တပ်မတော်နှင့် SSA တောင်ပိုင်း၊ TNLA တို့အကြား ရှမ်းမြောက်တွင် တိုက်ပွဲများ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ရွေးကောက်ပွဲ နီးလာနေစဉ်မှာပင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား ဆက်တိုက် ဆိုသလို တိုက်ပွဲများ ယခုလအတွင်း ဖြစ်ပွားနေသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ကွတ်ခိုင်၊ မိုးမိတ်၊ တန့်ယန်း မြို့နယ်တို့တွင်လည်း တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ပြောသည်။

အောက်တိုဘာလအတွင်းတွင် တပ်မတော်နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက် RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး အုမ်ခေး က ယခုကဲ့သို့ ပြောသည်။

“ဒီလက ဒီကျောက်မဲဂွင်မှာပဲ ဖြစ်ခဲ့တာ ဒီလ ၂ ရက်နေ့ အစက နည်းနည်းပါးပါးပေါ့လေ အဲဒီအခါကျတော့ ၃ ရက်နေ့ ၄ ရက်နေ့က နည်းနည်းပြင်း ထန်တယ်။ မနေ့ ၅ ရက်နေ့ကျတော့လည်း ဆက်လက်ဖြစ်ပွားသေး တယ်။ ပုံဝိုး၊ ဟဲကွီ၊ ခန့်ခဲ၊ အဲဒီကျေးရွာအုပ်စုတွေပေါ့နော။ အကြိမ်ရေက ၁၀ ကြိမ်ကျော်တာပေါ့နော်။”

တပ်မတော်က ကျောက်မဲမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပဲ ဝင် ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာရခြင်းဖြစ်သည် RCSS/SSA က ပြော သည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးပြီးနောက် RCSS အနေဖြင့် တပ်မတော်တပ်စခန်းများကို စတင် ဝင်ရောက်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိပဲ တပ်မတော်ဖက်မှ အကြောင်းကြား အမျိုးမျိုးပြကာ ၎င်းတို့၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု များစွာရှိသည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောဆိုသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက နှစ်ဖက်လက်နက်ကိုင် အဖွဲ့ အစည်းကြားတွင် စစ်ရေးတင်းမာမှု ရှည်ကြာလာနိုင်ပြီး နောက်ဆုံးတွင် မြို့ပေါ်အထိ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

“RCSS ကို အကြောင်းအမျိုးမျိုး ပြပြီးတော့ စစ်ဆင်ရေး ခဏခဏ ဝင်တိုက်တာ အများကြီးရှိတယ်။ အဲဒီအခါကျတော့ NCA ကိုလည်း ဆန့် ကျင်ဘက်ဖြစ်တယ်။ ပြီးတော့ စစ်ရေးတင်းမာမှုကိုလည်း ရေရှည်ဖြစ်နိုင်တယ်။ နောက်ဆုံး ဒီလိုမျိုးပုံစံ ထပ် သွားမယ်ဆိုရင်တော့ ခန့်မှန်းရတာက နည်းနည်းစိုးရိမ်စရာရှိတာက စစ်ပွဲက ဆက်လက်ပြီးတော့ ကျယ်ပြန့် နိုင်တယ်။ နောက်ဆုံး ကားလမ်းမပေါ် ရောက်လာနိုင်တယ်။ ပြီးတော့ မြို့ပေါ်အထိတောင် ဆက်လက်ပြီး တော့ တိုက်ပွဲဖြစ်ရင် ဖြစ်လိမ့်မယ်။”

လက်ရှိတွင် မြေပြင် အနေအထားအရ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းအကြားတွင် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး တပ်မတော်ဖက်မှလည်း တပ်အင်အားများကို ထပ်မံဖြည့်တင်းထားသည်ဟု RCSS/SSA က ပြောသည်။

