ကချင်စစ်ရှောင်စခန်းများ အသွားအလာ ကန့်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

COVID-19 ကူးစက်ရောဂါ ပိုးတွေ့လူနာများ ဆက်တိုက်တိုးလာပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင် စခန်းများကို ဝင်ထွက်သွားလာခွင့်များ ကန့်သတ်ထားသည်ဟု စစ်ရှောင်စခန်း တာဝန်ခံများက ပြောသည်။

မြစ်ကြီးနားမြို့အတွင်းရှိ အချို့ စစ်ရှောင်စခန်းများမှာ သြဂုတ်လ ကုန်ပိုင်းကစတင်ပြီး စစ်ရှောင်စခန်းတွင် ဝင် ထွက်သွားလာခွင့်များကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဇီးလွန်စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန် က “အခု Lock down ပြန်လုပ်ထားတယ်။ အခုနေ့စားမရ တော့ ဘူး။ အခုကလေးတွေက ကျူရှင်သွားဖို့ ခနတဖြုတ်သွားတယ် တချို့က ကျောင်းသားတွေရှိတယ်။ အဲ့လိုမျိုး တော့ ခနသွားလို့ရတယ်။ ဒါပေမယ့် အဲ့မှာ စာရင်းသွားရတယ်။ ဘယ်သွားမယ်၊ ဘယ်နှစ်နာရီမှာ ပြန်လာခဲ့ မယ်။ အဲ့ဒါကို ကျမတို့ ကော်မတီက ပြန်ကြည့်ကြပ်ပြီးမှ ကြာပြီဆို ဘယ်သွားတာလဲ။ ဘယ်ကိုရောက် တာ လဲပေါ့ စစ်ဆေးပေးတာ” ဟု ပြောသည်။

ထို့အပြင် ပလန စစ်ရှောင်စခန်းကိုလည်း ယခင် COVID-19 ပထမအကြိမ် ဖြစ်စဉ်တုန်းကကဲ့သို့ ပြန်ပိတ်ထား ပြီဟု စခန်းတာဝန်ခံ ဦးတန်ဂျာ က ပြောသည်။

“ဟုတ်ကဲ့ ကျနော်တို့ စခန်းလည်း အရင်တုန်းကလိုပဲ ပြန်ပိတ်လိုက်ပါပြီ။ အခု COVID က ဒုတိယအကြိမ်ပြန် ဆိုးလာတယ်လို့ သတင်းတွေကြားနေရတော့ ပိတ်လိုက်တာပါ။ ကျနော်တို့ Camp ထဲကို အပြင်ကလူတွေကို လည်း ပေးမဝင်တော့ဘူးဗျ။ စခန်းထဲကလူတွေ အပြင်သွားမယ်၊ ဈေးသွားမယ် ဥပမာ တစ်နေရာရာကို သွား မယ်ဆိုလည်း အချိန်အကန့်အသတ်နဲ့ သွားခိုင်းတာမျိုး၊ စခန်းက လူကြီးတွေကို အကြောင်းကြားတာမျိုးပေါ့၊ ဂိတ်တံခါးလည်း လုံးဝပိတ်ထားပါတယ်။ ဒီမှာက တစ်ယောက်ယောက်ဖြစ်ပြီဆိုရင် မလွယ်ဘူးလေနော်။”

မြစ်ကြီးနားမြို့ အတွင်းရှိ မန်ခိန်၊ ရွှေစက်၊ ပလန၊ ဇီးလွန်၊ ဂျာမိုင်ကောင့်၊ မိုင်းနား အပြင် အခြားသော စစ်ရှောင် စခန်းများတွင်လည်း အသွားအလာကန့်သတ်ခြင်း၊ စခန်းအတွင်း အဝင်အထွက်များ စစ်ဆေးခြင်း နှင့် အပြင်လူ များ ဝင်ရောက်ခွင့်မပြုခြင်း စသည့် ကန့်သတ်မှုများ စခန်းအလိုက် လုပ်ဆောင်ထားသည်ဟု စစ်ရှောင်များက ပြောသည်။

