COVID-19 ပြည်တွင်း ကူးစက်မှုကြောင့် စစ်တွေ ဒေသခံများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် သြဂုတ်လ ၂၀ ရက်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 ရောဂါကူးစက်ခံရသူ ၄ ရက်အတွင်း ၄ ဦးရှိလာသည့် အတွက် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၁၉ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည့် သတင်း ထုတ် ချက်အရ ပြည်ပခရီးသွားရာဇဝင်မရှိသည့် စစ်တွေမြို့က လူသုံးဦးတွင် COVID-19 ကိုရိုနာဗိုင်း ရပ်စ်ရောဂါ ပိုး တွေ့ ရှိရကြောင်း ထုတ်ပြန်လိုက်သည့်အတွက် စိုးရိမ်မှုများ မြှင့်တက်နေသည်ဟု ဒေသခံများ က ပြောသည်။
စစ်တွေမြို့ ဒေသခံ ဦးထွန်းအောင် က “အခုက ပြဿနာက ကျနော်တို့က CB ဘဏ်ဝန်ထမ်းမှာ ရှိတယ်ဆိုက တည်းက စိုးရိမ်နေ တာပါ။ ဘဏ်ဝန်ထမ်းဆိုတော့ သူက ဆက်စပ်မှု၊ ထိတွေ့ မှုလည်းများမယ်။ ပြည်တွင်း ကူးစက်မှုလို့လည်း ပြောလို့ရတာပေါ့နော်။ သူက ခရီးလည်းထွက်ထားတာရှိတယ်။ ဘယ်က ဘယ်သူ့ဆီက ကူး တယ်ဆိုတာလည်း အဖြေမသိသေးဘူးဆိုတော့ သေချာတာတစ်ခုကတော့ ကျနော်တို့ဆီမှာ ရှိနေတယ် ဆို တာပဲဗျ။ အခုလည်း လူနာက သုံးယောက်တောင် ထပ်တိုးတယ်။ အဲ့ဒါကြောင့် ဒီကြားထဲမှာ positive လူနာ တွေ ထပ်ရှိမယ်ဆိုရင်တော့ ပိုပြီး စိုးရိမ်ရတော့မယ်” ဟု ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံထားရကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းကို လူနာအမှတ် ၃၇၅ အဖြစ် သတ်မှတ်ထားသည်။
သြဂုတ်လ ၁၉ ရက်နေ့က အတည်ပြုလိုက်သည့် ထပ်မံ ကူးစက်ခံရသူ သုံးဦးမှာ လူနာအမှတ် ၃၇၅ နှင့် ထိတွေ့ ခဲ့သူနှစ်ဦးဦးဖြစ်ပြီး ကျန်တစ်ဦးကတော့ NGO ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က သတင်းမီဒီယာများအား ပြောဆိုထားသည်။
စစ်တွေမြို့အတွင်း စစ်ရှောင် လေးထောင်ခန့်ရှိသည့်အတွက် ရောဂါကူးစက်မှုများ ထပ်မံတိုးလာမည်ကို စိုးရိမ် နေရသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ဘဏ်ဝန်ထမ်းက ကျောက်ဖြူသွားထားတယ်၊ ပုဏ္ဏားကျွန်းကိုလည်း သွားထားတယ်။ ဒီလူနာကလည်း ပြည်တွင်းကူးစက်မှု ဖြစ်တာပေါ့။ ပိုပြီးစိုးရိမ်ရတာပေါ့ဗျာ။ အခုဆက်ပြီး ကူးတာတွေတွေ့တော့ IDPs Camp တွေကိုလည်း ကူးစက် နိုင်ချေရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တွေမှာက IDPs တွေက လေးထောင်ဝန်းကျင်လောက်ရှိနေ တယ်။ ဒီ IDPs Camp က လူတွေကလည်း အပြင်မှာ သွား လာနေကြတာတွေရှိတယ်။ ရရာ အလုပ် လုပ်နေ ကြတယ်။ ဈေးတွေမှာလည်း အလုပ်လုပ်နေကြတယ်လေ။ အခုမြန်မြန်လေးပေါ့နော် ဘယ်လိုမျိုး ဘယ်ကနေ ကူးစက်တယ်ဆိုတာမျိုး ရှာဖွေစစ်ဆေးပြီး ထုတ်ပြန်နိုင်ရင်တော့ ပိုပြီးကောင်းမယ်” ဟု ပြောသည်။
