ရွေးကောက်ပွဲ ကော်မရှင် ဘက်လိုက်မှုရှိမည်ကို တိုင်းရင်းသား ပါတီအချို့ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC သည် အစိုးရက ခန့်ထားသည့် အဖွဲ့အစည်းဖြစ်၍ လွတ်လပ်မှု မရှိခြင်းကြောင့် မျှတမှု မရှိမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား ပါတီအချို့က ပြောသည်။

ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က “ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက နိုင်ငံတကာမှာဆိုရင် Independent Body ပေါ့ဗျား လွတ်လပ်တဲ့ အဖွဲ့ အစည်းဖြစ်ရမယ်။ ကျနော်တို့ နိုင်ငံက ဖြစ်မနေဘူးဗျား။ နိုင်ငံတကာမှာ ဆိုရင် အင်မတန်လွတ်လပ်တဲ့ Independent Body တွေဖြစ်တယ်။ အစိုးရနဲ့ မသက်ဆိုင်ဘူး။ အခုကျနော်တို့ဟာက အဲလိုပုံစံဖြစ်မနေ ဘူး။” ဟုပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် အစိုးရက ခန့်အပ်ထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မ ရှင် အနေဖြင့် အစိုးရ၏ မျက်နှာကို ကြည့်နေရသည့် အနေအထားတွင် ရှိနေသည်ဟု စိုင်းကျော်ညွှန့်က ဆက်ပြောသည်။

“ပြောရမယ်ဆိုရင် အစိုးရက ခန့်ထားတာကိုး ခန့်ထားတော့ သူက သူ့ကိုခန့်ထားတဲ့သူကို သူကြည့်ရတာ ကိုး။ သူ့ Boss သူ့ သူဌေးကို သူကြည့်ရတဲ့ သဘောပေါ့ဗျာ။” ဟု မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများသည် ဘက်လိုက်တတ်သည့် သဘောသဘာ၀ ရှိခြင်းကြောင့် စိုးရိမ်ကြောင်း ဆက်ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ တစ်ခုတွင် ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍသည့် အရေးကြီးသကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် ကော်မရှင်အနေ ဖြင့် နိုင်ငံတကာ စံချိန်စံနှုန်း အတိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုလည်း ခွင့်ပြုရန်လိုအပ်သည်ဟု စိုင်းကျော်ညွှန့်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် PACE Myanmar ကို ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့အစည်းအနေဖြင့် မှတ်ပုံတင်ထားခြင်း မရှိခြင်း၊ နိုင်ငံတကာမှ ထောက်ပံ့ငွေများ ရယူသည်ဟုဆိုကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ပိတ်ပင်ခဲ့ သည်။

ထိုသို့ ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်မှုအပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု- ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက “ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ စစ်တပ်ဖက်ကနေ အသွင်ပြောင်းတဲ့ ပါတီတွေ တောင်မှ စောင့်ကြည့်တဲ့အဖွဲ့တွေ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့ အဖွဲ့တွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ပိုင်ခွင့်ပေးတယ်ဆိုတာ အခု NLD လက်ထက်မှ ဒါမျိုးတွေလည်းပေးဖို့လိုပါတယ် ဆိုတဲ့ဟာ မျိုးတော့ ပြောလိုပါတယ်” ဟု ပြောသည်။

စိုင်းကျော်ညွှန့်ကလည်း “အဓိက ဒီ Election က ဘယ်လောက် Fair ဖြစ်တယ်။ ဘယ် လောက် Free ဖြစ် သလဲပေါ့။ ဘယ်လောက် သမာသမတ်ရှိသလဲ ဘယ်လောက်လွတ်လပ်ခွင့်ရှိမလဲ ဆိုတဲ့ဟာကို တိုင်းတာဖို့ က ဘယ်လိုနဲ့ တိုင်းတာ မလဲပေါ့။ အဲဒီတိုင်းတာ နိုင်ဖို့အတွက်က စောင့်ကြည့်လေ့လာတဲ့သူ လိုတယ်။ သူ့ရဲ့ သမာသမတ်ရှိမှုပေါ့။ Accountability သူ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ဘယ်သူတွေက လေ့လာမလဲ စောင့် ကြည့်မလဲ ဆိုတာကို အဲဒီစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက အရမ်းအရေး ကြီးတယ်။ အဲဒီနေရာ မှာ ပြည်တွင်းရှိမယ် ပြည်ပရှိမယ်။ အဲဒီစောင့်ကြည့်လေ့လာခွင့်ကို မပေးဘူးဆိုရင်တော့ ဒါကရွေး ကောက်ပွဲ ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ပြောသည်။