မိုင်းနားစစ်ရှောင်စခန်းတွင် “ကျမတို့ဆီမှာတော့ အပြင်သွားခွင့်တော့ ပြုသေးတယ်။ နေ့စားသွားလုပ်ခိုင်းတယ်။ အဝင်အထွက် လက်မှတ်ထိုးပြီး သွားရတယ်။ ပြန်လာရင် အပေါက်ဝမှာ လက်ဆေး၊ စစ်ဆေး၊ လက်မှတ်ထိုး ရ တာမျိုးလုပ်တယ်။ အပြင်လူကိုတော့ မပေးဝင်ဘူးပေါ့နော်။ ဒီမှာက အဲ့လိုမျိုး နေ့စားမသွားခိုင်းရင်လည်း မရ ဘူး။ အရင်စဖြစ်တုန်းက အဲ့လိုမျိုးလုပ်တာ အားလုံး ရန်တောင်ဖြစ်တော့မယ်၊ စခန်းကလူတွေက ဘယ်သူက အစားအသောက်ပေးမှာလဲ၊ ငါတို့က အရမ်းခက်လာပြီဆိုပြီး အားလုံး အဲ့လိုပြောတော့ ကျန်းမာရေးအရပဲ ဘယ် လိုမျိုး ကာကွယ်မလဲဆိုတာမျိုး ပြောပြပြီး အလုပ်သွားခိုင်းတယ်” ဟု စစ်ရှောင် ဒေါ်ဂျာနူးမိုင် က ပြောသည်။

ပမ္မတီးစစ်ရှောင်စခန်းတွင် စနစ်တကျ ခြံစည်းရိုးခတ်ထားခြင်းမရှိသည့်အတွက် Camp အား အသွားအလာ ကန့်သတ်ရန် ခက်ခဲသည့်အတွက် ကျန်းမာရေးအတွက် အသိပညာပေးခြင်း၊ စခန်းပြင်ပတွင် အကြောင်း အမျိုမျိုးကြောင့် တစ်ရက်ထက်ကြာ သွားရောက်ပြီး ပြန်လာသူများအား သီးသန့် Quarantine ထားခြင်းများ လုပ်ဆောင်နေသည်ဟု စခန်းတာဝန်ခံ ဦးဘောက်နော် က ပြောသည်။

COVID-19 ကူးစက်ရောဂါ ကာလ ကြာမြင့်လာသည့်အတွက် စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့အပြင် အစိုးရ၏ ထောက်ပံ့ပေးမှုများမှာလည်း လုံလောက်မှု မရှိဘူးဟု “ပိုက်ဆံရှာလည်း မထွက်ရဘူး ဆို တော့ စားဝတ်နေရေးအတွက်ရော အစိုးရကနေ ထောက်ပံ့ပေးရင် ကောင်းမလားလို့ တောင်းဆိုချင်တာပေါ့။အစက ကျမတို့ကို COVID ကာလမှာ အစိုးရက အဲ့လိုမျိုးပေးတာမရှိဘူး။ WFP ကနေ တစ်သောင်းတစ်ထောင် နဲ့တော့ လုံးဝမလောက်စားဘူး။ ပြောမယ်ဆိုရင် ဒီလို Lock down ကာလမှာဆိုရင် ထွက်လည်း မထွက်ခိုင်း ဘူးဆိုတော့ ကျန်းမာရေးအတွက်ရော အထူးကို လိုအပ်လာမယ်လို့ ထင်တယ်” ဟု ဇီးလွန်စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန် ပြောသည်။

