ကချင်ပြည်နယ် နေရာသစ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် အလားအလာရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့သည့် ဒေသအချို့ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးနိုင်အောင် မဲစာရင်းပြုစုထားသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရုံးခွဲ( ကချင်ပြည်နယ်) ၏ ဒု-ညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင် က ပြောသည်။
“တစ်ချို့ ၂၀၁၅ တုန်းက နယ် မြေအခြေအနေကြောင့် မလုပ်နိုင်ခဲ့တဲ့နေရာလေးတွေက အခုက နယ်မြေတည်ငြိမ်အေးချမ်းတဲ့အတွက် ပြန် ပြီး အခြေချနေထိုင်လာကြတဲ့အတွက် ကျနော်တို့ လူဦးရေစာရင်းကောက်တယ်။ ကျနော်တို့ မဲစာရင်း လည်း ပြုစုထားတယ်ပေါ့။ အဲဒီနယ်မြေလေးတွေက သူ က လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတဲ့ နေရာ တွေနဲ့ အနီးစပ်ဆုံးနေရာလေးတွေ ဒါပေမယ့် လက်ရှိအနေအထား လက်ရှိ အခြေအနေအရ အေးချမ်းမှု ရှိတဲ့အတွက်ကြောင့် ကျနော်တို့တွေက ထည့်ထားတာ”
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကချင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ ကျင်းပပြု လုပ်နိုင်ခြင်းမရှိသည့် နေရာ ၂၁၂ နေရာခန့်ရှိပြီး ၂၀၂၀ ခုနှစ်တွင် နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အ တွက် အချို့နေရာများကို မဲစာရင်း ပြုစု လာနိုင်သောကြောင့် မဲစာရင်း ပြုစုနိုင်ခြင်း မရှိသည့် နေရာ ၁၉၄ နေရာခန့် သာ ကျန်ရှိတော့သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲ၊ ပြည် နယ်ရွေးကောက်ပွဲ အရာရှိ /ဒု-ညွန်ကြားရေးမှူး က ဆို သည်။
“မြို့နယ်အားဖြင့်ဆိုရင်တော့ ကျနော်တို့ မိုးမောက်မြို့နယ်ထဲမှာ ရှိတယ်။ မိုးမောက်မြို့နယ်ထဲမှာ ပါတာရှိ တယ်။ ရွှေကူမြို့နယ်ထဲမှာလည်း ကျနော်တို့ ကချင်ပြည်နယ်ကတော့ သိတဲ့အတိုင်းပဲ နေရာတိုင်းမှာ ဒီလို မျိုးတွေ ရှိတာပေါ့နော်။ အဲတော့ အဓိကကတော့ မိုးမောက်မြို့နယ်ထဲမှာ ရှိတယ်။ ပြီးရင် ကျနော်တို့ ချီဖွေ ဆော့လော်တို့ ပြီးရင် ဒီဖက်တွေမှာရှိတယ်။ ပြီးရင် မံစီရှိတယ်။ ရွှေကူဖက်မှာ အနည်းအကျဉ်းရှိမယ်။ ကျနော်တို့ ပူတာအို မချမ်းဘောတို့ ဘာတို့ဖက်မှာပေါ့နော်။ အဲလိုမျိုးလေးတွေရှိတယ်။ ချီဖွေ ဆော့လော် ပေါ့နော် လဂျားယန် ဒါမျိုးတွေရှိပါတယ်။” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
