တရုတ်နယ်စပ် မြန်မာနှစ်ဦးတွင် ဗိုင်းရပ်စ်တွေ့၊ မြို့များ တစ်ပတ်ကြာ အနည်းဆုံး ပိတ်ဆို့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ ရှိပြီးနောက် နယ်စပ် မြို့ တွေဖြစ်တဲ့ ရွှေလီ(Ruili) မြို့ နှင့် ကျယ်ဂေါင်မြို့ အား ဝင်ထွက်သွားလာခွင့်ပိတ် လိုက်ပြီး ဒေသအတွင်း နေထိုင်သူ အားလုံး ကျန်မာရေး စစ်ဆေးခံယူရန် စာရင်းများ စတင် ကောက်ယူ နေပြီဟု သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ရွှေလီမြို့အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များအလိုက် တရုတ်လူမျိုး၊ ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသား(ရှမ်းလူမျိုး)များ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအား ကျန်းမာရေး ဌာနက စာရင်းများလိုက်လံ ကောက်ခံနေသည်ဟု ရွှေလီမြို့က အလုပ်သမားများက ပြောသည်။

ရွှေလီမြို့ က မမြင့်က “အကုန် Lock down ချထားတယ်။ ဆေးတွေစစ်အုံးမယ်။ တို့ဖတ်တွေ ယူအုံးမယ်။ ဒီနေ့ တော့ အစ်မတို့ ရွာက ကျောင်းမှာ စာရင်းသွားသွင်းရတယ်။ နာမည်စာရင်း သွင်းရတယ်။ အိမ်လိပ်စာပေး ရ တယ်။ ဖုန်းနံပါတ်ပေးရတယ်။ ကလေးတွေ ကျောင်းတွေလည်း လုံးဝပိတ်လိုက်ပြီ အခုက။ မနေ့က ကျန်းမာရေး ဌာနက အိမ်ကိုလာတယ်။ စစ်ဆေးတယ်။ လူဘယ်နှစ်ယောက်နေလဲပေါ့၊ ဒီနေ့တော့ ရွာက ကျောင်းမှာ စာရင်း သွားပေးရတာ။ သုံးရက်အတွင်း ဆေးစစ်မယ်ပေါ့။ ရွာလုံးကျွတ်ပဲ။ တရုတ်၊ ဗမာ၊ ရှမ်း အကုန်လုံးပဲ။ ရပ်ကွက် အလိုက်၊ ရွာအလိုက်ပဲ Lock down တွေ ချပြီး အဲ့လိုလုပ်နေတာ။ ကျန်းမာရေးဌာနက ဆင်းပြီးလုပ်ပေးတာ” ဟု ပြောသည်။

“အခုက နာမည်စာရင်းပေးရမယ်။ ကိုယ်နေတဲ့ အိမ်ရဲ့လိပ်စာ၊ ပိုင်ရှင်နာမည်ပေးရမယ်။ စာအုပ်ပေးရမယ်။ အစိမ်းဖြစ်ဖြစ်၊ အနီဖြစ်ဖြစ် ပြရမယ်။ စာအုပ်အစိမ်းလည်းမရှိဘူး။ အနီလည်းမရှိဘူးဆိုရင် မှတ်ပုံတင်နဲ့လာခဲ့ ပါတဲ့။ အခုက မှတ်ပုံတင်စာရင်းတွေလည်း ကောက်သွားတယ်။ စိစစ်မှာပေါ့နော်။ ခိုးဝင်လာတာဟုတ်မဟုတ် ပြန်လုပ်မယ်လို့ပြောတယ်။ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိသေးဘူး။ ပြန်ပို့မယ် ဘာညာတော့ မပြောသေး ပါဘူး။ အခြေအနေတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ တရုတ်မှာတော့ စည်းစနစ်ကျတယ်ပြောရမလား။ စစ်ဆေးမှုတွေ၊ စာရင်းကောက်တာတွေက သူ့ရွာအလိုက် ရပ်ကွက်အလိုက်ဆိုတော့ မြန်တယ်။ ပိုပြီးလည်း စိတ်ချရသလိုဖြစ်တယ်။”

အဆောင်များတွင် အခန်းငှားနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ကျောက်ကုန်သည်များအားလုံး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် အဆောင်ပိုင်ရှင်များက စာရင်းများ လာရောက်စစ်ဆေး ကောက်ခံခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဆေးစစ်ရန်ရှိသည်ဟု ပြောဆိုထားသည်ဟု ရွှေလီမြို့ရောက် မြန်မာများက ပြောသည်။

