ရခိုင် ကိုဗစ်-၁၉ ညမထွက်ရ အမိန့်ထုတ်ပြန်ရပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ တစ်ပါတ်အတွင်း ၂၉ ဦး ရှိလာ ပြီဖြစ်ပြီး ယခုခါ Stay At Home(အိမ်ပြင်မထွက်ရန်) အပါအဝင် ညမထွက်ရ အမိန့် ၁၄၄ ကို ထုတ်ပြန် လိုက်သည်။

ပြည်သူများအနေဖြင့် သြဂုတ်လ ၂၁ ရက်နေ့ (ယနေ့) မှ စတင်၍ နှစ်လအထိ အတတ်နိုင်ဆုံး အိမ်ထဲမှာ နေ ကြရန်နှင့် ည ၉ နာရီမှ နံနက် ၄ နာရီ အထိအပြင်မထွက်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထား သည် ဟု ဒေသခံများက ပြောသည်။

စစ်တွေ ဒေသခံ ဦးသာအောင်ခိုင် က “ကျနော်တို့ စစ်တွေမှာ ဆက်တိုက်ပိုးတွေ့တာတွေ ဖြစ်လာလို့ စာထုတ် လိုက်တာပါ။ မနေ့ညက ထုတ်တယ်။ အားလုံး အိမ်ထဲမှာပဲ နေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ဖို့ရှိရင် တစ်အိမ်ကို တစ်ယောက်၊ ဆေးရုံဆေးခန်း ကျန်းမာရေးကိစ္စဆိုရင် တစ်အိမ်ကို နှစ်ယောက်ပေါ့ အဲ့လိုသွားလာဖို့ပါ။ အရေး ပေါ်ကိစ္စတွေရှိရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးကို အကြောင်းကြားပြီး သွားလာဖို့၊ အပြင်သွားရင်လည်း Mask တွေ တပ်ဖို့၊ အဲ့ဒါတွေပါတယ်။ တခြားရပ်ကွက်တွေထဲသွားတာလာတာတွေ မလုပ်ဖို့၊ သူများရပ်ကွက်တွေ လည်း မသွားကြဖို့။ အထူးဂရုစိုက်ဖို့ အဲ့လိုရေးထားတယ်” ဟု ပြောသည်။

“ဒီနေ့တော့ အပြင်သိပ်မထွက်ကြတော့ဘူးနော်။ မနေ့ကတော့ ရောဂါကူးစက်တာတွေရှိနေလည်း ဒီလိုပဲ အားလုံးက သွားလာနေကြတာ။ နှာခေါင်းစည်း Mask လည်း တပ်တဲ့လူလည်း တပ်တယ်။ မတပ်တဲ့လူလည်း အများကြီးရှိတယ်။ အခုက အမိန့်ကို မလိုက်နာရင်တော့ အရေးယူမယ်လည်း ပြောထားတော့ ကောင်းတယ်။ တကယ်ပဲ အရေးယူမယ်ဆိုရင်တော့ ထိရောက်မှာပေါ့နော်။ ကျနော်တို့ကတော့ ရောဂါပိုးထပ်ကူးစက်မှာ ကို ကြောက်တယ်။ အားလုံးလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရက ထုတ်ပြန်တာတွေကို လိုက်နာဖို့လိုတာ ပေါ့။”

သြဂုတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ ည ၈ နာရီ အထိ ထုတ်ပြန်ထားသည့် စာရင်းများအရ စစ်တွေမြို့ မှ လူနာ ၂၈ ဦးနှင့် မြောက်ဦးမြို့ မှ လူနာ ၁ ဦး၊ စုစုပေါင်း ၂၉ ဦး ရှိပြီဖြစ်သည်။

သြဂုတ်လ ၂၀ ရက်နေ့(ယမန်နေ့) က စတင်၍ ပိုးတွေ့လူနာများ၏ နေအိမ်များနှင့် လမ်းများကို အသွားအလာ များ ကန့်သတ်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၁၆ ရက်နေ့က ၁ ဦး၊ သြဂုတ်လ ၁၉ ရက်နေ့က ၃ ဦး၊ သြဂုတ်လ ၂၀ ရက်နေ့ က ၅ ဦး၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ၂၀ ဦး၊ စသဖြင့် ဓါတ်ခွဲခန်းအတည် ပြု ပိုးတွေ့လူနာများ တွေ့ ရှိခဲ့ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “အခြေအနေကတော့ ရောဂါရှိတဲ့လူတွေက ထပ်တိုးတယ်။ အားလုံးကလည်း ပြည်တွင်းကူးစက်မှုဖြစ်နေတယ်။ နောက်တစ်ခါ ဒီလို တိုးလာပေမယ့် သွားလာမှုတွေကလည်း ရှိနေလို့ ဒီလိုအိမ်ပြင်မထွက်ရ၊ ညဘယ်အချိန်ထိ မထွက်ရဆိုတာမျိုး ကန့်သတ်ဖို့ အစိုးရဘက်က စဉ်းစားပြီး ထုတ်ပြန်တယ်လို့ နားလည်။ ဒါမျိုးကလည်း ထုတ်ပြန်ဖို့လိုတယ် ပေါ့ နော်” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်တိုက်ဖြစ်ပေါ်လာနေသည့်အတွက် စစ်တွေမြို့ အတွင်း ကန့်သတ်မိန့်များ ထုတ် ပြန်ထားပြီး၊ လေကြောင်းခရီးစဉ်အချို့ နှင့် ရေကြောင်းခရီးစဉ်အချို့အားလည်း ဆိုင်းငံ့ခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။

