မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနား COVID-19 ကြောင့် ကျင်းပမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။

ဝါခေါင်လပြည့်နေ့ (စက်တင်ဘာ ၂ ရက်နေ့) တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို COVID-19 ကပ်ရောဂါကြောင့် ကျင်းပဖြစ်တော့မည် မဟုတ်ကြောင်း မွန်လူငယ် ခေါင်းဆောင်များက ပြောသည်။

ယခင်နှစ်များက မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေး သွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့ နယ်ရှိ ဝင်းစိန်တောရ သာသနာ့ ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက် ရောဂါကြောင့် အခမ်းအနား မကျင်းပနိုင်တော့ဟု မွန်လူငယ် မင်းထော က ပြောသည်။

“ခါတိုင်းနှစ်တွေက အခမ်းအနားနဲ့ လူထောင်နဲ့ချီ လုပ်ခဲ့တယ်။ ဒီနှစ်ကတော့ ကိုဗစ်ကြောင့် အဲလိုမျိုးလုပ်ဖို့ မဖြစ်တော့ဘူး။ အွန်လိုင်းပေါ်ကနေပဲ မွန်တော်လှန်ရေးအကြောင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲလုပ်ပြီးတော့ live လွှင့်ဖို့ဖို့ စီစဉ်ထားတယ်၊ နောက်တစ်ခုက အွန်လိုင်းကနေ တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ကဗျာရေးပြိုင်ပွဲ တွေ ဗီနိုင်းတွေလုပ်ပြီးတော့ ရွာတွေမှာ ကပ်တာတွေ လုပ်ဖို့ရှိတယ်။”

အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေးစတေးခဲ့ကြသည့် ခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် လူငယ်များ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်နေစေရန်အတွက်ဆိုသည့် ရည်ရွယ်ချက်နှင့် မွန် လူငယ်များ ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။

“ဒီနှစ်မှာ အခမ်းအနားမလုပ်နိုင်တော့ပေမယ့် မွန်တော်လှန်ရေးအကြောင်းကို မမေ့ဖို့ သတိရနေဖို့ ဒီလိုနည်းနဲ့ (အွန်လိုင်းပေါ် လုပ်တဲ့နည်း) လုပ်ရတယ် နှိုးဆော်တဲ့အနေနဲ့ပေါ့” ဟု ၂၀၁၉ ခုနှစ် က မွန်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပရေးကော်မတီခေါင်းဆောင် မင်းဇာနည်ဦး က ပြောသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည် သစ်ပါတီ (NMSP) ဗဟိုဌာနချုပ်၊ ခရိုင်အဆင့်အဆင့် နှင့် ကျဆုံးသွားသည့် မွန်ခေါင်းဆောင် အုတ်ဂူများတည်ရှိ သည့် အချို့သော နေရာများတွင်လည်း အသီးသီး ကျင်းပလေ့ ရှိသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့များက မော်လမြိုင်အရှေ့ ဘက်ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်း အပါ အဝင် ဂျိုင်းမြစ်တစ်လျှောက် ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာ မှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့ကြသည့် ၇၂ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန် လူငယ်များ ဦးဆောင်ကျင်းပခဲ့ကြပြီး မွန်ပြည် သစ်ပါတီ(NMSP) ကလည်း ပါတီ ဗဟိုဌာနချုပ်နှင့် မော်လမြိုင် ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင် အစရှိသည့် ခရိုင်အဆင့်နှင့် မြို့ နယ်အဆင့်တို့တွင်လည်း ကျင်းပခဲ့ကြသည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူများက နှစ်စဉ်နှစ်တိုင်း အခမ်းအနားများ ကျင်းပလာခဲ့ကြသည်။

*** ZAWGYI ***
မြန္ေတာ္လွန္ေရးေန႔ ဗဟို အခမ္းအနား COVID-19 ေၾကာင့္ က်င္းပမည္မဟုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၂ ရက္။

ဝါေခါင္လျပည့္ေန႔ (စက္တင္ဘာ ၂ ရက္ေန႔) တြင္ က်ေရာက္သည့္ (၇၃) ႀကိမ္ေျမာက္ မြန္ေတာ္လွန္ေရးေန႔ ဗဟို အခမ္းအနားကို COVID-19 ကပ္ေရာဂါေၾကာင့္ က်င္းပျဖစ္ေတာ့မည္ မဟုတ္ေၾကာင္း မြန္လူငယ္ ေခါင္းေဆာင္မ်ားက ေျပာသည္။

ယခင္ႏွစ္မ်ားက မြန္ေတာ္လွန္ေရးေန႔ ဗဟိုအခမ္းအနားကို အမ်ဳိးသားလြတ္ေျမာက္ေရးအတြက္ အသက္ေပး သြားခဲ့ၾကသည့္ မြန္ေခါင္းေဆာင္မ်ား အုတ္ဂူတည္ရွိရာ မြန္ျပည္နယ္၊ မုဒံုၿမိဳ႕ နယ္ရွိ ဝင္းစိန္ေတာရ သာသနာ့ ဝင္းထဲတြင္ က်င္းပျပဳလုပ္ခဲ့ၾကေသာ္လည္း ယခုႏွစ္တြင္ လတ္တေလာျဖစ္ပြားေနသည့္ COVID-19 ကူးစက္ ေရာဂါေၾကာင့္ အခမ္းအနား မက်င္းပႏိုင္ေတာ့ဟု မြန္လူငယ္ မင္းေထာ က ေျပာသည္။

