ရသေ့တောင် မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ဝေဟင်ထိုးစစ် အသုံးပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
ညီနောင် မဟာမိတ် ၃ ဖွဲ့မှ အပစ်ရပ် ရက်တိုးကြောင်း ကြေညာအပြီး စက်တင်ဘာလ ၄ ရက်နေ့ (ယနေ့)တွင်လည်း ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အတွင်းရှိ ကျောက်တန်း တိုက်နယ်ထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယနေ့ဖြစ်ပွားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်အတွင်းက တိုက်ပွဲများတွင် တပ်မတော် ဘက်က ဝေဟင်ထိုးစစ်များပါ ရှိခဲ့သည်ဟု ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောသည်။
“မနက်ပိုင်းကတော့ ဆရာမတို့ တိုက်ပွဲဖြစ်နေတာတော့ သိပါတယ်။ တိုက်ပွဲကလည်း တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်တယ် ဆိုတာလည်း အဲဒီမှာ နေတဲ့လူ ကျောက်တန်းတိုက်နယ်ဖက်မှာ ဖြစ်တာပေါနော်။ အဲဒီဖက်မှာတော့ ပြင်းထန်တယ်။ နောက်ရဟတ်ယာဉ်တွေပါလာပြီး ကူတိုက်တယ်ဆိုတဲ့ အကြောင်းကိုတော့ ဆရာမတို့ကို ရွာသားတွေ ဖုန်းဆက်လို့သိရပါတယ်။ ဖြစ်တဲ့နေရာက ကျောက်တန်း တိုက်နယ်က အမျက်တောင်ဖက်” ဟု ပြောသည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အကူပြုရန် အတွက် ရက္ခိုင့်တပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ရွေးကောက်ပွဲ ကာလလွန်သည့်အထိ အပစ်ရပ် ထားမည်ဟု ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေ သည့်အပေါ် ညီနောင် မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ယခုကဲ့သို့ ပြောသည်။
“အရင်ကလည်း ကျနော်တို့ ထုတ်ပြန်တယ် ဒါပေမယ့် အရင်ကလည်း AA ဖက်မှာ ပြင်းထန်တယ်။ ဒီတပ် ဖက်က ထုတ်ပြန်တဲ့ဟာလည်း အရင်ကတည်းကလည်း ရခိုင်နယ်မြေ မပါဘူးပေါ့နော။ အခုလည်း မပါဘူး။ ရခိုင်ကို တစ်ဖက်သတ် ချေမှုန်းနေတယ်။ စစ်ရေးအရ ဖိအားပေးနေတယ်ပေါ့နော။ စစ်ရေးနှင့် ဖြေရှင်းနေ တယ် အဲလိုမျိုးကြောင့် တိုက်ပွဲဖြစ်လာတယ်လို့ အဲလိုမျိုးတော့ မြင်တယ်ပေါ့။”
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ တပ်မတော်၏ ထိုးစစ်များကြောင့် ဖြစ်ပြီး တိုက်ပွဲမဖြစ်အောင် တပ်မတော်ဖက်မှ ထိုးစစ်များကို ရပ်တန့်ရန်လိုသည်ဟု ညီနောင်ဟာမိတ် ၃ ဖွဲ့ကပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “တိုက်ပွဲမဖြစ်အောင်ကတော့ ထိုးစစ်တွေလျှော့ချဖို့ လိုတယ်။ အခြားတိုင်းဒေ သနည်းတူ တပ်ဖက်က အပစ် ရပ်ဖို့တော့ လိုတယ် အပစ်ရပ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ တကယ့် လက် တွေ့ကျကျ မြေပြင်မှာ ထိုးစစ်တွေလည်း ရပ်ဖို့တော့ လိုတာပေါ့” ဟု ပြောသည်။