တပ်မတော်သည် RCSS/SSA နှင့် တိုက်ပွဲ ဖြစ်ပွားနေသကဲ့သို့ ကွတ်ခိုင်၊ မိုးကုတ်၊ တန့်ယန်းမြို့နယ် တို့တွင် လည်း တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“၂ ရက်နေ့က ဒီကွတ်ခိုင်မြို့နယ် မန်ပုံအထက်က မန်ပုံတောင်ကြောခေါ်တာပေါ့ အဲဒီတောင်ပေါ်မှာ မိုးကုတ်မြို့နယ်ထဲက ဟိုဝိတ်ရွာရဲ့ အထက်နားက တောင်ကုန်းပေါ်မှာဖြစ်တယ်။ နှစ်ခု လုံး က တပ်က ကျနော်တို့ တပ်တွေ ရှိတဲ့နေရာ တောတွင်းစခန်းကို လာရောက်ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်။ ၃ ရက်ကျတော့ အဲဒီ မန်ပုံတောင်ကြောပေါ်မှာပဲ ၄ နေရာဖြစ်တယ်။ ဒီတန့်ယန်း မြို့နယ်ထဲက တစ်နေရာ ဖြစ်တယ်။ ကွတ်ခိုင်ဖက်က ၅ ကြိမ်နဲ့ တန့်ယန်းဖက်က တစ်ကြိမ် ၆ ကြိမ်ဖြစ်တယ်။ ၄ ရက်နေ့ ကျတော့ တစ်ကြိမ်ဖြစ်တယ်။ ကွတ်ခိုင်မြို့နယ်ထဲက ကွတ်ခိုင်ဖက်က အကုန်လုံးကတော့ အဲဒီ မန်ပုံတောင်ကြောနားမှာဖြစ်တယ်”

အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ယခုလအတွင်း တိုက်ပွဲ ဖြစ်ပွားသည့် အကြိမ်အရေအတွက် ၉ ကြိမ်အထိရှိလာသည်ဟု ဆိုသည်။

“၆ ကြိမ်ဖြစ်တယ်။ ၃ ရက်နေ့ ၄ ရက်နေ့က တစ်ကြိမ်ဖြစ်တယ်။ ၂ ရက်နေ့က ၂ ကြိမ်ဖြစ်တယ်။ အားလုံး ပေါင်း ၉ ကြိမ်ဖြစ်တယ်။ တပ်က စက်တင်ဘာအကုန်မှာ သူတို့က နောက်ထပ်သက်တမ်း ၁ လထပ်တိုး တာပေါ့နော်။ အပစ်ရပ်စဲတာ သူတို့ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ နောက်ရက်မှာ စပြီးတော့ သူတို့ ထိုးစစ်စ ဆင်တာပဲ။ အဲမှာထိတွေ့ မှုက ၂ ရက် ကနေ စဖြစ်တာပေါ့” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

သို့သော် အောက်တိုဘာလ ၄ ရက်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းမှ သတ်မှတ်နယ်မြေကျော်ကာ လှုပ်ရှားလာသော RCSS/SSA အဖွဲ့တို့ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာ အရှေ့ဖက် မီတာ ၃၀၀၀ ခန့်အကွာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ RCSS/SSA မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်တစ်ချို့သည် ခန့်ခဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံရွာသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု အောက်တိုဘာလ ၆ ရက် ယနေ့တွင် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ချက်ထဲတွင် စွတ်စွဲထားသည်။

တပ်မတော်က ပြောနေသကဲ့သို့ RCSS/SSA သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေစိုက်သည့် လက် နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားလာ ခြင်းဖြစ်သည်ဟု ပြောဆိုမှုသည် NCA စာချုပ်ကို ဆန့်ကျင်နေသည့်အပြင် တပ်မတော်နှင့် RCSS တို့အကြား တရားဝင် နယ်မြေ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု ဒု-ဗိုလ်မှူးကြီး အုပ်ခေးက ပြောသည်။

တပ်နေရာ ချထားရေးနှင့် နယ်မြေသတ်မှတ်ထားရှိခြင်းကို NCA အခန်း ၃ အရ လုံခြုံရေး ကဏ္ဍတွင် ဆွေး နွေးသွားရမည်ဖြစ်ပြီး ထိုသို့ဆွေးနွေးမည်နောက်ပိုင်းမှသာ တပ်နေရာချထားရေးနှင့် နယ်မြေ သတ်မှတ်ရေး ကို လုပ်ဆောင်သွားနိုင်မည်ဟု RCSS/SSA က ဆိုသည်။