“ကျန်းမာရေးဌာနတွေက IDPs တွေ တကယ်လိုအပ်လာပြီဆိုရင် ဆောင်ရွက်ပေးဖို့ပေါ့နော်။ တောင်းဆိုချင် တယ်။ နောက်ပြီး COVID ကာလ တစ်နေ့နဲ့တစ်နေ့ ပိုဆိုးပြီး ရောဂါကူးတဲ့လူ ပိုများလာတယ်လို့ ကြားသိရ တော့ ကျမအရမ်းစိုးရိမ်တယ်။ တကယ့် တကယ် Camp မှာ တစ်ယောက်ယောက် ဖြစ်သွားပြီးဆိုရင် တစ်နာရီ အတောအတွင်းမှာ အားလုံးဖြစ်နိုင်တယ်။ အဲ့ဆို ကျန်းမာရေးဌာနက အဆင်သင့် ဦးစားပေးဆောင်ရွက် ပေး မယ် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်တယ်။”

စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) နံနက်ပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၆၃ ယောက် ထပ်မံတွေ့ ရှိထားပြီး တစ်နိုင်ငံလုံး ရောဂါပိုး ကူစက် ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၀၅၈ ဦး ရှိသွားပြီဖြစ်သည်။

*** ZAWGYI ***

ကခ်င္စစ္ေရွာင္စခန္းမ်ား အသြားအလာ ကန္႔သတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္။

COVID-19 ကူးစက္ေရာဂါ ပိုးေတြ႕လူနာမ်ား ဆက္တုိက္တိုးလာၿပီးေနာက္ ကခ်င္ျပည္နယ္အတြင္းရွိ စစ္ေရွာင္ စခန္းမ်ားကို ဝင္ထြက္သြားလာခြင့္မ်ား ကန္႔သတ္ထားသည္ဟု စစ္ေရွာင္စခန္း တာဝန္ခံမ်ားက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕အတြင္းရွိ အခ်ိဳ႕ စစ္ေရွာင္စခန္းမ်ားမွာ ၾသဂုတ္လ ကုန္ပိုင္းကစတင္ၿပီး စစ္ေရွာင္စခန္းတြင္ ဝင္ ထြက္သြားလာခြင့္မ်ားကို ကန္႔သတ္လိုက္ျခင္း ျဖစ္သည္ဟု သိရသည္။

ဇီးလြန္စစ္ေရွာင္စခန္း ဒု-တာဝန္ခံ ေဒၚထုဆန္ က “အခု Lock down ျပန္လုပ္ထားတယ္။ အခုေန႔စားမရ ေတာ့ ဘူး။ အခုကေလးေတြက က်ဴရွင္သြားဖို႔ ခနတျဖဳတ္သြားတယ္ တခ်ိဳ႕က ေက်ာင္းသားေတြရွိတယ္။ အဲ့လိုမ်ိဳး ေတာ့ ခနသြားလို႔ရတယ္။ ဒါေပမယ့္ အဲ့မွာ စာရင္းသြားရတယ္။ ဘယ္သြားမယ္၊ ဘယ္ႏွစ္နာရီမွာ ျပန္လာခဲ့ မယ္။ အဲ့ဒါကို က်မတုိ႔ ေကာ္မတီက ျပန္ၾကည့္ၾကပ္ၿပီးမွ ၾကာၿပီဆုိ ဘယ္သြားတာလဲ။ ဘယ္ကိုေရာက္ တာ လဲေပါ့ စစ္ေဆးေပးတာ” ဟု ေျပာသည္။

ထုိ႔အျပင္ ပလန စစ္ေရွာင္စခန္းကိုလည္း ယခင္ COVID-19 ပထမအႀကိမ္ ျဖစ္စဥ္တုန္းကကဲ့သို႔ ျပန္ပိိတ္ထား ၿပီဟု စခန္းတာဝန္ခံ ဦးတန္ဂ်ာ က ေျပာသည္။

