AA အား ပစ်ပယ်ခြင်း မပြုရန် KNLA ကြေညာချက်ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်။
ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်ဝေါ်သမုတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များမှ ပစ်ပယ်ထားခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်မှုကို ခြိမ်းခြောက် နေ သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က ပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြင့် ခေါ်ဆိုမှုများကို ဖယ် ရှာပြီး အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ရန် ကရင့်အမျိုးသား အစည်းအရုံး KNU ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သော ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က တိုက်တွန်းတောင်းဆို လိုက်သည်။
KNLA ပြောရေးဆိုခွင့်ရှိသူ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါင်း က “အဓိက ပြောချင်တာ က တော့ ဒီတိုင်းရင်းသား လူမျိုးစုအပေါ်မှာက တန်းတူအခွင့်အရေးတွေပေးဖို့နဲ့ အခုဖြစ်ရှိနေတဲ့ စစ်ရေး ပဋိပက္ခတွေကို အတတ်နိုင်ဆုံး ၂ ဦး ၂ ဖက်က အပြန်အလှန်နားလည်မှု ရှိဖို့နဲ့ ဒီစားပွဲဝိုင်းမှာလည်း သူတို့ကို ဖိတ်ခေါ် ဆွေးနွေးဖို့လည်း လိုအပ်တယ်လို့ ကျနော်အနေနဲ့ အဲလိုပြောချင်တယ်” ဟု ပြောသည်။
KNLA အနေဖြင့် ရက္ခိုင့်တပ်တော် AA အား အစိုးရက အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသကဲ့သို့ ၎င်းတို့အနေဖြင့် မမြင်ကြောင်း အမျိုးသားများ လွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး အဖွဲ့အဖြစ်သာ မြင်သည်ဟု ဆိုသည်။
အစိုးရက AA အား ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိသည့်အပေါ် မန်းရှာထုဝေါင်း က “AA ရက္ခိုင့် တပ်တော်ကိုလည်း ပင်လုံညီလာခံမှာ တက်ရောက်ခွင့်မရဘူး ဖိတ်ကြားခွင့်လည်း မရတဲ့အပေါ်မှာ ဒါက အဓိကက ကျနော်တို့က အားလုံး ပါဝင်ရေးမူနဲ့ ကျနော်တို့က သွားရမယ့် နေရာမှာ အဲလိုချန် လှပ်ထားခြင်း ခံရတဲ့အတွက် သူတို့အတွက်ကိုလည်း ကျနော်တို့က ပါစေချင်တယ်” ဟု ပြောသည်။
အစိုးရမှ ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ် ထားသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ခေါ်ရန် မဖြစ်နိုင်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုထားပြီး အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားခြင်း မရှိသည့် AA ၏ မဟာမိတ် အဖွဲ့များကိုသာ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ထိုသို့ဖိတ်ကြားမှုကြောင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က အဖွဲ့ဝင်များအားလုံး ညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မန်းရှာထုဝေါင်းက “တကယ်လို့သာ အားလုံးပါဝင်လာရင်တော့ အဆင်ပြေမှုကတော့ ပိုများလာတာပေါ့ဗျာ။ အားလုံးမပါဝင်တဲ့ အခါကျတော့ ဘယ်လိုမှ ပြည်တွင်းငြိမ်းချမ်းရေးက စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလို့ ကျနော်တို့ ပြောလို့ မရဘူးဖြစ်တာပေါ့လေ” ဟုပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို မဖြေရှင်းနိုင်ပါက ဒေသခံ ပြည်သူ များ ၏ ဘဝလုံခြုံရေး၊ နေထိုင်စားသောက်ရေးနှင့် လူမှုဘဝများမှာ ယခုထက်ပိုမို ဆိုးဝါးလာနိုင်သည့်အတွက် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်လိုသည်ဟု ဆိုသည်။
လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းရန်နှင့် ရေရှည်တည့်တံ့ခိုင်မြဲပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိရန် အတွက် မည့်သူကိုမျှ ချန်လှပ်မထားပဲ မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ အားလုံးကို ဖိတ်ခေါ်ရန် လိုအပ်သည်ဟု ပြောသည်။
*** ZAWGYI ***
AA အား ပစ္ပယ္ျခင္း မျပဳရန္ KNLA ေၾကညာခ်က္ထုတ္ျပန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၉ ရက္။
