မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ စောင့်ကြည့်ရန် လျောက်ထားသူ မရှိသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။

လျောက်ထားခွင့်ပြုသည့်ရက် တစ်လ ရှိလာပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် လျှောက် ထားသည့် အဖွဲ့ တစ်ဖွဲ့မှ မရှိသေး ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ အရာရှိ က ပြော သည်။

ပြည်နယ်အတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာလိုသည့် ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်လည်းကောင်း နိုင်ငံတကာလေ့လာသူများ သည် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင်လည်းကောင်း ဇူလိုင် ၇ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ရွေးကောက်ပွဲလေ့လာခွင့်ကို လျှောက်ထားရမည်ဖြစ်သည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားသည်။

“ဘယ်သူမှ ဆက်သွယ်လာခြင်းမရှိသေးဘူး၊ မြို့ နယ်တွေမှာလည်း အဲဒါတွေလုပ်ဖို့ အကုန်လုံးညွှန်ကြား ထား တာ တစ်လတောင်ရှိနေပြီး။ လက်ခံဆောင်ရွက်ဖို့ ဘယ်သူမှမလာကြသေးဘူး” ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအပေါ် စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုရှိလာခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲ အချိန် က ကဲ့သို့ စောင့် ကြည့် လေ့လာမည့် အဖွဲ့ မများနိုင် ဟု လေ့လာသုံးသပ်သူအချို့ က ပြောသည်။

“ရွေးကောက်ပွဲတစ်ခုကျင်းပတယ်ဆိုရင် အဲဒီရွေးကောက်ပွဲ လွတ်လပ်ရဲ့လာ တရားမျှတမှုရှိရဲ့ လား ဘက်လိုက် မှုရှိနေလား။ စတဲ့အခြေအနေတွေကို နိုင်ငံတကာကရော မဲဆန္ဒရှင်ပြည်သူတွေရော နိုင်ငံရေးပါတီတွေရော အားလုံးပေါ့ သိနိုင်အောင် ရွေးကောက်ပွဲအပေါ်မှာ သံသယကင်းကင်းနဲ့ ယုံကြည်နေဖို့ က စောင့်ကြည့်လေ့လာ တဲ့အဖွဲ့တွေ မရှိမဖြစ်လိုအပ်တယ်” ဟု မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဦးမင်းမင်းနွယ်က ပြောသည်။

ထို့အပြင် ယုံကြည်စရာကောင်းသည့် ရွေးကောက်ပွဲ ဖြစ်ရန်လည်း အားနည်းနိုင်သည်ဟု လေ့လာသူများ က ပြောသည်။

စောင့်ကြည့်လေ့လာမည့်အဖွဲ့ရှိမှသာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိ မရှိ ထောက်ပြ ပြောဆို နိုင်မည် ဖြစ်သည် ဟု မွန်ပြည်နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဌ နိုင်ဖေသောင်း က ပြော သည်။

“ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်၍သော်လည်းကောင်း မဲရုံမှာ လက်ရှိလုပ်နေတဲ့တာဝန်ရှိသူတွေရဲ့ မသမာမှု ကို သော်လည်းကောင်း ပြည်သူတစ်ယောက်ချင်းစီရဲ့ မဲပေးနိုင်မှု အသိအမြင်တွေကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေက သုံးသပ်တယ်။ သူတို့ရဲ့ သုံးသပ်ချက်က နောင်ဆို UEC ကိုသွားမှာပဲ။ ဒါတွေက UEC သိအောင် ဒီအဖွဲ့တွေက ပြောတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် လျှောက်ထားသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့များရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ခွင့်ပြုပေးသည့် အဖွဲ့ ၁၁ ဖွဲ့ ခန့် ရှိသည်။

လူအင်အား ၄၀၀ ကျော်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအား စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင်ရုံးရှိ အချက်အလက်များအရ သိရသည်။

ထို့အပြင် မြို့နယ်အဆင့် စောင့်ကြည့်လေ့လာသည့်အဖွဲ့ များ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ ဖြစ်သည့် EU အဖွဲ့ ၊ ကာတာစင်တာ စသည့်အဖွဲ့ များလည်း ရှိခဲ့သည်။

ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင်း မဲရုံပေါင်း ၉၅၀ ကျော် လျာထားပြီး မဲပေးပိုင်ခွင့်ရှိသူမှာ ၁၇၄၀၀၀၀ ကျော်ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ရန္ ေလ်ာက္ထားသူ မရွိေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၂ ရက္။

ေလ်ာက္ထားခြင့္ျပဳသည့္ရက္ တစ္လ ရွိလာၿပီးျဖစ္ေသာ္လည္း ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာရန္ ေလွ်ာက္ ထားသည့္ အဖြဲ႔ တစ္ဖြဲ႔မွ မရွိေသး ဟု ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံ အရာရွိ က ေျပာ သည္။

ျပည္နယ္အတြင္း ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာလိုသည့္ ျပည္တြင္းေရြးေကာက္ပြဲေလ့လာသူမ်ားသည္ သက္ဆိုင္ရာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲရံုးမ်ားတြင္လည္းေကာင္း ႏိုင္ငံတကာေလ့လာသူမ်ား သည္ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံတြင္လည္းေကာင္း ဇူလိုင္ ၇ ရက္ေန႔မွ ေအာက္တိုဘာလ ၁၅ ရက္ေန႔ အထိ ေရြးေကာက္ပြဲေလ့လာခြင့္ကို ေလွ်ာက္ထားရမည္ျဖစ္သည္ ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ က ထုတ္ျပန္ထားသည္။

