ကျောက်တော်ပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ကျောက်တော်မြို့နယ်၊ ရှမ်းရွာအတွင်းတွင် ပစ်ခတ်မှု ကြောင့် ဒေသခံရွာသား တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံ တစ်ဦးက ပြောသည်။

“မနက်အစောပေါ့ဖြစ်တာ။ အရုဏ်တက် မနက်စောစော တစ်နာရီခွဲ ကျော် လောက်မှာပေါ့ ကျည်ထိပြီးသေသွားတာပါ။ သေသွားသူက မောင်နိုင်ဝင်း အသက် ၃၀၊ ကျည်ထိဒဏ်နဲ့ သေတာ၊ သူက မနက်အစော အပေါ့အလေးသွားဖို့ အပြင်ထွက်တာ အခုလိုမျိုး အပစ်ခံရတာလို့ သူ့အစ်မတွေ က ပြောပြတယ်။”

ပစ်ခတ်မှုဖြစ်သည့် နေရာမှာ ရှမ်းရွာ မြို့ပတ်လမ်း ရေလှောင်ကန်အနီးတွင် ဖြစ်သည်ဟု သူက ပြောသည်။

“အဲ့ဒီနေရာက ရှမ်းရွာ မြို့ပတ်လမ်း ရေလှောင်ကန်အနီး သုသာန်သွားတဲ့လမ်းမှာ အဲ့နားမှာ ဖြစ်တာ။ ကျောက်တော်မှာက ပစ်ခတ်မှုက ဒီရက်ပိုင်းမှာ ဆက်တိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် တဖက်ပဲဖြစ် နေ တာ။ နှစ်ဖက် တိုက်ပွဲတို့ ပစ်ခတ်မှုတို့တော့ မရှိပါဘူး။ ကျောက်တော်မြို့ထဲမှာလည်း စစ်ကြောင်းက ဝင်လိုက် ထွက်လိုက်ပဲ လုပ်နေတာ” ဟု ဆက်ပြောသည်။

သေဆုံးသူ မောင်နိုင်ဝင်းမှာ သေနတ်ဒဏ်ရာ ၆ ချက်ခန့်ရှိနေပြီး၊ ဦးခေါင်းတစ်ခုလုံးလည်း ကြေမွနေသည်ဟု မိသားစုဝင်များက ပြောသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲ အချိန်ခန့်က ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အဆိုပါ ၄ ဦးထဲမှ တစ်ဦးမှာ သေဆုံးသွားပြီးဟု သိရသည်။

ကျောက်တော်မြို့ ဒေသခံ ဦးကျော်လှမြင့် က “ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ကောက်စိုက်သမက ၃ ဦး ဒဏ်ရာရတယ်။ မအပုမ (၃၇) နှစ်၊ ဘယ်ဘက်ခါးမှာ ဒဏ်ရာရတယ်။ သူက ဒဏ်ရာပြင်းထန်တယ်။ သူက တော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတာ။ အခု မအပုမက ဆုံးသွားပြီ။ ၂ နာရီခွဲက ဆုံးသွားတယ်။ မအေးသိန်း ကျော့ (၃၃) နှစ်၊ သူကတော့ လက်ရယ်၊ ရင်ဘက်ရယ်၊ လည်ပင်းရယ် အကုန်လုံးမှာ ကျည်ဆထိမှန်တာ။ လက်နက်ကြီးဆထိမှန်တယ်။ မကျော့စိန် (၃၇) နှစ်၊ ဘယ် ဘက်လက်ကောက်ဝတ်မှာ ဒဏ်ရာ ရတယ်။ အခု တော့ အားလုံး ကျောက်တော်ဆေးရုံကြီးမှာ ဆေးကုသမှု ခံ ယူနေရတယ်။ တစ်နေရာနဲ့တစ်နေရာ လှုပ်ရှားမှု တွေရှိနေတော့ သွားရလာရတာလည်း ခက်တယ်” ဟု ပြောသည်။

