COVID-19 ချေးငွေများ အကျိုးရှိမည်မဟုတ်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများ ထောက်ပြ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။

COVID-19 ကာလတွင် စီးပွားရေးသက်ရောက်မှုကို ကုစားနိုင်ရေးအတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့ အစည်းများက အစိုးရအား ချေးငွေ ထုတ်ပေးသည့်အပေါ် အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်လိုက် သည်။

အဆိုပါ ချေးငွေများသည် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ရောက်ရှိသွားမည်ဆို ပါက လက်ရှိ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုတွန်းအားပေးရာ ရောက် သည့် အနေအထားမျိုးတွင် ရှိနေသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက် KPSN တာဝန်ခံ စောလေးကပေါ က ပြောသည်။

“လက်ရှိ အနေအထားမှာက စီးပွားရေးကို ချုပ်ကိုင်ထားတာက စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ချေးငွေသာ ရသွားမယ်ဆိုရင် တစ်ဖက်တစ်လှမ်းကနေပြီးတော့မှ စစ်တပ်နဲ့ ပတ်သက်တဲ့ လူတွေရမယ်။ အဲဒီစစ်တပ်နဲ့ ပတ်သက်တဲ့ သူတွေကနေတစ်ဆင့် ပြဿနာတွေက ပိုကြီးလာ မယ့်ဟာတွေပေါ့နော်။ အထူးသဖြင့် စစ်တပ်ထဲကို ပိုက်ဆံ ပိုများလာလေ ကျနော်တို့ တိုင်းပြည် ပြည်သူလူ ထုတွေ ပိုပြီးမှ ဒုက္ခပေးလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေမယ်။ ဒီကိစ္စရပ်တွေ ပါနေတဲ့အတွက် ကြောင့် မို့လို့ ကျနော်တို့ ဒီကိစ္စကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။”

ထိုချေးငွေများသည် ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများအတွက် မဟုတ်ပဲ ရန်ကုန် နှင့် မန္တ လေး ရှိ စီးပွားရေးလုပ်ငန်းများအား ချေးငွေချပေးလျက်ရှိသည့် ပုဂ္ဂလိကဘဏ်များအပေါ် ထောက်ပံ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် လုပ်ငန်းစဉ်များမှာ အကျင့်ပျက်ချစားမှုများကြောင့် အကျိုးဖြစ်ထွန်းမည် မဟုတ်ကြောင်း စောလေးကပေါ က ဆက်ပြောသည်။

“အခုကျနော်တို့ ချေးငွေကိစ္စကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ချေးငွေချေးတာက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ဘဏ်တွေကနေ တစ်ဆင့်ပေါ့နော်။ ဒီချေးငွေတွေ infrastructure သူတို့လုပ်သွားမှာ ဖြစ်ပါတယ်ပေါ့နော။ တိုင်းရင်းသားတွေ မယ်မယ်ရရ ကျနော်တို့ ဘာမှမတွေ့ရဘူး။ အဲဒီအပေါ်မှာလည်း ကျနော်တို့က ဘဝင်မ ကျဘူးပေါ့။ အဲဒီချေးငွေကနေတစ်ဆင့် စီမံကိန်းအကောင်အ ထည်ဖော်မယ့် ကိစ္စတွေကလည်း infrastructure နဲ့ ပတ်သက်တာပဲဖြစ်တယ်။”

COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုများကို ပြန်လည် မောင်းနှင်နိုင်ရန်အ တွက် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီ ယံကျော်ကို အစိုးရအား ချေးပေးရန် ခွင့်ပြုထားသည်ဟု သိရသည်။

သို့သော် အစိုးရ၏ ထိုချေးငွေနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုများမှာ တစ်စုံတစ်ရာ ပွင့်လင်းမြင် သာမှု မရှိ ဟု ဆိုသည်။

အဆိုပါ ချေးငွေကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၂၀ ရက်နေ့က ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန် ရက် အပါ အဝင် အရပ်ဖက် အဖွဲ့အ စည်း ၂၂၄ ဖွဲ့တို့က ပဋိပက္ခများအား လောင်စာဖြည့်ပေးမည့် နေပြည် တော်၏ ဘီလီယံချီသော ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး ချေးငွေ အစီအစဉ်များ ခေါင်းစဉ် ဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး အစီအစဉ်သည် အစိုးရအနေဖြင့် ကပ်ဘေးမှ ၎င်းတို့၏ ဘဏ္ဍာတိုက်များကို အားဖြည့်ရန်နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် အမြတ် ထုတ်မောင်းနှင်မည့် အစီအစဉ်သာ ဖြစ်မည်ဆိုသည်မှာ ရှင်းလင်းနေပြီး သာမက နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်အား အဆုံးသတ်နိုင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရည်ရွယ်သော တိုင်းရင်းသားများအတွက် ပျက်စီးဆုံးရှုံးမှုသာ ဖြစ်လာလိမ့်မည် ရေးသားထားသည်။

