ဖားကန့်ကျောက်စိမ်းနယ်မြေတွင် COVID-19 ကူးစက်သူ တိုးများလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

ကချင်ပြည်နယ်အတွင်း COVID-19 ဓါတ်ခွဲခန်း အတည်ပြုလူနာ ၄၅ ဦး ရှိပြီး ဖားကန့်တစ်မြို့နယ်ထဲတွင် လူနာသစ် ၂၃ ဦး တိုးလာခဲ့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ ကျန်း မာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ (ယမန်နေ့) တွင် ပြည်နယ်အတွင်း COVID-19 ကူးစက်ရောဂါ အတည်ပြုလူနာ ၂၆ ဦး ထပ်တိုးလာပြီး မြစ်ကြီးနားမြို့တွင် ၁ ဦး၊ မိုးညှင်းမြို့တွင် ၂ ဦး နှင့် ဖားကန့်မြို့ တွင် ၂၃ ဦး ထပ်တိုးလာခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ရောဂါကူးစက်မှု အခြေအနေများနှင့် ပတ်သက်၍ ဒေသခံ ဦးနော်တောင် က “တိုးလာ တော့ ဆက်တိုက်တိုးလာနေတယ်လေနော်။ ခက်တာက ပြည်နယ်အစိုးရဲ့ ထုတ်ပြန်ချက်တွေက နှေးနေတယ် လို့ အချိန်နဲ့တပြေးညီ ထွက်လာတာမရှိဘူးလို့ မြင်တယ်။ လူထုကလည်း အခုထိ ပေါ့ဆနေကြတယ်။ မြစ်ကြီး နားမှာ၊ မိုးညှင်းမှာ၊ မိုးကောင်းမှာ အကုန်လူနာရှိနေပြီ။ ဖားကန့်ဆို အများကြီးပဲ ဒါပေမယ့် ထိထိရောက်ရောက် ကာကွယ်တာမျိုး မတွေ့ရတော့ စိုးရိမ်တယ်” ဟု ပြောသည်။

“အခုတော့ မြစ်ကြီးနားဈေးတော့ အချိန် ကန့်သတ်တာတွေရှိတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ဘဏ်တို့ ဘာတို့ဆို ဒီအတိုင်းပဲ။ သိပ်ပြီး အားမရဘူးဗျ။ အခုအခြေအနေထက် ပိုပြီးစည်းစနစ်တကျ ကာကွယ် တားဆီး တာမျိုးလုပ်စေချင်တယ်။ ပထမလှိုင်းတုန်းကတော့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘာတွေက ကာကွယ် တား ဆီးရေးလုပ်ငန်းတွေ လုပ်တာရှိတယ်။ အခု ဒုတိယလှိုင်းကျတော့ နည်းနည်းပိုပြီး အားနည်နေသလိုပဲ။ ပါတီတွေ ဆိုရင်လည်း သူ့လုပ်ငန်းသူ လုပ်နေကြတာပဲ။ ဘယ်သူမှ ဘာမှ မပြောကြဘူးဗျ။”

ဖားကန့်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ် သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနောင်လတ် က ယခုကဲ့သို့ပြောသည်။

“ထပ်တိုးလာတဲ့အနေအထားမှာ ဒီနေ့ ၂၃ ဦးလို့ပြောတယ်။ ပျောက်ဆုံးသူ ၉ ဦးလို့ ပြောတယ်။ ထပ်တိုးလာတဲ့ အနေအထားမှာ လူထုကတော့ ထိတ်လန့်မှုတော့ ဖြစ်ကြတယ်။ ဒါပေမယ့် စားဝတ်နေရေးက လုံးဝအဆင် မပြေကြဘူး။ လက်လုပ်လက်စားသမားတွေများတဲ့ ကျနော်တို့ ဖားကန့်က လူတွေက တော်တော် ခက်ခဲ နေ ကြတယ်။ အိမ်အပြင်မထွက်ရဆိုတာမျိုး သတ်မှတ်ထားတာဟုတ်တယ်။ Stay at Home ကာလ ပဲပေါ့ ဒီမှာက။ တစ်အိမ်ကို တစ်ယောက်နှုန်း ဈေးဝယ်ဖို့ ကျန်းမာရေးကိစ္စတွေအတွက် ကပ်တွေထုတ်ထားပေးတာပေါ့နော်။ ရေရှည်မှာတော့ မလွယ်လောက်ဘူးပေါ့နော်။ တချို့နေရာတွေတော့ ဒီ မှော်စီဇာ၊ ဖြူစင်ကုန်းတို့ Lock Down အနေအထားပေါ့နော်။ အဲ့ဘက်ကလည်း တော်တော်လေး အခက်အခဲတွေ ဖြစ်နေကြတယ်။”