လက်ရှိတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှု ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသည် တပ်မတော် ၏ တစ်ဖက်သတ် အပစ်ရပ်စဲရေး နယ်မြေထဲတွင်ပါဝင်ပြီး အဆို ပါဒေသအတွင် တပ်မတော်သည် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် အခြား လက် နက်ကိုင် အဖွဲ့အ စည်းများဖြစ်သည့် PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန့်တို့နှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

*** ZAWGYI ***
တပ္မေတာ္နွင့္ SSA ေတာင္ပိုင္း၊ TNLA တို႔အၾကား ရွမ္းေျမာက္တြင္ တိုက္ပြဲမ်ား ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္။

ေ႐ြးေကာက္ပြဲ နီးလာေနစဥ္မွာပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕မ်ားအၾကား ဆက္တိုက္ ဆိုသလို တိုက္ပြဲမ်ား ယခုလအတြင္း ျဖစ္ပြားေနသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ တပ္မေတာ္ႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ ရွမ္းျပည္ျပန္လည္ ထူ ေထာင္ေရးေကာင္စီ RCSS/SSA တို႔ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနသကဲ့သို႔ ကြတ္ခိုင္၊ မိုးမိတ္၊ တန္႔ယန္း ၿမိဳ႕နယ္တို႔တြင္လည္း တပ္မေတာ္ႏွင့္ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA တို႔ တိုက္ပြဲျဖစ္ပြားေနသည္ဟု တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားက ေျပာသည္။

ေအာက္တိုဘာလအတြင္းတြင္ တပ္မေတာ္ႏွင့္ RCSS/SSA တို႔အၾကား တိုက္ပြဲ ၁၀ ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ၿပီး တိုက္ပြဲျဖစ္ပြားသည့္ အေျခအေနႏွင့္ပတ္သက္ RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မွဴးႀကီး အုမ္ေခး က ယခုကဲ့သို႔ ေျပာသည္။

“ဒီလက ဒီေက်ာက္မဲဂြင္မွာပဲ ျဖစ္ခဲ့တာ ဒီလ ၂ ရက္ေန႔ အစက နည္းနည္းပါးပါးေပါ့ေလ အဲဒီအခါက်ေတာ့ ၃ ရက္ေန႔ ၄ ရက္ေန႔က နည္းနည္းျပင္း ထန္တယ္။ မေန႔ ၅ ရက္ေန႔က်ေတာ့လည္း ဆက္လက္ျဖစ္ပြားေသး တယ္။ ပံုဝိုး၊ ဟဲကြီ၊ ခန္႔ခဲ၊ အဲဒီေက်းရြာအုပ္စုေတြေပါ့ေနာ။ အႀကိမ္ေရက ၁၀ ႀကိမ္ေက်ာ္တာေပါ့ေနာ္။”

တပ္မေတာ္က ေက်ာက္မဲၿမိဳ႕ရွိ RCSS/SSA ဆက္ဆံေရးရံုးသို႔ အေၾကာင္းၾကားမႈ တစ္စံုတစ္ရာ မရွိပဲ ၀င္ ေရာက္ ထိုးစစ္ဆင္ တိုက္ခိုက္လာသည့္အတြက္ တိုက္ပြဲ ျဖစ္ပြားလာရျခင္းျဖစ္သည္ RCSS/SSA က ေျပာ သည္။

ထို႔အျပင္ NCA လက္မွတ္ေရးထိုးၿပီးေနာက္ RCSS အေနျဖင့္ တပ္မေတာ္တပ္စခန္းမ်ားကို စတင္ ၀င္ေရာက္ကာ ထိုးစစ္ဆင္တိုက္ခိုက္ျခင္းမရွိပဲ တပ္မေတာ္ဖက္မွ အေၾကာင္းၾကား အမ်ိဳးမ်ိဳးျပကာ ၎တို႔၏ တပ္စခန္းမ်ားကို ၀င္ေရာက္တိုက္ခိုက္မႈ မ်ားစြာရွိသည္ဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက ေျပာဆိုသည္။

