မွန်ညီညွတ်ရေး ပါတီသည် USDP ပါတီနှင့် မဟာမိတ်ဖွဲ့ထားခြင်း မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
မွန်ညီညွှတ်ရေးပါတီ MUP အနေဖြင့် တိုင်းရင်းသား ပါတီများမှ လွဲ၍ မည်သည့်နိုင်ငံရေးပါတီနှင့်မှ မဟာ မိတ်ဖွဲ့ထားခြင်း မရှိကြောင်း မွန်ညီညွှတ်ရေးပါတီ MUP တာဝန်ရှိသူက ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၅ ရက်နေ့ (ယမန်နေ့) က ရေးမြို့နယ်အတွင်းရှိ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေး ရွာတို့တွင် မွန်ညီညွှတ်ရေးပါတီ MUP မှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဟောပြောစဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပါတီဝင်အချို့ တက်ရောက်ခဲ့ကြပြီး ဝေဖန်မှု များ ရှိနေသည့်အပေါ် MUP က ပြောဆို လိုက်ခြင်းဖြစ်သည်။
မွန်ညီညွှတ်ရေးပါတီ MUP တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီတမ က “လက်ရှိ အနေအထား မှာ မဲဆွယ်စည်းရုံးရေးကာလမှာ ကျနော်တို့ ပါတီက အားကောင်း တဲ့ မြို့နယ်တွေမျာ ပြိုင်ဖက် ပါတီအချို့ က ကျနော်တို့ ပါတီကို ဟိုပါတီနဲ့ ပေါင်းထားသလိုလို ဘယ်အဖွဲ့ အစည်းနဲ့ မဟာမိတ် ပြုထားသလိုလို ပြည် သူကြားမှာ ကျနော်တို့ ပါတီကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြောနေတာ တွေ့ ရှိတယ်။ ဒါက ရွေး ကောက်ပွဲ အတွက်ကို ရည်ရွယ်ပြီးတော့ ကျနော်တို့ကို တိုက်ခိုက်လာတဲ့ အခြေအနေတွေ ရှိလာတာ” ဟု ပြောသည်။
အဆိုပါဟောပြောပွဲတွင် ပြည်နယ်လွှတ်တော် အမှတ် ၂ က မင်းအောင်ထူး၊ အမျိုးသား လွှတ်တော် အမှတ် ၇ က မိလဝီဟန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဗညားအောင်မိုးတို့ ဟောပြော မဲဆွယ်စည်းရုံးခဲ့ကြသည် ဟု သိရသည်။
မည်သည့်မဲဆွယ်စည်းရုံးဟောပြောပွဲတွင်မဆို ပြည်သူများဖြစ်စေ၊ မည်သည့် ပါတီဝင်ဖြစ်စေ တက်ရောက် နားထောင်ခွင့်ရှိသည့်အတွက် အထူးအဆန်း မဟုတ်ကြောင်း၊ MUP က ပြောသည်။
မွန်ညီညွှတ်ရေးပါတီ MUP ၏ မူဝါ အရ မည်သူမဆို တက်ရောက်နားထောင်ခွင့်ရှိသော်လည်း တိုင်းရင်း သားပါတီများနှင့်သာ မဟာမိတ်ဖွဲ့ထား သည် ဟု MUP က ဆိုသည်။
“လက်ရှိ အနေအထားမှာ ကျနော်တို့က UNA နဲ့ မိတ်ဖက်ဆက်ဆံရေးရှိတယ်။ NBF နဲ့ မိတ်ဖက်ဆက်ဆံ ရေး ရှိတယ်။ လူမျိုးတူပေါင်းစည်းထားတဲ့ ပြည်နယ် ၅ ခုက တိုင်းရင်းသားပါတီတွေလည်း ကျနော်တို့ ပူး ပေါင်း ဆောင်ရွက်မှု ရှိတယ်။ အဲဒီအနေအထားပါပဲရှိတယ်။ အဲဒီတိုင်းရင်းသား ပါတီတွေကလွဲပြီးတော့ တစ် ခြား ဘယ်ပါတီနဲ့မှ ကျနော်တို့ မဟာမိတ်ဖွဲ့ခြင်း မရှိပါဘူး။”
မွန်ညီညွှတ်ရေးပါတီ MUP အနေဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခုပါဝင်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA နှင့် တိုင်းရင်းသားပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF တို့နှင့်မိတ်ဖက်ဆက်ဆံရေး ရှိသည်ဟု ဆိုသည်။
