တပ်မတော် သိမ်းလိုက်သည့် စခန်းကို ၂၄ နာရီအတွင်း AA ပြန်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
တပ်မတော်က သိမ်းယူထားသည့် တပ်စခန်းတစ်ခုကို ၂၄ နာရီအတွင်း ပြန်လည် သိမ်းပိုက် လိုက်သည်ဟု ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၃ ရက်နေ့က တပ်မတော်က သိမ်းယူထားသည့် ရသေ့တောင်မြို့နယ်ရှိ အောင်သာစည် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၇၀၀ ခန့် သို့မဟုတ် ထီးစွဲကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁၁၀၀ ကျော်အကွာအဝေးတွင် တည်ရှိသည့် စခန်းအား အောက်တိုဘာလ ၄ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်ရယူထားသည်ဟု ULA/AA ကအောက်တိုဘာလ ၅ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် “ယမန်နေ့က မိမိတို့ခေတ္တစွန့်လွှတ်ခဲ့သော စခန်းငယ်အား အာရက္ခစစ်သည် တော်တို့သည် အရှုံးမပေးတတ်သောစိတ်ဓာတ်၊ ပြောင်မြောက်သောရဲစွမ်းသတ္တိ၊ ထက်မြက်သောတိုက် ရည်ခိုက်ရည်တို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်” ဟု တွေ့ရသည်။
ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီး အခိုအမာနေရာ ယူထားသည့် ULA/AA တပ်စခန်းတစ်ခုအား သိမ်းယူထား သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ထားပြီး အောက်တိုဘာ ၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် အဆိုပါ စခန်း အား ပြန်လည် သိမ်းယူခဲ့သည်ဟု ULA/AA က ထုတ်ပြန်ခဲ့သည်။
အဆိုပါ တပ်စခန်းအား တပ်မတော်မှ ပြီးခဲ့သည့် ဇွန်လ ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လေး လကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း တပ်မတော်မှ ရဟတ်ယာဉ်နှင့် လက်နက်ကြီး ပစ်ကူ အမြောက် အများ အသုံးပြုသည့်အပြင် အင်အားအလုံးအရင်းဖြင့်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထီးစွဲကျေးရွာအနီး ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ “Navy တပ်က လှမ်းပြီးပစ်တာတွေ လုပ်တယ်။ ကျနော်တို့ ရွာသားတွေလည်း လွတ်ရာကို ထွက်ပြေးနေရတယ်။ ဘုန်းကြီးကျောင်းမှာလည်း ပုန်းနေရတာတွေ ရှိတယ်။ အသက် ၇၀ ကျော် အဖိုးကြီးကို ထိတယ်။ တခြား ဒီပြင်ဝန်နဲ့ ကံပြင်ရွာတွေမှာ လည်း လက်နက်ကြီးထိတာတွေရှိတယ်လို့ ပြောတယ်။ အဲ့ဘက်တော့ လေး ငါးယောက် ထိတာရှိတယ်လို့ ပြော တယ်။ အတိအကျတော့ မသိဘူးသေးဘူး။ ကျနော်တို့လည်း ပြေးနေရတာဆိုတော့ဗျ။ ကံပြင်ကို ပြေး တာ ကျနော်တို့က၊ အဲ့မှာ ကံပြင်မှာလည်း ထပ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဘယ်မှာမှ မလုံခြုံဘူးဗျ” ဟု ထီးစွဲကျေးရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။
ထို့ကြောင့် ထီးစွဲကျေးရွာအနီး အခိုင်အမာနေရာ ယူထားသည့် ULA/AA တပ်စခန်းတစ်ခုအား အောက်တို ဘာလ ၃ ရက်နေ့တွင် ခေတ္တစွန့်လွှတ်ခဲ့ရသည်သာမက လက်နက်ခဲ့ယမ်းအချို့လည်း ဆုံးရှုံးခဲ့ရသည်ဟု ULA/AA က ဆိုသည်။
သို့သော် ထိုစခန်းအား ၂၄ နာရီအတွင်း ပြန်လည် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ULA/AA က ပြောသည်။
