COVID-19 ကြောင့် ကျောက်စိမ်းတူးဖော်မှုများ ၂ လကြာ ထပ်မံရပ်ဆိုင်းရန် တင်ပြထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း COVID-19 ကူးစက်မှုများ ထပ်တိုးလာသည့်အတွက် ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို အောက်တိုဘာလမှ နိုဝင်ဘာလကုန်အထိ ၂ လ ကြာ ထပ်မံရပ်ထား ရန် ဒေသခံ အာဏာပိုင်များက နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားသည်ဟု သိရသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခုကဲ့သို့ စာတင်ထားရခြင်းဖြစ်သည်ဟု ဖားကန့်မြို့က ဦးလဆိုင်း က ပြောသည်။

“မိုးတွင်းကာလ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လက ပုံမှန်ပေါ့ ကျောက်တူးဖော်ခွင့်ကို ပိတ်တယ်။ အခု အောက်တိုဘာဆို ပုံမှန်အားဖြင့် ပြန်ဖွင့်ပြီ။ ဒါပေမယ့် အခုက ကိုရိုနာရောဂါက ဖားကန့်မှာ အများကြီးကူး နေ တော့ ရောဂါကို ကာကွယ်တဲ့အနေနဲ့ ထပ်ပြီး နှစ်လပိတ်ဖို့ စီစဉ်တာဖြစ်တယ်။ ကျနော်တို့ ကျောက်မျက်အသင်း နဲ့ ညှိပြီးစာတင်ထားတယ် ပြောတယ်။ ဒီက ကျနော်တို့ ကျောက်လောပန်းတွေကတော့ တစ်ယောက် စကား တစ်ယောက်နဲ့တော့ အားလုံးသိနေကြပြီ။ ကျောက်တူးခွင့်မပေးသေးဘူးဆိုတာပေါ့။ စက်တင်ဘာလ ၂၄ ရက် နေ့လောက်ကထင်တယ် သမ္မတကို သမ္မတရုံးကို စာတင်ထားတယ်ပေါ့။ လောလောဆယ်ဆယ် တူးခွင့် လုပ်ပိုင် ခွင့်၊ အရောင်းအဝယ် အားလုံးနား တယ်ဆိုပြီး ပြောတယ်။”

ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေသခံအာဏာပိုင်များ နှင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းတို့က ညှိနှိုင်းပြီး စာပေးပို့ထားခြင်း ဖြစ်သည်။

အစိုးရထံ စာပို့ထားကြောင်း ညွန်ကြားချက်မရောက်လာသေးသည့်အတွက် တရားဝင်စာမထုတ်နိုင်သေးသော် လည်း ယနေ့အချိန်ထိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ရပ်နားထားသည်ဟု ဦးလဆိုင်း က ဆက် ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ ကျန်း မာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖားကန့်မြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ ၃၅ ဦးရှိပြီဖြစ်ပြီး ၉ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်သည့် ဖားကန့်ဒေသတွင် ကပ်ရောဂါကာလကြာမြင့်လာမည်ဆိုပါက ပိုမိုခက်ခဲလာနိုင်သည်ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနောင်လတ် က ပြောသည်။

“ဖားကန့်မှာ လူပေါင်းစုံများတဲ့အခါကြတော့ ဆင်းရဲချမ်းသာ တော်တော်လေးကွာဟတယ်။ အဲ့တော့ တချို့ လုပ် လက်လုပ်စားသမားတွေက တော်တော်လေး အခက်အခဲဖြစ်တယ်။ နိုင်ငံတော်က ဝေပေးတဲ့ ၂၀၀၀၀ ဆိုတာက လည်း မရတဲ့လူက ခပ်များများ။ ကျနော်တို့ ဒီ management စီမံခန့်ခွဲရေး တော်တော်များများ လိုအပ်တယ်။ ကျောက်တူးခွင့်ကို ရပ်နားပြီဆိုရင်တော့ အဓိကတော့ ဖားကန့်ဒေသက စားဝတ်နေရေးပေါ့။ ကျနော်တို့ ဒီမှာက သယံဇာတထွက်တယ်ဆိုတော့ ကျောက်စိမ်းကိုပဲ မှီခိုနေရတာလေ။ ဆိုတော့ နားတယ်ဆိုရင် ကုမ္ပဏီက နား တယ်ဆိုတာမျိုးက တစ်မျိုးပေါ့။ အစိုးရထောက်ပံ့တဲ့အစီအစဉ်က ရောက်တဲ့လူဆီပဲ ရောက်တယ်။ တချို့ ခက်ခဲ တဲ့လူတွေဆီကို မရောက်တာမျိုးတွေလည်းရှိတယ်။ ဘယ်လိုစီမံခန့်ခွဲကြလဲ မသိဘူးပေါ့။”

ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ မှော်စီဇာ၊ ဝှေ့ခါနှင့် အခြားသောနေရာများရှိ ကျောက်စိမ်းလုပ်ကွက်များ အားလုံးကို ယနေ့အချိန်ထိ ရပ်နားထားသည်ဟု သိရသည်။

ပြည်သူများအနေဖြင့် ဒေသအတွင်း COVID-19 ရောဂါ ကူးစက်မှုများ တိုးများနေသည့်အတွက် မိမိတို့၏ နေအိမ်များတွင်သာနေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်ကို အတိ အကျလိုက်နာကြရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

“နောက်ပြီး Stay at Home နဲ့ Lock down ကို သေချာနားမလည် မသိတဲ့လူတွေအများကြီးရှိတယ်။ ဒါကို လည်း သေချာ ပြောပြရှင်းပြဖို့လိုတယ်။ ကာကွယ်တဲ့လုပ်ငန်းတွေကိုလည်း ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ သေ ချာ လူထုကို ပြောပြရမယ်။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် သွားရင်လာရင် ဘယ်လိုမျိုးလုပ်ရမယ်၊ ဘယ်လိုသတ် မှတ်တယ်ဆိုတာ သေချာလေး လုပ်ဖို့လိုတယ်။ နည်းနည်းအားနည်းနေတယ်။ တတ်နိုင်သလောက် လုပ်နေ တယ်ဆိုပေမယ့် တခြားဒေသလို အမြင်မရှိကြတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ အန်တုနေကြတာပေါ့လေ” ဟု ဦးနောင်လတ်က ဆက်ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားပြီး ဖားကန့်မြို့နယ် အတွင်း ဝင်ရောက်လာ သူများ အနေဖြင့် မိမိတို့၏ ပြည်နယ်/တိုင်းဒေသကြီး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာ များကို ယူလာရမည့်အပြင် ကချင်ပြည်နယ်တွင်းက လာရောက်သူများ အနေဖြင့် Home Quarantine (၁၄) ရက် ၊ ကချင်ပြည်နယ် မဟုတ်သည့် အခြား ပြည်နယ်နှင့် တိုင်းဒေသ ကြီးက လာရောက်သူများသည် ဒေသခံ အာဏာပိုင်များက စီစဉ်ပေးသည့် သက်ဆိုင်ရာ Quarantine Center များတွင့် ကိုယ်စရိတ်ကိုယ်ဖြင့် Facility Quarantine(၁၄)ရက် ဝင်ရန် ဖားကန့်မြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

*** ZAWGYI ***
COVID-19 ေၾကာင့္ ေက်ာက္စိမ္းတူးေဖာ္မႈမ်ား ၂ လၾကာ ထပ္မံရပ္ဆိုင္းရန္ တင္ျပထား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္း COVID-19 ကူးစက္မႈမ်ား ထပ္တိုးလာသည့္အတြက္ ေက်ာက္စိမ္းတူး ေဖာ္ေရး လုပ္ငန္းမ်ားကို ေအာက္တိုဘာလမွ ႏုိဝင္ဘာလကုန္အထိ ၂ လ ၾကာ ထပ္မံရပ္ထား ရန္ ေဒသခံ အာဏာပိုင္မ်ားက ႏုိင္ငံေတာ္သမၼတရံုးထံ တင္ျပထားသည္ဟု သိရသည္။

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ယခုကဲ့သို႔ စာတင္ထားရျခင္းျဖစ္သည္ဟု ဖားကန္႔ၿမိဳ႕က ဦးလဆိုင္း က ေျပာသည္။

