မွန်ပြည်နယ်တွင် မဲရုံ ၁၀၀၀ နီးပါး လျာထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်သားများ ပါဝင်မဲပေးရမည့် မဲရုံ ၄၉ ရုံ အပါအဝင် မဲရုံပေါင်း ၉၅၄ ရုံ လျာထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် တပ်သီးသန့်မဲရုံထားရှိမည်မဟုတ်ပဲ တပ်နှင့် ပြည်သူ ပေါင်းထားသည့် မဲရုံများ ထား ရှိမည် ဖြစ်ကြောင်း တပ်မတော်သားများပါဝင်သော မဲရုံအားလုံးသည်လည်း တပ်ပြင်ပတွင်သာထားရှိမည် ဟု ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။
“အခုက တပ်သီးသန့်ကြီးပဲ မဲရုံကြီးလုပ်တာမဟုတ်ဘူး၊ တပ်အနားမှာ စာသင်ကျောင်းရှိတယ်။ အဲဒီ စာသင် ကျောင်းမှာရှိတဲ့မဲရုံမှာ တပ်ကို ထည့်လိုက်တယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ အရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်သားနှင့် အတူနေမိသားစုများအပါအဝင် မဲပေးခွင့် ရှိသူ ၁၇ သိန်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မဲစာရင်း တည်ဆောက်သည့် အချိန်မှာလည်း မဲရုံတစ်ခုလုံး၏ မဲစာရင်းကိုသာ တည်ဆောက်ထားသည့် အတွက် တပ်မတော်နှင့် အတူနေ မိသားစုမဲစာရင်းဆိုပြီး မဲစာရင်း သီးသန့်ထွက်လာခြင်းမရှိ ဟု လည်း ဦးဟိဏ်းလင်းထက် က ဆက်ပြောသည်။
လျာထားမဲရုံ ၉၅၀ ကျော်အတွက် လုံခြုံရေးဆိုင်ရာ တာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် ခန့်အပ်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။
“မဲရုံလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့က မဲရုံတစ်ရုံကို ရဲတပ်ဖွဲ့ဝင်တစ်ယောက်မပေးနိုင်ဘူး။ မပေးနိုင်တဲ့ အခါကျ တော့ အရံရဲပေါ့ အထူးရဲလို့ခေါ်တာပေါ့ ခန့်ထားဖို့ ဆောင်ရွက်နေတယ်” ဟု ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။
ပြည်နယ်အတွင်း လျာထားသည့် မဲရုံများသည် ရဲတပ်ဖွဲ့ဝင်များသာ လုံခြုံရေးယူရမည့် မဲရုံများရှိသလို ရဲတပ်ဖွဲ့ နှင့် တပ်မတော်ပူးပေါင်းကာ လုံခြုံရေး ရယူရမည့်မဲရုံများလည်း ရှိသည်ဟု ရဲမှူး (ဦးစီး) က ဆက်ပြောသည်။
လျာထားမဲရုံ ၉၅၄ ရုံတွင် မဲဆန္ဒရှင် ၅၀၀ အောက်ရှိသည့် မဲရုံ ၂၇ ရုံ၊ မဲဆန္ဒရှင် ၅၀၀ နှင့် ၁၀၀၀ ကြားရှိ မဲရုံ ၉၀ ရုံ၊ မဲဆန္ဒရှင် ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိ မဲရုံ ၁၈၄ ရုံ၊ မဲဆန္ဒရှင် ၁၅၀၀ နှင့် ၂၀၀၀ ကြားရှိ မဲရုံ ၂၃၃ ရုံ၊ မဲဆန္ဒရှင် ၂၀၀၀ နှင့် ၂၅၀၀ ကြားရှိ မဲရုံ ၂၃၂ ရုံနှင့် မဲဆန္ဒရှင် ၂၅၀၀ နှင့် ၃၀၀၀ ကြားရှိ မဲရုံ ၁၇၁ ရုံ ဖြစ်သည် ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ မဲရံု ၁၀၀၀ နီးပါး လ်ာထား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၂ ရက္။
ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တြင္ တပ္မေတာ္သားမ်ား ပါ၀င္မဲေပးရမည့္ မဲ႐ုံ ၄၉ ႐ုံ အပါအဝင္ မဲ႐ုံေပါင္း ၉၅၄ ႐ုံ လ်ာထားသည္ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရသည္။
လာမည့္ ေရြးေကာက္ပြဲတြင္ တပ္သီးသန္႔မဲ႐ုံထားရွိမည္မဟုတ္ပဲ တပ္ႏွင့္ ျပည္သူ ေပါင္းထားသည့္ မဲ႐ုံမ်ား ထား ရွိမည္ ျဖစ္ေၾကာင္း တပ္မေတာ္သားမ်ားပါ၀င္ေသာ မဲ႐ုံအားလံုးသည္လည္း တပ္ျပင္ပတြင္သာထားရွိမည္ ဟု ျပည္နယ္ ေရြး ေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိက ေျပာသည္။
“အခုက တပ္သီးသန္႔ႀကီးပဲ မဲ႐ုံႀကီးလုပ္တာမဟုတ္ဘူး၊ တပ္အနားမွာ စာသင္ေက်ာင္းရွိတယ္။ အဲဒီ စာသင္ ေက်ာင္းမွာရွိတဲ့မဲ႐ုံမွာ တပ္ကို ထည့္လိုက္တယ္” ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံ အရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တြင္ တပ္မေတာ္သားႏွင့္ အတူေနမိသားစုမ်ားအပါအဝင္ မဲေပးခြင့္ ရွိသူ ၁၇ သိန္းေက်ာ္ ရွိသည္ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရသည္။
မဲစာရင္း တည္ေဆာက္သည့္ အခ်ိန္မွာလည္း မဲ႐ုံတစ္ခုလံုး၏ မဲစာရင္းကိုသာ တည္ေဆာက္ထားသည့္ အတြက္ တပ္မေတာ္ႏွင့္ အတူေန မိသားစုမဲစာရင္းဆိုၿပီး မဲစာရင္း သီးသန္႔ထြက္လာျခင္းမရွိ ဟု လည္း ဦးဟိဏ္းလင္းထက္ က ဆက္ေျပာသည္။
လ်ာထားမဲ႐ုံ ၉၅၀ ေက်ာ္အတြက္ လံုၿခံဳေရးဆိုင္ရာ တာဝန္ထမ္းေဆာင္ရန္ အထူးရဲတပ္ဖြဲ႔ဝင္ ၁၀၀၀ ေက်ာ္ ခန္႔အပ္သြားမည္ဟု မြန္ျပည္နယ္ ရဲတပ္ဖြဲ႔မွ ရဲမွဴး (ဦးစီး) ထြန္းထြန္းက ေျပာသည္။
“မဲ႐ုံလံုၿခံဳေရးနဲ႔ ပတ္သက္ၿပီးေတာ့က မဲ႐ုံတစ္႐ုံကို ရဲတပ္ဖြဲ႔ဝင္တစ္ေယာက္မေပးႏိုင္ဘူး။ မေပးႏိုင္တဲ့ အခါက် ေတာ့ အရံရဲေပါ့ အထူးရဲလို႔ေခၚတာေပါ့ ခန္႔ထားဖို႔ ေဆာင္ရြက္ေနတယ္” ဟု ရဲမွဴး (ဦးစီး) ထြန္းထြန္း က ေျပာသည္။
ျပည္နယ္အတြင္း လ်ာထားသည့္ မဲ႐ုံမ်ားသည္ ရဲတပ္ဖြဲ႔ဝင္မ်ားသာ လံုၿခံဳေရးယူရမည့္ မဲ႐ုံမ်ားရွိသလို ရဲတပ္ဖြဲ႔ ႏွင့္ တပ္မေတာ္ပူးေပါင္းကာ လံုၿခံဳေရး ရယူရမည့္မဲ႐ုံမ်ားလည္း ရွိသည္ဟု ရဲမွဴး (ဦးစီး) က ဆက္ေျပာသည္။
လ်ာထားမဲ႐ုံ ၉၅၄ ႐ုံတြင္ မဲဆႏၵရွင္ ၅၀၀ ေအာက္ရွိသည့္ မဲ႐ုံ ၂၇ ႐ုံ၊ မဲဆႏၵရွင္ ၅၀၀ ႏွင့္ ၁၀၀၀ ၾကားရွိ မဲ႐ုံ ၉၀ ႐ုံ၊ မဲဆႏၵရွင္ ၁၀၀၀ ႏွင့္ ၁၅၀၀ ၾကားရွိ မဲ႐ုံ ၁၈၄ ႐ုံ၊ မဲဆႏၵရွင္ ၁၅၀၀ ႏွင့္ ၂၀၀၀ ၾကားရွိ မဲ႐ုံ ၂၃၃ ႐ုံ၊ မဲဆႏၵရွင္ ၂၀၀၀ ႏွင့္ ၂၅၀၀ ၾကားရွိ မဲ႐ုံ ၂၃၂ ႐ုံႏွင့္ မဲဆႏၵရွင္ ၂၅၀၀ ႏွင့္ ၃၀၀၀ ၾကားရွိ မဲ႐ုံ ၁၇၁ ႐ုံ ျဖစ္သည္ ဟု ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံမွ သိရသည္။