COVID ကြောင့် မွန်ပြည်သစ်နယ်မြေ အဝင်အထွက်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

COVID-19 ကပ်ရောဂါ ပြန့်နှံ့မှု ပိုမိုများပြားလာနေခြင်းကြောင့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ အတွင်း ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်လိုက်သည်ဟု တာဝန်ရှိ သူများက ပြောသည်။

မွန်ပြည်သစ် ပါတီထိန်းချုပ်နယ်မြေဒေသ အတွင်းသို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်မှလွဲပြီး မည်သူမည်ဝါ/ မည်သည့် အဖွဲ့အစည်းကိုမှ ဝင်ခွင့်ပေးတော့မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။

“ကျနော်တို့ဒေသမှာ CBO, CSO, NGO စသဖြင့် ဒေသဖွံ့ဖြိုးရေး လာလုပ်ပေးနေတဲ့အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ ကိုဗစ်ကာလမှာ ဒီ CBO, CSO, NGO အဖွဲ့အစည်းတွေကနေ လုပ်ငန်းအကောင်အထည်လာဖော်တာ သင်တန်းပေးတာတွေ လူစုတာတွေ စသဖြင့်ပေါ့ ခွင့်မပြုတော့ဘူး၊ ဒီရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခုကိုပဲ ကျနော် တို့ ထိန်းချုပ်ဒေသမှာ လာလုပ်ခွင့်ပြုမယ် အဲဒီလို ချမှတ်ထား တာရှိတယ်” ဟု နိုင်ဗညားလယ် က ပြောသည်။

မွန်ပြည်သစ်ပါတီ ကိုဗစ်ရောဂါ ထိန်း ချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ (ဗဟို) မှ ထိန်းချုပ်ဒေသတွင်း အသွားအလာ ကန့်သတ် ထားမှုနှင့် COVID-19 ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် (၁၀) ချက် ကို စက်တင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူလူထုများအနေနှင့်လည်း အသွားအလာ မပြုလုပ်ကြရန်နှင့် မဖြစ်မနေ သွားလာရမည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာ၊ မြို့ နယ် ထောက်ခံချက် ရယူပြီးမှ သာ သွားလာကြရန် ပါရှိသည်။

ထို့အပြင် ထိန်းချုပ်ဒေသအတွင်း ပြေးဆွဲနေသည့် လိုင်းကားများ၊ ကိုယ်ပိုင်ကားများ၊ ကုန်တင်ကားများ လူ ၅ ဦးထက် ပိုမတင်ဆောင်ရန်နှင့် ဆိုင်ကယ်ဆိုလျှင် နှစ်ဦးသာ စီးနင်းခွင့်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြင်ပမှလာရောက်သူများ အထူးသဖြင့် ရောဂါကူးစက်မှုဖြစ်ပွားနေသည့်ဒေသနှင့် ကျန်းမာရေးဌာနက သတ်မှတ် ထုတ်ပြန်ထားသည့် Stay at home ဒေသမှ လာသူများ သတ်မှတ်နေရာတွင် quarantine ၁၄ ရက် ဝင်ပြီးမှ သာ ထိန်းချုပ်ဒေသအတွင်း သွားလာခွင့်ပြုမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

လတ်တလောကူးစက်ဖြစ်ပွားနေသည့် ရောဂါသည် ပြန်နှံ့မှု မြန်ဆန်နေသည့်အပြင် သေဆုံးမှုလည်း ရှိနေသည့် အတွက် မပေါ့ဆကြရန်နှင့် ချမှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာကြရန်လည်း မွန်ပြည် သစ်ပါတီ က တိုက်တွန်းထားသည်။