ကျောက်တော်မြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများထဲသို့ တပ်မတော်စစ်ကြောင်းများ နေ့စဉ် ဝင် ထွက်သွားမှုများ ရှိနေပြီး ပစ်ခတ်မှုများလည်း ဆက်တိုက်ဖြစ်နေသည် ဟု ကျော်တော်ဒေသခံများ နှင့် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ရှမ်းရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “အစတော့ ရွာထဲကို စစ်သားတွေ ဝင်လာတယ်။ ဝင်လာတာနဲ့ ရွာထဲက အိမ်တွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ စစ်ဆေးတယ်။ သွားတယ်လာတယ်။ COVID-19 နဲ့ ဒီ လောက်ခက်ခဲနေချိန်မှာ အိမ်တွေထဲဝင်တယ်။ အိုးတွေခွက်တွေရှိတဲ့ စားစရာတွေ သောက်စရာတွေကို စား တယ် သောက်တယ်။ အိုးတွေခွက်တွေမွှေနောက် ရှာစားတယ်။ ရွာသားတွေကို ခေါ်မေးတာတွေလုပ်တယ်” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်းများ ယခုကဲ့သို့ ဝင်ထွက်သွားလာနေသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြ သည်ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “ကျနော့်ကို ဖုန်းဆက်ကြတယ်။ မနေ့က မြို့ထဲကိုလည်း တပ်မတော်စစ်ကြောင်းရောက်တယ်လို့ ပြောတယ်။ ညအချိန်ကလည်း ပစ်ခတ်မှု တချို့ ဖြစ်တယ်။ ရှမ်းရွာက တစ်ယောက် သေသွားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ တချိန်တည်းမှာပဲ ကျောက်တော်မြို့နယ် အပေါက်ဝမှာ ပစ်ခတ်မှု တချို့ဖြစ်တယ်။ အဲ့နားမှာ ကောက်စိုက်နေတဲ့ သုံးလေး ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်” ဟု ပြောသည်။

“ဒီအချိန်မှာ အခုလို ပစ်ခတ်မှုတွေကို ရှောင်ရှားကြဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ ကိုဗစ်ကြီးက ကမ္ဘာ့ကပ်ရောဂါကြီး၊ ကမ္ဘာမှာရှိတဲ့ ခေါင်းဆောင်တွေရော တစ်ကမ္ဘာလုံးကပါ ဒါကို အာရုံစိုက်ပြီးမှ ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေချိန်မှာ ဆိုတော့ လက်နက်ကိုင်တွေအနေနဲ့ ဒီအချိန်မှာ လက်နက်ချပြီးတော့ ပစ်ခတ် မှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ပေါ့ဗျာ။ အတတ်နိုင်ဆုံး ဒီဖြစ်စဉ်တွေကို ရှောင်ရှားကြဖိ့ု အရေးကြီး ပါတယ်။ ဘယ်အဖွဲ့အစည်းတွေ က ဘယ်လောက်ထိ လူသားဆန်တဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားလဲဆိုတာ သက်သေပြရမယ့် အချိန်ပဲလို့ မြင်တယ်။”

ကျောက်တော်မြို့နယ်အတွင်းက ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက် ၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အား အခြေအနေသိရအောင် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ ပေ။

သို့သော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ မွန်းလွှဲပိုင်း က “ပုဒ်မ ၁၄၄ ထုတ်ပြန် ထား သည့် ကျောက်တော်မြို့နယ်အတွင်းက မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးအား လက်ကိုင် စကားပြော စက် တစ်လုံးနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ” ဟု ထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းတစ်ကြောင်းက ယနေ့ နံနက်ပိုင်း ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ကျောက်တော်-ဝါးကင်း ကျေးရွာသွားလမ်းကြောင်းပေါ်တွင် မသင်္ကာဖွယ်ရာ ပြုလုပ်နေသူများအား တွေ့ ရှိရာ စစ်ဆေးရန် ခေါ်ယူရာတွင် ထွက်ပြေးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ ထွက်မပြေးရန်ပြောဆိုသော်လည်း ထွက်ပြေး သည့် အတွက် ခြောက်လန့် ပစ်ခတ်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

“ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ၎င်းဝတ် ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ Quansheng အမျိုးအစား လက်ကိုင် စကားပြောစက် တစ်လုံး၊ ငွေကျပ် ၁၀၀၀ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကာ ၎င်းစီးနင်းလာသည်ဟု ယူဆရသော Smash-125 အမျိုးအစား (လိုင် စင်မဲ့) ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ယနေ့ နံနက် ပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သြဂုတ်လ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျးရွာမှ အမျိုးသမီးတစ်ဦး လက် နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

*** ZAWGYI ***

ေက်ာက္ေတာ္ပစ္ခတ္မႈ အရပ္သား ၂ ဦးေသဆံုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၇ ရက္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ေဒသခံ ၂ ဦးေသဆံုးကာ ၃ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ၾသဂုတ္လ ၂၇ ရက္ေန႔ နံနက္ ၁ နာရီအခ်ိန္ခန္႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရွမ္းရြာအတြင္းတြင္ ပစ္ခတ္မႈ ေၾကာင့္ ေဒသခံရြာသား တစ္ဦး ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု အမည္မေဖာ္လိုေသာ ေဒသခံ တစ္ဦးက ေျပာသည္။

“မနက္အေစာေပါ့ျဖစ္တာ။ အရုဏ္တက္ မနက္ေစာေစာ တစ္နာရီခြဲ ေက်ာ္ ေလာက္မွာေပါ့ က်ည္ထိၿပီးေသသြားတာပါ။ ေသသြားသူက ေမာင္ႏုိင္ဝင္း အသက္ ၃၀၊ က်ည္ထိဒဏ္နဲ႔ ေသတာ၊ သူက မနက္အေစာ အေပါ့အေလးသြားဖုိ႔ အျပင္ထြက္တာ အခုလိုမ်ိဳး အပစ္ခံရတာလို႔ သူ႔အစ္မေတြ က ေျပာျပတယ္။”

ပစ္ခတ္မႈျဖစ္သည့္ ေနရာမွာ ရွမ္းရြာ ၿမိဳ့ပတ္လမ္း ေရေလွာင္ကန္အနီးတြင္ ျဖစ္သည္ဟု သူက ေျပာသည္။

“အဲ့ဒီေနရာက ရွမ္းရြာ ၿမိဳ႕ပတ္လမ္း ေရေလွာင္ကန္အနီး သုသာန္သြားတဲ့လမ္းမွာ အဲ့နားမွာ ျဖစ္တာ။ ေက်ာက္ေတာ္မွာက ပစ္ခတ္မႈက ဒီရက္ပိုင္းမွာ ဆက္တုိက္ျဖစ္ေနတာပဲ။ ဒါေပမယ့္ တဖက္ပဲျဖစ္ ေန တာ။ ႏွစ္ဖက္ တုိက္ပြဲတုိ႔ ပစ္ခတ္မႈတို႔ေတာ့ မရွိပါဘူး။ ေက်ာက္ေတာ္ၿမိဳ႕ထဲမွာလည္း စစ္ေၾကာင္းက ဝင္လုိက္ ထြက္လိုက္ပဲ လုပ္ေနတာ” ဟု ဆက္ေျပာသည္။

ေသဆံုးသူ ေမာင္ႏိုင္ဝင္းမွာ ေသနတ္ဒဏ္ရာ ၆ ခ်က္ခန္႔ရွိေနၿပီး၊ ဦးေခါင္းတစ္ခုလံုးလည္း ေၾကမြေနသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