စစ်တွေမြို့အတွင်း သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းမှ စတင်၍ အသွားအလာ လျှော့နည်းလာသည်ကို တွေ့ ရသော်လည်း ပေါ့ဆနေသူများလည်း အများအပြားရှိနေသေးသည်ဟု ဒေသခံများ က ပြောသည်။
ယခုကဲ့သို့ ပြည်တွင်းကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာရခြင်းသည် COVID-19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထိရောက်စွာ လုပ်ဆောင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
“အစိုးရကို ပြောချင်တာကတော့ ကျနော်တို့ ဘယ်လောက်ပဲ စစ်ဆေးနေပါစေ၊ တားဆီးကာကွယ်မှုတွေက အားနည်းချက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်တွင်းမှာ လူမသိသူမသိလူနာတွေ ရှိနိုင်တယ်ဆိုတာ မျိုး ပြောခဲ့တာရှိတယ်။ အဲ့လိုမျိုးပြောခဲ့ပေမယ့် နောက်ပိုင်း ပိုးတွေ့လူနာတွေကလည်း Negative ဖြစ်သွားတယ်၊ အဲ့တော့ အစိုးရဌာနဆိုင်ရာတွေ နောက်ပြီး COVID နဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်သူတွေက အရမ်းကို အားနည်းသွားခဲ့တယ်။ လုပ်ဆောင်မှုတွေက လျော့ချလိုက်တဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ပြောရမယ်ဆိုရင် ဌာဆိုင်ရာတွေကအစ Mask တွေမတပ်တာတို့၊ လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာတာတွေ တွေ့ရ တယ်။ အပူချိန်တိုင်းတာတွေ့ က အစ သိပ်မလုပ်ကြတော့ဘူး။”
လူနာအမှတ် ၃၇၅ နှင့် ဆက်စပ်ထိတွေ့သူ တစ်ရာကျော်အား စောင့်ကြည့်လူနာများအဖြစ် ထားရှိကာ ဆေး စစ်ချက်များ၊ နမူနာများ ရယူကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်တွေမြို့ အဝင်အထွက်များ ကန့်သတ်မှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
“ကူးစက်မှုတွေကို မပေါ့ဆစေချင်ဘူး ဖြစ်နိုင်ရင် စစ်တွေအဝင်အထွက်တွေကို ကန့်သတ်တာမျိုး၊ Lockdown လုပ်လိုက်တာမျိုးတွေ လုပ်သင့်တယ်။ ပိုးတွေလူနဲ့ ဆက်စပ်တဲ့လူတွေ၊ နောက်ပြီး ရုံးတွေကို ပိတ်လိုက်တာမျိုး တွေလည်း လုပ်စေချင်တယ်။ ဘဏ်ဝန်ထမ်းနဲ့ ထိတွေ့ခဲ့တဲ့လူတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျန်းမာ ရေးဌာနက ထုတ်ပြန်ထားတာလည်း တွေ့တယ်။ ဒါပေမယ့် ဒီရောဂါက ပေါ့ဆလို့မရဘူးဗျ၊ ကျောက်ဖြူမှာ စစ် ရှောင်တွေမရှိပေမယ့် ပုဏ္ဏားကျွန်းနဲ့ စစ်တွေမှာဆိုရင် IDPs တွေရှိတယ်။ အဲ့ဒီတွေထဲ ရောက်သွားပြီဆိုရင် မလွယ်ဘူး” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီး၌ စောင့်ကြည့်လူနာဖြစ်သူ လူနာအမှတ် ၃၇၅ နှင့် အလားတူ လူနာအမှတ် ၃၇၇ တို့သည် ဒေသတွင်း ကူးစက်ခံရမှုများဖြစ်ပြီး မည်သူ့ထံမှ စတင်ကူးစက်ခဲ့သည်ကို မသိရှိရသေးပါသဖြင့် ကြိုးစား၍ လိုက်လံရှာဖွေနေရဆဲဖြစ်ကြောင်း၊ လူနာအမှတ် ၃၇၅ နှင့် ဆက်စပ်ထိတွေ့ခဲ့သူများအနက် လူနာ အမှတ် ၃၇၈ နှင့် ၃၇၉ တို့အား ထပ်မံရှာဖွေတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ် ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၀ ဦးရှိပြီဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ် ပေါက်လာနိုင်သည့် အလားအလာများစွာရှိနေသည့်အတွက် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်များတွင်နေရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ပဲ လုံးဝမသွားကြရန် အပါအဝင် လိုက်နာရမည့် အချက်(၈) ချက် ကို လည်း ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၉ ရက်နေ့ ည (၈) နာရီ အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် ၁၅ ဦး ထပ်မံ တွေ့ရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၃၉၄ ဦး ရှိပြီ ဖြစ်သည်။
*** ZAWGYI ***
COVID-19 ျပည္တြင္း ကူးစက္မႈေၾကာင့္ စစ္ေတြ ေဒသခံမ်ား စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၂၀ ရက္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ COVID-19 ေရာဂါကူးစက္ခံရသူ ၄ ရက္အတြင္း ၄ ဦးရွိလာသည့္ အတြက္ ေဒသခံမ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက စိုးရိမ္ေနၾကသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၾသဂုတ္လ ၁၉ ရက္ေန႔ တြင္ ထုတ္ျပန္လိုက္သည့္ သတင္း ထုတ္ ခ်က္အရ ျပည္ပခရီးသြားရာဇဝင္မရွိသည့္ စစ္ေတြၿမိဳ႕က လူသံုးဦးတြင္ COVID-19 ကိုရိုနာဗိုင္း ရပ္စ္ေရာဂါ ပိုး ေတြ႕ ရွိရေၾကာင္း ထုတ္ျပန္လိုက္သည့္အတြက္ စိုးရိမ္မႈမ်ား ျမွင့္တက္ေနသည္ဟု ေဒသခံမ်ား က ေျပာသည္။
စစ္ေတြၿမိဳ႕ ေဒသခံ ဦးထြန္းေအာင္ က “အခုက ျပႆနာက က်ေနာ္တုိ႔က CB ဘဏ္ဝန္ထမ္းမွာ ရွိတယ္ဆိုက တည္းက စိုးရိမ္ေန တာပါ။ ဘဏ္ဝန္ထမ္းဆိုေတာ့ သူက ဆက္စပ္မႈ၊ ထိေတြ႕ မႈလည္းမ်ားမယ္။ ျပည္တြင္း ကူးစက္မႈလို႔လည္း ေျပာလို႔ရတာေပါ့ေနာ္။ သူက ခရီးလည္းထြက္ထားတာရွိတယ္။ ဘယ္က ဘယ္သူ႔ဆီက ကူး တယ္ဆုိတာလည္း အေျဖမသိေသးဘူးဆိုေတာ့ ေသခ်ာတာတစ္ခုကေတာ့ က်ေနာ္တုိ႔ဆီမွာ ရွိေနတယ္ ဆို တာပဲဗ်။ အခုလည္း လူနာက သံုးေယာက္ေတာင္ ထပ္တိုးတယ္။ အဲ့ဒါေၾကာင့္ ဒီၾကားထဲမွာ positive လူနာ ေတြ ထပ္ရွိမယ္ဆုိရင္ေတာ့ ပိုၿပီး စိုးရိမ္ရေတာ့မယ္” ဟု ေျပာသည္။