“ဟုတ္ကဲ့ က်ေနာ္တုိ႔ စခန္းလည္း အရင္တုန္းကလိုပဲ ျပန္ပိတ္လိုက္ပါၿပီ။ အခု COVID က ဒုတိယအႀကိမ္ျပန္ ဆိုးလာတယ္လို႔ သတင္းေတြၾကားေနရေတာ့ ပိတ္လုိက္တာပါ။ က်ေနာ္တုိ႔ Camp ထဲကို အျပင္ကလူေတြကုိ လည္း ေပးမဝင္ေတာ့ဘူးဗ်။ စခန္းထဲကလူေတြ အျပင္သြားမယ္၊ ေစ်းသြားမယ္ ဥပမာ တစ္ေနရာရာကို သြား မယ္ဆုိလည္း အခ်ိန္အကန္႔အသတ္နဲ႔ သြားခိုင္းတာမ်ိဳး၊ စခန္းက လူႀကီးေတြကို အေၾကာင္းၾကားတာမ်ိဳးေပါ့၊ ဂိတ္တံခါးလည္း လံုးဝပိတ္ထားပါတယ္။ ဒီမွာက တစ္ေယာက္ေယာက္ျဖစ္ၿပီဆုိရင္ မလြယ္ဘူးေလေနာ္။”

ျမစ္ႀကီးနားၿမိဳ႕ အတြင္းရွိ မန္ခိန္၊ ေရႊစက္၊ ပလန၊ ဇီးလြန္၊ ဂ်ာမုိင္ေကာင့္၊ မိုင္းနား အျပင္ အျခားေသာ စစ္ေရွာင္ စခန္းမ်ားတြင္လည္း အသြားအလာကန္႔သတ္ျခင္း၊ စခန္းအတြင္း အဝင္အထြက္မ်ား စစ္ေဆးျခင္း ႏွင့္ အျပင္လူ မ်ား ဝင္ေရာက္ခြင့္မျပဳျခင္း စသည့္ ကန္႔သတ္မႈမ်ား စခန္းအလိုက္ လုပ္ေဆာင္ထားသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

မိုင္းနားစစ္ေရွာင္စခန္းတြင္ “က်မတို႔ဆီမွာေတာ့ အျပင္သြားခြင့္ေတာ့ ျပဳေသးတယ္။ ေန႔စားသြားလုပ္ခုိင္းတယ္။ အဝင္အထြက္ လက္မွတ္ထိုးၿပီး သြားရတယ္။ ျပန္လာရင္ အေပါက္ဝမွာ လက္ေဆး၊ စစ္ေဆး၊ လက္မွတ္ထုိး ရ တာမ်ိဳးလုပ္တယ္။ အျပင္လူကိုေတာ့ မေပးဝင္ဘူးေပါ့ေနာ္။ ဒီမွာက အဲ့လိုမ်ိဳး ေန႔စားမသြားခိုင္းရင္လည္း မရ ဘူး။ အရင္စျဖစ္တုန္းက အဲ့လိုမ်ိဳးလုပ္တာ အားလံုး ရန္ေတာင္ျဖစ္ေတာ့မယ္၊ စခန္းကလူေတြက ဘယ္သူက အစားအေသာက္ေပးမွာလဲ၊ ငါတုိ႔က အရမ္းခက္လာၿပီဆိုၿပီး အားလံုး အဲ့လိုေျပာေတာ့ က်န္းမာေရးအရပဲ ဘယ္ လိုမ်ိဳး ကာကြယ္မလဲဆုိတာမ်ိဳး ေျပာျပၿပီး အလုပ္သြားခိုင္းတယ္” ဟု စစ္ေရွာင္ ေဒၚဂ်ာႏူးမိုင္ က ေျပာသည္။