“အာရက္ခစစ်သည်တော်များမှ နှစ်နာရီနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ညနေ (၇) နာရီ (၂၆) မိနစ်တွင် မိမိတို့ခေတ္တလက်လွှတ်ခဲ့ရသောစခန်းငယ်အား အလုံးစုံပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူခဲ့သည်။ ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွှတ်ခဲ့ရသော မိမိတို့စခန်းအား (၂၄) နာရီအတွင်း ပြန်လည် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း ၎င်းတို့ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပြီး တပ်မတော်ဖက်မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးကျော် ချေမှုန်းနိုင်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ၎င်းတို့၏ လက်နက်ခဲယမ်းများကို ပြန်လည်ရရှိခဲ့သည်သာမက တပ်မတော်၏ လက်နက်ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန် ထဲတွင် တွေ့ရသည်။
ထို့အတူ ရသေ့တောင်မြို့နယ်အတွင်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ မင်းပြားမြို့နယ်ရှိ မေလွန်းကျေးရွာ တောင်ဖက် ၁ ကီလိုမီတာ အကွာတွင် အောက်တိုဘာလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ ပြီး အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုဒေသရှိ ၎င်းတို့စခန်း ၃ ခုအား တပ်မတော်ဖက်မှ အပြင်းအ ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ULA/AA ၏ ထုတ်ပြန်ထားသည်။
ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာအနီးရှိ တပ်မတော်မှ သိမ်းယူထားသည့် တပ်စခန်းအား ရက္ခိုင့် တပ် တော် ULA/AA က ပြန်လည်သိမ်း ယူထားသည့် ကိစ္စအပါအဝင် မင်းပြားမြို့နယ်အတွင်းရှိ တိုက်ပွဲ အခြေ နေအား သိရှိနိုင်ရန် တပ်မတော် ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်၍ မရသကဲ့သို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း အဆိုပါကိစ္စများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်း မရှိသေးပေ။
*** ZAWGYI ***
တပ္မေတာ္ သိမ္းလိုက္သည့္ စခန္းကို ၂၄ နာရီအတြင္း AA ျပန္သိမ္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။
တပ္မေတာ္က သိမ္းယူထားသည့္ တပ္စခန္းတစ္ခုကို ၂၄ နာရီအတြင္း ျပန္လည္ သိမ္းပိုက္ လိုက္သည္ဟု ရကၡိဳင့္တပ္ေတာ္ ULA/AA က ထုတ္ျပန္ထားသည္။
ေအာက္တိုဘာလ ၃ ရက္ေန႔က တပ္မေတာ္က သိမ္းယူထားသည့္ ရေသ့ေတာင္ၿမိဳ႕နယ္ရွိ ေအာင္သာစည္ ေက်းရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၇၀၀ ခန္႔ သို႔မဟုတ္ ထီးစြဲေက်းရြာ၏ အေရွ႕ ေတာင္ဘက္ မီတာ ၁၁၀၀ ေက်ာ္အကြာအေ၀းတြင္ တည္ရွိသည့္ စခန္းအား ေအာက္တိုဘာလ ၄ ရက္ေန႔တြင္ ျပန္လည္ သိမ္း ပိုက္ရယူထားသည္ဟု ULA/AA ကေအာက္တိုဘာလ ၅ ရက္ေန႔ ညပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။
AA ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ယမန္ေန႔က မိမိတို႔ေခတၱစြန႔္လႊတ္ခဲ့ေသာ စခန္းငယ္အား အာရကၡစစ္သည္ ေတာ္တို႔သည္ အရႈံးမေပးတတ္ေသာစိတ္ဓာတ္၊ ေျပာင္ေျမာက္ေသာရဲစြမ္းသတၱိ၊ ထက္ျမက္ေသာတိုက္ ရည္ခိုက္ရည္တို႔ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔၊ ညေန (၅) နာရီ (၃၀) မိနစ္တြင္ ျပန္လည္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည္” ဟု ေတြ႕ရသည္။
ရေသ့ေတာင္ၿမိဳ႕နယ္ ထီးစြဲေက်းရြာအနီး အခိုအမာေနရာ ယူထားသည့္ ULA/AA တပ္စခန္းတစ္ခုအား သိမ္းယူထား သည္ဟု တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔က ေအာက္တိုဘာလ ၄ ရက္ေန႔ ေန႔လည္ ၂ နာရီ ၁၅ မိနစ္တြင္ ထုတ္ျပန္ထားၿပီး ေအာက္တိုဘာ ၅ ရက္ေန႔ ည ၁၀ နာရီ ၁၅ မိနစ္တြင္ အဆိုပါ စခန္း အား ျပန္လည္ သိမ္းယူခဲ့သည္ဟု ULA/AA က ထုတ္ျပန္ခဲ့သည္။