ထို့အပြင် ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို COVID-19 ကူးစက်မှုများကြောင့် အောက်တိုဘာလ မှ နိုဝင်ဘာလကုန်အထိ ၂ လ ကြာ ထပ်မံရပ်နားထားရန် နိုင်ငံတော်သမ္မတရုံးထံ တင်ပြ ထားသည်ဟု သိရသည်။

ဖားကန့်မြို့နယ် အတွင်း ဝင်ရောက်လာသူများအနေဖြင့် မိမိတို့၏ ပြည်နယ်/တိုင်းဒေသကြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများကို ယူလာရမည့်အပြင် ကချင်ပြည်နယ်တွင်းက လာရောက်သူများ အနေဖြင့် Home Quarantine (၁၄)ရက် ၊ ကချင်ပြည်နယ် မဟုတ်သည့် အခြား ပြည်နယ်နှင့် တိုင်းဒေသ ကြီးက လာရောက်သူများသည် ဒေသခံအာဏာပိုင်များက စီစဉ်ပေးသည့် သက်ဆိုင်ရာ Quarantine Center များတွင့် ကိုယ်စရိတ်ကိုယ်ဖြင့် Facility Quarantine(၁၄)ရက် ဝင်ရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်များတွင် COVID-19 ရောဂါ ပိုးတွေ့ ရှိသည့် အခြေအနေများပေါ်တွင် မူတည်၍ လိုအပ်သည့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု များကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်များရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့သည်ဟု သိရသည်။

“ပြည်သူများအနေဖြင့် မြို့နယ်အတွင်းကူးစက်မှုများရှိနေမှုအပေါ် အထူးအလေးအနက်ထား၍ မိမိတို့အိမ်တွင် သာနေထိုင်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် လမ်းညွှန်မှုများအတိုင်း အတိအကျလိုက်နာဆောင်ရွက်ခြင်း၊ ဖော်ပြပါပိုးတွေ့ကျန်းမာရေးဝန်ထမ်းများနှင့် (၁၄) ရက်အတွင်း ဆေးဝါး ကုသမှုခံယူခဲ့ခြင်း၊ ထိတွေ့ခဲ့ခြင်းရှိပါက ကျန်းမာရေးဌာနများသို့ ဆက်သွယ်သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကြ ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်” ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်း မာရေး ဦးစီးဌာန တိုက်တွန်း ထား သည်။

*** ZAWGYI ***
ဖားကန္႔ေက်ာက္စိမ္းနယ္ေျမတြင္ COVID-19 ကူးစက္သူ တိုးမ်ားလာ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။

ကခ်င္ျပည္နယ္အတြင္း COVID-19 ဓါတ္ခြဲခန္း အတည္ျပဳလူနာ ၄၅ ဦး ရွိၿပီး ဖားကန္႔တစ္ၿမိဳ႔နယ္ထဲတြင္ လူနာသစ္ ၂၃ ဦး တုိးလာခဲ့ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္း မာေရး ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