အဆိုပါမြို့နယ်များထဲမှ ဒေသအချို့မှာ နယ်မြေတည်ငြိမ်အေးချမ်းလာသည့်အတွက် မဲစာရင်း ကောက်ယူပြုစုမှုကို ပြုလုပ်လာနိုင်ခဲ့သည်ဟု ဆိုသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က “အဓိက ၂၀၁၅ တုန်းက မဲပေး ခွင့်မရပဲ လုံခြုံရေးအရ ဒုက္ခရောက်ခဲ့တာက ကျနော်တို့ ဆဒုံးဒေသအထက်ဘက် KIA ထိန်းချုပ်နယ်မြေ တွေဘက်မှာရယ်၊ ဗန်းမော်မြို့နယ်ထဲမှာလည်း တချို့ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာလည်း ကျေးရွာတချို့ ပါဝင်တယ်။ ကန်ပိုင်တီသွားတဲ့လမ်းဘက်တွေပါတယ်။ မဲပေးခွင့်မရသလို မဲထည့်ဖို့သွားတဲ့အခါလည်း ပိတ် ဆို့မှုတချို့ ရှိခဲ့တယ်။ ဆော့လော်မှာလည်း မဲပေးခွင့်မရခဲ့ဘူး။ နီးစပ်ရာ မဲရုံရှိတဲ့နေရာမှာ မဲလာထည့်နိုင်ဖို့ ကျနော်တို့လည်း ကြိုးစားနေတယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲက ပြောတဲ့အတိုင်းသာဆိုရင် ဝမ်းသာစရာပေါ့နော်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစာရင်း မကောက်နိုင်သည့် နယ်မြေများနှင့် ပတ်သက်၍ ဦးထွန်း အောင်ခိုင်က ယခုလို ပြောသည်။
“တစ်ချို့ ကျေးရွာ အုပ်စုတွေက ပြည်ထဲရေးဝန်ကြီး ဌာနကနေပြီးတော့ အုပ်စုပျက်တွေကို မပယ်ဖျတ်ရ သေးတဲ့ အုပ်စုပျက်တွေပါတယ်။ ဒါတော့ ကျနော်တို့ မကောက်ဘူး။ နောက်တစ်ခါကျနော်တို့ လက်နက် ကိုင် အဖွဲ့အစည်းရှိတဲ့ နယ်မြေတွေရှိတယ်။ ဒါတွေဆိုလည်း အုပ်စု ၆၀ ကျော် ၇၀ နီးပါးရှိတယ်။ ကျနော်တို့ ဒါတွေဆိုရင် ကျနော်တို့ သွားပြီးတော့ မကောက်နိုင်ဘူးပေါ့နော်။ နောက်တစ်ခါ ကျနော်တို့ တိုက်ပွဲတွေ ကြောင့် တိမ်းရှောင်သွားတဲ့ အုပ်စုတွေက ၂၀ လောက်ရှိတယ်။ နောက်တစ်ခါ လုံခြုံရေး ကန့်သတ်ချက် လူတွေကတော့ နေနေတယ်။ ဒါပေမယ့် လုံခြုံရေးကန့်သတ်ချက်အရ ကျနော်တို့ သွားလို့လာလို့ မရဘူး ပေါ့နော်။ အဆင်မပြေဘူး လုံခြုံရေးအရ အာမခံချက် သိပ်မရှိတဲ့အတွက် လုံခြုံရေးကန့် သတ်ချက်ရှိ နေတဲ့ ကျေးရွာ အုပ်စုက ၂၀ လောက် ကျနော်တို့ပါနေတယ်။ အဲတော့ အဲဒီနေရာမှာတော့ ကျနော်တို့ တွေက လူဦးရေစာရင်းမကောက်ဘူး မကောက်ဘူးအတွက် ကျနော်တို့ မဲစာရင်းလည်း ပြုစုထားတာ မရှိဘူး။”
သို့သော် ကျန်ရှိသည့် ကျေးရွာ ရပ်ကွက် ၁၇၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၉၂ အုပ်စု စုစုပေါင်း ၅၇၀ ကို မဲစာရင်းကောက်ယူကာ စာရင်းပြုစုထားသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် နေရာများကို ၂၀၂၀ ခုနှစ်တွင် မဲစာရင်းကောက် ယူထားသော်လည်း အဆိုပါဒေသများသည် စစ်ရေးပဋိပက္ခအတွင်းရှိ နေရာများ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲကျင်းပ ဖြစ်မည် မဖြစ်မည်ကို အတိအကျ မပြောနိုင်သေးကြောင်း ဦးထွန်းအောင် ခိုင် ကပြောသည်။
*** ZAWGYI ***
ကခ်င္ျပည္နယ္ ေနရာသစ္မ်ားတြင္ ေရြးေကာက္ပြဲက်င္းပႏိုင္ရန္ အလားအလာရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။
လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ ၂၀၁၅ ခုႏွစ္က ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိခဲ့သည့္ ေဒသအခ်ိဳ႕ကို ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ျပည္သူမ်ား မဲေပးႏိုင္ေအာင္ မဲစာရင္းျပဳစုထားသည္ဟု ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ႐ုံးခြဲ( ကခ်င္ျပည္နယ္) ၏ ဒု-ညႊန္ၾကားေရးမွဴး ဦးထြန္းေအာင္ခိုင္ က ေျပာသည္။
“တစ္ခ်ိဳ႕ ၂၀၁၅ တုန္းက နယ္ ေျမအေျခအေနေၾကာင့္ မလုပ္ႏိုင္ခဲ့တဲ့ေနရာေလးေတြက အခုက နယ္ေျမတည္ၿငိမ္ေအးခ်မ္းတဲ့အတြက္ ျပန္ ၿပီး အေျခခ်ေနထိုင္လာၾကတဲ့အတြက္ က်ေနာ္တို႔ လူဦးေရစာရင္းေကာက္တယ္။ က်ေနာ္တို႔ မဲစာရင္း လည္း ျပဳစုထားတယ္ေပါ့။ အဲဒီနယ္ေျမေလးေတြက သူ က လက္နက္ကိုင္တိုက္ပြဲေတြ ျဖစ္ပြားတဲ့ ေနရာ ေတြနဲ႔ အနီးစပ္ဆံုးေနရာေလးေတြ ဒါေပမယ့္ လက္ရွိအေနအထား လက္ရွိ အေျခအေနအရ ေအးခ်မ္းမႈ ရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ေတြက ထည့္ထားတာ”
ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္က ကခ်င္ျပည္နယ္တြင္ လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ ေရြးေကာက္ပြဲ က်င္းပျပဳ လုပ္ႏိုင္ျခင္းမရွိသည့္ ေနရာ ၂၁၂ ေနရာခန္႔ရွိၿပီး ၂၀၂၀ ခုႏွစ္တြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းလာသည့္အ တြက္ အခ်ိဳ႕ေနရာမ်ားကို မဲစာရင္း ျပဳစု လာႏိုင္ေသာေၾကာင့္ မဲစာရင္း ျပဳစုႏိုင္ျခင္း မရွိသည့္ ေနရာ ၁၉၄ ေနရာခန္႔ သာ က်န္ရွိေတာ့သည္ဟု ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ႐ုံးခြဲ၊ ျပည္ နယ္ေ႐ြးေကာက္ပြဲ အရာရွိ /ဒု-ၫြန္ၾကားေရးမႉး က ဆို သည္။
“ၿမိဳ႕နယ္အားျဖင့္ဆိုရင္ေတာ့ က်ေနာ္တို႔ မိုးေမာက္ၿမိဳ႕နယ္ထဲမွာ ရွိတယ္။ မိုးေမာက္ၿမိဳ႕နယ္ထဲမွာ ပါတာရွိ တယ္။ ေရႊကူၿမိဳ႕နယ္ထဲမွာလည္း က်ေနာ္တို႔ ကခ်င္ျပည္နယ္ကေတာ့ သိတဲ့အတိုင္းပဲ ေနရာတိုင္းမွာ ဒီလို မ်ိဳးေတြ ရွိတာေပါ့ေနာ္။ အဲေတာ့ အဓိကကေတာ့ မိုးေမာက္ၿမိဳ႕နယ္ထဲမွာ ရွိတယ္။ ၿပီးရင္ က်ေနာ္တို႔ ခ်ီေဖြ ေဆာ့ေလာ္တို႔ ၿပီးရင္ ဒီဖက္ေတြမွာရွိတယ္။ ၿပီးရင္ မံစီရွိတယ္။ ေရႊကူဖက္မွာ အနည္းအက်ဥ္းရွိမယ္။ က်ေနာ္တို႔ ပူတာအို မခ်မ္းေဘာတို႔ ဘာတို႔ဖက္မွာေပါ့ေနာ္။ အဲလိုမ်ိဳးေလးေတြရွိတယ္။ ခ်ီေဖြ ေဆာ့ေလာ္ ေပါ့ေနာ္ လဂ်ားယန္ ဒါမ်ိဳးေတြရွိပါတယ္။” ဟု ဦးထြန္းေအာင္ခိုင္က ေျပာသည္။
အဆိုပါၿမိဳ႕နယ္မ်ားထဲမွ ေဒသအခ်ိဳ႕မွာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းလာသည့္အတြက္ မဲစာရင္း ေကာက္ယူျပဳစုမႈကို ျပဳလုပ္လာႏိုင္ခဲ့သည္ဟု ဆိုသည္။
လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္း က “အဓိက ၂၀၁၅ တုန္းက မဲေပး ခြင့္မရပဲ လံုၿခံဳေရးအရ ဒုကၡေရာက္ခဲ့တာက က်ေနာ္တုိ႔ ဆဒံုုးေဒသအထက္ဘက္ KIA ထိန္းခ်ဳပ္နယ္ေျမ ေတြဘက္မွာရယ္၊ ဗန္းေမာ္ၿမိဳ႕နယ္ထဲမွာလည္း တခ်ိဳ႕ပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲမွာလည္း ေက်းရြာတခ်ိဳ႕ ပါဝင္တယ္။ ကန္ပိုင္တီသြားတဲ့လမ္းဘက္ေတြပါတယ္။ မဲေပးခြင့္မရသလို မဲထည့္ဖုိ႔သြားတဲ့အခါလည္း ပိတ္ ဆုိ႔မႈတခ်ိဳ႕ ရွိခဲ့တယ္။ ေဆာ့ေလာ္မွာလည္း မဲေပးခြင့္မရခဲ့ဘူး။ နီးစပ္ရာ မဲရံုရွိတဲ့ေနရာမွာ မဲလာထည့္ႏုိင္ဖုိ႔ က်ေနာ္တုိ႔လည္း ႀကိဳးစားေနတယ္။ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ ခြြဲက ေျပာတဲ့အတုိင္းသာဆိုရင္ ဝမ္းသာစရာေပါ့ေနာ္” ဟု ေျပာသည္။
၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲအတြက္ မဲစာရင္း မေကာက္နိုင္သည့္ နယ္ေျမမ်ားနွင့္ ပတ္သက္၍ ဦးထြန္း ေအာင္ခိုင္က ယခုလို ေျပာသည္။
“တစ္ခ်ိဳ႕ ေက်းရြာ အုပ္စုေတြက ျပည္ထဲေရး၀န္ႀကီး ဌာနကေနၿပီးေတာ့ အုပ္စုပ်က္ေတြကို မပယ္ဖ်တ္ရ ေသးတဲ့ အုပ္စုပ်က္ေတြပါတယ္။ ဒါေတာ့ က်ေနာ္တို႔ မေကာက္ဘူး။ ေနာက္တစ္ခါက်ေနာ္တို႔ လက္နက္ ကိုင္ အဖြဲ႔အစည္းရွိတဲ့ နယ္ေျမေတြရွိတယ္။ ဒါေတြဆိုလည္း အုပ္စု ၆၀ ေက်ာ္ ၇၀ နီးပါးရွိတယ္။ က်ေနာ္တို႔ ဒါေတြဆိုရင္ က်ေနာ္တို႔ သြားၿပီးေတာ့ မေကာက္ႏိုင္ဘူးေပါ့ေနာ္။ ေနာက္တစ္ခါ က်ေနာ္တို႔ တိုက္ပြဲေတြ ေၾကာင့္ တိမ္းေရွာင္သြားတဲ့ အုပ္စုေတြက ၂၀ ေလာက္ရွိတယ္။ ေနာက္တစ္ခါ လံုၿခံဳေရး ကန္႔သတ္ခ်က္ လူေတြကေတာ့ ေနေနတယ္။ ဒါေပမယ့္ လံုၿခံဳေရးကန္႔သတ္ခ်က္အရ က်ေနာ္တို႔ သြားလို႔လာလို႔ မရဘူး ေပါ့ေနာ္။ အဆင္မေျပဘူး လံုၿခဳံေရးအရ အာမခံခ်က္ သိပ္မရွိတဲ့အတြက္ လံုၿခံဳေရးကန္႔ သတ္ခ်က္ရွိ ေနတဲ့ ေက်းရြာ အုပ္စုက ၂၀ ေလာက္ က်ေနာ္တို႔ပါေနတယ္။ အဲေတာ့ အဲဒီေနရာမွာေတာ့ က်ေနာ္တို႔ ေတြက လူဦးေရစာရင္းမေကာက္ဘူး မေကာက္ဘူးအတြက္ က်ေနာ္တို႔ မဲစာရင္းလည္း ျပဳစုထားတာ မရွိဘူး။”
သို႔ေသာ္ က်န္ရွိသည့္ ေက်းရြာ ရပ္ကြက္ ၁၇၈ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၃၉၂ အုပ္စု စုစုေပါင္း ၅၇၀ ကို မဲစာရင္းေကာက္ယူကာ စာရင္းျပဳစုထားသည္ဟု ဆိုသည္။
၂၀၁၅ ခုႏွစ္က ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္း မရွိသည့္ ေနရာမ်ားကို ၂၀၂၀ ခုႏွစ္တြင္ မဲစာရင္းေကာက္ ယူထားေသာ္လည္း အဆိုပါေဒသမ်ားသည္ စစ္ေရးပဋိပကၡအတြင္းရွိ ေနရာမ်ား ျဖစ္ေနသည့္အတြက္ ေရြးေကာက္ပြဲက်င္းပ ျဖစ္မည္ မျဖစ္မည္ကို အတိအက် မေျပာနိုင္ေသးေၾကာင္း ဦးထြန္းေအာင္ ခိုင္ ကေျပာသည္။