ကယားဝန်ကြီးချုပ် တာဝန်မှ ရပ်စဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတက အတည်ပြု လိုက်သည်။

စက်တင်ဘာလ ၁ ရက်နေ့ တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်သည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း တွေ့ရှိချက်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ အများစုက ထောက်ခံ ခဲ့သည့်အတွက် ရာထူးမှ ရပ်စဲသင့်ကြောင့် အတည်ပြုဆုံးဖြတ်ခဲ့ပြီး နှစ်ရက်အကြာတွင် နိုင်ငံတော် သမ္မတ က ယခုကဲ့သို့ ထုတ်ပြန် အကြောင်းကြားလာခြင်း ဖြစ်သည်ဟု သိရသည်။

လွှတ်တော်စုံစမ်းစစ်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ် စားလှယ် တစ်ဦးလည်းဖြစ်သူ ခူးသဲရယ် က “လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တာ၊ အဲ့မှာ ကျနော်တို့ စွပ်စွဲပြစ်တင် တဲ့ဘက်က နိုင်သွားတာပေါ့လေ၊ အဲ့အစီရင်ခံစာကို သမ္မတဆီကို ပေးပို့တယ်။ ပေးပို့တဲ့ အစီရင်ခံကို သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅၃(င) အပိုဒ်ငယ် (၂) အရပေါ့နော် စီစဉ်ဆောင်ရွက်ပြီးတော့ နိုင်ငံတော်သမ္မတ အမိန့် စာနဲ့ ဒီနေ့မှာပဲ ဝန်ကြီးချုပ်ကို သူ့တာဝန်ကနေ ရပ်စဲကြောင်း နောက်ပြီး ယာယီဝန်ကြီးချုပ်အဖြစ် စိုက်ပျိုးမွေးမြူ ရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို တာဝန်ခံအပ်လိုက်တာဖြစ်ပါတယ်။ စာနဲ့ပဲ အကြောင်းကြားလာတာပါ” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း အကြောင်းကြားစာကို စက်တင်ဘာလ ၃ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ နိုင်ငံတော်သမ္မတက အကြောင်းကြား စာပေး ပို့လာခြင်းဖြစ်ပြီး၊ ယာယီဝန်ကြီးချုပ်အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးဘော့စ်ကို အား တာဝန်ပေးထားသည်ဟု ခူးသဲရယ် က ပြောသည်။

အရပ်သားအစိုးရလက်ထက် ယခုကဲ့သို့ အရေးယူဆောင်ရွက်ပေးမှုလုပ်ဆောင်ခြင်းသည် လွှတ်တော်နှင့် အစိုးရ အပြန်အလှန်ထိန်းကျောင်းခြင်းသာမက ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟု ခူးသဲရယ် က ဆက် ပြောသည်။

“ကျနော်တို့က ဒီလိုပဲမျှော်လင့်ပါတယ်။ ကျနော်တို့ စွပ်စွဲပြစ်တင်ချက်တွေကလည်း ခိုင်လုံတဲ့ အကြောင်းအရာ လည်း အများကြီးပါတော့ နိုင်ငံတော်သမ္မအနေနဲ့လည်း အခုလို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့က ဝမ်းသာပါတယ်။ ကျနော်တို့ မျှော်လင့်တဲ့အတိုင်း ဖြစ်လာခဲ့တော့ လွှတ်တော်က အစိုးရကို ထိန်း ကျောင်းတာ ကျနော်တို့ရဲ့တာဝန်ဖြစ်တော့ ဒီမိုကရေစီစနစ်တစ်ခုမှာ အပြန်အလှန်ထိန်းကြောင်းတာ ဒီမိုကရေ စီကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရှိပါတယ်ပေါ့။ ဒီလိုလုပ်ရတာက စနစ်တစ်ခုကို ကျနော်တို့ အသက်သွင်းတယ်လို့ လည်း ပြောလို့ရတာပေါ့နော်။ အစိုးရလုပ်တဲ့လူတိုင်းက ဥပဒေနဲ့အညီမလုပ်ပဲ စိတ်ကြိုက်လုပ်လို့ မရဘူး ဆို တာမျိုးတွေ ပြချင်တာလည်း ပါတယ်။”