“ခါတိုင္းႏွစ္ေတြက အခမ္းအနားနဲ႔ လူေထာင္နဲ႔ခ်ီ လုပ္ခဲ့တယ္။ ဒီႏွစ္ကေတာ့ ကိုဗစ္ေၾကာင့္ အဲလိုမ်ဳိးလုပ္ဖို႔ မျဖစ္ေတာ့ဘူး။ အြန္လိုင္းေပၚကေနပဲ မြန္ေတာ္လွန္ေရးအေၾကာင္းနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးပြဲလုပ္ၿပီးေတာ့ live လႊင့္ဖို႔ဖို႔ စီစဥ္ထားတယ္၊ ေနာက္တစ္ခုက အြန္လိုင္းကေန ေတာ္လွန္ေရးေန႔နဲ႔ ပတ္သက္တဲ့ ကဗ်ာေရးၿပိဳင္ပြဲ ေတြ ဗီႏိုင္းေတြလုပ္ၿပီးေတာ့ ရြာေတြမွာ ကပ္တာေတြ လုပ္ဖို႔ရွိတယ္။”

အမ်ဳိးသားလြတ္ေျမာက္ေရး အတြက္ တိုက္ပြဲဝင္ရင္း အသက္ေသြးေခြ်းစေတးခဲ့ၾကသည့္ ေခါင္းေဆာင္မ်ားကို ဂါရဝျပဳရန္ႏွင့္ လူငယ္မ်ား ေတာ္လွန္ေရးစိတ္ဓာတ္ ရွင္သန္ေနေစရန္အတြက္ဆိုသည့္ ရည္ရြယ္ခ်က္ႏွင့္ မြန္ လူငယ္မ်ား ဦးေဆာင္ၿပီး မြန္ေတာ္လွန္ေရးေန႔ အခမ္းအနားကို ႏွစ္စဥ္ႏွစ္တိုင္း က်င္းပလာခဲ့သည္။

“ဒီႏွစ္မွာ အခမ္းအနားမလုပ္ႏိုင္ေတာ့ေပမယ့္ မြန္ေတာ္လွန္ေရးအေၾကာင္းကို မေမ့ဖို႔ သတိရေနဖို႔ ဒီလိုနည္းနဲ႔ (အြန္လိုင္းေပၚ လုပ္တဲ့နည္း) လုပ္ရတယ္ ႏႈိးေဆာ္တဲ့အေနနဲ႔ေပါ့” ဟု ၂၀၁၉ ခုႏွစ္ က မြန္ေတာ္လွန္ေရးေန႔ အခမ္းအနား က်င္းပေရးေကာ္မတီေခါင္းေဆာင္ မင္းဇာနည္ဦး က ေျပာသည္။

မြန္ေတာ္လွန္ေရးေန႔အခမ္းအနားကို မြန္လူငယ္မ်ား ဦးေဆာင္က်င္းပသည့္ ဗဟိုအခမ္းအနားအျပင္ မြန္ျပည္ သစ္ပါတီ (NMSP) ဗဟိုဌာနခ်ဳပ္၊ ခ႐ုိင္အဆင့္အဆင့္ ႏွင့္ က်ဆံုးသြားသည့္ မြန္ေခါင္းေဆာင္ အုတ္ဂူမ်ားတည္ရွိ သည့္ အခ်ိဳ႕ေသာ ေနရာမ်ားတြင္လည္း အသီးသီး က်င္းပေလ့ ရွိသည္။

၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ မြန္အမ်ဳိးသားမ်ားသည္ ကိုယ့္ကံၾကမၼာကိုယ္ဖန္တီးခြင့္ ရရွိရန္အတြက္ ဖဆပလ အစိုးရထံ ဥပေဒေဘာင္အတြင္း ႏွစ္ရွည္လမ်ား ေတာင္းဆိုခဲ့ေသာ္လည္း မရခဲ့သျဖင့္ ၁၉၄၈ ခုႏွစ္ ဝါေခါင္လျပည့္ေန႔တြင္ မြန္လူငယ္အဖြဲ႔မ်ားက ေမာ္လၿမိဳင္အေရွ႕ ဘက္ျခမ္း ဇာသျပင္ေက်းရြာရွိ ရဲစခန္း အပါ အဝင္ ဂ်ဳိင္းျမစ္တစ္ေလွ်ာက္ ေက်းရြာႀကီးတြင္ရွိသည့္ ကာကြယ္ေရးလက္နက္မ်ားကို စီးနင္းသိမ္းပိုက္ခဲ့ရာ မွ မြန္ေတာ္လွန္ေရး အစပ်ဳိးခဲ့သည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္က က်င္းပခဲ့ၾကသည့္ ၇၂ ႀကိမ္ေျမာက္ မြန္ေတာ္လွန္ေရးေန႔ ဗဟိုအခမ္းအနားကို မြန္ လူငယ္မ်ား ဦးေဆာင္က်င္းပခဲ့ၾကၿပီး မြန္ျပည္ သစ္ပါတီ(NMSP) ကလည္း ပါတီ ဗဟိုဌာနခ်ဳပ္ႏွင့္ ေမာ္လၿမိဳင္ ခ႐ိုင္၊ သထုံခ႐ိုင္၊ ထားဝယ္ခ႐ိုင္ အစရွိသည့္ ခ႐ိုင္အဆင့္ႏွင့္ ၿမိဳ႕ နယ္အဆင့္တို႔တြင္လည္း က်င္းပခဲ့ၾကသည္။

အဆိုပါ မြန္ေတာ္လွန္ေရးအစပ်ဳိးခဲ့သည့္ ဝါေခါင္လျပည့္ေန႔ကို မြန္ေတာ္လွန္ေရးေန႔အျဖစ္ သတ္မွတ္ကာ မြန္ျပည္သစ္ပါတီႏွင့္ မြန္ျပည္သူမ်ားက ႏွစ္စဥ္ႏွစ္တိုင္း အခမ္းအနားမ်ား က်င္းပလာခဲ့ၾကသည္။