ၾသဂုတ္လ ၁၆ ရက္ေန႔ စစ္ေတြၿမိဳ႕ရွိ ဘဏ္ဝန္ထမ္းတစ္ဦး COVID-19 ကူးစက္ခံထားရေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ၎ကို လူနာအမွတ္ ၃၇၅ အျဖစ္ သတ္မွတ္ထားသည္။
ၾသဂုတ္လ ၁၉ ရက္ေန႔က အတည္ျပဳလုိက္သည့္ ထပ္မံ ကူးစက္ခံရသူ သံုးဦးမွာ လူနာအမွတ္ ၃၇၅ ႏွင့္ ထိေတြ႕ ခဲ့သူႏွစ္ဦးဦးျဖစ္ၿပီး က်န္တစ္ဦးကေတာ့ NGO ဝန္ထမ္းတစ္ဦးျဖစ္သည္ဟု စစ္ေတြေဆးရံုအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္က သတင္းမီဒီယာမ်ားအား ေျပာဆိုထားသည္။
စစ္ေတြၿမိဳ႕အတြင္း စစ္ေရွာင္ ေလးေထာင္ခန္႔ရွိသည့္အတြက္ ေရာဂါကူးစက္မႈမ်ား ထပ္မံတိုးလာမည္ကို စိုးရိမ္ ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က “ဘဏ္ဝန္ထမ္းက ေက်ာက္ျဖဴသြားထားတယ္၊ ပုဏၰားကၽြန္းကိုလည္း သြားထားတယ္။ ဒီလူနာကလည္း ျပည္တြင္းကူးစက္မႈ ျဖစ္တာေပါ့။ ပိုၿပီးစိုးရိမ္ရတာေပါ့ဗ်ာ။ အခုဆက္ၿပီး ကူးတာေတြေတြ႕ေတာ့ IDPs Camp ေတြကိုလည္း ကူးစက္ ႏုိင္ေခ်ရွိလာတယ္။ ဘာေၾကာင့္လဲဆုိေတာ့ စစ္ေတြမွာက IDPs ေတြက ေလးေထာင္ဝန္းက်င္ေလာက္ရွိေန တယ္။ ဒီ IDPs Camp က လူေတြကလည္း အျပင္မွာ သြား လာေနၾကတာေတြရွိတယ္။ ရရာ အလုပ္ လုပ္ေန ၾကတယ္။ ေစ်းေတြမွာလည္း အလုပ္လုပ္ေနၾကတယ္ေလ။ အခုျမန္ျမန္ေလးေပါ့ေနာ္ ဘယ္လိုမ်ိဳး ဘယ္ကေန ကူးစက္တယ္ဆုိတာမ်ိဳး ရွာေဖြစစ္ေဆးၿပီး ထုတ္ျပန္ႏုိင္ရင္ေတာ့ ပိုၿပီးေကာင္းမယ္” ဟု ေျပာသည္။
စစ္ေတြၿမိဳ႕အတြင္း ၾသဂုတ္လ ၁၆ ရက္ေန႔ ေနာက္ပိုင္းမွ စတင္၍ အသြားအလာ ေလ်ွာ့နည္းလာသည္ကို ေတြ႔ ရေသာ္လည္း ေပါ့ဆေနသူမ်ားလည္း အမ်ားအျပားရွိေနေသးသည္ဟု ေဒသခံမ်ား က ေျပာသည္။
ယခုကဲ့သို႔ ျပည္တြင္းကူးစက္မႈမ်ား ထပ္မံျဖစ္ေပၚလာရျခင္းသည္ COVID-19 ေရာဂါ ကာကြယ္ တားဆီးေရး လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ထိေရာက္စြာ လုပ္ေဆာင္မႈ မရွိျခင္းေၾကာင့္ ျဖစ္သည္ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
“အစိုးရကို ေျပာခ်င္တာကေတာ့ က်ေနာ္တုိ႔ ဘယ္ေလာက္ပဲ စစ္ေဆးေနပါေစ၊ တားဆီးကာကြယ္မႈေတြက အားနည္းခ်က္ေတြရွိတဲ့အတြက္ေၾကာင့္မို႔လို႔ ျပည္တြင္းမွာ လူမသိသူမသိလူနာေတြ ရွိႏုိင္တယ္ဆိုတာ မ်ိဳး ေျပာခဲ့တာရွိတယ္။ အဲ့လိုမ်ိဳးေျပာခဲ့ေပမယ့္ ေနာက္ပိုင္း ပိုးေတြ႕လူနာေတြကလည္း Negative ျဖစ္သြားတယ္၊ အဲ့ေတာ့ အစိုးရဌာနဆုိင္ရာေတြ ေနာက္ၿပီး COVID နဲ႔ ပတ္သက္ၿပီး လိုက္ပါေဆာင္ရြက္သူေတြက အရမ္းကို အားနည္းသြားခဲ့တယ္။ လုပ္ေဆာင္မႈေတြက ေလ်ာ့ခ်လိုက္တဲ့ အေျခအေနမ်ိဳးမွာ ရွိတယ္။ ေျပာရမယ္ဆိုရင္ ဌာဆုိင္ရာေတြကအစ Mask ေတြမတပ္တာတို႔၊ လိုက္နာရမယ့္ စည္းကမ္းေတြကို မလိုက္နာတာေတြ ေတြ႕ရ တယ္။ အပူခ်ိန္တိုင္းတာေတြ႕ က အစ သိပ္မလုပ္ၾကေတာ့ဘူး။”