ဝန်ကြီးချုပ်သည် နိုင်ငံပိုင် စက်ယန္တရားများ ငှားရမ်းခအတွက် ရရှိငွေများကို ပြည်သူ့ဘဏ္ဍာငွေထဲ မထည့် သွင်းပဲ ကိုယ်ပိုင် ဘဏ်စာရင်းအတွင်းထည့်သွင်းထားသည့် ကိစ္စ၊ ၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာ မြေနေရာ ကိစ္စ တို့တွင် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်ခံထားရခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) ပုဒ်မ ၂၆၃ အရ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက် ကျူးလွန်သည် ဟု ဆိုကာ အရေးယူ ဆောင်ရွက်ပေးရန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေး ထိုးပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ သြဂုတ် ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့က ကယားပြည်နယ် လွှတ်တော်အတွင်း ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင် မှုအား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ သာ ရှိခဲ့သည့်အတွက် ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် ထောက်ခံခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
ကယား၀န္ၾကီးခ်ဳပ္ တာ၀န္မွ ရပ္စဲ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိကို တာဝန္မွ ရပ္စဲလုိက္ေၾကာင္း ႏုိင္ငံေတာ္ သမၼတက အတည္ျပဳ လိုက္သည္။

စက္တင္ဘာလ ၁ ရက္ေန႔ တြင္ က်င္းပသည့္ ျပည္နယ္လႊတ္ေတာ္တြင္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္သည္ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားလုပ္ခဲ့ေၾကာင္း ေတြ႕ရွိခ်က္ႏွင့္ ပတ္သက္၍ မဲခြဲဆုံးျဖတ္ရာ အမ်ားစုက ေထာက္ခံ ခဲ့သည့္အတြက္ ရာထူးမွ ရပ္စဲသင့္ေၾကာင့္ အတည္ျပဳဆံုးျဖတ္ခဲ့ၿပီး ႏွစ္ရက္အၾကာတြင္ ႏိုင္ငံေတာ္ သမၼတ က ယခုကဲ့သို႔ ထုတ္ျပန္ အေၾကာင္းၾကားလာျခင္း ျဖစ္သည္ဟု သိရသည္။

လႊတ္ေတာ္စုံစမ္းစစ္ေရးအဖြဲ႕ ဥကၠ႒လည္းျဖစ္၊ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) ျပည္နယ္ လႊတ္ေတာ္ ကိုယ္ စားလွယ္ တစ္ဦးလည္းျဖစ္သူ ခူးသဲရယ္ က “လႊတ္ေတာ္ထဲမွာ မဲခြဲဆံုးျဖတ္တာ၊ အဲ့မွာ က်ေနာ္တုိ႔ စြပ္စြဲျပစ္တင္ တဲ့ဘက္က ႏုိင္သြားတာေပါ့ေလ၊ အဲ့အစီရင္ခံစာကို သမၼတဆီကို ေပးပို႔တယ္။ ေပးပို႔တဲ့ အစီရင္ခံကို သမၼတက ဖြဲ႕စည္းပံုအေျခခံဥပေဒ ၂၅၃(င) အပိုဒ္ငယ္ (၂) အရေပါ့ေနာ္ စီစဥ္ေဆာင္ရြက္ၿပီးေတာ့ ႏုိင္ငံေတာ္သမၼတ အမိန္႔ စာနဲ႔ ဒီေန႔မွာပဲ ဝန္ႀကီးခ်ဳပ္ကို သူ႕တာဝန္ကေန ရပ္စဲေၾကာင္း ေနာက္ၿပီး ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ စိုက္ပ်ိဳးေမြးျမဴ ေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီး ဦးေဘာ့စ္ကို တာဝန္ခံအပ္လိုက္တာျဖစ္ပါတယ္။ စာနဲ႔ပဲ အေၾကာင္းၾကားလာတာပါ” ဟု ေျပာသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၃ ပုဒ္မခြဲ (င) ပုဒ္မခြဲငယ္ (၂)၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ဥပေဒပုဒ္မ ၈၀ ႏွင့္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၅၅ တို႔ပါ ျပ႒ာန္းခ်က္မ်ားအရ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို တာဝန္မွ ရပ္စဲလိုက္ေၾကာင္း အေၾကာင္းၾကားစာကိုိ စက္တင္ဘာလ ၃ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္လိုက္သည္။

အဆိုပါထုတ္ျပန္ခ်က္ကို ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒ထံ ႏိုင္ငံေတာ္သမၼတက အေၾကာင္းၾကား စာေပး ပို႔လာျခင္းျဖစ္ၿပီး၊ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ ကယားျပည္နယ္အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ ေျမာင္းဝန္ႀကီး ဦးေဘာ့စ္ကို အား တာဝန္ေပးထားသည္ဟု ခူးသဲရယ္ က ေျပာသည္။