“ဘယ္သူမွ ဆက္သြယ္လာျခင္းမရွိေသးဘူး၊ ၿမိဳ႕ နယ္ေတြမွာလည္း အဲဒါေတြလုပ္ဖို႔ အကုန္လံုးၫႊန္ၾကား ထား တာ တစ္လေတာင္ရွိေနၿပီး။ လက္ခံေဆာင္ရြက္ဖို႔ ဘယ္သူမွမလာၾကေသးဘူး” ဟု ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ေရြးေကာက္ပြဲေစာင့္ၾကည့့္ေလ့လာသူမ်ားအေပၚ စည္းမ်ဥ္းစည္းကမ္း တင္းၾကပ္မႈရွိလာျခင္းေၾကာင့္လည္း လာမည့္ေရြးေကာက္ပြဲတြင္ ၂၀၁၅ ေရြးေကာက္ပြဲ အခ်ိန္ က ကဲ့သို႔ ေစာင့္ ၾကည့္ ေလ့လာမည့္ အဖြဲ႔႔ မမ်ားႏိုင္ ဟု ေလ့လာသံုးသပ္သူအခ်ိဳ႕ က ေျပာသည္။

“ေရြးေကာက္ပြဲတစ္ခုက်င္းပတယ္ဆိုရင္ အဲဒီေရြးေကာက္ပြဲ လြတ္လပ္ရဲ႔လာ တရားမွ်တမႈရွိရဲ႕ လား ဘက္လိုက္ မႈရွိေနလား။ စတဲ့အေျခအေနေတြကို ႏိုင္ငံတကာကေရာ မဲဆႏၵရွင္ျပည္သူေတြေရာ ႏိုင္ငံေရးပါတီေတြေရာ အားလံုးေပါ့ သိႏိုင္ေအာင္ ေရြးေကာက္ပြဲအေပၚမွာ သံသယကင္းကင္းနဲ႔ ယံုၾကည္ေနဖို႔ က ေစာင့္ၾကည့္ေလ့လာ တဲ့အဖြဲ႔ေတြ မရွိမျဖစ္လိုအပ္တယ္” ဟု မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္းမွ ဦးမင္းမင္းႏြယ္က ေျပာသည္။

ထုိ႔အျပင္ ယံုၾကည္စရာေကာင္းသည့္ ေရြးေကာက္ပြဲ ျဖစ္ရန္လည္း အားနည္းႏိုင္သည္ဟု ေလ့လာသူမ်ား က ေျပာသည္။

ေစာင့္ၾကည့္ေလ့လာမည့္အဖြဲ႔ရွိမွသာ ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တမႈ ရွိ မရွိ ေထာက္ျပ ေျပာဆို ႏိုင္မည္ ျဖစ္သည္ ဟု မြန္ျပည္နယ္ တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ ဥကၠဌ ႏိုင္ေဖေသာင္း က ေျပာ သည္။

“ဥပေဒစိုးမိုးေရးနဲ႔ ပတ္သက္၍ေသာ္လည္းေကာင္း မဲ႐ုံမွာ လက္ရွိလုပ္ေနတဲ့တာဝန္ရွိသူေတြရဲ႕ မသမာမႈ ကို ေသာ္လည္းေကာင္း ျပည္သူတစ္ေယာက္ခ်င္းစီရဲ႕ မဲေပးႏိုင္မႈ အသိအျမင္ေတြကို ေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႔ေတြက သံုးသပ္တယ္။ သူတို႔ရဲ႕ သံုးသပ္ခ်က္က ေနာင္ဆို UEC ကိုသြားမွာပဲ။ ဒါေတြက UEC သိေအာင္ ဒီအဖြဲ႔ေတြက ေျပာတယ္။”

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက မြန္ျပည္နယ္တြင္ ျပည္နယ္အဆင့္ ေလွ်ာက္ထားသည့္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသည့္ အဖြဲ႕မ်ားရွိသကဲ့သို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွလည္း ခြင့္ျပဳေပးသည့္ အဖြဲ႕ ၁၁ ဖြဲ႕ ခန္႔ ရွိသည္။

လူအင္အား ၄၀၀ ေက်ာ္ျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲအား ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္ဟု ျပည္နယ္ ေရြး ေကာက္ပြဲ ေကာ္မရွင္ရံုးရွိ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔အျပင္ ၿမိဳ႕နယ္အဆင့္ ေစာင့္ၾကည့္ေလ့လာသည့္အဖြဲ႕ မ်ား၊ ႏုိင္ငံတကာ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ မ်ား ျဖစ္သည့္ EU အဖြဲ႕ ၊ ကာတာစင္တာ စသည့္အဖြဲ႕ မ်ားလည္း ရွိခဲ့သည္။

ယခုႏွစ္ ႏုိဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္တြင္း မဲရံုေပါင္း ၉၅၀ ေက်ာ္ လ်ာထားၿပီး မဲေပးပိုင္ခြင့္ရွိသူမွာ ၁၇၄၀၀၀၀ ေက်ာ္ရွိသည္။