ထို့အပြင် တိုင်းရင်းသားပြည်နယ်အခြေစိုက် ပါတီများနှင့် ပေါင်းစည်းထားပြီး အဆိုပါ ပါတီများမှာ မွန်ညီ ညွှတ်ရေးပါတီ MUP အပါအဝင်၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်ဒီမိုကရက်တစ်ပါတီ KDP၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့ ဖြစ်သည်။
ထို့အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် ဝေဖန်မှုများကို မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် နားမယောင် ကြရန် မွန်ညီညွှတ်ရေးပါတီက MUP က တိုက်တွန်းထားသည်။
မွန်ညီညွှတ်ရေးပါတီ MUP သည် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့နှင့် ပေါင်း စည်းထားသည့် ပေါင်းစည်းပါတီဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက်ပါတီများ အနိုင်ရရှိပါက ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောထားရှိသည့် တိုင်းရင်းသား ပါတီတစ်ခုဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည် နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရွေးကောက်ဝင်ပြိုင်သွားရန်ရှိ ပြီး မွန်ပြည်နယ်အတွင်း ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၅ ဦး၊ အဆိုပါ ပြည်နယ်နှင့် တိုင်း ၅ ခု တို့တွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၅ ဦး ဝင်ပြိုင်သွားမည်ဖြစ်သည်။
*** ZAWGYI ***
မြန္ညီညြတ္ေရး ပါတီသည္ USDP ပါတီႏွင့္ မဟာမိတ္ဖြဲ႔ထားျခင္း မရွိ
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။
မြန္ညီၫႊတ္ေရးပါတီ MUP အေနျဖင့္ တိုင္းရင္းသား ပါတီမ်ားမွ လြဲ၍ မည္သည့္ႏိုင္ငံေရးပါတီႏွင့္မွ မဟာ မိတ္ဖြဲ႔ထားျခင္း မရွိေၾကာင္း မြန္ညီၫႊတ္ေရးပါတီ MUP တာဝန္ရွိသူက ေျပာဆိုလိုက္သည္။
ေအာက္တိုဘာလ ၅ ရက္ေန႔ (ယမန္ေန႔) က ေရးၿမိဳ႕နယ္အတြင္းရွိ အစင္ေက်းရြာႏွင့္ ဇီးျဖဴေသာင္ေက်း ရြာတို႔တြင္ မြန္ညီၫႊတ္ေရးပါတီ MUP မွ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္းရံုးေရး ေဟာေျပာစဥ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP က ပါတီ၀င္အခ်ိဳ႕ တက္ေရာက္ခဲ့ၾကၿပီး ေ၀ဖန္မႈ မ်ား ရွိေနသည့္အေပၚ MUP က ေျပာဆို လိုက္ျခင္းျဖစ္သည္။
မြန္ညီၫႊတ္ေရးပါတီ MUP တြဲဖက္ အေထြေထြ အတြင္းေရးမွဴး ၁ ႏိုင္လယီတမ က “လက္ရွိ အေနအထား မွာ မဲဆြယ္စည္းရံုးေရးကာလမွာ က်ေနာ္တို႔ ပါတီက အားေကာင္း တဲ့ ၿမိဳ႕နယ္ေတြမ်ာ ၿပိဳင္ဖက္ ပါတီအခ်ိဳ႕ က က်ေနာ္တို႔ ပါတီကို ဟိုပါတီနဲ႔ ေပါင္းထားသလိုလို ဘယ္အဖြဲ႔ အစည္းနဲ႔ မဟာမိတ္ ျပဳထားသလိုလို ျပည္ သူၾကားမွာ က်ေနာ္တို႔ ပါတီကို ထင္ေယာင္ထင္မွား ျဖစ္ေအာင္ ေျပာေနတာ ေတြ႕ ရွိတယ္။ ဒါက ေရြး ေကာက္ပြဲ အတြက္ကို ရည္ရြယ္ၿပီးေတာ့ က်ေနာ္တို႔ကို တိုက္ခိုက္လာတဲ့ အေျခအေနေတြ ရွိလာတာ” ဟု ေျပာသည္။