ရွှေလီမြို့က ကျောက်ကုန်သည် ကိုသီဟ က “ကျနော်တို့ အခန်းလည်း ဒီနေ့ပဲ စာရင်းလာကောက်တယ်။ လူ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်လိုလက်မှတ် စာအုပ်နဲ့နေလဲ၊ စာအုပ်အစိမ်းလား၊ အနီနဲ့လား မှတ်ပုံတင်နာမည် အကုန်ပေါ့ လာကောက် သွားတယ်။ ရွှေလီတစ်မြို့လုံးပေါ့၊ ကျယ်ဂေါင်ရောပါတယ်။ ဒီမှာ ရှိတဲ့လူတွေ တရုတ် လူမျိုးရော၊ ဒီက ရှမ်းတွေကိုရော၊ ကျနော်တို့ ဒီ မြန်မာတွေကိုရော အားလုံးကိုကောက်တာ။ သုံးရက်အတွင်း အပြီး ဆေးစစ်မယ်လို့ပြောတယ်။ တရားမဝင် ဝင်လာတဲ့လူတွေကိုရောပဲ၊ စက်ရုံတွေမှာရော စာရင်းလိုက် ကောက်တယ်။ ဒီရက်ပိုင်းတော့ အစစ် အဆေးများတယ်။ ကျောက်ဝိုင်းတွေကတော့ အလုပ်မဖြစ်တာ ကြာ ပါပြီ။ ကျနော်တို့လည်း အဆင်ပြေမလား ဆိုပြီး ဆက်နေနေတာ အခုတော့ အရမ်းကြပ်လာတယ်” ဟု ပြော သည်။

ထို့အပြင် ရွှေလီမြို့အား အရေးပေါ်အခြေအဖြစ် ယမန်နေ့က တရုတ်အစိုးရ က ထုတ်ပြန်ကြေညာပြီးနောက် တစ်ပတ် တိတိ ဝင်ထွက်သွားလာခွင့်များ ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရဲဌာနကလည်း မကြာခင် နေအိမ်များ၊ အခန်းများအထိ စစ်ဆေးရန် ရှိသည် ဟု အခန်း/အိမ်ငှားနေထိုင်သူများအားလည်း အိမ်ရှင်များက ပြောပြထားသည်ဟု မမြင့်က ဆက်ပြောသည်။

“အိမ်ရှင်ပြောတာက ရဲတွေ နောက်ရက်မှာလာစစ်မယ်ပေါ့။ အိမ်ရှင်ဆီမှာ အခုက တစ်ခန်းဆို ၃ ယောက်ပဲ နေ ခွင့်ရှိတယ်လေ။ သုံးယောက်ထက်ပိုရင် မနေရဘူးပြောထားတာလေ။ အိမ်ရှင်လည်း ဘယ်သူတွေနေတယ် ဆို တာ ရဲစခန်းကို စာရင်းအတိအကျပေးရတယ်။ ရဲတွေလိုက်စစ်မယ် ဘယ်သူနေတယ် ပေးထားတဲ့နာမည်နဲ့ ရုပ်နဲ့ တိုက်ကြည့်အုံးမှာ။ အသေးစိတ်စစ်မှာတဲ့။ စစ်ဆေးမှုတွေပိုကြပ်မယ်။ ပိုများမယ် သေချာတယ်။ အလုပ်တွေ လည်း အကုန်ရပ်၊ ရွာတွေထဲက ဆိုင်တွေ အိမ်ဆိုင်တွေလောက်ပဲ ဖွင့်လို့ရတယ်။ ဈေးတွေလည်း အကုန်ပိတ် ပြီ။ ပန်းခြံ ဘာညာအကုန်ပိတ်။ အဲ့လိုဖြစ်နေတာ။”

ဒေသအတွင်း နေထိုင်သူအားလုံး COVID-19 ရောဂါပိုး ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်များကို တရုတ်အစိုးရက အခမဲ့ စစ်ဆေးပေးမည်ဟု ကြားသိထားရကြောင်း မြန်မာအလုပ်သမား များက ဆိုသည်။

ထို့အပြင် ရွှေလီမြို့သို့ တရားမဝင် ဝင်ရောက်လာသူများအားလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများ ထုတ်ပြန်ထားသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

