မြေပုံမြို့နယ် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးများအပါအဝင် ၅ ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် အသက် ၅ နှစ်ခန့် အရွယ် ကလေးနှစ်ဦး အပါအဝင် ၅ ဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ များနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ပြော သည်။
မြေပုံမြို့နယ်နှင့် အမ်းမြို့နယ် အစပ်ရှိ တပ်မတော် တပ်စခန်းချထားသည့် နေရာဘက်မှ မြေပုံမြို့နယ်၊ ညောင် ကန်ကျေးရွာထဲသို့ လက်နက်ကြီးကျည်များ ဆက်တိုက် ပစ်ခတ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။
“ဒီနေ့မနက်ပေါ့ ၉ နာရီ ၁၀ နာရီလောက်မှာ ဖြစ်တာ။ ဒီ ဒါးလက်ချောင်းဘက်ကနေ လှမ်းပစ်တာ။ အဲ့ဒီဘက်မှာ တပ်မတော်စခန်းရှိတယ်။ အဲ့ဘက်ကနေ လှမ်းပြီးတော့ ပစ်တာ။ လက်နက်ကြီးကျည် ၆ လုံး ပစ်လိုက်တာဗျ။ ကလေးပေါ့ နှစ်ယောက် သေတယ်။ နှစ်ယောက်လုံး အသက် က ၅ နှစ်အရွယ်ပါ။ နောက်ပြီး ကျောင်း ဆရာမ တစ်ယောက်ပါတယ်။ အမျိုးသားတစ်ဦးလည်း ပါတယ်။ သေသွားတဲ့ လူကလေ။ နောက်ဒဏ်ရာရသွားတာက ရှစ်ယောက်ရှိတယ်ဗျ” ဟု လိုက်ပါဆောင်ရွက်ပေးနေသူ တစ်ဦး က ပြောသည်။
လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသူများမှာ အသက် ၅ နှစ်အရွယ် မောင်သူရအောင်၊ အသက် ၅ နှစ်အရွယ် မသူသူဟိန်း၊ မသူသူဟိန်း၏ မိခင် အသက် ၂၉ နှစ်အရွယ် ဒေါ်မိုးသဇင်၊ အသက် ၂၂ အရွယ် မနှင်းယုလှိုင် နှင့် အသက် ၂၇ နှစ်အရွယ် ကိုချမ်းငြိမ်းသူတို့ ဖြစ်ကြသည်ဟု သိရသည်။
“အခု ဒဏ်ရာရထားတဲ့ထဲမှာလည်း ခေါင်းပိုင်းကိုထိပြီး စိုးရိမ်ရတဲ့လူနာအမျိုးသမီးကတော့ ဆေးရုံရောက်မှ သေ တာ တစ်ယောက်ရှိတယ်။ ကျနော်တို့ ဒဏ်ရာရ ထားတဲ့လူတွေကိုလည်း ကမ်းထောင့်ကြီးဆေးရုံကို ပို့ထား ပြီ။ တော်တော်စိုးရိမ်ရတာ နောက်တစ်ယောက်ကျန်သေးတယ်။ ဒဏ်ရာရတဲ့အထဲမှာ ကလေးလည်း တစ်ယောက် ပါသေးတယ်။ အခု ဒီလက်နက်ကြီးတွေ ကျတော့ ညောင်ခက်ကန်ကျေးရွာကလည်း တစ်ရွာလုံး ထွက်ပြေး ရတယ်။ ကမ်းထောင့်ကြီး ဘက်ကိုပဲ ပြေးကြတာပါ။ ရွာသားတွေပြောတာတော့ တပ်မတော်က ပစ်တယ်လို့ ပြောတာဗျ။ လက်နက်ကြီးဆို ဆက်တိုက်ပစ်ချလိုက်တာလို့ ပြောတယ်။”
ညောင်ကန်ကျေးရွာသည် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရက္ခဒါနဖောင်ဒေးရှင်း အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကလည်း “ကျနော်တို့ ရွာထဲရောက်တဲ့အချိန်တောင် လက် နက်ကြီးက ထပ်ကျလာသေးတာ။ အခု ရွာလုံးကျွတ်နီးပါး ထွက်ပြေးကုန်ကြပြီ။ အသက်ကြီးတဲ့လူကြီးတွေ အဖိုးအဘွားတွေတော့ ရွာထဲမှာ ကျန်ခဲ့တယ်။ ဒဏ်ရာရတဲ့လူတွေကိုလည်း အားလုံးဆေးရုံကို ပို့ထားပြီ။ သေ သွားတဲ့လူတွေကိုတော့ ဒီနေ့ပဲ သဂြိုလ်မှာဗျ” ဟု ပြောသည်။
မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က “လက်နက်ကြီးကျည်တွေကျလို့ လူတွေ သေတယ်ဆိုတာ ဟုတ်ပါတယ်။ ပညာရေးဝန်ထမ်းတစ်ဦး ကလေးနှစ်ဦးပါတယ်ဆိုတာလည်း မှန်ပါတယ်။ တိုက်ပွဲလည်း မဖြစ်ပဲနဲ့ ရွာထဲကို လက်နက်ကြီးတွေကျနေတယ်လို့ ရွာသားတွေက ပြောတယ်။ အခုလိုမျိုး လက်နက်ကြီးကျည်တွေ ဆက်တိုက်ကျလာတယ်ဆိုတာက ဒါက ကျနော်တို့ မတော်တဆဖြစ်တာ မဟုတ် လောက်ဘူး။ ပြန်စုံစမ်းရမယ်လေနော်” ဟု ပြောသည်။
တပ်မတော်မှ ညောင်ကန်ကျေးရွာ ပစ်ခတ်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမရရှိသေးဘူးဟု သတင်းမီဒီယာများအား ဖြေကြားထားသည်။
ထို့အပြင် ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကလည်း ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ေျမပံုၿမိဳ႔နယ္ လက္နက္ၾကီးေပါက္ကြဲမႈေၾကာင့္ ကေလးမ်ားအပါအ၀င္ ၅ ဦးေသ၊ ရွစ္ဦး ဒဏ္ရာရ
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၈ ရက္။
ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္အတြင္း ယေန႔နံနက္ပိုင္းက လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္ အတြက္ အသက္ ၅ ႏွစ္ခန္႔ အရြယ္ ကေလးနွစ္ဦး အပါအဝင္ ၅ ဦး ေသဆံုး၊ ရွစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး လူဦးေရ ၂၀၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ေဒသခံ မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား က ေျပာ သည္။
ေျမပံုၿမိဳ႕နယ္ႏွင့္ အမ္းၿမိဳ႕နယ္ အစပ္ရွိ တပ္မေတာ္ တပ္စခန္းခ်ထားသည့္ ေနရာဘက္မွ ေျမပံုၿမိဳ႕နယ္၊ ေညာင္ ကန္ေက်းရြာထဲသို႔ လက္နက္ႀကီးက်ည္မ်ား ဆက္တိုက္ ပစ္ခတ္ခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။
“ဒီေန႔မနက္ေပါ့ ၉ နာရီ ၁၀ နာရီေလာက္မွာ ျဖစ္တာ။ ဒီ ဒါးလက္ေခ်ာင္းဘက္ကေန လွမ္းပစ္တာ။ အဲ့ဒီဘက္မွာ တပ္မေတာ္စခန္းရွိတယ္။ အဲ့ဘက္ကေန လွမ္းၿပီးေတာ့ ပစ္တာ။ လက္နက္ႀကီးက်ည္ ၆ လံုး ပစ္လိုက္တာဗ်။ ကေလးေပါ့ ႏွစ္ေယာက္ ေသတယ္။ ႏွစ္ေယာက္လံုး အသက္ က ၅ ႏွစ္အရြယ္ပါ။ ေနာက္ၿပီး ေက်ာင္း ဆရာမ တစ္ေယာက္ပါတယ္။ အမ်ိဳးသားတစ္ဦးလည္း ပါတယ္။ ေသသြားတဲ့ လူကေလ။ ေနာက္ဒဏ္ရာရသြားတာက ရွစ္ေယာက္ရွိတယ္ဗ်” ဟု လိုက္ပါေဆာင္ရြက္ေပးေနသူ တစ္ဦး က ေျပာသည္။
