အစ္စလာမ်သာဘာဝင် ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရမှု မကျေလည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ကိုယ်စားလှယ်လောင်း ပယ်ဖျက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကော်မရှင်က ပေးသည့် အကြောင်းပြချက်သည် ခိုင်လုံ မှုမရှိကြောင်း နှင့် အစ္စလာမ်ဘာသာဝင်ဖြစ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ပယ်ဖျက်ခံရသူ ဦးမောင်မောင်က ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်ကလည်း ကြေညာထားပြီးသား ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတရတဲ့ ရွေး ကောက်ပွဲဖြစ်ရမယ်။ တစ်ခါ နိုင်ငံရေးအရ လူမျိုးရေး ဘာသာရေးခွဲခြားခြင်းမရှိဘူး အဲတော့ မွန်တစ်ပြည်နယ် လုံးမှာ အစ္စလာမ်ဘာသာဝင်ဆိုလို့ ကျနော်တစ်ယောက်ပဲရှိတယ်ဗျာ အခု ကျနော်တစ်ယောက်ပဲ တိုင်ပတ် နေ တယ်။ ကျနော် အစ္စလာမ်ဖြစ်လို့ ခွဲခြားခြင်းခံရတယ်လို့ပဲ ကျနော် ယူဆတယ်” ဟု ဦးမောင်မောင်က ပြော သည်။
မွေးဖွားစဉ်က အဖေ နိုင်ငံသားမဖြစ်သေးသည့် အတွက်ဟုဆိုကာ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရော မြို့ နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် အမည် စာရင်း တင်သွင်းထားသည့် ဦးမောင်မောင် အား ကိုယ်စားလှယ်လောင်းအမည်စာရင်း မှ ပယ်ဖျက်ခံ ရသည်။
ကိုယ်စားလှယ်လောင်း ပယ်ခံရသည့် ဦးမောင်မောင်က ၎င်း၏ ဖခင်သည် ကျောင်းသားအရွယ်ကတည်းက (အမတ) AG မှတ်ပုံတင် ကိုင်ဆောင်ကြောင်း ထိုစဉ်က (အမတ) AG ကိုင်ဆောင်သူသည် နိုင်ငံသားဖြစ် ကြောင်း လက်ရှိတွင်လည်း အထောက်အထား အပြည့်အစုံရှိကြောင်း ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ဦးမောင်မောင်ဖွေးဖွားစဉ် ၎င်း၏ဖခင်သည် နိုင်ငံသားမဖြစ်သေးခြင်းသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀(င) တို့နှင့် ကိုက်ညီမှု မရှိသည့်အတွက် ပယ် ဖျက်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးထင်ကျော် “ဘာဖြစ်လို့လဲဆိုတော့ သူ့ (ဦးမောင် မောင်) ရဲ့ အဖေ ၎င်းမွေးဖွားတဲ့ (၁၆ ရက်၊ ၁၀ လ၊ ၁၉၇၂) မြန်မာနိုင်ငံသား မဖြစ်သေးတဲ့ အတွက်ကြောင့်မို့ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀ (င) တို့နဲ့ ကိုက်ညီမှုမရှိတဲ့ အတွက် ကြောင့်မို့ ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်” ဟု ပြောသည်။
ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရသည့်နှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦး ကိုယ်စားလှယ်လောင်းတစ်ဦး ရသင့် ရထိုက်သည့် အခွင့်အရေး အားလုံး ချိုးဖောက်ခံရသည် ဟု လည်း ဦးမောင်မောင်က ဆက်ပြောသည်။