ထို့အပြင် အဆိုပါ ငွေကြေးထောက်ပံပေးမည့် အစီအစဉ်သည် တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းများမှ ဖက်ဒရယ် ဖွဲ့စည်းပုံအောက် အာဏာခွဲဝေမှု ရရှိသည်အထိ ဆိုင်းငံထားရန် တောင်းဆိုကန့်ကွက်ထားသည့် ရေအား လျှပ်စစ် ထုတ်လုပ်မည့် ဆည်ကြီးများကဲ့သို့သော အကြီးစား အခြေခံအဆောက်အဦးများလည်း ပါ ဝင်ကြောင်း၊ ထိုစီမံကိန်းများကို ဒေသခံပြည်သူများအပေါ် မတရားကျူးလွန်မှုများကြောင့် အပြစ်ပေး အရေး ယူခြင်းမှ လွှတ်ငြိမ်းခွင့်ရလျက်ရှိသော အစိုးရ လုံခြုံရေး တပ်ဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည် ဟု အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည်။

“ချေးငွေကို အခုအချိန်က ပေးဖို့ မသင့်ဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီကိုဗစ်က တကယ့် စီးပွားရေး န လန်ပြန်ထူနိုင်မှာ မဟုတ်ပဲနဲ့ conflict ကိုဖြစ်စေနိုင်တယ်။ ကျနော်ပြောခဲ့သလိုပေါ့နော်။ တိုင်းရင်းသား ဒေ သမှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ စီမံကိန်းတွေ ရပ်တန့်ထားတဲ့ စီမံကိန်းကို ပြန်ပြီးတော့ အသက်သွင်းဖို့ ပုံစံမျိုး ကိစ္စရပ်တွေက ပိုများနေတဲ့ဟာမျိုးတွေဖြစ်တယ်။ဆိုတော့ အဲဒီအပေါ်မှာ အဆိုတင်သွင်းလာတဲ့ ချေးငွေ အပေါ်မှာ သူတို့အနေနဲ့ ငွေကြေးခွင့်ပြုလိုက်မယ်ဆိုရင်တော့ conflict တွေကတော့ ပြည်တွင်းမှာ ပိုပြီးတော့ ဖြစ်လာမယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ က ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်အား ချိုး ဖောက်သောကြောင့် နိုင်ငံတကာ တရားမျှတမှု တရားခုံရုံးတွင် တရားရင်ဆိုင်နေရသော အစိုးရ၊ တိုင်းရင်း သားများအပေါ် အနိုင်ကျင့် ညှင်းပန်းမှုများ ဆက်တိုက် ကျူးလွန်နေလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့များအား ဤမျှလောက်ကြီးမားသော ချေငွေအား ခွင့်ပြုပေးနေမှုကို စိုးရိမ်ကြောင်း၊ ချေးငွေများသည် ၎င်းတို့အား တိုက်ခိုက်ရန် ထောက်ပံ့ပေးမည်မှာ မလွဲဧကန်ဖြစ်ပြီး ပမာဏကြီးမားသော သဘာဝပတ် ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များနှင့် အတူ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်သူများမှာ ပြည်သူများ၏ သားစဉ်မြေးမြစ်အထိပင် ဖြစ်သည်ဟု ထည့်သွင်းထားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီမှ ဗမာပြည်အား ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး အစီအစဉ် ချေးငွေ ထောက်ပံ့ရာတွင် တိုင်းရင်းသားများ၏ အကျိုးစီးပွားကို လုံးဝလျစ်လျူရှုထားသည်ဟု အရပ်ဖက်အဖွဲ့အ စည်းများက ပြောသည်။

ထိုအနေအထားများကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ အစိုးရအား ထောက်ပံ့မှုသည် အန္တ ရာယ်ရှိသကဲ့သို့ တာဝန်မဲ့ရာလည်းကျပြီး ဗမာပြည်၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့် ပြည် တွင်းစစ်မီးတောက်လောင်စေရန် လောင်စာဖြည့်ပေးမည့် အစီအစဉ်သာဖြစ်သည် ဟု အရပ်ဖက်အဖွဲ့အ စည်းများ က ဆိုသည်။