ဒေါ်ခင်စောဝေကလည်း “တပ်မတော်ဖက်က အပစ်ခတ်ရပ်စဲတယ် အကြမ်းဖက်အဖွဲ့အစည်းမပါဆိုတော့ ရခိုင်မပါဘူး ဆိုတဲ့သဘောဖြစ်နေတယ်။ ဟိုဖက်ကလည်း တောထဲက အဖွဲ့ကလည်း အပစ်ခတ်ရပ်စဲမယ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ ရပ်စဲမယ်ဆိုပြီး စာထုတ်ထားပါတယ်။ ဒီလိုစာ ထုတ်ထားတယ်ပေါ့နော ထုတ်ထားတော့လည်း အခုဆိုရင် တော်တော်များများ တိုက်ပွဲတွေ ပြင်းထန်လာ တာကို တွေ့ရတယ်။ အဲဒီအတွက်ကြောင့် ဒီဖက်ကလည်း မလျော့ဘူး ဟိုဖက်ကလည်း မလျော့ဘူး ဆိုရင်တော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေအုံးမှာပါပဲလို့ ပြောချင်ပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA (တအန်း)၊ MNDAA (ကိုးကန့်)၊ AA (ရခိုင်) တို့က ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အ ကူပြုရန် အချက်အပါအဝင် အဓိက အချက် ၃ ချက်ပါသည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့က ပူးတွဲ ထုတ်ပြန်ထားသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကာလတွင် အထောက်အကူပြုနိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ နိုင်ဝင်ဘာလ ၉ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကြာ သတ္တမအကြိမ် ထပ်မံ တိုးမြှင့်လိုက်ပါသည်ဟု ရေးသားထားသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လူထုတွေက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးလို့ ရအောင်ပေါ့နော ကျနော်တို့က ရွေးကောက်ပွဲရဲ့ ဟိုဖက် အထိကို ကျနော်တို့က သက်တမ်း တိုးလိုက်ခြင်း ဖြစ်ပါတယ်။” ဟုပြောသည်။
ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်ပနိုင်ရေးကို အထောက်အကူပြုရန် ကိစ္စရပ်အပါအဝင် အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးဆွေးနိုင်ရေး၊ ကိုဗစ်ဒုတိယလှိုင်းအား ထိရောက်စွာ တားဆီး ထိန်းချုပ်နိုင်ရေးတို့အတွက် ရက်ပေါင်း ၇၀ ကြာ အပစ်ရပ်စဲခြင်း ဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို လျော့ချနိုင်ရန်နှင့် ၂၀၂၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ရခိုင် ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး တွေ့ ဆုံညှိနှိုင်းရန်လိုသည် ဟု ဒေါ်ခင်စောေ၀ က ပြောသည်။
“ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဟိုနေ့က ပြောသွားတာ မီဒီယာတွေရော ကျမတို့ရော ကြားလိုက်ရတယ် ပေါ့နော်။ သူတို့ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဆိုရင် သူတို့ကလည်း လက်ခံတယ်ပေါ့။ ဒါ ကြောင့် ဒီတစ်ခေါက်လည်း ရွေးကောက်ပွဲအတွက်လည်း မဲဆွယ်စည်းရုံးဖို့ကာလမှာလည်း သူတို့ အပစ် ရပ်ခတ် ရပ်စဲထားပြီဆိုတော့ ဒါကတော့ အကုန်လုံးညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ရင်တော့ ဒါကောင်း မွန်တဲ့ အဖြေတစ်ခုကို ထွက်လာမယ်လို့တော့ ပြောချင်ပါတယ်။”