ထုတ်ပြန်ထားသည့် အမိန့်များကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း သတိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်မှု ပိုးတွေ့လူနာများလာသည့်အတွက် တစ်ပြည်နယ်လုံးရှိ စာသင် ကျောင်း ၄၀၀ ကျော်ကိုလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ပြီ ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

“ဒီလိုအမိန့်ထုတ်ရုံနဲ့မဟုတ်ဘူး အမိန့်ညွန်ကြားချက်တွေ ထုတ်နေရုံနဲ့လည်း မရဘူးပေါ့နော်။ တဖက်မှာလည်း ပြည်သူတွေထဲမှာ ဒီအမိန့်တွေကို လိုက်နာဖို့လိုသလို အမိန့်တွေကို လိုက်နာဖို့ခက်မယ့် ပြည်သူတွေလည်း ရှိနိုင် တယ်လေ။ ဥပမာ အခြေခံလူတန်းစားတွေ၊ စစ်ရှောင်စခန်းတွေကို ရောက်နေတဲ့ စစ်ရှောင်တွေရှိတယ်။ သူတို့ က ကြုံရာကျပန်းလုပ်နေရတာဆိုတော့ သူတို့ကိုလည်း ဘယ်လိုမျိုး လုပ်ပေးမလဲဆိုတာ သေချာစိစစ်ပြီး အလေးအနက်ထားဖို့လိုတယ်။ မဟုတ်ရင်တော့ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်ဖို့ မလွယ်လောက်ဘူး” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။

စစ်တွေမြို့ က ပိုးတွေ့လူနာများထဲတွင် အထူးကုဆရာဝန်ကြီးတစ်ဦးနှင့် သူနာပြုအချို့ ပါဝင်နေပြီး၊ သံဃာ တော်တစ်ပါးလည်းပါဝင်သည်ဟု သိရသည်။ ထို့အပြင် လူနာအမှတ် ၃၇၅ (ဘဏ်ဝန်ထမ်း) နှင့် ထိတွေ့ ဆက်စပ်သူများ၊ မိသားစုဝင်များအပြင် ထွေ/အုပ်ရုံး ဝန်ထမ်းတစ်ဦး လည်း ပါဝင်သည်။

အဆိုပါထွေ/အုပ်ဝန်ထမ်းနှင့် ထိတွေ့ခဲ့သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးတစ်ဦးလည်း အသွား အလာစောင့်ကြည့်လျှက်ရှိသည်ဟု သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံး COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့လူနာ ၄၁၉ ဦး ရှိပြီဖြစ်ပြီး၊ ဓါတ်ခွဲခန်းအတည်ပြုလူနာများအနက် သေဆုံးသူ ည ၆ ဦး ရှိပြီဖြစ်သည်။

*** ZAWGYI ***
ရခိုင္ ကိုဗစ္-၁၉ ညမထြက္ရ အမိန္႔ထုတ္ျပန္ရၿပီ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၁ ရက္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ COVID-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးေတြ႔ရွိသူ တစ္ပါတ္အတြင္း ၂၉ ဦး ရွိလာ ၿပီျဖစ္ၿပီး ယခုခါ Stay At Home(အိမ္ျပင္မထြက္ရန္) အပါအဝင္ ညမထြက္ရ အမိန္႔ ၁၄၄ ကို ထုတ္ျပန္ လိုက္သည္။

ျပည္သူမ်ားအေနျဖင့္ ၾသဂုတ္လ ၂၁ ရက္ေန႔ (ယေန႔) မွ စတင္၍ ႏွစ္လအထိ အတတ္ႏုိင္ဆံုး အိမ္ထဲမွာ ေန ၾကရန္ႏွင့္ ည ၉ နာရီမွ နံနက္ ၄ နာရီ အထိအျပင္မထြက္ၾကရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ထုတ္ျပန္ထား သည္ ဟု ေဒသခံမ်ားက ေျပာသည္။