သို့သော် အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကြောင့်သော်လည်းကောင်း အဆိုပါ အဖွဲ့အစည်းမှ ညှိနှိုင်းမှုအရသော်လည်းကောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ပြန် လည်ခွင့်ပြု ပေးခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Humanity Institute မှ မန်နေဂျာ ဂျိူးဇက်ဇော်ဖန်းက“ဒီရွေးကောက်ပွဲ စောင့်ကြည့်ခြင်းဆိုတာကျတော့ အထူး သဖြင့် ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံမှာ အထူးသဖြင့် ဒါလိုအပ်တယ်ပေါ့နော။ လိုအပ်တယ် ဆို တာ အဓိက ဒီစောင့်ကြည့်တယ်ဆိုတာ အားနည်းချက်ကိုပဲ ကြည့်ဖို့မဟုတ်ဘူးပေါ့နော အဓိက ဘယ်လိုမျိုး Process တစ်ခုလုံးကို ဥပမာ UEC ရဲ့ နေရာမှာ ပိုကောင်းအောင် လုပ်လို့ရတယ်။ တကယ့် ဒီမိုကရေစီ ပိုပြီး တော့ ရှင်သန်လာအောင်ပေါ့နော်” ဟု ပြောသည်။

၂၀၂၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် ကိုဗစ်ကာလ ဖြစ်နေသည့်အတွက် လွတ်လပ်ပြီး တရားမျှ တသည့် ရွေးကောက်ပွဲ ဖြစ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်၏ အခန်းကဏ္ဍသည့် အရေးကြီးသကဲ့သို့ စောင့်ကြည့်ရေးအဖွဲ့၏ အခန်းကဏ္ဍသည်လည်း ယခင်ကထက် ပို၍ လိုအပ်နေသည့် အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

*** ZAWGYI ***
ေရြးေကာက္ပြဲ ေကာ္မရွင္ ဘက္လိုက္မႈရွိမည္ကို တိုင္းရင္းသား ပါတီအခ်ဳိ႔ စိုးရိမ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၀ ရက္။

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC သည္ အစိုးရက ခန္႔ထားသည့္ အဖြဲ႔အစည္းျဖစ္၍ လြတ္လပ္မႈ မရွိျခင္းေၾကာင့္ မွ်တမႈ မရွိမည္ကို စိုးရိမ္ေၾကာင္း တိုင္းရင္းသား ပါတီအခ်ဳိ့က ေျပာသည္။

ရွမ္းတိုင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD တြဲဖက္ အေထြေထြ အတြင္းေရးမွဴး ၁ စိုင္းေက်ာ္ၫႊန္႔က “ေရြးေကာက္ပြဲ ေကာ္မရွင္ဆိုတာက ႏိုင္ငံတကာမွာဆိုရင္ Independent Body ေပါ့ဗ်ား လြတ္လပ္တဲ့ အဖြဲ႔ အစည္းျဖစ္ရမယ္။ က်ေနာ္တို႔ ႏိုင္ငံက ျဖစ္မေနဘူးဗ်ား။ ႏိုင္ငံတကာမွာ ဆိုရင္ အင္မတန္လြတ္လပ္တဲ့ Independent Body ေတြျဖစ္တယ္။ အစိုးရနဲ႔ မသက္ဆိုင္ဘူး။ အခုက်ေနာ္တို႔ဟာက အဲလိုပံုစံျဖစ္မေန ဘူး။”ဟုေျပာသည္။