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စက်တင်ဘာလ ၁ ရက်နေ့က အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်သည် ပြီးခဲ့ သည့် ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ အထိ ဆဋ္ဌမအကြိမ် ၃ လတာ တစ်ဖက်သတ် အပစ်ရပ်စဲ ကြောင်း ထုတ်ပြန်ချက်ကို ၎င်းတို့အနေဖြင့် ထပ်မံသက်တမ်းတိုး လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက် ကျော် က ပြောသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် AA၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNDAA (ကိုးကန့်) တို့သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်အတူ အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။
*** ZAWGYI ***
ရေသ့ေတာင္ ၿမိဳ႔နယ္တြင္ တိုက္ပြဲျပင္းထန္၊ တပ္မေတာ္က ေ၀ဟင္ထုိးစစ္ အသံုးျပဳ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၄ ရက္။
ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔မွ အပစ္ရပ္ ရက္တိုးေၾကာင္း ေၾကညာအၿပီး စက္တင္ဘာလ ၄ ရက္ေန႔ (ယေန႔)တြင္လည္း ရခိုင္ျပည္နယ္ ရေသ့ေတာင္ ၿမိဳ႕နယ္အတြင္းရွိ ေက်ာက္တန္း တိုက္နယ္ထဲတြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။
ယေန႔ျဖစ္ပြားသည့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းတုိက္နယ္အတြင္းက တုိက္ပြဲမ်ားတြင္ တပ္မေတာ္ ဘက္က ေဝဟင္ထိုးစစ္မ်ားပါ ရွိခဲ့သည္ဟု ရေသ့ေတာင္ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေ၀ က ေျပာသည္။
“မနက္ပိုင္းကေတာ့ ဆရာမတို႔ တိုက္ပြဲျဖစ္ေနတာေတာ့ သိပါတယ္။ တိုက္ပြဲကလည္း တစ္ဖက္နဲ႔တစ္ဖက္ ျပင္းထန္တယ္ ဆိုတာလည္း အဲဒီမွာ ေနတဲ့လူ ေက်ာက္တန္းတိုက္နယ္ဖက္မွာ ျဖစ္တာေပါေနာ္။ အဲဒီဖက္မွာေတာ့ ျပင္းထန္တယ္။ ေနာက္ရဟတ္ယာဥ္ေတြပါလာၿပီး ကူတိုက္တယ္ဆိုတဲ့ အေၾကာင္းကိုေတာ့ ဆရာမတို႔ကို ရြာသားေတြ ဖုန္းဆက္လို႔သိရပါတယ္။ ျဖစ္တဲ့ေနရာက ေက်ာက္တန္း တိုက္နယ္က အမ်က္ေတာင္ဖက္” ဟု ေျပာသည္။
လာမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးကို အေထာက္အကူျပဳရန္ အတြက္ ရကၡိဳင့္တပ္ေတာ္ AA ပါ၀င္သည့္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔မွ ေရြးေကာက္ပြဲ ကာလလြန္သည့္အထိ အပစ္ရပ္ ထားမည္ဟု ထုတ္ျပန္ထားေသာ္လည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ AA တို႔ တိုက္ပြဲ ျပင္း ထန္စြာ ဆက္လက္ျဖစ္ပြားေနျခင္းျဖစ္သည္။