*** ZAWGYI ***
COVID-19 ေခ်းေငြမ်ား အက်ဳိးရွိမည္မဟုတ္ေၾကာင္း အရပ္ဖက္ အဖြဲ႔အစည္းမ်ား ေထာက္ျပ ကန္႔ကြက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၂ ရက္။

COVID-19 ကာလတြင္ စီးပြားေရးသက္ေရာက္မႈကို ကုစားႏိုင္ေရးအတြက္ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႔ အစည္းမ်ားက အစိုးရအား ေခ်းေငြ ထုတ္ေပးသည့္အေပၚ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ကန္႔ကြက္လိုက္ သည္။

အဆိုပါ ေခ်းေငြမ်ားသည္ စစ္တပ္ႏွင့္ ဆက္ႏြယ္သည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားထံသို႔ ေရာက္ရွိသြားမည္ဆို ပါက လက္ရွိ တိုင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားေနသည့္ ပဋိပကၡမ်ားကို ပိုမိုတြန္းအားေပးရာ ေရာက္ သည့္ အေနအထားမ်ိဳးတြင္ ရွိေနသည့္အတြက္ ကန္႔ကြက္ရျခင္းျဖစ္သည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္ အကူျပဳကြန္ရက္ KPSN တာ၀န္ခံ ေစာေလးကေပါ က ေျပာသည္။

“လက္ရွိ အေနအထားမွာက စီးပြားေရးကို ခ်ဳပ္ကိုင္ထားတာက စစ္တပ္နဲ႔ ဆက္ႏြယ္တဲ့ အဖြဲ႔အစည္းေတြ ျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ ေခ်းေငြသာ ရသြားမယ္ဆိုရင္ တစ္ဖက္တစ္လွမ္းကေနၿပီးေတာ့မွ စစ္တပ္နဲ႔ ပတ္သက္တဲ့ လူေတြရမယ္။ အဲဒီစစ္တပ္နဲ႔ ပတ္သက္တဲ့ သူေတြကေနတစ္ဆင့္ ျပႆနာေတြက ပိုႀကီးလာ မယ့္ဟာေတြေပါ့ေနာ္။ အထူးသျဖင့္ စစ္တပ္ထဲကို ပိုက္ဆံ ပိုမ်ားလာေလ က်ေနာ္တို႔ တိုင္းျပည္ ျပည္သူလူ ထုေတြ ပိုၿပီးမွ ဒုကၡေပးလာႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိေနမယ္။ ဒီကိစၥရပ္ေတြ ပါေနတဲ့အတြက္ ေၾကာင့္ မို႔လို႔ က်ေနာ္တို႔ ဒီကိစၥကို ကန္႔ကြက္ရျခင္းျဖစ္ပါတယ္။”

ထိုေခ်းေငြမ်ားသည္ ပဋိပကၡျဖစ္ပြားေနသည့္ တိုင္းရင္းသား ေဒသမ်ားအတြက္ မဟုတ္ပဲ ရန္ကုန္ ႏွင့္ မႏၲ ေလး ရွိ စီးပြားေရးလုပ္ငန္းမ်ားအား ေခ်းေငြခ်ေပးလ်က္ရွိသည့္ ပုဂၢလိကဘဏ္မ်ားအေပၚ ေထာက္ပံ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ထို႔ေၾကာင့္ လုပ္ငန္းစဥ္မ်ားမွာ အက်င့္ပ်က္ခ်စားမႈမ်ားေၾကာင့္ အက်ိဳးျဖစ္ထြန္းမည္ မဟုတ္ေၾကာင္း ေစာေလးကေပါ က ဆက္ေျပာသည္။

“အခုက်ေနာ္တို႔ ေခ်းေငြကိစၥကို ျပန္ၾကည့္မယ္ဆိုလို႔ရွိရင္ ေခ်းေငြေခ်းတာက ရန္ကုန္နဲ႔ မႏၲေလးမွာရွိတဲ့ ဘဏ္ေတြကေန တစ္ဆင့္ေပါ့ေနာ္။ ဒီေခ်းေငြေတြ infrastructure သူတို႔လုပ္သြားမွာ ျဖစ္ပါတယ္ေပါ့ေနာ။ တိုင္းရင္းသားေတြ မယ္မယ္ရရ က်ေနာ္တို႔ ဘာမွမေတြ႕ရဘူး။ အဲဒီအေပၚမွာလည္း က်ေနာ္တို႔က ဘ၀င္မ က်ဘူးေပါ့။ အဲဒီေခ်းေငြကေနတစ္ဆင့္ စီမံကိန္းအေကာင္အထည္ေဖာ္မယ့္ ကိစၥေတြကလည္း infrastructure နဲ႔ ပတ္သက္တာပဲျဖစ္တယ္။”