အဆိုပါေဟာေျပာပြဲတြင္ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ က မင္းေအာင္ထူး၊ အမ်ိဳးသား လႊတ္ေတာ္ အမွတ္ ၇ က မိလဝီဟန္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒါက္တာဗညားေအာင္မိုးတို႔ ေဟာေျပာ မဲဆြယ္စည္းရံုးခဲ့ၾကသည္ ဟု သိရသည္။
မည္သည့္မဲဆြယ္စည္းရံုးေဟာေျပာပြဲတြင္မဆို ျပည္သူမ်ားျဖစ္ေစ၊ မည္သည့္ ပါတီ၀င္ျဖစ္ေစ တက္ေရာက္ နားေထာင္ခြင့္ရွိသည့္အတြက္ အထူးအဆန္း မဟုတ္ေၾကာင္း၊ MUP က ေျပာသည္။
မြန္ညီၫႊတ္ေရးပါတီ MUP ၏ မူဝါ အရ မည္သူမဆို တက္ေရာက္နားေထာင္ခြင့္ရွိေသာ္လည္း တိုင္းရင္း သားပါတီမ်ားႏွင့္သာ မဟာမိတ္ဖြဲ႔ထား သည္ ဟု MUP က ဆိုသည္။
“လက္ရွိ အေနအထားမွာ က်ေနာ္တို႔က UNA နဲ႔ မိတ္ဖက္ဆက္ဆံေရးရွိတယ္။ NBF နဲ႔ မိတ္ဖက္ဆက္ဆံ ေရး ရွိတယ္။ လူမ်ိဳးတူေပါင္းစည္းထားတဲ့ ျပည္နယ္ ၅ ခုက တိုင္းရင္းသားပါတီေတြလည္း က်ေနာ္တို႔ ပူး ေပါင္း ေဆာင္ရြက္မႈ ရွိတယ္။ အဲဒီအေနအထားပါပဲရွိတယ္။ အဲဒီတိုင္းရင္းသား ပါတီေတြကလြဲၿပီးေတာ့ တစ္ ျခား ဘယ္ပါတီနဲ႔မွ က်ေနာ္တို႔ မဟာမိတ္ဖြဲ႔ျခင္း မရွိပါဘူး။”
မြန္ညီၫႊတ္ေရးပါတီ MUP အေနျဖင့္ တိုင္းရင္းသား ႏိုင္ငံေရးပါတီ ၁၃ ခုပါ၀င္သည့္ စည္းလံုးညီၫႊတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား မဟာမိတ္ အဖြဲ႔ UNA ႏွင့္ တိုင္းရင္းသားပါတီ ၁၅ ခုျဖင့္ ဖြဲ႔စည္းထားသည့္ ညီေနာင္ တိုင္းရင္းသား ပါတီမ်ား ဖက္ဒေရးရွင္း NBF တို႔ႏွင့္မိတ္ဖက္ဆက္ဆံေရး ရွိသည္ဟု ဆိုသည္။
ထို႔အျပင္ တုိင္းရင္းသားျပည္နယ္အေျခစိုက္ ပါတီမ်ားႏွင့္ ေပါင္းစည္းထားၿပီး အဆိုပါ ပါတီမ်ားမွာ မြန္ညီ ၫႊတ္ေရးပါတီ MUP အပါအ၀င္၊ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ကရင္ဒီမိုကရက္တစ္ပါတီ KDP၊ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP၊ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD တို႔ ျဖစ္သည္။
ထို႔အေျခအေနမ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ ေ၀ဖန္မႈမ်ားကို မဲဆႏၵရွင္ျပည္သူမ်ား အေနျဖင့္ နားမေယာင္ ၾကရန္ မြန္ညီၫႊတ္ေရးပါတီက MUP က တိုက္တြန္းထားသည္။
မြန္ညီၫႊတ္ေရးပါတီ MUP သည္ မြန္အမ်ိဳးသားပါတီ၊ မြန္ေဒသလံုးဆိုင္ရာ ဒီမိုကေရစီပါတီတို႔ႏွင့္ ေပါင္း စည္းထားသည့္ ေပါင္းစည္းပါတီျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲမွာ ျပည္နယ္အေျခစိုက္ပါတီမ်ား အႏိုင္ရရွိပါက ၫြန္႔ေပါင္းအစိုးရဖြဲ႔ရန္ သေဘာထားရွိသည့္ တိုင္းရင္းသား ပါတီတစ္ခုျဖစ္သည္။
မြန္ညီညြတ္ေရးပါတီသည္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ မြန္ျပည္ နယ္အျပင္ ကရင္ျပည္နယ္၊ တနသၤာရီ၊ ရန္ကုန္ႏွင့္ ပဲခူးတုိင္းေဒသႀကီးတို႔တြင္ ေရြးေကာက္ဝင္ၿပိဳင္သြားရန္ရွိ ၿပီး မြန္ျပည္နယ္အတြင္း ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ၃၅ ဦး၊ အဆိုပါ ျပည္နယ္ႏွင့္ တိုင္း ၅ ခု တို႔တြင္ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၆၅ ဦး ဝင္ၿပိဳင္သြားမည္ျဖစ္သည္။