မွန်ပြည်နယ်တွင် ပြည်မ အခြေစိုက်ပါတီများ မဲဆွယ်မှု စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနက်မှ အင်အားကြီးပါတီတချို့တို့က စက်တင်ဘာ ၈ ရက် နေ့တွင် အပြိုင်အဆိုင် စတင်မဲဆွယ်နေကြပြီ ဖြစ်သည်။

မွန်ပြည်နယ်တွင် လွှတ်တော်မဲဆန္ဒ ၄၅ နေရာစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၈ ရက်နေ့မှစကာ မဲဆွယ်စည်းရုံး စတင်လုပ်နေပြီဖြစ်သည်ဟု မွန်ပြည်နယ်မှ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။

“ဒီနေ့ကတော့ ကျနော်တို့ မဲဆန္ဒရှင်တွေဆီတော့ မသွားသေးဘူးခင်ဗျ၊ ဒီနေ့ကတော့ရပ်ကွက်အလိုက် ကျေးရွာ အလိုက်ကို ကျနော်တို့ ပါတီဝင်အင်အားတွေ စုပြီးတော့ လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ပါဆိုပြီး အဲဒါနဲ့ စပါ တယ်” ဟု ဦးဝင်းမော်ဦးက ပြောသည်။

ထို့အတူ လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာစလုံးတွင် ဝင်ပြိုင်မည့် အင်အားကြီးပါတီတစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပါတီ NLD ကလည်း စက်တင်ဘာ ၈ ရက်နေ့တွင် စတင်မဲဆွယ်နေပြီးဖြစ်သည်။

နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက် နေ့အထိ သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များအား မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူဦးရေ ၅၀ အထိ စုဝေးဟောပြောခွင့် ပြုသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အခြေစိုက်ပါတီလည်းဖြစ် မွန်ပြည်နယ်တွင် လွှတ်တော်မဲဆန္ဒနယ် ၃၅ နေရာ ဝင်ပြိုင်မည့် နောက် ထပ်အင်အားကြီးပါတီတစ်ခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီကလည်း မြို့ နယ်တိုင်း တစ်ပြိုင်နက်တည်း မဲဆွယ် စည်းရုံးရေး မလုပ်ဆောင်သေးသော်လည်း မြို့ နယ်အချို့ တို့တွင် မဲဆွယ်စည်းရုံးရေး စလုပ်နေပြီဟု ပြောသည်။

“ကျနော် ပြောသလိုပေါ့ မနေ့တနေ့ကမှ (ကော်မရှင်မှ) လမ်းညွှန်ချက်တွေက ထွက်လာတဲ့အခါကျတော့ ဒီရက် အတွင်းမှာတော့ လုပ်ငန်းအစီအစဉ်တွေကို ချမှတ်သွားရမယ့်အနေအထားပါ” ဟု မွန်ညီညွတ်ရေးပါတီ ပြော ရေးဆိုခွင့်ရှိသူ နိုင်လရီတမ က ပြောသည်။

အင်အားကြီးပါတီများက အပြိုင်မဲဆွယ်စည်းရုံးနေကြပြီး ဖြစ်သော်လည်း နိုင်ငံရေးပါတီအများစုကတော့ မဲဆွယ် စည်းရုံးရေး မစနိုင်သေးသည့် အနေအထားတွင် ရှိနေသည်။

သို့သော်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ မဲဆွယ်စည်းရုံး စတင်လုပ်ဆောင်နေသည့် ပါတီနှင့် ကိုယ်စား လှယ်လောင်းများလည်း ရှိသည်။

COVID-19 ကူးစက်ရောဂါဆိုင်ရာ အကန့်အသတ်မှုအောက်တွင် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမှာ ဖြစ်သည့် အတွက် မဲဆွယ်စည်းရုံးရေးကို လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး အဓိက လုပ်ဆောင်သွားရန် စီစဉ်ထား သည်ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) တွင် ဝင်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောသည်။

“ကျနော်က မဲဆွယ်စည်းရုံးတဲ့အပိုင်းကို တသီးပုဂ္ဂလဖြစ်တဲ့အတွက် အခြားပါတီတွေလို အင်နဲ့အားနဲ့ လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ ကျနော် အဓိကလုပ်မှာက social media ပေါ်မှာ ကျနော့်ရဲ့ မဲဆွယ်စည်းရုံးမှုကို ကျယ် ကျယ်ပြန့်ပြန့်လုပ်ဖို့ စဉ်းစားထားတယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၇ ပါတီနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ျပည္မ အေျခစိုက္ပါတီမ်ား မဲဆြယ္မႈ စတင္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၈ ရက္။

မြန္ျပည္နယ္တြင္ ဝင္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီမ်ားအနက္မွ အင္အားႀကီးပါတီတခ်ဳိ႔တို႔က စက္တင္ဘာ ၈ ရက္ ေန႔တြင္ အၿပိဳင္အဆိုင္ စတင္မဲဆြယ္ေနၾကၿပီ ျဖစ္သည္။

မြန္ျပည္နယ္တြင္ လႊတ္ေတာ္မဲဆႏၵ ၄၅ ေနရာစလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီက စက္တင္ဘာ ၈ ရက္ေန႔မွစကာ မဲဆြယ္စည္း႐ုံး စတင္လုပ္ေနၿပီျဖစ္သည္ဟု မြန္ျပည္နယ္မွ ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦးက ေျပာသည္။