တိုက္ပြဲမ်ား ဆက္ လက္ ျဖစ္ပြားေန သည့္အေပၚ ညီေနာင္ မဟာမိတ္ အဖြဲ႔၀င္ျဖစ္သည့္ TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က ယခုကဲ့သို႔ ေျပာသည္။
“အရင္ကလည္း က်ေနာ္တို႔ ထုတ္ျပန္တယ္ ဒါေပမယ့္ အရင္ကလည္း AA ဖက္မွာ ျပင္းထန္တယ္။ ဒီတပ္ ဖက္က ထုတ္ျပန္တဲ့ဟာလည္း အရင္ကတည္းကလည္း ရခိုင္နယ္ေျမ မပါဘူးေပါ့ေနာ။ အခုလည္း မပါဘူး။ ရခိုင္ကို တစ္ဖက္သတ္ ေခ်မႈန္းေနတယ္။ စစ္ေရးအရ ဖိအားေပးေနတယ္ေပါ့ေနာ။ စစ္ေရးႏွင့္ ေျဖရွင္းေန တယ္ အဲလိုမ်ိဳးေၾကာင့္ တိုက္ပြဲျဖစ္လာတယ္လို႔ အဲလိုမ်ိဳးေတာ့ ျမင္တယ္ေပါ့။”
တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနျခင္းမွာ တပ္မေတာ္၏ ထိုးစစ္မ်ားေၾကာင့္ ျဖစ္ၿပီး တိုက္ပြဲမျဖစ္ေအာင္ တပ္မေတာ္ဖက္မွ ထိုးစစ္မ်ားကို ရပ္တန္႔ရန္လိုသည္ဟု ညီေနာင္ဟာမိတ္ ၃ ဖြဲ႔ကေျပာသည္။
ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “တိုက္ပြဲမျဖစ္ေအာင္ကေတာ့ ထိုးစစ္ေတြေလွ်ာ့ခ်ဖို႔ လိုတယ္။ အျခားတိုင္းေဒ သနည္းတူ တပ္ဖက္က အပစ္ ရပ္ဖို႔ေတာ့ လိုတယ္ အပစ္ရပ္ေၾကညာၿပီးတဲ့ေနာက္ပိုင္းမွာ တကယ့္ လက္ ေတြ႕က်က် ေျမျပင္မွာ ထိုးစစ္ေတြလည္း ရပ္ဖို႔ေတာ့ လိုတာေပါ့” ဟု ေျပာသည္။
ေဒၚခင္ေစာေ၀ကလည္း “တပ္မေတာ္ဖက္က အပစ္ခတ္ရပ္စဲတယ္ အၾကမ္းဖက္အဖြဲ႔အစည္းမပါဆိုေတာ့ ရခိုင္မပါဘူး ဆိုတဲ့သေဘာျဖစ္ေနတယ္။ ဟိုဖက္ကလည္း ေတာထဲက အဖြဲ႔ကလည္း အပစ္ခတ္ရပ္စဲမယ္ စက္တင္ဘာ ၁ ရက္ေန႔ကေန ႏို၀င္ဘာ ၉ ရက္ေန႔အထိ ရပ္စဲမယ္ဆိုၿပီး စာထုတ္ထားပါတယ္။ ဒီလိုစာ ထုတ္ထားတယ္ေပါ့ေနာ ထုတ္ထားေတာ့လည္း အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ား တိုက္ပြဲေတြ ျပင္းထန္လာ တာကို ေတြ႕ရတယ္။ အဲဒီအတြက္ေၾကာင့္ ဒီဖက္ကလည္း မေလ်ာ့ဘူး ဟိုဖက္ကလည္း မေလ်ာ့ဘူး ဆိုရင္ေတာ့ တိုက္ပြဲေတြကေတာ့ ဆက္တိုက္ျဖစ္ေနအံုးမွာပါပဲလို႔ ေျပာခ်င္ပါတယ္” ဟုေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္ေန႔က ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ျဖစ္သည့္ TNLA (တအန္း)၊ MNDAA (ကိုးကန္႔)၊ AA (ရခိုင္) တို႔က ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးကို အေထာက္အ ကူျပဳရန္ အခ်က္အပါအ၀င္ အဓိက အခ်က္ ၃ ခ်က္ပါသည့္ ပူးတြဲထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့သည္။
စက္တင္ဘာလ ၁ ရက္ေန႔က ပူးတြဲ ထုတ္ျပန္ထားသည့္ ညီေနာင္မဟာမိတ္ ၃ ဖြဲ႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲကာလတြင္ အေထာက္အကူျပဳႏိုင္ေရးတို႔အတြက္ တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲျခင္းအား ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၁ ရက္မွ ႏိုင္၀င္ဘာလ ၉ ရက္ေန႔အထိ ရက္ေပါင္း ၇၀ ၾကာ သတၱမအႀကိမ္ ထပ္မံ တိုးႁမွင့္လိုက္ပါသည္ဟု ေရးသားထားသည္။
ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “ဒီလာမယ့္ ႏို၀င္ဘာ ေရြးေကာက္ပြဲမွာ လူထုေတြက လြတ္လြတ္လပ္လပ္ ဆႏၵမဲေပးလို႔ ရေအာင္ေပါ့ေနာ က်ေနာ္တို႔က ေရြးေကာက္ပြဲရဲ႕ ဟိုဖက္ အထိကို က်ေနာ္တို႔က သက္တမ္း တိုးလိုက္ျခင္း ျဖစ္ပါတယ္။” ဟုေျပာသည္။
ထို႔အျပင္ ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္ပႏိုင္ေရးကို အေထာက္အကူျပဳရန္ ကိစၥရပ္အပါအ၀င္ အစိုးရ၊ တပ္မေတာ္ႏွင့္ ႏိုင္ငံေရး ေတြ႕ဆံုေဆြးေဆြးႏိုင္ေရး၊ ကိုဗစ္ဒုတိယလိႈင္းအား ထိေရာက္စြာ တားဆီး ထိန္းခ်ဳပ္ႏိုင္ေရးတို႔အတြက္ ရက္ေပါင္း ၇၀ ၾကာ အပစ္ရပ္စဲျခင္း ျဖစ္သည္ဟု ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔၏ ထုတ္ျပန္ခ်က္က ဆိုသည္။
လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို ေလ်ာ့ခ်ႏိုင္ရန္ႏွင့္ ၂၀၂၀ တြင္ ျပဳလုပ္မည့္ ေရြးေကာက္ပြဲကို ရခိုင္ ျပည္နယ္တြင္ ေအာင္ျမင္စြာ က်င္းပႏိုင္ရန္အတြက္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားအေနျဖင့္ အျမန္ဆံုး ေတြ႕ ဆံုညွိႏႈိင္းရန္လိုသည္ ဟု ေဒၚခင္ေစာေ၀ က ေျပာသည္။
“ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကလည္း ဟိုေန႔က ေျပာသြားတာ မီဒီယာေတြေရာ က်မတို႔ေရာ ၾကားလိုက္ရတယ္ ေပါ့ေနာ္။ သူတို႔ကလည္း ေရြးေကာက္ပြဲ က်င္းပဖို႔အတြက္ ဆိုရင္ သူတို႔ကလည္း လက္ခံတယ္ေပါ့။ ဒါ ေၾကာင့္ ဒီတစ္ေခါက္လည္း ေရြးေကာက္ပြဲအတြက္လည္း မဲဆြယ္စည္းရံုးဖို႔ကာလမွာလည္း သူတို႔ အပစ္ ရပ္ခတ္ ရပ္စဲထားၿပီဆိုေတာ့ ဒါကေတာ့ အကုန္လံုးညွိႏႈိင္း တိုင္ပင္ေဆြးေႏြးၿပီး လုပ္ရင္ေတာ့ ဒါေကာင္း မြန္တဲ့ အေျဖတစ္ခုကို ထြက္လာမယ္လို႔ေတာ့ ေျပာခ်င္ပါတယ္။”
ညီေနာင္မဟာမိတ္ ၃ ဖြဲ႔၏ စက္တင္ဘာလ ၁ ရက္ေန႔က အပစ္ခတ္ရပ္စဲေၾကာင္း ထုတ္ျပန္ခ်က္သည္ ၿပီးခဲ့ သည့္ ဇြန္လ ၁ ရက္ေန႔မွ ၾသဂုတ္လ ၃၁ ရက္ေန႔ အထိ ဆ႒မအႀကိမ္ ၃ လတာ တစ္ဖက္သတ္ အပစ္ရပ္စဲ ေၾကာင္း ထုတ္ျပန္ခ်က္ကို ၎တို႔အေနျဖင့္ ထပ္မံသက္တမ္းတိုး လိုက္ျခင္းျဖစ္သည္ဟု ဗိုလ္မွဴးမိုင္းအိုက္ ေက်ာ္ က ေျပာသည္။
ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ျဖစ္သည့္ ရကၡိဳင့္တပ္မေတာ္ AA၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ ေရး တပ္မေတာ္ TNLA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ တပ္မေတာ္ MNDAA (ကိုးကန္႔) တို႔သည့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္အတူ အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္ စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးရန္ ေဆြးေႏြးေနသည့္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕မ်ားျဖစ္သည္။