ကိုဗစ်-၁၉ ကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်။

COVID-19 ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက် ပျက်နေသည့် အနေအထားတွင် ရှိနေပြီး ရေ လုပ်သားများ အခက်အခဲကြုံတွေ့နေရသည်ဟု ပြည်နယ်အတွင်းရှိ ရေလုပ်သားများနှင့် ငါးလုပ်ငန်းရှင်များ က ပြောသည်။

မွန်ပြည်နယ်မှ ထွက်သည့် ငါး ၈၀ ရာခိုင်နှုန်းခန့်ကို ယခင်က တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချလျှက် ရှိခဲ့ပြီး ဈေးကောင်းရရှိလျှက်ရှိရာမှ COVID-19 ကြောင့် တရုတ်နိုင်ငံသို့ ငါးမတင်ပို့နိုင်တော့ပဲ ငါးဈေးကျကာ လက်ရှိတွင် ငါးဈေးကွက်ပျက်နေသည့် အနေအထားဖြစ်နေသည် ဟု ငါးလုပ်ငန်းရှင်များ က ပြောသည်။

“COVID-19 ဖြစ်နေတော့ ငါးဈေးနှုန်းပေါ့နော် တရုတ်ပြည် ဈေးကွက်ပျက်သွားတယ်။ ငါးကုမ္ပဏီတွေကလည်း အဝယ်မရှိဘူး။ ငါးဈေးကွက်ပျက်နေတဲ့အတွက်ကို ရေလုပ်ငန်းမှာ လုပ်နေတဲ့ ရေလုပ်သားတွေ ရပ်တည်ဖို့ အတွက်ပေါ့နော် အခုချိန်မှာတော့ ဆင်းရဲဒုက္ခနဲ့ ဖြတ်သန်းနေရတယ်” ဟု ငါးလုပ်ငန်းရှင် ဦးဝင်းအောင်က ပြော သည်။

လက်ရှိတွင် မွန်ပြည်နယ်မှ ထွက်သည့် ငါးများကို ပြည်တွင်း စားသုံးမှုအတွက်နှင့် ငါးခြောက်လုပ်ရန် အတွက် သာ အသုံးပြုနေရသည် ဟု ငါးလုပ်ငန်းရှင်များ က ပြောသည်။

တောင်ဆွဲပိုက်လုပ်ငန်းရှင် ကိုတင်ဆွေ က “ငါးဈေးကွက်မရှိတော့ဘူး။ ငါးအဝယ်ဒိုင်တွေ ကုမ္ပဏီတွေကလည်း မဝယ်ဘူး။ ကျနော်တို့ တရုတ်ကို ပို့နေတဲ့ ဈေးကောင်းရတဲ့ ငါးတွေက ပြည်တွင်း စားသုံးဖို့နဲ့ ငါးခြောက်လုပ်ဖို့ပဲ ရတယ်၊ အရင်ကဆိုရင် တရုတ်ပြည်တင်တဲ့အတွက် ငါးတွေ ဈေးကောင်းကောင်းရတယ်။ အခုတော့ export မရှိတော့ ဈေးကောင်းကောင်းမရဘူး” ဟု ပြောသည်။

ပြည်ပ တင်ပို့စဉ် အချိန်က တစ်ပိဿာ ၅ သောင်းကျပ်ရရှိနေသည့် ငါးသည် ယခုအခါမှာ တစ်ပိဿာ ၁၂၀၀၀ ကျပ် ခန့်သာ ရရှိနေသည် ဟု လည်း ငါးလုပ်ငန်းရှင်များက ပြောသည်။

“မနှစ်က ငါး အချိန် ၁၀၀ ရတယ်။ ပိုက်ဆံမနည်းဘူးရတယ်။ ဒီနှစ် ငါးအချိန် ၃၀၀ ရတယ် ပိုက်ဆံ အဲ့လောက် မရဘူး။ ဈေးနှုန်းမရှိဘူး ဈေးနှုန်း တဝက်မက ကျသွားတယ်” ဟု ငါးလုပ်ငန်းရှင် ဦးအေးခိုင်က ပြောသည်။

ငါးဈေးကွက်ပျက်နေခြင်းနှင့် ပြည်ပသို့ ငါး တင်ပို့နိုင်ခြင်းမရှိသည့် အခြေအနေကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ငါးဖမ်းရာသီအတွက် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက တင်ဒါရောင်းချသည့် ငါးဖမ်းကွက်များလည်း ဝယ်ယူမှု နည်းပါးနေသည်ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်တိုးက “အရင်နှစ်တွေဆိုရင် ပထမအကြိမ် (တင်ဒါ) ပစ် လိုက်ပြီးဆို လူရာနဲ့ချီလာပြီးတော့ တစ်ချက်မှာ လူ ၈ ယောက် ၉ ယောက် ပြိုင်ကြတာ။ အခုကကျတော့ COVID-19 ကဖြစ်တော့ စီးပွားရေးက ရိုက်ခတ်လာတယ်။ အဲတော့ မနှစ်ကဝယ်ထားတဲ့ တန်ဖိုးတောင်မှ မပေး နိုင်လောက်အောင် အနေအထားတွေ ဖြစ်လာတယ်” ဟု ပြောသည်။