COVID-19 ကပ္ေရာဂါေၾကာင့္ ျဖစ္ေပၚလာသည့္ စီးပြားေရးက်ဆင္းမႈမ်ားကို ျပန္လည္ ေမာင္းႏွင္ႏိုင္ရန္အ တြက္ ကမၻာ့ဘဏ္အပါအ၀င္ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႔အစည္းမ်ားမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၁ ဘီလီ ယံေက်ာ္ကို အစိုးရအား ေခ်းေပးရန္ ခြင့္ျပဳထားသည္ဟု သိရသည္။

သို႔ေသာ္ အစိုးရ၏ ထိုေခ်းေငြႏွင့္ ပတ္သက္၍ လုပ္ေဆာင္ေနမႈမ်ားမွာ တစ္စံုတစ္ရာ ပြင့္လင္းျမင္ သာမႈ မရွိ ဟု ဆိုသည္။

အဆိုပါ ေခ်းေငြကိစၥႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၀ ရက္ေန႔က ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ ရက္ အပါ အ၀င္ အရပ္ဖက္ အဖြဲ႔အ စည္း ၂၂၄ ဖြဲ႔တို႔က ပဋိပကၡမ်ားအား ေလာင္စာျဖည့္ေပးမည့္ ေနျပည္ ေတာ္၏ ဘီလီယံခ်ီေသာ ကိုဗစ္-၁၉ စီးပြားေရး ထိခိုက္မႈ သက္သာေရး ေခ်းေငြ အစီအစဥ္မ်ား ေခါင္းစဥ္ ျဖင့္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

ထိုထုတ္ျပန္ခ်က္ထဲတြင္ ကိုဗစ္-၁၉ စီးပြားေရး ထိခိုက္မႈ သက္သာေရး အစီအစဥ္သည္ အစိုးရအေနျဖင့္ ကပ္ေဘးမွ ၎တို႔၏ ဘ႑ာတိုက္မ်ားကို အားျဖည့္ရန္ႏွင့္ ၎တို႔၏ ၾသဇာလႊမ္းမိုးမႈကို ႁမွင့္တင္ရန္ အျမတ္ ထုတ္ေမာင္းႏွင္မည့္ အစီအစဥ္သာ ျဖစ္မည္ဆိုသည္မွာ ရွင္းလင္းေနၿပီး သာမက ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ျပည္တြင္းစစ္အား အဆံုးသတ္ႏိုင္ၿပီး စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ရည္ရြယ္ေသာ တိုင္းရင္းသားမ်ားအတြက္ ပ်က္စီးဆံုးရႈံးမႈသာ ျဖစ္လာလိမ့္မည္ ေရးသားထားသည္။

ထို႔အျပင္ အဆိုပါ ေငြေၾကးေထာက္ပံေပးမည့္ အစီအစဥ္သည္ တိုင္းရင္းသား အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ ဖက္ဒရယ္ ဖြဲ႔စည္းပံုေအာက္ အာဏာခြဲေ၀မႈ ရရွိသည္အထိ ဆိုင္းငံထားရန္ ေတာင္းဆိုကန္႔ကြက္ထားသည့္ ေရအား လွ်ပ္စစ္ ထုတ္လုပ္မည့္ ဆည္ႀကီးမ်ားကဲ့သို႔ေသာ အႀကီးစား အေျခခံအေဆာက္အဦးမ်ားလည္း ပါ ၀င္ေၾကာင္း၊ ထိုစီမံကိန္းမ်ားကို ေဒသခံျပည္သူမ်ားအေပၚ မတရားက်ဴးလြန္မႈမ်ားေၾကာင့္ အျပစ္ေပး အေရး ယူျခင္းမွ လႊတ္ၿငိမ္းခြင့္ရလ်က္ရွိေသာ အစိုးရ လံုၿခံဳေရး တပ္ဖြဲ႔မ်ားမွ တာ၀န္ယူ ေဆာင္ရြက္မည္ ျဖစ္သည္ ဟု အရပ္ဖက္ အဖြဲ႔အစည္းမ်ားက ဆိုသည္။