“ဒီရောဂါဟာ တချို့ ကတော့ ကူးစက်မှုမြန်ပေမယ့် အန္တရာယ်မရှိဘူးလို့ ယူဆကြပြီးတော့ ပေါ့ဆနေတာတွေ တွေ့ရတယ်။ အခု မြင်တွေ့နေရတဲ့အတိုင်းပဲ ဒီရောဂါက ကူးစက်မှုလည်းမြန်တယ် သေဆုံးမှုလည်းရှိနေတယ် ဆိုတော့ မပေါ့ဆကြပါနဲ့။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသ ဝင်ထွက်ပေါက်ဂိတ်များကို လုံခြုံရေးများ တင်းကြပ်ထားပြီး အထူးသဖြင့် NMSP ထိန်းချုပ်ထားသည့် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ် ဝင်ထွက်ပေါက်များ မှတဆင့် ခိုးဝင်လာသူများမရှိအောင်လည်း စိစစ်မှုများ တင်းကြပ်စွာ လုပ်ဆောင်နေသည်ဟု နိုင်ဗညားလယ် က ပြောသည်။

မွန်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသူ ၇၀ ဦးထိရှိနေပြီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း မှာတော့ ကိုရိုနားဗစ်ရပ်စပ်(COVID-19) ကူးစက်ခံထားရမှုမရှိသေးဘူးလို့ မွန်ပြည်သစ်ပါတီထံ မှ သိရသည်။

*** ZAWGYI ***
COVID ေၾကာင့္ မြန္ျပည္သစ္နယ္ေျမ အဝင္အထြက္ပိတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၅ ရက္။

COVID-19 ကပ္ေရာဂါ ျပန႔္ႏွံ႔မႈ ပိုမိုမ်ားျပားလာေနျခင္းေၾကာင့္ မြန္ျပည္သစ္ပါတီ (NMSP) ထိန္းခ်ဳပ္နယ္ေျမ အတြင္း ဝင္ထြက္သြားလာခြင့္ကို ကန႔္သတ္လိုက္သည္ဟု တာဝန္ရွိ သူမ်ားက ေျပာသည္။

မြန္ျပည္သစ္ ပါတီထိန္းခ်ဳပ္နယ္ေျမေဒသ အတြင္းသို႔ က်န္းမာေရးဆိုင္ရာကိစၥရပ္မ်ားေဆာင္႐ြက္ရန္မွလြဲၿပီး မည္သူမည္ဝါ/ မည္သည့္ အဖြဲ႕အစည္းကိုမွ ဝင္ခြင့္ေပးေတာ့မည္မဟုတ္ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းဆက္ဆံေရးတာဝန္ခံ ႏိုင္ဗညားလယ္ က ေျပာသည္။

“က်ေနာ္တို႔ေဒသမွာ CBO, CSO, NGO စသျဖင့္ ေဒသဖြံ႕ၿဖိဳးေရး လာလုပ္ေပးေနတဲ့အဖြဲ႕အစည္းေတြ အမ်ားႀကီး ရွိပါတယ္၊ ကိုဗစ္ကာလမွာ ဒီ CBO, CSO, NGO အဖြဲ႕အစည္းေတြကေန လုပ္ငန္းအေကာင္အထည္လာေဖာ္တာ သင္တန္းေပးတာေတြ လူစုတာေတြ စသျဖင့္ေပါ့ ခြင့္မျပဳေတာ့ဘူး၊ ဒီေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ က်န္းမာေရးဆိုင္ရာ လုပ္ငန္းတစ္ခုကိုပဲ က်ေနာ္ တို႔ ထိန္းခ်ဳပ္ေဒသမွာ လာလုပ္ခြင့္ျပဳမယ္ အဲဒီလို ခ်မွတ္ထား တာရွိတယ္” ဟု ႏိုင္ဗညားလယ္ က ေျပာသည္။

မြန္ျပည္သစ္ပါတီ ကိုဗစ္ေရာဂါ ထိန္း ခ်ဳပ္ ကာကြယ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီ (ဗဟို) မွ ထိန္းခ်ဳပ္ေဒသတြင္း အသြားအလာ ကန႔္သတ္ ထားမႈႏွင့္ COVID-19 ဆိုင္ရာ လိုက္နာရမည့္ စည္းကမ္းသတ္မွတ္ခ်က္ (၁၀) ခ်က္ ကို စက္တင္ဘာ ၁၁ ရက္ေန႔ ထုတ္ျပန္ထားသည္။