ယခုနှစ် ငါးလုပ်ငန်းရာသီအတွက် အထူးတင်ဒါငါးဖမ်းကွက် ၁၀၀ ကျော်ကို သြဂုတ်လ ၁၁ ရက်နေ့က ပထမ အကြိမ် ရောင်းချခဲ့ရာ ငါးဖမ်းကွက် ၁၉ ကွက်သာ ရောင်းချခဲ့ရကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ဒုတိယ အကြိမ် ရောင်းချရာတွင်လည်း ၄ ကွက်သာ ရောင်းချခဲ့ရကြောင်း နှစ်ကြိမ်ရောင်းမှ ငွေကျပ်သိန်း ၁၀၀၀ ပင် မပြည့်ကြောင်း ဦးစီးအရာရှိ ဦးတိုးအောင် က ဆက်ပြောသည်။

ယမန်နှစ်က ပထမအကြိမ်မှာပင် ပိုက်ချက် ၈၈ ချက်အထိ လေလံရောင်းချခဲ့ရပြီး ငွေကျပ်သိန်းပေါင်း ၈၂၀၀ ကျော်ရရှိသည်ဟု မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရှိ စာရင်းဇယားများ အရ သိရသည်။

မွန်ပြည်နယ်အတွင်း ငါးဖမ်းရာသီကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စပြီး ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ သတ်မှတ်ထားသည်ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

*** ZAWGYI ***
ကိုဗစ္-၁၉ ေၾကာင့္ မြန္ျပည္နယ္ ငါးေစ်းကြက္ပ်က္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၄ ရက္။

COVID-19 ကူးစက္ေရာဂါေၾကာင့္ မြန္ျပည္နယ္ ငါးေစ်းကြက္ ပ်က္ေနသည့္ အေနအထားတြင္ ရွိေနၿပီး ေရ လုပ္သားမ်ား အခက္အခဲႀကံဳေတြ႔ေနရသည္ဟု ျပည္နယ္အတြင္းရွိ ေရလုပ္သားမ်ားႏွင့္ ငါးလုပ္ငန္းရွင္မ်ား က ေျပာသည္။

မြန္ျပည္နယ္မွ ထြက္သည့္ ငါး ၈၀ ရာခိုင္ႏႈန္းခန္႔ကို ယခင္က တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ေရာင္းခ်လ်ွက္ ရွိခဲ့ၿပီး ေစ်းေကာင္းရရွိလ်ွက္ရွိရာမွ COVID-19 ေၾကာင့္ တ႐ုတ္ႏိုင္ငံသို႔ ငါးမတင္ပို႔ႏိုင္ေတာ့ပဲ ငါးေစ်းက်ကာ လက္ရွိတြင္ ငါးေစ်းကြက္ပ်က္ေနသည့္ အေနအထားျဖစ္ေနသည္ ဟု ငါးလုပ္ငန္းရွင္မ်ား က ေျပာသည္။

“COVID-19 ျဖစ္ေနေတာ့ ငါးေစ်းႏႈန္းေပါ့ေနာ္ တ႐ုတ္ျပည္ ေစ်းကြက္ပ်က္သြားတယ္။ ငါးကုမၸဏီေတြကလည္း အဝယ္မရွိဘူး။ ငါးေစ်းကြက္ပ်က္ေနတဲ့အတြက္ကို ေရလုပ္ငန္းမွာ လုပ္ေနတဲ့ ေရလုပ္သားေတြ ရပ္တည္ဖို႔ အတြက္ေပါ့ေနာ္ အခုခ်ိန္မွာေတာ့ ဆင္းရဲဒုကၡနဲ႔ ျဖတ္သန္းေနရတယ္” ဟု ငါးလုပ္ငန္းရွင္ ဦးဝင္းေအာင္က ေျပာ သည္။

လက္ရွိတြင္ မြန္ျပည္နယ္မွ ထြက္သည့္ ငါးမ်ားကို ျပည္တြင္း စားသံုးမႈအတြက္ႏွင့္ ငါးေျခာက္လုပ္ရန္ အတြက္ သာ အသံုးျပဳေနရသည္ ဟု ငါးလုပ္ငန္းရွင္မ်ား က ေျပာသည္။