“ေခ်းေငြကို အခုအခ်ိန္က ေပးဖို႔ မသင့္ဘူး ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ဒီကိုဗစ္က တကယ့္ စီးပြားေရး န လန္ျပန္ထူႏိုင္မွာ မဟုတ္ပဲနဲ႔ conflict ကိုျဖစ္ေစႏိုင္တယ္။ က်ေနာ္ေျပာခဲ့သလိုေပါ့ေနာ္။ တိုင္းရင္းသား ေဒ သမွာ ပဋိပကၡျဖစ္ေစႏိုင္တဲ့ စီမံကိန္းေတြ ရပ္တန္႔ထားတဲ့ စီမံကိန္းကို ျပန္ၿပီးေတာ့ အသက္သြင္းဖို႔ ပံုစံမ်ိဳး ကိစၥရပ္ေတြက ပိုမ်ားေနတဲ့ဟာမ်ိဳးေတြျဖစ္တယ္။ဆိုေတာ့ အဲဒီအေပၚမွာ အဆိုတင္သြင္းလာတဲ့ ေခ်းေငြ အေပၚမွာ သူတို႔အေနနဲ႔ ေငြေၾကးခြင့္ျပဳလိုက္မယ္ဆိုရင္ေတာ့ conflict ေတြကေတာ့ ျပည္တြင္းမွာ ပိုၿပီးေတာ့ ျဖစ္လာမယ္” ဟု အရပ္ဖက္အဖြဲ႔အစည္းမ်ား က ေျပာသည္။

အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ လူမ်ိဳးတံုးသတ္ျဖတ္မႈ သေဘာတူညီခ်က္အား ခ်ိဳး ေဖာက္ေသာေၾကာင့္ ႏိုင္ငံတကာ တရားမွ်တမႈ တရားခံုရံုးတြင္ တရားရင္ဆိုင္ေနရေသာ အစိုးရ၊ တိုင္းရင္း သားမ်ားအေပၚ အႏိုင္က်င့္ ၫွင္းပန္းမႈမ်ား ဆက္တိုက္ က်ဴးလြန္ေနလ်က္ရွိေသာ လံုၿခံဳေရးတပ္ဖြဲ႔မ်ားအား ဤမွ်ေလာက္ႀကီးမားေသာ ေခ်ေငြအား ခြင့္ျပဳေပးေနမႈကို စိုးရိမ္ေၾကာင္း၊ ေခ်းေငြမ်ားသည္ ၎တို႔အား တိုက္ခိုက္ရန္ ေထာက္ပံ့ေပးမည္မွာ မလြဲဧကန္ျဖစ္ၿပီး ပမာဏႀကီးမားေသာ သဘာဝပတ္ ၀န္းက်င္ႏွင့္ စီးပြားေရးဆိုင္ရာ အက်ိဳးဆက္မ်ားႏွင့္ အတူ ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရမည့္သူမ်ားမွာ ျပည္သူမ်ား၏ သားစဥ္ေျမးျမစ္အထိပင္ ျဖစ္သည္ဟု ထည့္သြင္းထားသည္။

ႏိုင္ငံတကာ ေငြေၾကးရန္ပံုေငြအဖြဲ႔၊ ကမၻာ့ဘဏ္၊ အာရွဖြံ႔ၿဖိဳးေရးဘဏ္ ႏွင့္ ဂ်ပန္ႏိုင္ငံတကာ ပူးေပါင္းေဆာင္ ရြက္ေရး ေအဂ်င္စီမွ ဗမာျပည္အား ကိုဗစ္-၁၉ စီးပြားေရး ထိခိုက္မႈ သက္သာေရး အစီအစဥ္ ေခ်းေငြ ေထာက္ပံ့ရာတြင္ တိုင္းရင္းသားမ်ား၏ အက်ိဳးစီးပြားကို လံုး၀လ်စ္လ်ဴရႈထားသည္ဟု အရပ္ဖက္အဖြဲ႔အ စည္းမ်ားက ေျပာသည္။

ထိုအေနအထားမ်ားေၾကာင့္ ႏိုင္ငံတကာ ေငြေၾကးအဖြဲ႔အစည္းမ်ား၏ အစိုးရအား ေထာက္ပံ့မႈသည္ အႏၲ ရာယ္ရွိသက့ဲသို႔ တာ၀န္မဲ့ရာလည္းက်ၿပီး ဗမာျပည္၏ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီ ျဖစ္သည့္ ျပည္ တြင္းစစ္မီးေတာက္ေလာင္ေစရန္ ေလာင္စာျဖည့္ေပးမည့္ အစီအစဥ္သာျဖစ္သည္ ဟု အရပ္ဖက္အဖြဲ႔အ စည္းမ်ား က ဆိုသည္။