လူနာအမွတ္ ၃၇၅ ႏွင့္ ဆက္စပ္ထိေတြ႕သူ တစ္ရာေက်ာ္အား ေစာင့္ၾကည့္လူနာမ်ားအျဖစ္ ထားရွိကာ ေဆး စစ္ခ်က္မ်ား၊ နမူနာမ်ား ရယူကာ စစ္ေဆးမႈမ်ား ျပဳလုပ္လ်ွက္ရွိသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ထားသည္။
ထို႔အျပင္ စစ္ေတြၿမိဳ႕ အဝင္အထြက္မ်ား ကန္႔သတ္မႈမ်ား လုပ္ေဆာင္ရန္ လိုအပ္သည္ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
“ကူးစက္မႈေတြကို မေပါ့ဆေစခ်င္ဘူး ျဖစ္ႏုိင္ရင္ စစ္ေတြအဝင္အထြက္ေတြကို ကန္႔သတ္တာမ်ိဳး၊ Lockdown လုပ္လုိက္တာမ်ိဳးေတြ လုပ္သင့္တယ္။ ပိုးေတြလူနဲ႔ ဆက္စပ္တဲ့လူေတြ၊ ေနာက္ၿပီး ရံုးေတြကို ပိတ္လိုက္တာမ်ိဳး ေတြလည္း လုပ္ေစခ်င္တယ္။ ဘဏ္ဝန္ထမ္းနဲ႔ ထိေတြ႕ခဲ့တဲ့လူေတြကို စစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ က်န္းမာ ေရးဌာနက ထုတ္ျပန္ထားတာလည္း ေတြ႕တယ္။ ဒါေပမယ့္ ဒီေရာဂါက ေပါ့ဆလို႔မရဘူးဗ်၊ ေက်ာက္ျဖဴမွာ စစ္ ေရွာင္ေတြမရွိေပမယ့္ ပုဏၰားကၽြန္းနဲ႔ စစ္ေတြမွာဆုိရင္ IDPs ေတြရွိတယ္။ အဲ့ဒီေတြထဲ ေရာက္သြားၿပီဆိုရင္ မလြယ္ဘူး” ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
ရခိုင္ျပည္နယ္၊ စစ္ေတြေဆး႐ုံႀကီး၌ ေစာင့္ၾကည့္လူနာျဖစ္သူ လူနာအမွတ္ ၃၇၅ ႏွင့္ အလားတူ လူနာအမွတ္ ၃၇၇ တို႔သည္ ေဒသတြင္း ကူးစက္ခံရမႈမ်ားျဖစ္ၿပီး မည္သူ႔ထံမွ စတင္ကူးစက္ခဲ့သည္ကို မသိရွိရေသးပါသျဖင့္ ႀကိဳးစား၍ လိုက္လံရွာေဖြေနရဆဲျဖစ္ေၾကာင္း၊ လူနာအမွတ္ ၃၇၅ ႏွင့္ ဆက္စပ္ထိေတြ႕ခဲ့သူမ်ားအနက္ လူနာ အမွတ္ ၃၇၈ ႏွင့္ ၃၇၉ တို႔အား ထပ္မံရွာေဖြေတြ႕ရွိခဲ့ရေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ထုတ္ ျပန္ထားသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ ရခိုင္ျပည္နယ္အတြင္း COVID-19 ေရာဂါပိုး ေတြ႕ရွိသူ ၂၀ ဦးရွိၿပီျဖစ္သည္။ COVID-19 ေရာဂါျဖစ္ပြားမႈ ဒုတိယလႈိင္းအျဖစ္ အရွိန္အဟုန္ျမင့္မားစြာျဖင့္ ေပၚ ေပါက္လာႏိုင္သည့္ အလားအလာမ်ားစြာရွိေနသည့္အတြက္ တတ္ႏုိင္သမွ် မိမိတို႔၏ ေနအိမ္မ်ားတြင္ေနရန္၊ လူစုလူေဝးရွိရာေနရာမ်ားသို႔ မလိုအပ္ပဲ လံုးဝမသြားၾကရန္ အပါအဝင္ လိုက္နာရမည့္ အခ်က္(၈) ခ်က္ ကို လည္း ထုတ္ျပန္ထားသည္။
ၾသဂုတ္လ ၁၉ ရက္ေန႔ ည (၈) နာရီ အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ သစ္ ၁၅ ဦး ထပ္မံ ေတြ႔ရွိခဲ့သည္။ ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံအတြင္း COVID-19 အတည္ျပဳလူနာ ၃၉၄ ဦး ရွိၿပီ ျဖစ္သည္။