“ကျနော်နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေး အကုန်လုံးချိုးဖောက်ခြင်းခံရတယ်။ ဘာကြောင့်လဲဆိုတော့ ပယ်ခံရတာနဲ့ ပတ်သက်ပြီး complain တက်ခွင့်မရှိဘူး။ အယူခံတက်ခွင့်မရှိဘူး။ အထောက်အထား ဘယ်လောက်များများ ကျနော့်ကို အချိန်ဆွဲပြီးတော့ တိုင်ပတ်အောင် လုပ်နေတယ်၊ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ပဲ မြင်တယ်။”
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည် တရားမျှတမှုမရှိပဲ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည် ဟု ဦးမောင်မောင် က ဆက်ပြောသည်။
ဦးမောင်မောင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီကိုယ်စားပြု အနေ နှင့် ရွေးကောက်ပွဲဝင်အခြေအနေမပေးသည့်အတွက် ၂၀၂၀ ခုနှစ်တွင် NLD ပါတီမှ နှုတ်ထွက်ခဲ့ပြီး တသီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင် သွင်းခဲ့ခြင်းဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စား လှယ်လောင်း ၃၀၂ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
*** ZAWGYI ***
အစၥလာမ္သာဘာ၀င္ ကိုယ္စားလွယ္ေလာင္း ပယ္ဖ်က္ခံရမႈ မေက်လည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၄ ရက္။
ကိုယ္စားလွယ္ေလာင္း ပယ္ဖ်က္သည့္ကိစၥႏွင့္ ပတ္သက္ၿပီး ေကာ္မရွင္က ေပးသည့္ အေၾကာင္းျပခ်က္သည္ ခိုင္လံု မႈမရွိေၾကာင္း နွင့္ အစၥလာမ္ဘာသာဝင္ျဖစ္သည့္အတြက္ ယခုကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ယူဆေၾကာင္း ပယ္ဖ်က္ခံရသူ ဦးေမာင္ေမာင္က ေျပာသည္။
“ေရြးေကာက္ပြဲေကာ္မရွင္ကလည္း ေၾကညာထားၿပီးသား ေရြးေကာက္ပြဲက လြတ္လပ္ၿပီး တရားမွ်တရတဲ့ ေရြး ေကာက္ပြဲျဖစ္ရမယ္။ တစ္ခါ ႏိုင္ငံေရးအရ လူမ်ဳိးေရး ဘာသာေရးခြဲျခားျခင္းမရွိဘူး အဲေတာ့ မြန္တစ္ျပည္နယ္ လံုးမွာ အစၥလာမ္ဘာသာဝင္ဆိုလို႔ က်ေနာ္တစ္ေယာက္ပဲရွိတယ္ဗ်ာ အခု က်ေနာ္တစ္ေယာက္ပဲ တိုင္ပတ္ ေန တယ္။ က်ေနာ္ အစၥလာမ္ျဖစ္လို႔ ခြဲျခားျခင္းခံရတယ္လို႔ပဲ က်ေနာ္ ယူဆတယ္” ဟု ဦးေမာင္ေမာင္က ေျပာ သည္။
ေမြးဖြားစဥ္က အေဖ ႏိုင္ငံသားမျဖစ္ေသးသည့္ အတြက္ဟုဆိုကာ မြန္ျပည္နယ္ ေမာ္လၿမိဳင္ခ႐ုိင္ က်ဳိက္မေရာ ၿမိဳ႕ နယ္ ျပည္နယ္မဲဆႏၵနယ္အမွတ္ (၁) ေနရာတြင္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္ အမည္ စာရင္း တင္သြင္းထားသည့္ ဦးေမာင္ေမာင္ အား ကိုယ္စားလွယ္ေလာင္းအမည္စာရင္း မွ ပယ္ဖ်က္ခံ ရသည္။
ကိုယ္စားလွယ္ေလာင္း ပယ္ခံရသည့္ ဦးေမာင္ေမာင္က ၎၏ ဖခင္သည္ ေက်ာင္းသားအရြယ္ကတည္းက (အမတ) AG မွတ္ပံုတင္ ကိုင္ေဆာင္ေၾကာင္း ထိုစဥ္က (အမတ) AG ကိုင္ေဆာင္သူသည္ ႏိုင္ငံသားျဖစ္ ေၾကာင္း လက္ရွိတြင္လည္း အေထာက္အထား အျပည့္အစံုရွိေၾကာင္း ေျပာသည္။
ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ ဦးေမာင္ေမာင္ေဖြးဖြားစဥ္ ၎၏ဖခင္သည္ ႏိုင္ငံသားမျဖစ္ေသးျခင္းသည္ သက္ဆိုင္ရာ လႊတ္ေတာ္ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၈(ခ)၊ ပုဒ္မ ၁၀(င) တို႔ႏွင့္ ကိုက္ညီမႈ မရွိသည့္အတြက္ ပယ္ ဖ်က္လိုက္ျခင္းျဖစ္သည္ဟု ေျပာသည္။
ေမာ္လၿမိဳင္ခ႐ုိင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ အရာရွိ ဦးထင္ေက်ာ္ “ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ (ဦးေမာင္ ေမာင္) ရဲ႕ အေဖ ၎ေမြးဖြားတဲ့ (၁၆ ရက္၊ ၁၀ လ၊ ၁၉၇၂) ျမန္မာႏိုင္ငံသား မျဖစ္ေသးတဲ့ အတြက္ေၾကာင့္မို႔ သက္ဆိုင္ရာ လႊတ္ေတာ္ ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၈(ခ)၊ ပုဒ္မ ၁၀ (င) တို႔နဲ႔ ကိုက္ညီမႈမရွိတဲ့ အတြက္ ေၾကာင့္မို႔ ကိုယ္စားလွယ္ေလာင္း စာရင္းကေန ပယ္ဖ်က္လိုက္ျခင္းျဖစ္တယ္” ဟု ေျပာသည္။
ကိုယ္စားလွယ္ေလာင္း ပယ္ဖ်က္ခံရသည့္ႏွင့္ပတ္သက္၍ ႏိုင္ငံသားတစ္ဦး ကိုယ္စားလွယ္ေလာင္းတစ္ဦး ရသင့္ ရထိုက္သည့္ အခြင့္အေရး အားလံုး ခ်ဳိးေဖာက္ခံရသည္ ဟု လည္း ဦးေမာင္ေမာင္က ဆက္ေျပာသည္။
“က်ေနာ္ႏိုင္ငံသား အခြင့္အေရး ခ်ဳိးေဖာက္ခံရတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ေယာက္ရဲ႕ ရသင့္ ရထိုက္တဲ့ အခြင့္အေရး အကုန္လံုးခ်ဳိးေဖာက္ျခင္းခံရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပယ္ခံရတာနဲ႔ ပတ္သက္ၿပီး complain တက္ခြင့္မရွိဘူး။ အယူခံတက္ခြင့္မရွိဘူး။ အေထာက္အထား ဘယ္ေလာက္မ်ားမ်ား က်ေနာ့္ကို အခ်ိန္ဆြဲၿပီးေတာ့ တိုင္ပတ္ေအာင္ လုပ္ေနတယ္၊ ရည္ရြယ္ခ်က္ရွိရွိလုပ္ေနတယ္လို႔ပဲ ျမင္တယ္။”
ထိ္ုျဖစ္စဥ္ႏွင့္ ပတ္သက္၍ လက္ရွိ ေရြးေကာက္ပြဲေကာ္မရွင္၏ လုပ္ရပ္သည္ တရားမွ်တမႈမရွိပဲ ဥပေဒကို ေက်ာ္လြန္ လုပ္ေဆာင္ေနသည္ ဟု ဦးေမာင္ေမာင္ က ဆက္ေျပာသည္။
ဦးေမာင္ေမာင္သည္ ယခင္က အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္တစ္ဦးျဖစ္ၿပီး ပါတီကိုယ္စားျပဳ အေန ႏွင့္ ေရြးေကာက္ပြဲဝင္အေျခအေနမေပးသည့္အတြက္ ၂၀၂၀ ခုႏွစ္တြင္ NLD ပါတီမွ ႏႈတ္ထြက္ခဲ့ၿပီး တသီး ပုဂၢလကိုယ္စားလွယ္ေလာင္းအေနျဖင့္ ေရြးေကာက္ပြဲဝင္ၿပိဳင္ရန္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္ သြင္းခဲ့ျခင္းျဖစ္သည္။
လာမည့္ေရြးေကာက္ပြဲတြင္ လႊတ္ေတာ္အသီးသီး၏ မဲဆႏၵနယ္မ်ားအတြက္ မြန္ျပည္နယ္တြင္ ကိုယ္စား လွယ္ေလာင္း ၃၀၂ ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။