စာရင်းသစ်တွင် မွန်ပြည်နယ် မဲပေးနိုင်သူ ၄ သောင်းကျော်တိုးလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်သည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းကျော် တိုးလာ ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။
ပထမအကြိမ် မဲစာရင်း ကြေညာစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိပြီး ယခု နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိလာခြင်းဖြစ်သည်။
နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၁၄ ရက်တိုင် ကပ်ထားကြေညာ မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။
“မဲစာရင်းကို ပထမအကြိမ်တုန်းကလိုပဲ ဒုတိယအကြိမ်မှာလည်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံး တွေမှာ ကပ်ဖို့ လုပ်ထားတယ်၊ အွန်လိုင်းကနေ ကြည့်လို့ရအောင်လည်း ပြည်ထောင်စုက ဆောင်ရွက်ပေးထား တယ်၊ အဲဒီမှာ ကြည့်လို့ရတယ်၊ ကြည့်လို့ မပါဘူး ဘာညာဆိုရင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တွေ မှာ သွားစစ်လို့ရတယ်၊ ပြင်ဆင်လို့ရတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
မဲစာရင်းကို အွန်လိုင်းမှတဆင့် ကြည့်ရှုလိုသူများသည် https://findyourpollingstation.uec.gov.mm ဆိုသည့် အင်တာနက်စာမျက်နှာတွင် ကြည့်နိုင်သည့်အပြင် မိုဘိုင်းဖုန်းတွင် findyourpollingstation ဆိုသည့် အက်ပလီကေးရှင်းမှလည်း ကြည့်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ယခုတစ်ကြိမ်သည် မဲစာရင်းစစ်ဆေးရန် နောက်ဆုံးအခွင့်အရေးဖြစ်သည့်အတွက် မဲစာရင်းတွင် ပါဝင်ရန်နှင့် အချက်အလက်မှားယွင်းမှုမရှိစေရန် မဲစာရင်း ကြည့်ရှုစစ်ဆေးကြရန်လည်း ကော်မရှင်က တိုက်တွန်းထားသည်။
“မဲစာရင်းမှာ ပါ မပါ ပြီးတော့ မှားနေတာ စသဖြင့်ပေါ့ စစ်ဆေးနိုင်ဖို့က ဒီတစ်ခါ နောက်ဆုံးပဲ အဲဒါကြောင့် မဖြစ် မနေ စစ်ကြည့်ကြဖို့လိုတယ်၊ ဒီတစ်ခါ ကောင်းတာက အွန်လိုင်းကနေလဲ ကြည့်လို့ရမယ်ဆိုတော့ အတော် အဆင်ပြေမယ်ထင်တယ်၊ မဲပေးနိုင်ဖို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါမှဖြစ်မှာဖြစ်တဲ့အတွက် မဲစာရင်းကို ကြည့် ရမယ်” ဟု မွန်လူငယ် မင်းစိုးထိုက် က ပြောသည်။
မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းတွင် မိမိအမည် မပါ သို့မဟုတ် အချက်အလက်မှားယွင်းမှုရှိပါက သက်ဆိုင် ရာ ရပ်ကျေးကော်မရှင်အဖွဲ့တို့တွင် လိုအပ်သည့်ပုံစံ တောင်းယူပြီး ပြင်ဆင် ဖြည့်စွတ် လျှောက်ထားရမည် ဖြစ်သည်။
မဲစာရင်းတွင် အမည်မပါပါက ပုံစံ (၃) ဖြင့် လျှောက်ရမည်ဖြစ်ပြီး အချက်အလက်မှားယွင်းပါက ပုံစံ (၄-ဂ) ပြင်ဆင်ဖြည့်စွတ်ရမည်ဖြစ်သည်။
မဲစာရင်းတွင် ကွယ်လွန်ပြီးသူများ၊ မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေပါက အထောက်အထားများနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်သည်။
