်အထည်ဖော် စေချင်တယ်။ အဓိက တော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာလည်းပါတယ်” ဒေသခံ ဆန်လုရမ်ဆိန်း က ပြောသည်။

ပန်နန်းဒင်မြို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးတို့တွင် ပူတာအိုခရိုင်အတွင်းရှိ ဖွံ့ဖြိုးမှု အနောက်ကျဆုံး မြို့နယ် တစ်ခုဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ပန်နန်းဒင်မြို့သည် မလိခမြစ်ဖျားတွင်တည်ရှိပြီး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ပါဝင် သော မြို့နယ်ခွဲအဆင့်မြို့ ဖြစ်သည်။ မြန်မာပြည်မြောက်ဖက်ဆုံးမြို့ တစ်မြို့ ဖြစ်သည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္ ေျမာက္ဖ်ားေဒသ ဝမ္းေရာဂါျဖစ္၊ ေသသူ ၉ ဦးရွိၿပီ

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္ဈ ဩဂုတ္လ ၁၄ ရက္။

ကခ်င္ျပည္နယ္၊ ပူတာအိုခရိုင္၊ ပန္နန္းဒင္ၿမိဳ႕နယ္အတြင္းက ခါကာဘိုေဒသအတြင္းရွိ ေက်းရြာ ၁၄ ရြာ ခန္႔တြင္ ဝမ္းပ်က္ ဝမ္းေလ်ွာ ေရာဂါမ်ား ျဖစ္ပြားေနၿပီး ေသဆံုးသူ ၉ ဦး ရွိၿပီဟု သိရသည္။

ပန္းနန္းဒင္ၿမိဳ႕နယ္အတြင္း ေက်းရြာေပါင္း ၁၆ ရြာ ရွိသည့္အနက္ ၁၄ ရြာတြင္ ဝမ္းပ်က္ ဝမ္းေလ်ာ ေရာဂါမ်ား ျဖစ္ပြားေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ၿပီးခဲ့တဲ့ ႏွစ္လမွာပဲ ဝမ္းေလ်ွာလို႔ ေသသြားတာေပါ့၊ အားလံုးေပါင္း ၉ ေယာက္ေပါ့။ ျဖစ္ေနတာက ပန္နန္းဒင္ မွာက ရြာေပါင္း အားလံုး ၁၆ ရြာရွိတယ္ေနာ္။ ေတာင္ေပၚပဲ တစ္ရြာနဲ႔ တစ္ရြာလည္းအရမ္းေတာ့ေဝးတယ္။ အခုျဖစ္တာက ရြာ ၁၄ ရြာမွာ ေရာဂါျဖစ္တယ္။ ဒီၾသဂုတ္လမွာေတာ့ ပူတာအို၊ ေနာင္မြန္းက ေဆးဆရာ၊ ဆရာမ ေတြလာမယ္လို႔ေတာ့ ေျပာတယ္။ က်မက အခု ဒီပူတာအိုေရာက္ေနေတာ့ ဆရာမေတြလာသလား မလာေသးဘူးလား မသိေသးဘူး။ ဟို ဖုန္းလိုင္းလည္း မရဘူးေလေနာ္ ဟိုပန္နန္းဒင္မွာကေလ” ဟု ေဒသခံ ေဒၚေမရမ္ က ေျပာသည္။

ပန္နန္းဒင္ေဒသခံမ်ားအေနျဖင့္ သက္ဆုိင္ရာမွ အျမန္ဆံုး ေဆးကုသမႈမ်ား လာေရာက္လုပ္ေဆာင္ေပးေစခ်င္ သည္ ဟု ေျပာသည္။

လက္ရွိတြင္ တုိင္းရင္းေဆးဝါးမ်ားကိုသာ အဓိက အားထားၿပီး ေဆးကုသမႈ လုပ္ေဆာင္ေနရသည္ ဟု ေဒသခံ ကိုဆန္လုရမ္ဆိန္း က ေျပာသည္။

“ေရာဂါျဖစ္တာ အစက လြန္ခဲ့တဲ့ ေလးလပိုင္းမွာ စျဖစ္ေပမယ့္ အခု ဇြန္လနဲ႔ ဇြန္လိုင္လမွာ ပိုၿပီး ဆုိးလာတယ္။ဒီမွာက လမ္းပန္းဆက္သြယ္ေရး အရမ္းခက္ခဲတယ္။ ေဆးရံု ေဆးခန္းက မရွိေတာ့ ေဆးကုသတာက ေတာ ထြက္ ေဆးေတြကို အသံုးျပဳၾကတယ္။ အၿမဲတမ္းသံုးေနၾကတယ္။ ေဆးရံု ေဆးခန္းက မရွိတဲ့အခါၾကေတာ့ ဘာမွ လုပ္လို႔မရဘူးေလ”