“မိုးတြင္းကာလ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ ၃ လက ပံုမွန္ေပါ့ ေက်ာက္တူးေဖာ္ခြင့္ကို ပိတ္တယ္။ အခု ေအာက္တိုဘာဆို ပံုမွန္အားျဖင့္ ျပန္ဖြင့္ၿပီ။ ဒါေပမယ့္ အခုက ကိုရိုနာေရာဂါက ဖားကန္႔မွာ အမ်ားႀကီးကူး ေန ေတာ့ ေရာဂါကို ကာကြယ္တဲ့အေနနဲ႔ ထပ္ၿပီး ႏွစ္လပိတ္ဖုိ႔ စီစဥ္တာျဖစ္တယ္။ က်ေနာ္တုိ႔ ေက်ာက္မ်က္အသင္း နဲ႔ ညွိၿပီးစာတင္ထားတယ္ ေျပာတယ္။ ဒီက က်ေနာ္တုိ႔ ေက်ာက္ေလာပန္းေတြကေတာ့ တစ္ေယာက္ စကား တစ္ေယာက္နဲ႔ေတာ့ အားလံုးသိေနၾကၿပီ။ ေက်ာက္တူးခြင့္မေပးေသးဘူးဆုိတာေပါ့။ စက္တင္ဘာလ ၂၄ ရက္ ေန႔ေလာက္ကထင္တယ္ သမၼတကို သမၼတရံုးကို စာတင္ထားတယ္ေပါ့။ ေလာေလာဆယ္ဆယ္ တူးခြင့္ လုပ္ပိုင္ ခြင့္၊ အေရာင္းအဝယ္ အားလံုးနား တယ္ဆုိၿပီး ေျပာတယ္။”

ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ေဒသခံအာဏာပိုင္မ်ား ႏွင့္ ျမန္မာ့ ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္းရွင္မ်ားအသင္းတို႔က ညွိႏိႈင္းၿပီး စာေပးပို႔ထားျခင္း ျဖစ္သည္။

အစိုးရထံ စာပို႔ထားေၾကာင္း ညြန္ၾကားခ်က္မေရာက္လာေသးသည့္အတြက္ တရားဝင္စာမထုတ္ႏုိင္ေသးေသာ္ လည္း ယေန႔အခ်ိန္ထိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ားကို ရပ္နားထားသည္ဟု ဦးလဆိုင္း က ဆက္ ေျပာ သည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္း မာေရး ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ဖားကန္႔ၿမိဳ႕နယ္အတြင္း COVID-19 အတည္ျပဳလူနာ ၃၅ ဦးရွိၿပီျဖစ္ၿပီး ၉ ဦး ေဆးရံုမွ ဆင္းခြင့္ရၿပီျဖစ္သည္ဟု သိရသည္။

ေရႊ႕ေျပာင္းလုပ္သားအမ်ားအျပားေနထုိင္သည့္ ဖားကန္႔ေဒသတြင္ ကပ္ေရာဂါကာလၾကာျမင့္လာမည္ဆုိပါက ပိုမိုခက္ခဲလာႏုိင္သည္ဟု ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ၏ ဖားကန႔္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနာင္လတ္ က ေျပာသည္။

“ဖားကန္႔မွာ လူေပါင္းစံုမ်ားတဲ့အခါၾကေတာ့ ဆင္းရဲခ်မ္းသာ ေတာ္ေတာ္ေလးကြာဟတယ္။ အဲ့ေတာ့ တခ်ိဳ႕ လုပ္ လက္လုပ္စားသမားေတြက ေတာ္ေတာ္ေလး အခက္အခဲျဖစ္တယ္။ ႏုိင္ငံေတာ္က ေဝေပးတဲ့ ၂၀၀၀၀ ဆိုတာက လည္း မရတဲ့လူက ခပ္မ်ားမ်ား။ က်ေနာ္တုိ႔ ဒီ management စီမံခန္႔ခြဲေရး ေတာ္ေတာ္မ်ားမ်ား လိုအပ္တယ္။ ေက်ာက္တူးခြင့္ကို ရပ္နားၿပီဆုိရင္ေတာ့ အဓိကေတာ့ ဖားကန႔္ေဒသက စားဝတ္ေနေရးေပါ့။ က်ေနာ္တုိ႔ ဒီမွာက သယံဇာတထြက္တယ္ဆိုေတာ့ ေက်ာက္စိမ္းကိုပဲ မွီခိုေနရတာေလ။ ဆုိေတာ့ နားတယ္ဆုိရင္ ကုမၸဏီက နား တယ္ဆိုတာမ်ိဳးက တစ္မ်ိဳးေပါ့။ အစိုးရေထာက္ပ့့ံတဲ့အစီအစဥ္က ေရာက္တဲ့လူဆီပဲ ေရာက္တယ္။ တခ်ိဳ႕ ခက္ခဲ တဲ့လူေတြဆီကို မေရာက္တာမ်ိဳးေတြလည္းရွိတယ္။ ဘယ္လိုစီမံခန္႔ခြဲၾကလဲ မသိဘူးေပါ့။”