ထုတ္ျပန္ခ်က္တြင္ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသအတြင္းရွိ ျပည္သူလူထုမ်ားအေနႏွင့္လည္း အသြားအလာ မျပဳလုပ္ၾကရန္ႏွင့္ မျဖစ္မေန သြားလာရမည္ဆိုပါက သက္ဆိုင္ရာ ေက်း႐ြာ၊ ၿမိဳ႕ နယ္ ေထာက္ခံခ်က္ ရယူၿပီးမွ သာ သြားလာၾကရန္ ပါရွိသည္။

ထို႔အျပင္ ထိန္းခ်ဳပ္ေဒသအတြင္း ေျပးဆြဲေနသည့္ လိုင္းကားမ်ား၊ ကိုယ္ပိုင္ကားမ်ား၊ ကုန္တင္ကားမ်ား လူ ၅ ဦးထက္ ပိုမတင္ေဆာင္ရန္ႏွင့္ ဆိုင္ကယ္ဆိုလွ်င္ ႏွစ္ဦးသာ စီးနင္းခြင့္ျပဳေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ျပင္ပမွလာေရာက္သူမ်ား အထူးသျဖင့္ ေရာဂါကူးစက္မႈျဖစ္ပြားေနသည့္ေဒသႏွင့္ က်န္းမာေရးဌာနက သတ္မွတ္ ထုတ္ျပန္ထားသည့္ Stay at home ေဒသမွ လာသူမ်ား သတ္မွတ္ေနရာတြင္ quarantine ၁၄ ရက္ ဝင္ၿပီးမွ သာ ထိန္းခ်ဳပ္ေဒသအတြင္း သြားလာခြင့္ျပဳမည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

လတ္တေလာကူးစက္ျဖစ္ပြားေနသည့္ ေရာဂါသည္ ျပန္ႏွံ႔မႈ ျမန္ဆန္ေနသည့္အျပင္ ေသဆုံးမႈလည္း ရွိေနသည့္ အတြက္ မေပါ့ဆၾကရန္ႏွင့္ ခ်မွတ္ထားသည့္ စည္းမ်ဥ္းသတ္မွတ္ခ်က္မ်ားကို လိုက္နာၾကရန္လည္း မြန္ျပည္ သစ္ပါတီ က တိုက္တြန္းထားသည္။

“ဒီေရာဂါဟာ တခ်ိဳ႕ ကေတာ့ ကူးစက္မႈျမန္ေပမယ့္ အႏၲရာယ္မရွိဘူးလို႔ ယူဆၾကၿပီးေတာ့ ေပါ့ဆေနတာေတြ ေတြ႕ရတယ္။ အခု ျမင္ေတြ႕ေနရတဲ့အတိုင္းပဲ ဒီေရာဂါက ကူးစက္မႈလည္းျမန္တယ္ ေသဆုံးမႈလည္းရွိေနတယ္ ဆိုေတာ့ မေပါ့ဆၾကပါနဲ႔။ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုလည္း လိုက္နာၾကဖို႔ တိုက္တြန္းလိုပါတယ္” ဟု ႏိုင္ဗညားလယ္က ေျပာသည္။

မြန္ျပည္သစ္ပါတီ (NMSP) အေနျဖင့္ ၎တို႔ ထိန္းခ်ဳပ္နယ္ေျမေဒသ ဝင္ထြက္ေပါက္ဂိတ္မ်ားကို လုံၿခဳံေရးမ်ား တင္းၾကပ္ထားၿပီး အထူးသျဖင့္ NMSP ထိန္းခ်ဳပ္ထားသည့္ ဘုရားသုံးဆူေဒသ နယ္စပ္ဂိတ္ ဝင္ထြက္ေပါက္မ်ား မွတဆင့္ ခိုးဝင္လာသူမ်ားမရွိေအာင္လည္း စိစစ္မႈမ်ား တင္းၾကပ္စြာ လုပ္ေဆာင္ေနသည္ဟု ႏိုင္ဗညားလယ္ က ေျပာသည္။

မြန္ျပည္နယ္တြင္ COVID-19 ကူးစက္ခံထားရသူ ၇၀ ဦးထိရွိေနၿပီး မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသအတြင္း မွာေတာ့ ကို႐ိုနားဗစ္ရပ္စပ္(COVID-19) ကူးစက္ခံထားရမႈမရွိေသးဘူးလို႔ မြန္ျပည္သစ္ပါတီထံ မွ သိရသည္။