ရွှေလီမြို့ က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးမှာ တရုတ်နိုင်ငံထဲသို့ တရားမဝင် ဝင်လာရောက်လာသည့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ယခုခါ မန်ရှီမြို့ တွင် ဆေးကုသမှု ခံယူနေရသည် သတင်းများ ထွက်ပေါ်နေသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ကျယ်ဂေါင်မြို့ ရှိ အဝင်အထွက်ဂိတ်များနှင့် မန့်ဝိန်းကုန်သွယ်ရေး အဝင်အထွက်ဂိတ် များကို ပိတ်လိုက်ခြင်းမရှိပဲ တရုတ်ဘက်အခြမ်းသို့သာ အဝင်လက်မခံပဲ မြန်မာနိုင်ငံသို့ ပြန်ချင်သည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကိုတော့ အထွက်ဂိတ်ဖွင့်ထားပေးသည်ဟု သိရသည်။

*** ZAWGYI ***
တရုတ္နယ္စပ္ ျမန္မာနွစ္ဦးတြင္ ဗိုင္းရပ္စ္ေတြ႔၊ ျမိဳ႔မ်ား တစ္ပတ္ၾကာ အနည္းဆံုး ပိတ္ဆို႔မည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ စက္တင္ဘာလ ၁၅ ရက္။

တရုတ္-ျမန္မာ နယ္စပ္မွာ ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားႏွစ္ဦးထံမွ COVID-19 ေရာဂါပိုးေတြ႕ ရွိၿပီးေနာက္ နယ္စပ္ ၿမိဳ႕ ေတြျဖစ္တဲ့ ေရႊလီ(Ruili) ၿမိဳ႕ ႏွင့္ က်ယ္ေဂါင္ၿမိဳ႕ အား ဝင္ထြက္သြားလာခြင့္ပိတ္ လိုက္ၿပီး ေဒသအတြင္း ေနထုိင္သူ အားလံုး က်န္မာေရး စစ္ေဆးခံယူရန္ စာရင္းမ်ား စတင္ ေကာက္ယူ ေနၿပီဟု သိရသည္။

စက္တင္ဘာလ ၁၅ ရက္ေန႔မွ စတင္၍ ေရႊလီၿမိဳ႕အတြင္းရွိ ေက်းရြာမ်ား၊ ရပ္ကြက္မ်ားအလိုက္ တရုတ္လူမ်ိဳး၊ ေဒသအတြင္းရွိ ဌာေနတုိင္းရင္းသား(ရွမ္းလူမ်ိဳး)မ်ား ႏွင့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားအား က်န္းမာေရး ဌာနက စာရင္းမ်ားလိုက္လံ ေကာက္ခံေနသည္ဟု ေရႊလီၿမိဳ႕႕က အလုပ္သမားမ်ားက ေျပာသည္။

ေရႊလီၿမိဳ႕ က မျမင့္က “အကုန္ Lock down ခ်ထားတယ္။ ေဆးေတြစစ္အံုးမယ္။ တို႔ဖတ္ေတြ ယူအံုးမယ္။ ဒီေန႔ ေတာ့ အစ္မတို႔ ရြာက ေက်ာင္းမွာ စာရင္းသြားသြင္းရတယ္။ နာမည္စာရင္း သြင္းရတယ္။ အိမ္လိပ္စာေပး ရ တယ္။ ဖုန္းနံပါတ္ေပးရတယ္။ ကေလးေတြ ေက်ာင္းေတြလည္း လံုးဝပိတ္လုိက္ၿပီ အခုက။ မေန႔က က်န္းမာေရး ဌာနက အိမ္ကိုလာတယ္။ စစ္ေဆးတယ္။ လူဘယ္ႏွစ္ေယာက္ေနလဲေပါ့၊ ဒီေန႔ေတာ့ ရြာက ေက်ာင္းမွာ စာရင္း သြားေပးရတာ။ သံုးရက္အတြင္း ေဆးစစ္မယ္ေပါ့။ ရြာလံုးကၽြတ္ပဲ။ တရုတ္၊ ဗမာ၊ ရွမ္း အကုန္လံုးပဲ။ ရပ္ကြက္ အလိုက္၊ ရြာအလိုက္ပဲ Lock down ေတြ ခ်ၿပီး အဲ့လိုလုပ္ေနတာ။ က်န္းမာေရးဌာနက ဆင္းၿပီးလုပ္ေပးတာ” ဟု ေျပာသည္။