ဖားကန္႔၊ ဆုိင္းေတာင္၊ လံုးခင္း၊ ေမွာ္စီဇာ၊ ေဝွ႔ခါႏွင့္ အျခားေသာေနရာမ်ားရွိ ေက်ာက္စိမ္းလုပ္ကြက္မ်ား အားလံုးကို ယေန႔အခ်ိန္ထိ ရပ္နားထားသည္ဟု သိရသည္။

ျပည္သူမ်ားအေနျဖင့္ ေဒသအတြင္း COVID-19 ေရာဂါ ကူးစက္မႈမ်ား တိုးမ်ားေနသည့္အတြက္ မိမိတို႔၏ ေနအိမ္မ်ားတြင္သာေနထုိင္ၾကရန္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခ်က္ကို အတိ အက်လိုက္နာၾကရန္ ဖားကန္႔ၿမိဳ႕နယ္ COVID-19 ကာကြယ္ထိ္န္းခ်ဳပ္ေရးႏွင့္ အေရးေပၚတံု႔ျပန္ေရး ေကာ္မတီက ထုတ္ျပန္ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ေနာက္ၿပီး Stay at Home နဲ႔ Lock down ကို ေသခ်ာနားမလည္ မသိတဲ့လူေတြအမ်ားႀကီးရွိတယ္။ ဒါကို လည္း ေသခ်ာ ေျပာျပရွင္းျပဖို႔လိုတယ္။ ကာကြယ္တဲ့လုပ္ငန္းေတြကိုလည္း ဘယ္လိုမ်ိဳးလုပ္ရမယ္ဆုိတာ ေသ ခ်ာ လူထုကို ေျပာျပရမယ္။ တစ္ရပ္ကြက္နဲ႔ တစ္ရပ္ကြက္ သြားရင္လာရင္ ဘယ္လိုမ်ိဳးလုပ္ရမယ္၊ ဘယ္လိုသတ္ မွတ္တယ္ဆိုတာ ေသခ်ာေလး လုပ္ဖုိ႔လိုတယ္။ နည္းနည္းအားနည္းေနတယ္။ တတ္ႏုိင္သေလာက္ လုပ္ေန တယ္ဆိုေပမယ့္ တျခားေဒသလို အျမင္မရွိၾကေတာ့ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေတာ့ အန္တုေနၾကတာေပါ့ေလ” ဟု ဦးေနာင္လတ္က ဆက္ေျပာသည္။

လက္ရွိတြင္ ဖားကန္႔ၿမိဳ႕နယ္အတြင္း Stay at Home သတ္မွတ္ထားၿပီး ဖားကန႔္ၿမိဳ႕နယ္ အတြင္း ဝင္ေရာက္လာ သူမ်ား အေနျဖင့္ မိမိတို႔၏ ျပည္နယ္/တိုင္းေဒသႀကီး၊ ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားထံမွ ေထာက္ခံစာ မ်ားကို ယူလာရမည့္အျပင္ ကခ်င္ျပည္နယ္တြင္းက လာေရာက္သူမ်ား အေနျဖင့္ Home Quarantine (၁၄) ရက္ ၊ ကခ်င္ျပည္နယ္ မဟုတ္သည့္ အျခား ျပည္နယ္ႏွင့္ တိုင္းေဒသ ႀကီးက လာေရာက္သူမ်ားသည္ ေဒသခံ အာဏာပိုင္မ်ားက စီစဥ္ေပးသည့္ သက္ဆိုင္ရာ Quarantine Center မ်ားတြင့္ ကိုယ္စရိတ္ကိုယ္ျဖင့္ Facility Quarantine(၁၄)ရက္ ဝင္ရန္ ဖားကန႔္ၿမိဳ႕နယ္ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက ထုတ္ျပန္ထားသည္။