*** ZAWGYI ***
စာရင္းသစ္တြင္ မြန္ျပည္နယ္ မဲေပးနိုင္သူ ၄ ေသာင္းေက်ာ္တိုးလာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။
ျပင္ဆင္ျဖည့္စြက္ ထုတ္ျပန္သည့္ မဲစာရင္းအရ မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသူ ၄ ေသာင္းေက်ာ္ တိုးလာ ေၾကာင္း မြန္ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲရွိ စာရင္းအရ သိရသည္။
ပထမအႀကိမ္ မဲစာရင္း ေၾကညာစဥ္က မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၇ သိန္း ၆ ေသာင္းေက်ာ္ရွိၿပီး ယခု ေနာက္ဆံုးအႀကိမ္ ကပ္ထားေၾကညာမည့္ မဲစာရင္းတြင္ မဲေပးပိုင္ခြင့္ရွိသူ ၁၈ သိန္းေက်ာ္ ရွိလာျခင္းျဖစ္သည္။
ေနာက္ဆံုးအႀကိမ္ မဲစာရင္းကို ေအာက္တိုဘာ ၁ ရက္ေန႔မွ ၁၄ ရက္ေန႔ထိ ၁၄ ရက္တိုင္ ကပ္ထားေၾကညာ မည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ ေၾကညာထားသည္။
“မဲစာရင္းကို ပထမအႀကိမ္တုန္းကလိုပဲ ဒုတိယအႀကိမ္မွာလည္း သက္ဆိုင္ရာ ရပ္/ေက်းေကာ္မရွင္ အဖြဲ႔ခြဲ႐ုံး ေတြမွာ ကပ္ဖို႔ လုပ္ထားတယ္၊ အြန္လိုင္းကေန ၾကည့္လို႔ရေအာင္လည္း ျပည္ေထာင္စုက ေဆာင္ရြက္ေပးထား တယ္၊ အဲဒီမွာ ၾကည့္လို႔ရတယ္၊ ၾကည့္လို႔ မပါဘူး ဘာညာဆိုရင္ သက္ဆိုင္ရာ ရပ္/ေက်းေကာ္မရွင္အဖြဲ႔ခြဲ ေတြ မွာ သြားစစ္လို႔ရတယ္၊ ျပင္ဆင္လို႔ရတယ္” ဟု မြန္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္က ေျပာသည္။
မဲစာရင္းကို အြန္လိုင္းမွတဆင့္ ၾကည့္႐ႈလိုသူမ်ားသည္ https://findyourpollingstation.uec.gov.mm ဆိုသည့္ အင္တာနက္စာမ်က္ႏွာတြင္ ၾကည့္ႏိုင္သည့္အျပင္ မိုဘိုင္းဖုန္းတြင္ findyourpollingstation ဆိုသည့္ အက္ပလီေကးရွင္းမွလည္း ၾကည့္ႏိုင္သည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည္။
ယခုတစ္ႀကိမ္သည္ မဲစာရင္းစစ္ေဆးရန္ ေနာက္ဆံုးအခြင့္အေရးျဖစ္သည့္အတြက္ မဲစာရင္းတြင္ ပါဝင္ရန္ႏွင့္ အခ်က္အလက္မွားယြင္းမႈမရွိေစရန္ မဲစာရင္း ၾကည့္႐ႈစစ္ေဆးၾကရန္လည္း ေကာ္မရွင္က တိုက္တြန္းထားသည္။
“မဲစာရင္းမွာ ပါ မပါ ၿပီးေတာ့ မွားေနတာ စသျဖင့္ေပါ့ စစ္ေဆးႏိုင္ဖို႔က ဒီတစ္ခါ ေနာက္ဆံုးပဲ အဲဒါေၾကာင့္ မျဖစ္ မေန စစ္ၾကည့္ၾကဖို႔လိုတယ္၊ ဒီတစ္ခါ ေကာင္းတာက အြန္လိုင္းကေနလဲ ၾကည့္လို႔ရမယ္ဆိုေတာ့ အေတာ္ အဆင္ေျပမယ္ထင္တယ္၊ မဲေပးႏိုင္ဖို႔က မဲစာရင္းမွာ ကိုယ့္နာမည္ပါမွျဖစ္မွာျဖစ္တဲ့အတြက္ မဲစာရင္းကို ၾကည့္ ရမယ္” ဟု မြန္လူငယ္ မင္းစိုးထိုက္ က ေျပာသည္။
မဲဆႏၵရွင္မ်ားအေနႏွင့္ မဲစာရင္းတြင္ မိမိအမည္ မပါ သို႔မဟုတ္ အခ်က္အလက္မွားယြင္းမႈရွိပါက သက္ဆိုင္ ရာ ရပ္ေက်းေကာ္မရွင္အဖြဲ႔တို႔တြင္ လိုအပ္သည့္ပံုစံ ေတာင္းယူၿပီး ျပင္ဆင္ ျဖည့္စြတ္ ေလွ်ာက္ထားရမည္ ျဖစ္သည္။
မဲစာရင္းတြင္ အမည္မပါပါက ပံုစံ (၃) ျဖင့္ ေလွ်ာက္ရမည္ျဖစ္ၿပီး အခ်က္အလက္မွားယြင္းပါက ပံုစံ (၄-ဂ) ျပင္ဆင္ျဖည့္စြတ္ရမည္ျဖစ္သည္။
မဲစာရင္းတြင္ ကြယ္လြန္ၿပီးသူမ်ား၊ မဲေပးပိုင္ခြင့္မရွိသူမ်ား ပါဝင္ေနပါက အေထာက္အထားမ်ားႏွင့္အတူ ပံုစံ (၄) ျဖင့္ ကန္႔ကြက္ရမည္ျဖစ္သည္။