ထိ္ု႔အျပင္ ယေန႔ နံနက္ပိုင္း ၁၀ နာရီခြဲ အခ်ိန္ခန္႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်းရြာအနီး လက္နက္ ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ အမ်ိဳးသမီး ၄ ဦး ထိခိုက္ဒဏ္ရာရွိခဲ့ၿပီး အဆုိပါ ၄ ဦးထဲမွ တစ္ဦးမွာ ေသဆံုးသြားၿပီးဟု သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕ ေဒသခံ ဦးေက်ာ္လွျမင့္ က “ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်းရြာက ေကာက္စိုက္သမက ၃ ဦး ဒဏ္ရာရတယ္။ မအပုမ (၃၇) ႏွစ္၊ ဘယ္ဘက္ခါးမွာ ဒဏ္ရာရတယ္။ သူက ဒဏ္ရာျပင္းထန္တယ္။ သူက ေတာ့ စိုးရိမ္ရတဲ့အေနအထားမွာ ရွိတာ။ အခု မအပုမက ဆံုးသြားၿပီ။ ၂ နာရီခြဲက ဆံုးသြားတယ္။ မေအးသိန္း ေက်ာ့ (၃၃) ႏွစ္၊ သူကေတာ့ လက္ရယ္၊ ရင္ဘက္ရယ္၊ လည္ပင္းရယ္ အကုန္လံုးမွာ က်ည္ဆထိမွန္တာ။ လက္နက္ႀကီးဆထိမွန္တယ္။ မေက်ာ့စိန္ (၃၇) ႏွစ္၊ ဘယ္ ဘက္လက္ေကာက္ဝတ္မွာ ဒဏ္ရာ ရတယ္။ အခု ေတာ့ အားလံုး ေက်ာက္ေတာ္ေဆးရံုႀကီးမွာ ေဆးကုသမႈ ခံ ယူေနရတယ္။ တစ္ေနရာနဲ႔တစ္ေနရာ လႈပ္ရွားမႈ ေတြရွိေနေတာ့ သြားရလာရတာလည္း ခက္တယ္” ဟု ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕အတြင္းႏွင့္ အနီးပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားထဲသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား ေန႔စဥ္ ဝင္ ထြက္သြားမႈမ်ား ရွိေနၿပီး ပစ္ခတ္မႈမ်ားလည္း ဆက္တုိက္ျဖစ္ေနသည္ ဟု ေက်ာ္ေတာ္ေဒသခံမ်ား ႏွင့္ ျပည္ နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာသည္။

ရွမ္းရြာက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က “အစေတာ့ ရြာထဲကို စစ္သားေတြ ဝင္လာတယ္။ ဝင္လာတာနဲ႔ ရြာထဲက အိမ္ေတြကို တစ္အိမ္ဝင္တစ္အိမ္ထြက္နဲ႔ စစ္ေဆးတယ္။ သြားတယ္လာတယ္။ COVID-19 နဲ႔ ဒီ ေလာက္ခက္ခဲေနခ်ိန္မွာ အိမ္ေတြထဲဝင္တယ္။ အိုးေတြခြက္ေတြရွိတဲ့ စားစရာေတြ ေသာက္စရာေတြကို စား တယ္ ေသာက္တယ္။ အိုးေတြခြက္ေတြေမႊေနာက္ ရွာစားတယ္။ ရြာသားေတြကို ေခၚေမးတာေတြလုပ္တယ္” ဟု ေျပာသည္။

တပ္မေတာ္စစ္ေၾကာင္းမ်ား ယခုက့ဲသို႔ ဝင္ထြက္သြားလာေနသည့္အတြက္ ေဒသခံမ်ား စိုးရိမ္ထိတ္လန္႔ ေနၾက သည္ဟု ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္း က “က်ေနာ့္ကို ဖုန္းဆက္ၾကတယ္။ မေန႔က ၿမိဳ႕ထဲကိုလည္း တပ္မေတာ္စစ္ေၾကာင္းေရာက္တယ္လို႔ ေျပာတယ္။ ညအခ်ိန္ကလည္း ပစ္ခတ္မႈ တခ်ိဳ႕ ျဖစ္တယ္။ ရွမ္းရြာက တစ္ေယာက္ ေသသြားတယ္လို႔ သတင္းရထားတယ္။ ၿပီးေတာ့ တခ်ိန္တည္းမွာပဲ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝမွာ ပစ္ခတ္မႈ တခ်ိဳ႕ျဖစ္တယ္။ အဲ့နားမွာ ေကာက္စိုက္ေနတဲ့ သံုးေလး ေယာက္ ဒဏ္ရာရတယ္လို႔ ေျပာတယ္” ဟု ေျပာသည္။