အဆိုပါ တပ္စခန္းအား တပ္မေတာ္မွ ၿပီးခဲ့သည့္ ဇြန္လ ကတည္းက ထိုးစစ္ဆင္တိုက္ခိုက္ေနသည္မွာ ေလး လေက်ာ္ ၾကာျမင့္ခဲ့ၿပီး တိုက္ပြဲအတြင္း တပ္မေတာ္မွ ရဟတ္ယာဥ္ႏွင့္ လက္နက္ႀကီး ပစ္ကူ အေျမာက္ အမ်ား အသံုးျပဳသည့္အျပင္ အင္အားအလံုးအရင္းျဖင့္လည္း ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည္ဟု ULA/AA ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထီးစြဲေက်းရြာအနီး ျဖစ္ပြားခဲ့သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ “Navy တပ္က လွမ္းၿပီးပစ္တာေတြ လုပ္တယ္။ က်ေနာ္တုိ႔ ရြာသားေတြလည္း လြတ္ရာကို ထြက္ေျပးေနရတယ္။ ဘုန္းႀကီးေက်ာင္းမွာလည္း ပုန္းေနရတာေတြ ရွိတယ္။ အသက္ ၇၀ ေက်ာ္ အဖိုးႀကီးကို ထိတယ္။ တျခား ဒီျပင္ဝန္နဲ႔ ကံျပင္ရြာေတြမွာ လည္း လက္နက္ႀကီးထိတာေတြရွိတယ္လို႔ ေျပာတယ္။ အဲ့ဘက္္ေတာ့ ေလး ငါးေယာက္ ထိတာရွိတယ္လို႔ ေျပာ တယ္။ အတိအက်ေတာ့ မသိဘူးေသးဘူး။ က်ေနာ္တုိ႔လည္း ေျပးေနရတာဆိုေတာ့ဗ်။ ကံျပင္ကို ေျပး တာ က်ေနာ္တို႔က၊ အဲ့မွာ ကံျပင္မွာလည္း ထပ္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ ဘယ္မွာမွ မလံုၿခံဳဘူးဗ်” ဟု ထီးစြဲေက်းရြာက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။
ထို႔ေၾကာင့္ ထီးစြဲေက်းရြာအနီး အခိုင္အမာေနရာ ယူထားသည့္ ULA/AA တပ္စခန္းတစ္ခုအား ေအာက္တို ဘာလ ၃ ရက္ေန႔တြင္ ေခတၱစြန္႔လႊတ္ခဲ့ရသည္သာမက လက္နက္ခဲ့ယမ္းအခ်ိဳ႕လည္း ဆံုးရႈံးခဲ့ရသည္ဟု ULA/AA က ဆိုသည္။
သို႔ေသာ္ ထိုစခန္းအား ၂၄ နာရီအတြင္း ျပန္လည္ သိမ္းပိုက္ရယူႏိုင္ခဲ့သည္ဟု ULA/AA က ေျပာသည္။
“အာရကၡစစ္သည္ေတာ္မ်ားမွ ႏွစ္နာရီနီးပါးၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးေနာက္ ညေန (၇) နာရီ (၂၆) မိနစ္တြင္ မိမိတို႔ေခတၱလက္လႊတ္ခဲ့ရေသာစခန္းငယ္အား အလုံးစုံျပန္လည္တိုက္ခိုက္သိမ္းပိုက္ရယူခဲ့သည္။ ရကၡိဳင့္တပ္ေတာ္မွ တစ္ရက္တာေခတၱလက္လႊတ္ခဲ့ရေသာ မိမိတို႔စခန္းအား (၂၄) နာရီအတြင္း ျပန္လည္ သိမ္းပိုက္ရယူခဲ့ျခင္းျဖစ္သည္” ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။
အဆိုပါ တိုက္ပြဲအတြင္း ၎တို႔ဖက္မွ ထိခိုက္ဒဏ္ရာရရွိမႈ အနည္းငယ္ရွိခဲ့ၿပီး တပ္မေတာ္ဖက္မွ အရာရွိမ်ား အပါအ၀င္ တပ္ဖြဲ႔၀င္ ၃၀ ဦးေက်ာ္ ေခ်မႈန္းႏိုင္ခဲ့သည္ဟု ULA/AA ၏ ထုတ္ျပန္ခ်က္က ဆိုသည္။
ထို႔အျပင္ ၎တို႔၏ လက္နက္ခဲယမ္းမ်ားကို ျပန္လည္ရရွိခဲ့သည္သာမက တပ္မေတာ္၏ လက္နက္ခဲယမ္း မ်ားႏွင့္ စစ္အသံုးအေဆာင္ပစၥည္းမ်ားကိုလည္း သိမ္းဆည္းရမိခဲ့သည္ဟု ULA/AA ၏ ထုတ္ျပန္ ထဲတြင္ ေတြ႕ရသည္။
ထို႔အတူ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားေနသကဲ့သို႔ မင္းျပားၿမိဳ႕နယ္ရွိ ေမလြန္းေက်းရြာ ေတာင္ဖက္ ၁ ကီလိုမီတာ အကြာတြင္ ေအာက္တိုဘာလ ၄ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ ၿပီး ေအာက္တိုဘာလ ၃ ရက္ေန႔ကလည္း ထိုေဒသရွိ ၎တို႔စခန္း ၃ ခုအား တပ္မေတာ္ဖက္မွ အျပင္းအ ထန္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည္ဟု ULA/AA ၏ ထုတ္ျပန္ထားသည္။
ရေသ့ေတာင္ၿမိဳ႕နယ္ ထီးစြဲေက်းရြာအနီးရွိ တပ္မေတာ္မွ သိမ္းယူထားသည့္ တပ္စခန္းအား ရကၡိဳင့္ တပ္ ေတာ္ ULA/AA က ျပန္လည္သိမ္း ယူထားသည့္ ကိစၥအပါအ၀င္ မင္းျပားၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲ အေျခ ေနအား သိရွိႏိုင္ရန္ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူမ်ားအား ဆက္သြယ္၍ မရသကဲ့သို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ကလည္း အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္၍ တစ္စံုတစ္ရာ ထုတ္ျပန္ထား ျခင္း မရွိေသးေပ။