“အခုက နာမည္စာရင္းေပးရမယ္။ ကိုယ္ေနတဲ့ အိမ္ရဲ႕လိပ္စာ၊ ပိုင္ရွင္နာမည္ေပးရမယ္။ စာအုပ္ေပးရမယ္။ အစိမ္းျဖစ္ျဖစ္၊ အနီျဖစ္ျဖစ္ ျပရမယ္။ စာအုပ္အစိမ္းလည္းမရွိဘူး။ အနီလည္းမရွိဘူးဆုိရင္ မွတ္ပံုတင္နဲ႔လာခဲ့ ပါတဲ့။ အခုက မွတ္ပံုတင္စာရင္းေတြလည္း ေကာက္သြားတယ္။ စိစစ္မွာေပါ့ေနာ္။ ခိုးဝင္လာတာဟုတ္မဟုတ္ ျပန္လုပ္မယ္လို႔ေျပာတယ္။ ဘယ္လိုဆက္ျဖစ္မလဲေတာ့ မသိေသးဘူး။ ျပန္ပို႔မယ္ ဘာညာေတာ့ မေျပာေသး ပါဘူး။ အေျခအေနေတာ့ ဆက္ၿပီး ေစာင့္ၾကည့္ရမွာေပါ့။ တရုတ္မွာေတာ့ စည္းစနစ္က်တယ္ေျပာရမလား။ စစ္ေဆးမႈေတြ၊ စာရင္းေကာက္တာေတြက သူ႔ရြာအလိုက္ ရပ္ကြက္အလိုက္ဆုိေတာ့ ျမန္တယ္။ ပိုၿပီးလည္း စိတ္ခ်ရသလိုျဖစ္တယ္။”

အေဆာင္မ်ားတြင္ အခန္းငွားေနၾကသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား၊ ေက်ာက္ကုန္သည္မ်ားအားလံုး က်န္းမာေရးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ အေဆာင္ပိုင္ရွင္မ်ားက စာရင္းမ်ား လာေရာက္စစ္ေဆး ေကာက္ခံခဲ့ၿပီး ယခုရက္ပိုင္းအတြင္း ေဆးစစ္ရန္ရွိသည္ဟု ေျပာဆိုထားသည္ဟု ေရႊလီၿမိဳ႕ေရာက္ ျမန္မာမ်ားက ေျပာသည္။

ေရႊလီၿမိဳ႕က ေက်ာက္ကုန္သည္ ကိုသီဟ က “က်ေနာ္တုိ႔ အခန္းလည္း ဒီေန႔ပဲ စာရင္းလာေကာက္တယ္။ လူ ဘယ္ႏွစ္ေယာက္ရွိလဲ၊ ဘယ္လိုလက္မွတ္ စာအုပ္နဲ႔ေနလဲ၊ စာအုပ္အစိမ္းလား၊ အနီနဲ႔လား မွတ္ပံုတင္နာမည္ အကုန္ေပါ့ လာေကာက္ သြားတယ္။ ေရႊလီတစ္ၿမိဳ႕လံုးေပါ့၊ က်ယ္ေဂါင္ေရာပါတယ္။ ဒီမွာ ရွိတဲ့လူေတြ တရုတ္ လူမ်ိဳးေရာ၊ ဒီက ရွမ္းေတြကိုေရာ၊ က်ေနာ္တုိ႔ ဒီ ျမန္မာေတြကိုေရာ အားလံုးကိုေကာက္တာ။ သံုးရက္အတြင္း အၿပီး ေဆးစစ္မယ္လို႔ေျပာတယ္။ တရားမဝင္ ဝင္လာတဲ့လူေတြကိုေရာပဲ၊ စက္ရံုေတြမွာေရာ စာရင္းလုိက္ ေကာက္တယ္။ ဒီရက္ပိုင္းေတာ့ အစစ္ အေဆးမ်ားတယ္။ ေက်ာက္ဝိုင္းေတြကေတာ့ အလုပ္မျဖစ္တာ ၾကာ ပါၿပီ။ က်ေနာ္တုိ႔လည္း အဆင္ေျပမလား ဆိုၿပီး ဆက္ေနေနတာ အခုေတာ့ အရမ္းၾကပ္လာတယ္” ဟု ေျပာ သည္။