ေရြးေကာက္ပြဲ ေကာ္မရွင္သည္ အစိုးရက ခန္႔အပ္ထားသည့္ အဖြဲ႔အစည္းျဖစ္သည့္အတြက္ ေကာ္မ ရွင္ အေနျဖင့္ အစိုးရ၏ မ်က္ႏွာကို ၾကည့္ေနရသည့္ အေနအထားတြင္ ရွိေနသည္ဟု စိုင္းေက်ာ္ၫႊန္႔က ဆက္ေျပာသည္။

“ေျပာရမယ္ဆိုရင္ အစိုးရက ခန္႔ထားတာကိုး ခန္႔ထားေတာ့ သူက သူ႔ကိုခန္႔ထားတဲ့သူကို သူၾကည့္ရတာ ကိုး။ သူ႔ Boss သူ႔ သူေဌးကို သူၾကည့္ရတဲ့ သေဘာေပါ့ဗ်ာ။” ဟု ျမန္မာနိုင္ငံရွိ အဖြဲ႔အစည္းမ်ားသည္ ဘက္လိုက္ တတ္သည့္ သေဘာသဘာ၀ ရွိျခင္းေၾကာင့္ စိုးရိမ္ေၾကာင္း ဆက္ေျပာသည္။

ထို႔အျပင္ ေရြးေကာက္ပြဲ တစ္ခုတြင္ ေရြးေကာက္ပြဲ ေကာ္မရွင္၏ အခန္းက႑သည့္ အေရးႀကီးသကဲ့သို႔ လြတ္လပ္ၿပီး တရားမွ်တသည့္ ေရြးေကာက္ပြဲ ျဖစ္ရန္အတြက္ ေကာ္မရွင္အေန ျဖင့္ ႏိုင္ငံတကာ စံခ်ိန္စံႏႈန္း အတိုင္း ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႔မ်ားကိုလည္း ခြင့္ျပဳရန္လိုအပ္သည္ဟု စိုင္းေက်ာ္ၫႊန္႔က ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႔အစည္းတစ္ခုျဖစ္သည့္ PACE Myanmar ကို ေရြးေကာက္ပြဲ ေကာ္မရွင္က အဖြဲ႔အစည္းအေနျဖင့္ မွတ္ပံုတင္ထားျခင္း မရွိျခင္း၊ ႏိုင္ငံတကာမွ ေထာက္ပံ့ေငြမ်ား ရယူသည္ဟုဆိုကာ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာခြင့္ကို ပိတ္ပင္ခဲ့ သည္။

ထိုသို႔ ေရြးေကာက္ပြဲ ေကာ္မရွင္၏ လုပ္ေဆာင္မႈအေပၚ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု- ဥကၠ႒ ၂ ဦးကြမ္ေဂါင္ေအာင္ခမ္းက “ဒါမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ စစ္တပ္ဖက္ကေန အသြင္ေျပာင္းတဲ့ ပါတီေတြ ေတာင္မွ ေစာင့္ၾကည့္တဲ့အဖြဲ႔ေတြ ေရြးေကာက္ပြဲကို ေစာင့္ၾကည့္တဲ့ အဖြဲ႔ေတြကို လြတ္လြတ္လပ္လပ္ ေစာင့္ၾကည့္ပိုင္ခြင့္ေပးတယ္ဆိုတာ အခု NLD လက္ထက္မွ ဒါမ်ိဳးေတြလည္းေပးဖို႔လိုပါတယ္ ဆိုတဲ့ဟာ မ်ိဳးေတာ့ ေျပာလိုပါတယ္” ဟု ေျပာသည္။