ပမၼတီးစစ္ေရွာင္စခန္းတြင္ စနစ္တက် ၿခံစည္းရိုးခတ္ထားျခင္းမရွိသည့္အတြက္ Camp အား အသြားအလာ ကန္႔သတ္ရန္ ခက္ခဲသည့္အတြက္ က်န္းမာေရးအတြက္ အသိပညာေပးျခင္း၊ စခန္းျပင္ပတြင္ အေၾကာင္း အမ်ိဳမ်ိဳးေၾကာင့္ တစ္ရက္ထက္ၾကာ သြားေရာက္ၿပီး ျပန္လာသူမ်ားအား သီးသန္႔ Quarantine ထားျခင္းမ်ား လုပ္ေဆာင္ေနသည္ဟု စခန္းတာဝန္ခံ ဦးေဘာက္ေနာ္ က ေျပာသည္။

COVID-19 ကူးစက္ေရာဂါ ကာလ ၾကာျမင့္လာသည့္အတြက္ စစ္ေရွာင္မ်ားမွာ စားဝတ္ေနေရး အခက္အခဲမ်ား ရွိေနသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

ထို႔အျပင္ အစိုးရ၏ ေထာက္ပံ့ေပးမႈမ်ားမွာလည္း လံုေလာက္မႈ မရွိဘူးဟု “ပိုက္ဆံရွာလည္း မထြက္ရဘူး ဆို ေတာ့ စားဝတ္ေနေရးအတြက္ေရာ အစိုးရကေန ေထာက္ပံ့ေပးရင္ ေကာင္းမလားလို႔ ေတာင္းဆိုခ်င္တာေပါ့။အစက က်မတို႔ကို COVID ကာလမွာ အစိုးရက အဲ့လိုမ်ိဳးေပးတာမရွိဘူး။ WFP ကေန တစ္ေသာင္းတစ္ေထာင္ နဲ႔ေတာ့ လံုးဝမေလာက္စားဘူး။ ေျပာမယ္ဆိုရင္ ဒီလို Lock down ကာလမွာဆိုရင္ ထြက္လည္း မထြက္ခုိင္း ဘူးဆိုေတာ့ က်န္းမာေရးအတြက္ေရာ အထူးကို လိုအပ္လာမယ္လို႔ ထင္တယ္” ဟု ဇီးလြန္စစ္ေရွာင္စခန္း ဒု-တာဝန္ခံ ေဒၚထုဆန္ ေျပာသည္။

“က်န္းမာေရးဌာနေတြက IDPs ေတြ တကယ္လိုအပ္လာၿပီဆုိရင္ ေဆာင္ရြက္ေပးဖို႔ေပါ့ေနာ္။ ေတာင္းဆိုခ်င္ တယ္။ ေနာက္ၿပီး COVID ကာလ တစ္ေန႔နဲ႔တစ္ေန႔ ပိုဆိုးၿပီး ေရာဂါကူးတဲ့လူ ပိုမ်ားလာတယ္လို႔ ၾကားသိရ ေတာ့ က်မအရမ္းစိုးရိမ္တယ္။ တကယ့္ တကယ္ Camp မွာ တစ္ေယာက္ေယာက္ ျဖစ္သြားၿပီးဆိုရင္ တစ္နာရီ အေတာအတြင္းမွာ အားလံုးျဖစ္ႏုိင္တယ္။ အဲ့ဆုိ က်န္းမာေရးဌာနက အဆင္သင့္ ဦးစားေပးေဆာင္ရြက္ ေပး မယ္ ေဆာင္ရြက္ေပးဖုိ႔ ေတာင္းဆိုခ်င္တယ္။”

စက္တင္ဘာလ ၃ ရက္ေန႔(ယေန႔) နံနက္ပိုင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္ အရ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာသစ္ ၆၃ ေယာက္ ထပ္မံေတြ႕ ရွိထားၿပီး တစ္ႏုိင္ငံလံုး ေရာဂါပိုး ကူစက္ ခံရသူ အတည္ျပဳလူနာ စုစုေပါင္း ၁၀၅၈ ဦး ရွိသြားၿပီျဖစ္သည္။