စစ္ေတြ ေဒသခံ ဦးသာေအာင္ခိုင္ က “က်ေနာ္တုိ႔ စစ္ေတြမွာ ဆက္တုိက္ပိုးေတြ႕တာေတြ ျဖစ္လာလို႔ စာထုတ္ လိုက္တာပါ။ မေန႔ညက ထုတ္တယ္။ အားလံုး အိမ္ထဲမွာပဲ ေနၾကဖုိ႔၊ မျဖစ္မေန ေစ်းဝယ္ဖုိ႔ရွိရင္ တစ္အိမ္ကို တစ္ေယာက္၊ ေဆးရံုေဆးခန္း က်န္းမာေရးကိစၥဆုိရင္ တစ္အိမ္ကို ႏွစ္ေယာက္ေပါ့ အဲ့လိုသြားလာဖို႔ပါ။ အေရး ေပၚကိစၥေတြရွိရင္လည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးကို အေၾကာင္းၾကားၿပီး သြားလာဖုိ႔၊ အျပင္သြားရင္လည္း Mask ေတြ တပ္ဖုိ႔၊ အဲ့ဒါေတြပါတယ္။ တျခားရပ္ကြက္ေတြထဲသြားတာလာတာေတြ မလုပ္ဖုိ႔၊ သူမ်ားရပ္ကြက္ေတြ လည္း မသြားၾကဖို႔။ အထူးဂရုစိုက္ဖုိ႔ အဲ့လိုေရးထားတယ္” ဟု ေျပာသည္။

ဒီေန႔ေတာ့ အျပင္သိပ္မထြက္ၾကေတာ့ဘူးေနာ္။ မေန႔ကေတာ့ ေရာဂါကူးစက္တာေတြရွိေနလည္း ဒီလိုပဲ အားလံုးက သြားလာေနၾကတာ။ ႏွာေခါင္းစည္း Mask လည္း တပ္တဲ့လူလည္း တပ္တယ္။ မတပ္တဲ့လူလည္း အမ်ားႀကီးရွိတယ္။ အခုက အမိန္႔ကို မလုိက္နာရင္ေတာ့ အေရးယူမယ္လည္း ေျပာထားေတာ့ ေကာင္းတယ္။ တကယ္ပဲ အေရးယူမယ္ဆိုရင္ေတာ့ ထိေရာက္မွာေပါ့ေနာ္။ က်ေနာ္တုိ႔ကေတာ့ ေရာဂါပိုးထပ္ကူးစက္မွာ ကို ေၾကာက္တယ္။ အားလံုးလည္း က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အစိုးရက ထုတ္ျပန္တာေတြကို လိုက္နာဖုိ႔လိုတာ ေပါ့။”

ၾသဂုတ္လ ၁၆ ရက္ေန႔မွ ၂၁ ရက္ေန႔ ည ၈ နာရီ အထိ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ စစ္ေတြၿမိဳ႕ မွ လူနာ ၂၈ ဦးႏွင့္ ေျမာက္ဦးၿမိဳ႕ မွ လူနာ ၁ ဦး၊ စုစုေပါင္း ၂၉ ဦး ရွိၿပီျဖစ္သည္။

ၾသဂုတ္လ ၂၀ ရက္ေန႔(ယမန္ေန႔) က စတင္၍ ပိုးေတြ႕လူနာမ်ား၏ ေနအိမ္မ်ားႏွင့္ လမ္းမ်ားကို အသြားအလာ မ်ား ကန္႔သတ္ထားသည္ဟု သိရသည္။

ရခိုင္ျပည္နယ္အတြင္း ၾသဂုတ္လ ၁၆ ရက္ေန႔က ၁ ဦး၊ ၾသဂုတ္လ ၁၉ ရက္ေန႔က ၃ ဦး၊ ၾသဂုတ္လ ၂၀ ရက္ေန႔ က ၅ ဦး၊ ၾသဂုတ္လ ၂၁ ရက္ေန႔တြင္ ၂၀ ဦး၊ စသျဖင့္ ဓါတ္ခြဲခန္းအတည္ ျပဳ ပိုးေတြ႕လူနာမ်ား ေတြ႕ ရွိခဲ့ ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က “အေျခအေနကေတာ့ ေရာဂါရွိတဲ့လူေတြက ထပ္တုိးတယ္။ အားလံုးကလည္း ျပည္တြင္းကူးစက္မႈျဖစ္ေနတယ္။ ေနာက္တစ္ခါ ဒီလို တိုးလာေပမယ့္ သြားလာမႈေတြကလည္း ရွိေနလို႔ ဒီလိုအိမ္ျပင္မထြက္ရ၊ ညဘယ္အခ်ိန္ထိ မထြက္ရဆုိတာမ်ိဳး ကန႔္သတ္ဖို႔ အစိုးရဘက္က စဥ္းစားၿပီး ထုတ္ျပန္တယ္လို႔ နားလည္။ ဒါမ်ိဳးကလည္း ထုတ္ျပန္ဖုိ႔လိုတယ္ ေပါ့ ေနာ္” ဟု ေျပာသည္။

ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈ ဆက္တုိက္ျဖစ္ေပၚလာေနသည့္အတြက္ စစ္ေတြၿမိဳ႕ အတြင္း ကန္႔သတ္မိန္႔မ်ား ထုတ္ ျပန္ထားၿပီး၊ ေလေၾကာင္းခရီးစဥ္အခ်ိဳ႕ ႏွင့္ ေရေၾကာင္းခရီးစဥ္အခ်ိဳ႕အားလည္း ဆိုင္းငံ့ခဲ့ရသည္ဟု ေဒသခံမ်ား က ေျပာသည္။

ထုတ္ျပန္ထားသည့္ အမိန္႔မ်ားကို လိုက္နာရန္ပ်က္ကြက္ပါက ကူးစက္ေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ဟုလည္း သတိေပးထားသည္။

ရခိုင္ျပည္နယ္အတြင္း COVID-19 ကူးစက္မႈ ပိုးေတြ႕လူနာမ်ားလာသည့္အတြက္ တစ္ျပည္နယ္လံုးရွိ စာသင္ ေက်ာင္း ၄၀၀ ေက်ာ္ကိုလည္း ရက္အကန္႔အသတ္မရိွ ယာယီပိတ္လိုက္ၿပီ ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာ သည္။

“ဒီလိုအမိန္႔ထုတ္ရံုနဲ႔မဟုတ္ဘူး အမိန္႔ညြန္ၾကားခ်က္ေတြ ထုတ္ေနရံုနဲ႔လည္း မရဘူးေပါ့ေနာ္။ တဖက္မွာလည္း ျပည္သူေတြထဲမွာ ဒီအမိန္႔ေတြကို လိုက္နာဖို႔လိုသလို အမိန္႔ေတြကို လိုက္နာဖို႔ခက္မယ့္ ျပည္သူေတြလည္း ရွိႏုိင္ တယ္ေလ။ ဥပမာ အေျခခံလူတန္းစားေတြ၊ စစ္ေရွာင္စခန္းေတြကို ေရာက္ေနတဲ့ စစ္ေရွာင္ေတြရွိတယ္။ သူတို႔ က ႀကံဳရာက်ပန္းလုပ္ေနရတာဆုိေတာ့ သူတို႔ကိုလည္း ဘယ္လိုမ်ိဳး လုပ္ေပးမလဲဆိုတာ ေသခ်ာစိစစ္ၿပီး အေလးအနက္ထားဖုိ႔လိုတယ္။ မဟုတ္ရင္ေတာ့ ေရာဂါကူးစက္မႈကို ကာကြယ္ထိန္းခ်ဳပ္ဖုိ႔ မလြယ္ေလာက္ဘူး” ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။

စစ္ေတြၿမိဳ႕ က ပိုးေတြ႕လူနာမ်ားထဲတြင္ အထူးကုဆရာဝန္ႀကီးတစ္ဦးႏွင့္ သူနာျပဳအခ်ိဳ႕ ပါဝင္ေနၿပီး၊ သံဃာ ေတာ္တစ္ပါးလည္းပါဝင္သည္ဟု သိရသည္။ ထို႔အျပင္ လူနာအမွတ္ ၃၇၅ (ဘဏ္ဝန္ထမ္း) ႏွင့္ ထိေတြ႕ ဆက္စပ္သူမ်ား၊ မိသားစုဝင္မ်ားအျပင္ ေထြ/အုပ္ရံုး ဝန္ထမ္းတစ္ဦး လည္း ပါဝင္သည္။

အဆုိပါေထြ/အုပ္ဝန္ထမ္းႏွင့္ ထိေတြ႕ခဲ့သည့္ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုႏွင့္ ဝန္ႀကီးတစ္ဦးလည္း အသြား အလာေစာင့္ၾကည့္လ်ွက္ရွိသည္ဟု သိရသည္။

ၾသဂုတ္လ ၂၂ ရက္ေန႔ အထိ ျမန္မာတစ္ႏုိင္ငံလံုး COVID-19 ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ပိုးေတြ႕လူနာ ၄၁၉ ဦး ရွိၿပီျဖစ္ၿပီး၊ ဓါတ္ခြဲခန္းအတည္ျပဳလူနာမ်ားအနက္ ေသဆံုးသူ ည ၆ ဦး ရွိၿပီျဖစ္သည္။