ရကၡိဳင့္တပ္ေတာ္ AA အား အၾကမ္းဖက္အဖြဲ႔အစည္းဟု ေခၚေ၀ၚသမုတ္ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ မ်ားမွ ပစ္ပယ္ထားျခင္းသည္ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈကို ၿခိမ္းေျခာက္ ေန သည္ဟု ကရင္အမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA က ေျပာသည္။
ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ရကၡိဳင့္တပ္ေတာ္ AA အား အၾကမ္းဖက္အဖြဲ႔အစည္းအျဖင့္ ေခၚဆိုမႈမ်ားကို ဖယ္ ရွာၿပီး အျမန္ဆံုးေတြ႕ဆံု ေဆြးေႏြးမႈကို ျပဳလုပ္ရန္ ကရင့္အမ်ဳိးသား အစည္းအရံုး KNU ၏ စစ္ဘက္ဆိုင္ရာ အဖြဲ႔အစည္း ျဖစ္ေသာ ကရင့္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA က တိုက္တြန္းေတာင္းဆို လိုက္သည္။
KNLA ေျပာေရးဆိုခြင့္ရွိသူ တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္မွဴးခ်ဳပ္ မန္းရွာထုေဝါင္း က “အဓိက ေျပာခ်င္တာ က ေတာ့ ဒီတိုင္းရင္းသား လူမ်ိဳးစုအေပၚမွာက တန္းတူအခြင့္အေရးေတြေပးဖို႔နဲ႔ အခုျဖစ္ရွိေနတဲ့ စစ္ေရး ပဋိပကၡေတြကို အတတ္ႏိုင္ဆံုး ၂ ဦး ၂ ဖက္က အျပန္အလွန္နားလည္မႈ ရွိဖို႔နဲ႔ ဒီစားပြဲဝိုင္းမွာလည္း သူတို႔ကို ဖိတ္ေခၚ ေဆြးေႏြးဖို႔လည္း လိုအပ္တယ္လို႔ က်ေနာ္အေနနဲ႔ အဲလိုေျပာခ်င္တယ္” ဟု ေျပာသည္။
KNLA အေနျဖင့္ ရကၡိဳင့္တပ္ေတာ္ AA အား အစိုးရက အၾကမ္းဖက္အဖြဲ႔အစည္းဟု သတ္မွတ္ထားသကဲ့သို႔ ၎တို႔အေနျဖင့္ မျမင္ေၾကာင္း အမ်ိဳးသားမ်ား လြတ္ေျမာက္ေရးႏွင့္ တန္းတူအခြင့္အေရးအတြက္ လက္နက္ကိုင္ တိုက္ပြဲ၀င္ေနသည့္ ေတာ္လွန္ေရး အဖြဲ႔အျဖစ္သာ ျမင္သည္ဟု ဆိုသည္။
အစိုးရက AA အား ၂၁ ရာစု ပင္လံုညီလာခံ တက္ေရာက္ရန္ ဖိတ္ၾကားျခင္း မရွိသည့္အေပၚ မန္းရွာထုေဝါင္း က “AA ရကၡိဳင့္ တပ္ေတာ္ကိုလည္း ပင္လံုညီလာခံမွာ တက္ေရာက္ခြင့္မရဘူး ဖိတ္ၾကားခြင့္လည္း မရတဲ့အေပၚမွာ ဒါက အဓိကက က်ေနာ္တို႔က အားလံုး ပါ၀င္ေရးမူနဲ႔ က်ေနာ္တို႔က သြားရမယ့္ ေနရာမွာ အဲလိုခ်န္ လွပ္ထားျခင္း ခံရတဲ့အတြက္ သူတို႔အတြက္ကိုလည္း က်ေနာ္တို႔က ပါေစခ်င္တယ္” ဟု ေျပာသည္။
အစိုးရမွ ရကၡိဳင့္တပ္ေတာ္ AA အား အၾကမ္းဖက္အဖြဲ႔အစည္းဟု သတ္မွတ္ ထားသည့္အတြက္ ၂၁ ရာစု ပင္လံုညီလာခံသို႔ ဖိတ္ေခၚရန္ မျဖစ္ႏိုင္ေၾကာင္း သမၼတရံုး ေျပာခြင့္ရ ဦးေဇာ္ေဌးက သတင္းစာ ရွင္းလင္း ပြဲတြင္ ေျပာဆိုထားၿပီး အၾကမ္းဖက္အဖြဲ႔အစည္းဟု သတ္မွတ္ထားျခင္း မရွိသည့္ AA ၏ မဟာမိတ္ အဖြဲ႔မ်ားကိုသာ ညီလာခံသို႔ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့သည္။
ထိုသို႔ဖိတ္ၾကားမႈေၾကာင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔၏ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC က အဖြဲ႔၀င္မ်ားအားလံုး ညီလာခံသို႔ မတက္ေရာက္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။
မန္းရွာထုေဝါင္းက “တကယ္လို႔သာ အားလံုးပါ၀င္လာရင္ေတာ့ အဆင္ေျပမႈကေတာ့ ပိုမ်ားလာတာေပါ့ဗ်ာ။ အားလံုးမပါ၀င္တဲ့ အခါက်ေတာ့ ဘယ္လိုမွ ျပည္တြင္းၿငိမ္းခ်မ္းေရးက စစ္မွန္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးလို႔ က်ေနာ္တို႔ ေျပာလို႔ မရဘူးျဖစ္တာေပါ့ေလ” ဟုေျပာသည္။
လက္ရွိ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနသည့္ စစ္ေရး ပဋိပကၡမ်ားကို မေျဖရွင္းႏိုင္ပါက ေဒသခံ ျပည္သူ မ်ား ၏ ဘ၀လံုျခံဳေရး၊ ေနထိုင္စားေသာက္ေရးႏွင့္ လူမႈဘ၀မ်ားမွာ ယခုထက္ပိုမို ဆိုးဝါးလာႏိုင္သည့္အတြက္ အျမန္ဆံုးေတြ႕ဆံုေဆြးေႏြးရန္လိုသည္ဟု ဆိုသည္။
လက္နက္ကိုင္ ပဋိပကၡမ်ားကို ခ်ဳပ္ၿငိမ္းရန္ႏွင့္ ေရရွည္တည့္တံ့ခိုင္ၿမဲၿပီး စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးကို ရရွိရန္ အတြက္ မည့္သူကိုမွ် ခ်န္လွပ္မထားပဲ ျမန္မာႏိုင္ငံေရးတြင္ ပါ၀င္ပတ္သက္ေနသူ အားလံုးကို ဖိတ္ေခၚရန္ လိုအပ္သည္ဟု ေျပာသည္။