အရပ္သားအစိုးရလက္ထက္ ယခုကဲ့သို႔ အေရးယူေဆာင္ရြက္ေပးမႈလုပ္ေဆာင္ျခင္းသည္ လႊတ္ေတာ္ႏွင့္ အစိုးရ အျပန္အလွန္ထိန္းေက်ာင္းျခင္းသာမက ဒီမိုကေရစီစနစ္ကို က်င့္သံုးျခင္းျဖစ္သည္ဟု ခူးသဲရယ္ က ဆက္ ေျပာသည္။

“က်ေနာ္တို႔က ဒီလိုပဲေမ်ွာ္လင့္ပါတယ္။ က်ေနာ္တုိ႔ စြပ္စြဲျပစ္တင္ခ်က္ေတြကလည္း ခိုင္လံုတဲ့ အေၾကာင္းအရာ လည္း အမ်ားႀကီးပါေတာ့ ႏိုင္ငံေတာ္သမၼအေနနဲ႔လည္း အခုလို ေဆာင္ရြက္တာျဖစ္ပါတယ္။ ဒီအေပၚမွာလည္း က်ေနာ္တုိ႔က ဝမ္းသာပါတယ္။ က်ေနာ္တို႔ ေမ်ွာ္လင့္တဲ့အတုိင္း ျဖစ္လာခဲ့ေတာ့ လႊတ္ေတာ္က အစိုးရကို ထိန္း ေက်ာင္းတာ က်ေနာ္တုိ႔ရဲ႕တာဝန္ျဖစ္ေတာ့ ဒီမိုကေရစီစနစ္တစ္ခုမွာ အျပန္အလွန္ထိန္းေၾကာင္းတာ ဒီမိုကေရ စီက်င့္သံုးတဲ့ ႏုိင္ငံတုိင္းမွာ ရွိပါတယ္ေပါ့။ ဒီလိုလုပ္ရတာက စနစ္တစ္ခုကို က်ေနာ္တို႔ အသက္သြင္းတယ္လို႔ လည္း ေျပာလုိ႔ရတာေပါ့ေနာ္။ အစိုးရလုပ္တဲ့လူတုိင္းက ဥပေဒနဲ႔အညီမလုပ္ပဲ စိတ္ႀကိဳက္လုပ္လို႔ မရဘူး ဆို တာမ်ိဳးေတြ ျပခ်င္တာလည္း ပါတယ္။”

ဝန္ႀကီးခ်ဳပ္သည္ ႏိုင္ငံပိုင္ စက္ယႏၲရားမ်ား ငွားရမ္းခအတြက္ ရရွိေငြမ်ားကို ျပည္သူ႔ဘ႑ာေငြထဲ မထည့္ သြင္းပဲ ကိုယ္ပိုင္ ဘဏ္စာရင္းအတြင္းထည့္သြင္းထားသည့္ ကိစၥ၊ ၊ ကယားျပည္နယ္ေန႔ ပြဲေတာ္ က်င္းပရာ ေျမေနရာ ကိစၥ တို႔တြင္ ပြင့္လင္းျမင္သာမႈ မရွိျခင္းတို႔ေၾကာင့္ စြပ္စြဲျပစ္တင္ခံထားရျခင္းျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၅) ပုဒ္မ ၂၆၃ အရ ျပ႒ာန္းခ်က္မ်ားအား ေဖာက္ဖ်က္ က်ဴးလြန္သည္ ဟု ဆိုကာ အေရးယူ ေဆာင္႐ြက္ေပးရန္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးက လက္မွတ္ေရး ထိုးၿပီး ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ထံ ၾသဂုတ္ ၁၂ ရက္က တင္ျပခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ စက္တင္ဘာလ ၁ ရက္ေန႔က ကယားျပည္နယ္ လႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အား စြပ္စြဲျပစ္တင္ မႈအား မဲခြဲဆုံးျဖတ္ရာ ေထာက္ခံမဲ ၁၆ မဲ၊ ကန႔္ကြက္မဲ ၄ မဲ သာ ရွိခဲ့သည့္အတြက္ ဥပေဒအရ လႊတ္ေတာ္ ကိုယ္စားလွယ္ သုံးပုံႏွစ္ပုံေက်ာ္ ေထာက္ခံခဲ့ျခင္း ျဖစ္သည္။