ေတာင္ဆြဲပိုက္လုပ္ငန္းရွင္ ကိုတင္ေဆြ က “ငါးေစ်းကြက္မရွိေတာ့ဘူး။ ငါးအဝယ္ဒိုင္ေတြ ကုမၸဏီေတြကလည္း မဝယ္ဘူး။ က်ေနာ္တို႔ တ႐ုတ္ကို ပို႔ေနတဲ့ ေစ်းေကာင္းရတဲ့ ငါးေတြက ျပည္တြင္း စားသံုးဖို႔နဲ႔ ငါးေျခာက္လုပ္ဖို႔ပဲ ရတယ္၊ အရင္ကဆိုရင္ တ႐ုတ္ျပည္တင္တဲ့အတြက္ ငါးေတြ ေစ်းေကာင္းေကာင္းရတယ္။ အခုေတာ့ export မရွိေတာ့ ေစ်းေကာင္းေကာင္းမရဘူး” ဟု ေျပာသည္။

ျပည္ပ တင္ပို႔စဥ္ အခ်ိန္က တစ္ပိႆာ ၅ ေသာင္းက်ပ္ရရွိေနသည့္ ငါးသည္ ယခုအခါမွာ တစ္ပိႆာ ၁၂၀၀၀ က်ပ္ ခန္႔သာ ရရွိေနသည္ ဟု လည္း ငါးလုပ္ငန္းရွင္မ်ားက ေျပာသည္။

“မႏွစ္က ငါး အခ်ိန္ ၁၀၀ ရတယ္။ ပိုက္ဆံမနည္းဘူးရတယ္။ ဒီႏွစ္ ငါးအခ်ိန္ ၃၀၀ ရတယ္ ပိုက္ဆံ အဲ့ေလာက္ မရဘူး။ ေစ်းႏႈန္းမရွိဘူး ေစ်းႏႈန္း တဝက္မက က်သြားတယ္” ဟု ငါးလုပ္ငန္းရွင္ ဦးေအးခိုင္က ေျပာသည္။

ငါးေစ်းကြက္ပ်က္ေနျခင္းႏွင့္ ျပည္ပသို႔ ငါး တင္ပို႔ႏိုင္ျခင္းမရွိသည့္ အေျခအေနေၾကာင့္ ၂၀၂၀-၂၀၂၁ ခုႏွစ္ ငါးဖမ္းရာသီအတြက္ ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာနက တင္ဒါေရာင္းခ်သည့္ ငါးဖမ္းကြက္မ်ားလည္း ဝယ္ယူမႈ နည္းပါးေနသည္ဟု ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။

ျပည္နယ္ငါးလုပ္ငန္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္တိုး “အရင္ႏွစ္ေတြဆိုရင္ ပထမအႀကိမ္ (တင္ဒါ) ပစ္ လိုက္ၿပီးဆို လူရာနဲ႔ခ်ီလာၿပီးေတာ့ တစ္ခ်က္မွာ လူ ၈ ေယာက္ ၉ ေယာက္ ၿပိဳင္ၾကတာ။ အခုကက်ေတာ့ COVID-19 ကျဖစ္ေတာ့ စီးပြားေရးက ႐ုိက္ခတ္လာတယ္။ အဲေတာ့ မႏွစ္ကဝယ္ထားတဲ့ တန္ဖိုးေတာင္မွ မေပး ႏိုင္ေလာက္ေအာင္ အေနအထားေတြ ျဖစ္လာတယ္” ဟု ေျပာသည္။

ယခုႏွစ္ ငါးလုပ္ငန္းရာသီအတြက္ အထူးတင္ဒါငါးဖမ္းကြက္ ၁၀၀ ေက်ာ္ကို ၾသဂုတ္လ ၁၁ ရက္ေန႔က ပထမ အႀကိမ္ ေရာင္းခ်ခဲ့ရာ ငါးဖမ္းကြက္ ၁၉ ကြက္သာ ေရာင္းခ်ခဲ့ရေၾကာင္း ၾသဂုတ္လ ၁၃ ရက္ေန႔က ဒုတိယ အႀကိမ္ ေရာင္းခ်ရာတြင္လည္း ၄ ကြက္သာ ေရာင္းခ်ခဲ့ရေၾကာင္း ႏွစ္ႀကိမ္ေရာင္းမွ ေငြက်ပ္သိန္း ၁၀၀၀ ပင္ မျပည့္ေၾကာင္း ဦးစီးအရာရွိ ဦးတိုးေအာင္ က ဆက္ေျပာသည္။

ယမန္ႏွစ္က ပထမအႀကိမ္မွာပင္ ပိုက္ခ်က္ ၈၈ ခ်က္အထိ ေလလံေရာင္းခ်ခဲ့ရၿပီး ေငြက်ပ္သိန္းေပါင္း ၈၂၀၀ ေက်ာ္ရရွိသည္ဟု မြန္ျပည္နယ္ငါးလုပ္ငန္းဦးစီးဌာနရွိ စာရင္းဇယားမ်ား အရ သိရသည္။

မြန္ျပည္နယ္အတြင္း ငါးဖမ္းရာသီကို ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔မွ စၿပီး ၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔ သတ္မွတ္ထားသည္ဟု ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။