လက္နက္ႀကီးက်ည္ထိမွန္ၿပီး ေသဆံုးသြားသူမ်ားမွာ အသက္ ၅ ႏွစ္အရြယ္ ေမာင္သူရေအာင္၊ အသက္ ၅ ႏွစ္အရြယ္ မသူသူဟိန္း၊ မသူသူဟိန္း၏ မိခင္ အသက္ ၂၉ ႏွစ္အရြယ္ ေဒၚမိုးသဇင္၊ အသက္ ၂၂ အရြယ္ မႏွင္းယုလိႈင္ ႏွင့္ အသက္ ၂၇ ႏွစ္အရြယ္ ကိုခ်မ္းၿငိမ္းသူတို႔ ျဖစ္ၾကသည္ဟု သိရသည္။
“အခု ဒဏ္ရာရထားတဲ့ထဲမွာလည္း ေခါင္းပိုင္းကိုထိၿပီး စိုးရိမ္ရတဲ့လူနာအမ်ိဳးသမီးကေတာ့ ေဆးရံုေရာက္မွ ေသ တာ တစ္ေယာက္ရွိတယ္။ က်ေနာ္တုိ႔ ဒဏ္ရာရ ထားတဲ့လူေတြကိုလည္း ကမ္းေထာင့္ႀကီးေဆးရံုကို ပို႔ထား ၿပီ။ ေတာ္ေတာ္စိုးရိမ္ရတာ ေနာက္တစ္ေယာက္က်န္ေသးတယ္။ ဒဏ္ရာရတဲ့အထဲမွာ ကေလးလည္း တစ္ေယာက္ ပါေသးတယ္။ အခု ဒီလက္နက္ႀကီးေတြ က်ေတာ့ ေညာင္ခက္ကန္ေက်းရြာကလည္း တစ္ရြာလံုး ထြက္ေျပး ရတယ္။ ကမ္းေထာင့္ႀကီး ဘက္ကိုပဲ ေျပးၾကတာပါ။ ရြာသားေတြေျပာတာေတာ့ တပ္မေတာ္က ပစ္တယ္လို႔ ေျပာတာဗ်။ လက္နက္ႀကီးဆို ဆက္တုိက္ပစ္ခ်လိုက္တာလို႔ ေျပာတယ္။”
ေညာင္ကန္ေက်းရြာသည္ အိမ္ေထာင္စု ၃၀၀ ေက်ာ္ရွိၿပီး လူဦးေရ ၂၀၀၀ ေက်ာ္ရွိသည့္ ေက်းရြာႀကီး တစ္ရြာျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။
ရကၡဒါနေဖာင္ေဒး႐ွင္း အဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးကလည္း “က်ေနာ္တို႔ ရြာထဲေရာက္တဲ့အခ်ိန္ေတာင္ လက္ နက္ႀကီးက ထပ္က်လာေသးတာ။ အခု ရြာလံုးကၽြတ္နီးပါး ထြက္ေျပးကုန္ၾကၿပီ။ အသက္ႀကီးတဲ့လူႀကီးေတြ အဖိုးအဘြားေတြေတာ့ ရြာထဲမွာ က်န္ခဲ့တယ္။ ဒဏ္ရာရတဲ့လူေတြကိုလည္း အားလံုးေဆးရံုကို ပို႔ထားၿပီ။ ေသ သြားတဲ့လူေတြကိုေတာ့ ဒီေန႔ပဲ သၿဂိဳလ္မွာဗ်” ဟု ေျပာသည္။
ေျမပံုၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း က “လက္နက္ႀကီးက်ည္ေတြက်လို႔ လူေတြ ေသတယ္ဆုိတာ ဟုတ္ပါတယ္။ ပညာေရးဝန္ထမ္းတစ္ဦး ကေလးႏွစ္ဦးပါတယ္ဆိုတာလည္း မွန္ပါတယ္။ တုိက္ပြဲလည္း မျဖစ္ပဲနဲ႔ ရြာထဲကို လက္နက္ႀကီးေတြက်ေနတယ္လို႔ ရြာသားေတြက ေျပာတယ္။ အခုလိုမ်ိဳး လက္နက္ႀကီးက်ည္ေတြ ဆက္တုိက္က်လာတယ္ဆိုတာက ဒါက က်ေနာ္တုိ႔ မေတာ္တဆျဖစ္တာ မဟုတ္ ေလာက္ဘူး။ ျပန္စံုစမ္းရမယ္ေလေနာ္” ဟု ေျပာသည္။
တပ္မေတာ္မွ ေညာင္ကန္ေက်းရြာ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေသးသလို အဆုိပါကိစၥႏွင့္ပတ္သက္၍ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သတင္းမရရွိေသးဘူးဟု သတင္းမီဒီယာမ်ားအား ေျဖၾကားထားသည္။
ထို႔အျပင္ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား တုိက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး တပ္မေတာ္ဘက္ကလည္း ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ လာေရာက္ပစ္ခတ္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။