စက္တင္ဘာလ ၃၀ ရက္ေန႔ (ယမန္ေန႔) တြင္ ျပည္နယ္အတြင္း COVID-19 ကူးစက္ေရာဂါ အတည္ျပဳလူနာ ၂၆ ဦး ထပ္တိိုးလာၿပီး ျမစ္ႀကီးနားၿမိဳ႕တြင္ ၁ ဦး၊ မုိးညွင္းၿမိဳ႕တြင္ ၂ ဦး ႏွင့္ ဖားကန္႔ၿမိဳ႕ တြင္ ၂၃ ဦး ထပ္တိုးလာျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္အတြင္း ေရာဂါကူးစက္မႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေဒသခံ ဦးေနာ္ေတာင္ က “တိုးလာ ေတာ့ ဆက္တုိက္တိုးလာေနတယ္ေလေနာ္။ ခက္တာက ျပည္နယ္အစိုးရဲ႕ ထုတ္ျပန္ခ်က္ေတြက ေႏွးေနတယ္ လို႔ အခ်ိန္နဲ႔တေျပးညီ ထြက္လာတာမရွိဘူးလို႔ ျမင္တယ္။ လူထုကလည္း အခုထိ ေပါ့ဆေနၾကတယ္။ ျမစ္ႀကီး နားမွာ၊ မိုးညွင္းမွာ၊ မိုးေကာင္းမွာ အကုန္လူနာရွိေနၿပီ။ ဖားကန္႔ဆို အမ်ားႀကီးပဲ ဒါေပမယ့္ ထိထိေရာက္ေရာက္ ကာကြယ္တာမ်ိဳး မေတြ႕ရေတာ့ စိုးရိမ္တယ္” ဟု ေျပာသည္။

“အခုေတာ့ ျမစ္ႀကီးနားေစ်းေတာ့ အခ်ိန္ ကန္႔သတ္တာေတြရွိတယ္လို႔ေတာ့ ၾကားတယ္။ ဒါေပမယ့္ ဘဏ္တို႔ ဘာတို႔ဆို ဒီအတိုင္းပဲ။ သိပ္ၿပီး အားမရဘူးဗ်။ အခုအေျခအေနထက္ ပိုၿပီးစည္းစနစ္တက် ကာကြယ္ တားဆီး တာမ်ိဳးလုပ္ေစခ်င္တယ္။ ပထမလိႈင္းတုန္းကေတာ့ အရပ္ဘက္အဖြဲ႕အစည္းေတြက ဘာေတြက ကာကြယ္ တား ဆီးေရးလုပ္ငန္းေတြ လုပ္တာရွိတယ္။ အခု ဒုတိယလိႈင္းက်ေတာ့ နည္းနည္းပိုၿပီး အားနည္ေနသလိုပဲ။ ပါတီေတြ ဆိုရင္လည္း သူ႔လုပ္ငန္းသူ လုပ္ေနၾကတာပဲ။ ဘယ္သူမွ ဘာမွ မေျပာၾကဘူးဗ်။”

ဖားကန္႔ၿမိဳ႕နယ္အတြင္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အတြက္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ားႏွင့္ ပတ္ သက္၍ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ၏ ဖားကန္႔ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနာင္လတ္ က ယခုကဲ့သို႔ေျပာသည္။

“ထပ္တုိးလာတဲ့အေနအထားမွာ ဒီေန႔ ၂၃ ဦးလို႔ေျပာတယ္။ ေပ်ာက္ဆံုးသူ ၉ ဦးလို႔ ေျပာတယ္။ ထပ္တုိးလာတဲ့ အေနအထားမွာ လူထုကေတာ့ ထိတ္လန္႔မႈေတာ့ ျဖစ္ၾကတယ္။ ဒါေပမယ့္ စားဝတ္ေနေရးက လံုးဝအဆင္ မေျပၾကဘူး။ လက္လုပ္လက္စားသမားေတြမ်ားတဲ့ က်ေနာ္တုိ႔ ဖားကန္႔က လူေတြက ေတာ္ေတာ္ ခက္ခဲ ေန ၾကတယ္။ အိမ္အျပင္မထြက္ရဆိုတာမ်ိဳး သတ္မွတ္ထားတာဟုတ္တယ္။ Stay at Home ကာလ ပဲေပါ့ ဒီမွာက။ တစ္အိမ္ကို တစ္ေယာက္ႏႈန္း ေစ်းဝယ္ဖုိ႔ က်န္းမာေရးကိစၥေတြအတြက္ ကပ္ေတြထုတ္ထားေပးတာေပါ့ေနာ္။ ေရရွည္မွာေတာ့ မလြယ္ေလာက္ဘူးေပါ့ေနာ္။ တခ်ိဳ႕ေနရာေတြေတာ့ ဒီ ေမွာ္စီဇာ၊ ျဖဴစင္ကုန္းတို႔ Lock Down အေနအထားေပါ့ေနာ္။ အဲ့ဘက္ကလည္း ေတာ္ေတာ္ေလး အခက္အခဲေတြ ျဖစ္ေနၾကတယ္။”