ထို႔အျပင္ ေရႊလီၿမိဳ႕အား အေရးေပၚအေျခအျဖစ္ ယမန္ေန႔က တရုတ္အစိုးရ က ထုတ္ျပန္ေၾကညာၿပီးေနာက္ တစ္ပတ္ တိတိ ဝင္ထြက္သြားလာခြင့္မ်ား ပိတ္လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

သက္ဆုိင္ရာ အာဏာပိုင္မ်ားႏွင့္ ရဲဌာနကလည္း မၾကာခင္ ေနအိမ္မ်ား၊ အခန္းမ်ားအထိ စစ္ေဆးရန္ ရွိသည္ ဟု အခန္း/အိမ္ငွားေနထုိင္သူမ်ားအားလည္း အိမ္ရွင္မ်ားက ေျပာျပထားသည္ဟု မျမင့္က ဆက္ေျပာသည္။

“အိမ္ရွင္ေျပာတာက ရဲေတြ ေနာက္ရက္မွာလာစစ္မယ္ေပါ့။ အိမ္ရွင္ဆီမွာ အခုက တစ္ခန္းဆို ၃ ေယာက္ပဲ ေန ခြင့္ရွိတယ္ေလ။ သံုးေယာက္ထက္ပိုရင္ မေနရဘူးေျပာထားတာေလ။ အိမ္ရွင္လည္း ဘယ္သူေတြေနတယ္ ဆို တာ ရဲစခန္းကို စာရင္းအတိအက်ေပးရတယ္။ ရဲေတြလိုက္စစ္မယ္ ဘယ္သူေနတယ္ ေပးထားတဲ့နာမည္နဲ႔ ရုပ္နဲ႔ တုိက္ၾကည့္အံုးမွာ။ အေသးစိတ္စစ္မွာတဲ့။ စစ္ေဆးမႈေတြပိုၾကပ္မယ္။ ပိုမ်ားမယ္ ေသခ်ာတယ္။ အလုပ္ေတြ လည္း အကုန္ရပ္၊ ရြာေတြထဲက ဆုိင္ေတြ အိမ္ဆုိင္ေတြေလာက္ပဲ ဖြင့္လို႔ရတယ္။ ေစ်းေတြလည္း အကုန္ပိတ္ ၿပီ။ ပန္းၿခံ ဘာညာအကုန္ပိတ္။ အဲ့လိုျဖစ္ေနတာ။”

ေဒသအတြင္း ေနထုိင္သူအားလံုး COVID-19 ေရာဂါပိုး ရွိ-မရွိ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ရမွာျဖစ္ၿပီး ကုန္က်စရိတ္မ်ားကို တရုတ္အစိုးရက အခမဲ့ စစ္ေဆးေပးမည္ဟု ၾကားသိထားရေၾကာင္း ျမန္မာအလုပ္သမား မ်ားက ဆိုသည္။

ထို႔အျပင္ ေရႊလီၿမိဳ႕သိုိ႔ တရားမဝင္ ဝင္ေရာက္လာသူမ်ားအားလည္း ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း သတင္းမ်ား ထုတ္ျပန္ထားသည္ဟု ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေျပာသည္။

ေရႊလီၿမိဳ႕႕ က ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ႏွစ္ဦးမွာ တရုတ္ႏုိင္ငံထဲသို႔ တရားမဝင္ ဝင္လာေရာက္လာသည့္ အမ်ိဳးသမီးႏွစ္ဦးျဖစ္ၿပီး ယခုခါ မန္ရွီၿမိဳ႕ တြင္ ေဆးကုသမႈ ခံယူေနရသည္ သတင္းမ်ား ထြက္ေပၚေနသည္။

ျမန္မာ-တရုတ္နယ္စပ္ရွိ က်ယ္ေဂါင္ၿမိဳ႕ ရွိ အဝင္အထြက္ဂိတ္မ်ားႏွင့္ မန္႔ဝိန္းကုန္သြယ္ေရး အဝင္အထြက္ဂိတ္ မ်ားကို ပိတ္လိုက္ျခင္းမရွိပဲ တရုတ္ဘက္အျခမ္းသို႔သာ အဝင္လက္မခံပဲ ျမန္မာႏုိင္ငံသို႔ ျပန္ခ်င္သည့္ ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားမ်ားကိုေတာ့ အထြက္ဂိတ္ဖြင့္ထားေပးသည္ဟု သိရသည္။