“ဒီေန႔ကေတာ့ က်ေနာ္တို႔ မဲဆႏၵရွင္ေတြဆီေတာ့ မသြားေသးဘူးခင္ဗ်၊ ဒီေန႔ကေတာ့ရပ္ကြက္အလိုက္ ေက်းရြာ အလိုက္ကို က်ေနာ္တို႔ ပါတီဝင္အင္အားေတြ စုၿပီးေတာ့ လူမႈအက်ဳိးျပဳလုပ္ငန္းေတြလုပ္ပါဆိုၿပီး အဲဒါနဲ႔ စပါ တယ္” ဟု ဦးဝင္းေမာ္ဦးက ေျပာသည္။

ထို႔အတူ လႊတ္ေတာ္မဲဆႏၵနယ္ ၄၅ ေနရာစလံုးတြင္ ဝင္ၿပိဳင္မည့္ အင္အားႀကီးပါတီတစ္ခုျဖစ္သည့္ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပါတီ NLD ကလည္း စက္တင္ဘာ ၈ ရက္ေန႔တြင္ စတင္မဲဆြယ္ေနၿပီးျဖစ္သည္။

ႏိုင္ငံေရးပါတီမ်ားအတြက္ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးကာလကို စက္တင္ဘာ ၈ ရက္ေန႔မွ ႏိုဝင္ဘာ ၆ ရက္ ေန႔အထိ သတ္မွတ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားသည္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏုိင္ငံေရးပါတီမ်ားႏွင့္ ကုိယ္စားလွယ္ေလာင္း မ်ားအား မဲဆြယ္စည္းရံုးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ လူဦးေရ ၅၀ အထိ စုေဝးေဟာေျပာခြင့္ ျပဳသည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ထားသည္။

မြန္ျပည္နယ္အေျခစိုက္ပါတီလည္းျဖစ္ မြန္ျပည္နယ္တြင္ လႊတ္ေတာ္မဲဆႏၵနယ္ ၃၅ ေနရာ ဝင္ၿပိဳင္မည့္ ေနာက္ ထပ္အင္အားႀကီးပါတီတစ္ခုျဖစ္သည့္ မြန္ညီညြတ္ေရးပါတီကလည္း ၿမိဳ႕ နယ္တိုင္း တစ္ၿပိဳင္နက္တည္း မဲဆြယ္ စည္း႐ုံးေရး မလုပ္ေဆာင္ေသးေသာ္လည္း ၿမိဳ႕ နယ္အခ်ဳိ႕ တို႔တြင္ မဲဆြယ္စည္း႐ုံးေရး စလုပ္ေနၿပီဟု ေျပာသည္။

“က်ေနာ္ ေျပာသလိုေပါ့ မေန႔တေန႔ကမွ (ေကာ္မရွင္မွ) လမ္းၫႊန္ခ်က္ေတြက ထြက္လာတဲ့အခါက်ေတာ့ ဒီရက္ အတြင္းမွာေတာ့ လုပ္ငန္းအစီအစဥ္ေတြကို ခ်မွတ္သြားရမယ့္အေနအထားပါ” ဟု မြန္ညီညြတ္ေရးပါတီ ေျပာ ေရးဆိုခြင့္ရွိသူ ႏိုင္လရီတမ က ေျပာသည္။

အင္အားႀကီးပါတီမ်ားက အၿပိဳင္မဲဆြယ္စည္း႐ုံးေနၾကၿပီး ျဖစ္ေသာ္လည္း ႏိုင္ငံေရးပါတီအမ်ားစုကေတာ့ မဲဆြယ္ စည္း႐ုံးေရး မစႏိုင္ေသးသည့္ အေနအထားတြင္ ရွိေနသည္။

သို႔ေသာ္လည္း လူမႈကြန္ရက္စာမ်က္ႏွာေပၚကေန မဲဆြယ္စည္း႐ုံး စတင္လုပ္ေဆာင္ေနသည့္ ပါတီႏွင့္ ကိုယ္စား လွယ္ေလာင္းမ်ားလည္း ရွိသည္။

COVID-19 ကူးစက္ေရာဂါဆိုင္ရာ အကန္႔အသတ္မႈေအာက္တြင္ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ရမွာ ျဖစ္သည့္ အတြက္ မဲဆြယ္စည္း႐ုံးေရးကို လူမႈကြန္ရက္စာမ်က္ႏွာကို အသံုးျပဳၿပီး အဓိက လုပ္ေဆာင္သြားရန္ စီစဥ္ထား သည္ဟု မြန္ျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၆) တြင္ ဝင္ၿပိဳင္မည့္ တသီးပုဂၢလ ကိုယ္စား လွယ္ေလာင္း ဦးေအာင္ႏိုင္ဝင္းက ေျပာသည္။

“က်ေနာ္က မဲဆြယ္စည္း႐ုံးတဲ့အပိုင္းကို တသီးပုဂၢလျဖစ္တဲ့အတြက္ အျခားပါတီေတြလို အင္နဲ႔အားနဲ႔ လုပ္ဖို႔ အစီအစဥ္မရွိပါဘူး။ က်ေနာ္ အဓိကလုပ္မွာက social media ေပၚမွာ က်ေနာ့္ရဲ႕ မဲဆြယ္စည္း႐ုံးမႈကို က်ယ္ က်ယ္ျပန္႔ျပန္႔လုပ္ဖို႔ စဥ္းစားထားတယ္” ဟု ဦးေအာင္ႏိုင္ဝင္းက ေျပာသည္။

ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္တြင္ ႏိုင္ငံေရးပါတီ ၁၇ ပါတီႏွင့္ တသီး ပုဂၢလ ကိုယ္စားလွယ္ေလာင္း ၁၁ ဦး စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၃၀၂ ဦး ဝင္ၿပိဳင္ၾကမည္ျဖစ္သည္။