“ဒီအခ်ိန္မွာ အခုလို ပစ္ခတ္မႈေတြကို ေရွာင္ရွားၾကဖုိ႔ အရမ္းအေရးႀကီးပါတယ္။ က်ေနာ္တုိ႔ ကိုဗစ္ႀကီးက ကမၻာ့ကပ္ေရာဂါႀကီး၊ ကမၻာမွာရွိတဲ့ ေခါင္းေဆာင္ေတြေရာ တစ္ကမၻာလံုးကပါ ဒါကို အာရံုစိုက္ၿပီးမွ ဘယ္လို ေျဖရွင္းရမလဲ စဥ္းစားေနခ်ိန္မွာ ဆုိေတာ့ လက္နက္ကိုင္ေတြအေနနဲ႔ ဒီအခ်ိန္မွာ လက္နက္ခ်ၿပီးေတာ့ ပစ္ခတ္ မႈေတြကို အတတ္ႏုိင္ဆံုးေလ်ွာ့ခ်ဖို႔ေပါ့ဗ်ာ။ အတတ္ႏိုင္ဆံုး ဒီျဖစ္စဥ္ေတြကို ေရွာင္ရွားၾကဖိ႔ု အေရးႀကီး ပါတယ္။ ဘယ္အဖြဲ႕အစည္းေတြ က ဘယ္ေလာက္ထိ လူသားဆန္တဲ့ ႏွလံုးသားေတြ ပိုင္ဆုိင္ထားလဲဆိုတာ သက္ေသျပရမယ့္ အခ်ိန္ပဲလို႔ ျမင္တယ္။”

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ယေန႔ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈမ်ားႏွင့္ ပတ္သက္ ၍ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕အား အေျခအေနသိရေအာင္ ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ ေပ။

သို႔ေသာ္လည္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ယေန႔ မြန္းလႊဲပိုင္း က “ပုဒ္မ ၁၄၄ ထုတ္ျပန္ ထား သည့္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက မသကၤာဖြယ္ရာ အမ်ိဳးသားတစ္ဦးအား လက္ကိုင္ စကားေျပာ စက္ တစ္လံုးႏွင့္အတူ အေသပစ္ခတ္ဖမ္းဆီးရမိ” ဟု ထုတ္ျပန္ထားသည္။

တပ္မေတာ္စစ္ေၾကာင္းတစ္ေၾကာင္းက ယေန႔ နံနက္ပိုင္း ၁ နာရီ ၃၅ မိနစ္အခိ်န္ခန္႔တြင္ ေက်ာက္ေတာ္-ဝါးကင္း ေက်းရြာသြားလမ္းေၾကာင္းေပၚတြင္ မသကၤာဖြယ္ရာ ျပဳလုပ္ေနသူမ်ားအား ေတြ႕ ရွိရာ စစ္ေဆးရန္ ေခၚယူရာတြင္ ထြက္ေျပးသြားေၾကာင္း၊ လံုၿခံဳေရးတပ္ဖြဲ႕မွ ထြက္မေျပးရန္ေျပာဆုိေသာ္လည္း ထြက္ေျပး သည့္ အတြက္ ေျခာက္လန္႔ ပစ္ခတ္ခဲ့ရသည္ဟု ထုတ္ျပန္ထားသည္။

“ပစ္ခတ္မႈေၾကာင့္ တစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားၿပီး အသက္ ၃၀ ခန႔္ရွိ အမ်ိဳးသားတစ္ဦးအား ၎ဝတ္ ဆင္ထားသည့္ ပုဆိုးခါးပုံစအတြင္းမွ Quansheng အမ်ိဳးအစား လက္ကိုင္ စကားေျပာစက္ တစ္လုံး၊ ေငြက်ပ္ ၁၀၀၀ ႏွင့္အတူ အေသဖမ္းဆီးရမိခဲ့ကာ ၎စီးနင္းလာသည္ဟု ယူဆရေသာ Smash-125 အမ်ိဳးအစား (လိုင္ စင္မဲ့) ဆိုင္ကယ္တစ္စီးအား သိမ္းဆည္းရမိခဲ့ၿပီး ေသဆုံးသူအား သက္ဆိုင္ရာ နယ္ေျမရဲစခန္းသို႔ ယေန႔ နံနက္ ပိုင္းတြင္ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရွိရသည္” ဟု တပ္မေတာ္၏ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

ၾသဂုတ္လ ၁၁ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ခေပၚက်း႐ြာမွ အမ်ဳိးသမီးတစ္ဦး လက္ နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။