ထုိ႔အျပင္ ဖားကန႔္ေဒသအတြင္းရွိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ားကို COVID-19 ကူးစက္မႈမ်ားေၾကာင့္ ေအာက္တိုဘာလ မွ ႏိုဝင္ဘာလကုန္အထိ ၂ လ ၾကာ ထပ္မံရပ္နားထားရန္ ႏုိင္ငံေတာ္သမၼတရံုးထံ တင္ျပ ထားသည္ဟု သိရသည္။

ဖားကန႔္ၿမိဳ႕နယ္ အတြင္း ဝင္ေရာက္လာသူမ်ားအေနျဖင့္ မိမိတို႔၏ ျပည္နယ္/တိုင္းေဒသႀကီး၊ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားထံမွ ေထာက္ခံစာမ်ားကို ယူလာရမည့္အျပင္ ကခ်င္ျပည္နယ္တြင္းက လာေရာက္သူမ်ား အေနျဖင့္ Home Quarantine (၁၄)ရက္ ၊ ကခ်င္ျပည္နယ္ မဟုတ္သည့္ အျခား ျပည္နယ္ႏွင့္ တိုင္းေဒသ ႀကီးက လာေရာက္သူမ်ားသည္ ေဒသခံအာဏာပိုင္မ်ားက စီစဥ္ေပးသည့္ သက္ဆိုင္ရာ Quarantine Center မ်ားတြင့္ ကိုယ္စရိတ္ကိုယ္ျဖင့္ Facility Quarantine(၁၄)ရက္ ဝင္ရန္ ဖားကန႔္ၿမိဳ႕နယ္ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ထုတ္ျပန္ထားသည္။

ကခ်င္ျပည္နယ္အတြင္းရွိ ဖားကန႔္၊ မိုးညႇင္း၊ မိုးေကာင္းၿမိဳ႕နယ္မ်ားတြင္ COVID-19 ေရာဂါ ပိုးေတြ႕ ရွိသည့္ အေျခအေနမ်ားေပၚတြင္ မူတည္၍ လိုအပ္သည့္ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဆုိင္ရာ တံု႔ျပန္ေဆာင္ရြက္မႈ မ်ားကို ထိေရာက္စြာ လုပ္ေဆာင္ႏုိင္ရန္ သက္ဆုိင္ရာ ၿမိဳ႕နယ္မ်ားရွိ တာဝန္ရွိသူမ်ားႏွင့္ ညွိႏိႈင္းအစည္းအေဝး တစ္ရပ္ကို စက္တင္ဘာလ ၃၀ ရက္ေန႔က က်င္းပခဲ့သည္ဟု သိရသည္။

“ျပည္သူမ်ားအေနျဖင့္ ၿမိဳ႕နယ္အတြင္းကူးစက္မႈမ်ားရွိေနမႈအေပၚ အထူးအေလးအနက္ထား၍ မိမိတို႔အိမ္တြင္ သာေနထိုင္ျခင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာသည့္ လမ္းၫႊန္မႈမ်ားအတိုင္း အတိအက်လိုက္နာေဆာင္႐ြက္ျခင္း၊ ေဖာ္ျပပါပိုးေတြ႕က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ (၁၄) ရက္အတြင္း ေဆးဝါး ကုသမႈခံယူခဲ့ျခင္း၊ ထိေတြ႕ခဲ့ျခင္းရွိပါက က်န္းမာေရးဌာနမ်ားသို႔ ဆက္သြယ္သတင္းပို႔ျခင္းျဖင့္ ပူးေပါင္းပါဝင္ၾက ပါရန္ ႏႈိးေဆာ္တိုက္တြန္းအပ္ပါသည္” ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္း မာေရး ဦးစီးဌာန တုိက္တြန္း ထား သည္။