စိုင္းေက်ာ္ၫႊန္႔ကလည္း “အဓိက ဒီ Election က ဘယ္ေလာက္ Fair ျဖစ္တယ္။ ဘယ္ေလာက္ Free ျဖစ္ သလဲေပါ့။ ဘယ္ေလာက္ သမာသမတ္ရွိသလဲ ဘယ္ေလာက္လြတ္လပ္ခြင့္ရွိမလဲ ဆိုတဲ့ဟာကို တိုင္းတာဖို႔ က ဘယ္လိုနဲ႔ တိုင္းတာ မလဲေပါ့။ အဲဒီတိုင္းတာ ႏိုင္ဖို႔အတြက္က ေစာင့္ၾကည့္ေလ့လာတဲ့သူ လိုတယ္။ သူ႔ရဲ႕ သမာသမတ္ရွိမႈေပါ့။ Accountability သူ႔ရဲ႕ တာ၀န္ယူမႈ တာ၀န္ခံမႈကို ဘယ္သူေတြက ေလ့လာမလဲ ေစာင့္ ၾကည့္မလဲ ဆိုတာကို အဲဒီေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႔အစည္းေတြက အရမ္းအေရး ႀကီးတယ္။ အဲဒီေနရာ မွာ ျပည္တြင္းရွိမယ္ ျပည္ပရွိမယ္။ အဲဒီေစာင့္ၾကည့္ေလ့လာခြင့္ကို မေပးဘူးဆိုရင္ေတာ့ ဒါကေရြး ေကာက္ပြဲ ပြင့္လင္းျမင္သာမႈကို ေမးခြန္းထုတ္စရာ ျဖစ္လာတယ္” ဟု ေျပာသည္။

သို႔ေသာ္ အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ေတာင္းဆိုမႈမ်ားေၾကာင့္ေသာ္လည္းေကာင္း အဆိုပါ အဖြဲ႔အစည္းမွ ညွိႏႈိင္းမႈအရေသာ္လည္းေကာင္း ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာခြင့္ကို ေရြးေကာက္ပြဲေကာ္မရွင္က ျပန္ လည္ခြင့္ျပဳ ေပးခဲ့သည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အေျခစိုက္ ကခ်င္အရပ္ဖက္ အဖြဲ႔အစည္းတစ္ခုျဖစ္သည့္ Humanity Institute မွ မန္ေနဂ်ာ ဂ်ိဴးဇက္ေဇာ္ဖန္းက“ဒီေရြးေကာက္ပြဲ ေစာင့္ၾကည့္ျခင္းဆိုတာက်ေတာ့ အထူး သျဖင့္ က်ေနာ္တို႔ ဒီမိုကေရစီ အသြင္ကူးေျပာင္းစ ႏိုင္ငံမွာ အထူးသျဖင့္ ဒါလိုအပ္တယ္ေပါ့ေနာ။ လိုအပ္တယ္ ဆို တာ အဓိက ဒီေစာင့္ၾကည့္တယ္ဆိုတာ အားနည္းခ်က္ကိုပဲ ၾကည့္ဖို႔မဟုတ္ဘူးေပါ့ေနာ အဓိက ဘယ္လိုမ်ိဳး Process တစ္ခုလံုးကို ဥပမာ UEC ရဲ႕ ေနရာမွာ ပိုေကာင္းေအာင္ လုပ္လို႔ရတယ္။ တကယ့္ ဒီမိုကေရစီ ပိုၿပီး ေတာ့ ရွင္သန္လာေအာင္ေပါ့ေနာ္” ဟု ေျပာသည္။

၂၀၂၀ ခုႏွစ္တြင္ ျပဳလုပ္မည့္ ေရြးေကာက္ပြဲသည္ ကိုဗစ္ကာလ ျဖစ္ေနသည့္အတြက္ လြတ္လပ္ၿပီး တရားမွ် တသည့္ ေရြးေကာက္ပြဲ ျဖစ္ရန္အတြက္ ေရြးေကာက္ပြဲ ေကာ္မရွင္၏ အခန္းက႑သည့္ အေရးႀကီးသကဲ့သို႔ ေစာင့္ၾကည့္ေရးအဖြဲ႔၏ အခန္းက႑သည္လည္း ယခင္ကထက္ ပို၍ လိုအပ္ေနသည့္ အေနအထားတြင္ ရွိေနသည္ဟု ဆိုသည္။