ထို႔အျပင္ ဇြန္လႏွင့္ ဇူလိုင္လတို႔တြင္လည္း မိုးအဆက္မျပတ္ရြာသြန္းခဲ့သည့္အတြက္ လမ္းပန္းဆက္သြယ္ေရး အေတာ္ခက္ခဲေနသည္ဟု ဆိုသည္။

ေဒသခံ ေဒၚေမရမ္ က “က်မတို႔ဆီမွာ ၿပီးခဲ့တဲ့ ဇြန္လ၊ ဇူလုိင္လ ႏွစ္လလံုး မိုးက ဆက္တုိက္ရြာတယ္။ လမ္းေတြ ကလည္း သြားလို႔မရေတာ့ဘူး။ တစ္ခုခုျဖစ္လုိ႔ ေနာင္မြန္းသြားမယ္ဆုိလည္း သြားလို႔မရဘူး။ တစ္ေနရာကေန တစ္ေနရာသြားမယ္ဆိုလည္း အရမ္းခက္ခဲတယ္။ အခုလို မိုးတြင္းဆိုရင္ ေနာင္မြန္းကို လာဖို႔ေတာင္ တစ္ပတ္ ႏွစ္ပတ္ အဲ့လိုၾကာတယ္။ ပန္နန္းဒင္ထဲမွာက ေဆးခန္းလည္းမရွိဘူး။ ေဆးဆရာ၊ ဆရာမေတြလည္း မလာႏုိင္ ဘူး။ မိုးကုန္ရင္ တစ္ခါခါေတာ့ အစိုးရဝန္ထမ္းေတြေရာက္လာတာမ်ိဳးေတာ့ ရွိတယ္ေနာ္။ အခုအခ်ိန္ေတာ့ ေတာ္ေတာ္နဲ႔ မလာဘူး” ဟု ေျပာသည္။

ပန္နန္းဒင္ ၿမိဳ႕နယ္သည္ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေဆးရံု/ေဆးခန္း မရွိေသာေၾကာင့္ ေဒသခံျပည္ သူမ်ား ေဆးကုသေရး အခက္အခဲရွိေနသည္ဟု သိရသည္။

ပန္နန္းဒင္ၿမိဳ႕နယ္၊ ခါကာဘိုေဒသသည္ အစိုးရဌာနဆိုင္ရာမ်ားႏွင့္ သက္ဆုိင္ေသာ ရံုးမ်ား လာေရာက္ အေျခစိုက္ထားျခင္း မရွိေသးသည့္ ေဒသျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔ေၾကာင့္ “အဓိကေတာ့ က်ေနာ္တို႔ ဒီခါကာဘိုေဒသမွာ အစိုးရအေနန႔ဲ ေဆးေပးခန္းတို႔ ဖြင့္ေစခ်င္တာေပါ့ ေနာ္။ အဲဒါက က်ေနာ္တို႔အၿမဲတမ္း ေတာင္းဆို ေနတ့ဲအရာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဆး႐ုံေတြနဲ႔ မနီးတ့ဲ အခါၾကေတာ့ အခက္အခဲေတြအမ်ားႀကီး သူ႔ရာသီန႔ဲသူ အၿမဲရင္ဆိုင္ ေနရတယ္။ အဲ့ဒါေၾကာင့္ က်ေနာ္တို႔ ေဆးနဲ႔ ပတ္သက္ၿပီးေတာ့မွ ေဆး႐ုံ ေဆးေပးခန္းတို႔ ျပည္သူလူထုက အျမန္ဆုးံအစိုးရ အေကာင္အထည္ေဖာ္ ေစခ်င္တယ္။ အဓိက ေတာ့ လမ္းပန္းဆက္သြယ္ေရးမေကာင္းတာလည္းပါတယ္” ေဒသခံ ဆန္လုရမ္ဆိန္း က ေျပာသည္။

ပန္နန္းဒင္ၿမိဳ႕သည္ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္အတြက္ ပညာေရး၊ က်န္းမာေရး ႏွင့္ ေဒသဖြံ႔ၿဖိဳးေရး က႑အသီးသီးတို႔တြင္ ပူတာအိုခရိုင္အတြင္းရွိ ဖြံ႔ၿဖိဳးမႈ အေနာက္က်ဆံုး ၿမိဳ႕နယ္ တစ္ခုျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ပန္နန္းဒင္ၿမိဳ႕သည္ မလိချမစ္ဖ်ားတြင္တည္ရွိၿပီး ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္၊ ေနာင္မြန္းၿမိဳ႕နယ္တြင္ ပါဝင္ ေသာ ၿမိဳ႕နယ္ခြဲအဆင့္ၿမိဳ႕ ျဖစ္သည္။ ျမန္မာျပည္ေျမာက္ဖက္ဆုံးၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္သည္။