ယခုကဲ့သို႔ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ဆက္လက္ျဖစ္ပြားေနမည္ဆိုပါက ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔ အစည္းၾကားတြင္ စစ္ေရးတင္းမာမႈ ရွည္ၾကာလာႏိုင္ၿပီး ေနာက္ဆံုးတြင္ ၿမိဳ႕ေပၚအထိ တိုက္ပြဲမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္သည္ဟု ဒု-ဗိုလ္မႉးႀကီး အုပ္ေခးက ေျပာသည္။

“RCSS ကို အေၾကာင္းအမ်ိဳးမ်ိဳး ျပၿပီးေတာ့ စစ္ဆင္ေရး ခဏခဏ ၀င္တိုက္တာ အမ်ားႀကီးရွိတယ္။ အဲဒီအခါက်ေတာ့ NCA ကိုလည္း ဆန္႔ က်င္ဘက္ျဖစ္တယ္။ ၿပီးေတာ့ စစ္ေရးတင္းမာမႈကိုလည္း ေရရွည္ျဖစ္ႏိုင္တယ္။ ေနာက္ဆံုး ဒီလိုမ်ိဳးပံုစံ ထပ္ သြားမယ္ဆိုရင္ေတာ့ ခန္႔မွန္းရတာက နည္းနည္းစိုးရိမ္စရာရွိတာက စစ္ပြဲက ဆက္လက္ၿပီးေတာ့ က်ယ္ျပန္႔ ႏိုင္တယ္။ ေနာက္ဆံုး ကားလမ္းမေပၚ ေရာက္လာႏိုင္တယ္။ ၿပီးေတာ့ ၿမိဳ႕ေပၚအထိေတာင္ ဆက္လက္ၿပီး ေတာ့ တိုက္ပြဲျဖစ္ရင္ ျဖစ္လိမ့္မယ္။”

လက္ရွိတြင္ ေျမျပင္ အေနအထားအရ ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႔အစည္းအၾကားတြင္ စစ္ေရးတင္းမာမႈ ဆက္လက္ရွိေနၿပီး တပ္မေတာ္ဖက္မွလည္း တပ္အင္အားမ်ားကို ထပ္မံျဖည့္တင္းထားသည္ဟု RCSS/SSA က ေျပာသည္။

တပ္မေတာ္သည္ RCSS/SSA ႏွင့္ တိုက္ပြဲ ျဖစ္ပြားေနသကဲ့သို႔ ကြတ္ခိုင္၊ မိုးကုတ္၊ တန္႔ယန္းၿမိဳ႕နယ္ တို႔တြင္ လည္း တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည္ဟု PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က ေျပာသည္။

“၂ ရက္ေန႔က ဒီကြတ္ခိုင္ၿမိဳ႕နယ္ မန္ပံုအထက္က မန္ပံုေတာင္ေၾကာေခၚတာေပါ့ အဲဒီေတာင္ေပၚမွာ မိုးကုတ္ၿမိဳ႕နယ္ထဲက ဟိုဝိတ္ရြာရဲ႕ အထက္နားက ေတာင္ကုန္းေပၚမွာျဖစ္တယ္။ ႏွစ္ခု လံုး က တပ္က က်ေနာ္တို႔ တပ္ေတြ ရွိတဲ့ေနရာ ေတာတြင္းစခန္းကို လာေရာက္ပစ္ခတ္လို႔ တိုက္ပြဲျဖစ္ပြားတာ ျဖစ္တယ္။ ၃ ရက္က်ေတာ့ အဲဒီ မန္ပံုေတာင္ေၾကာေပၚမွာပဲ ၄ ေနရာျဖစ္တယ္။ ဒီတန္႔ယန္း ၿမိဳ႕နယ္ထဲက တစ္ေနရာ ျဖစ္တယ္။ ကြတ္ခိုင္ဖက္က ၅ ႀကိမ္နဲ႔ တန္႔ယန္းဖက္က တစ္ႀကိမ္ ၆ ႀကိမ္ျဖစ္တယ္။ ၄ ရက္ေန႔ က်ေတာ့ တစ္ႀကိမ္ျဖစ္တယ္။ ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ကြတ္ခိုင္ဖက္က အကုန္လံုးကေတာ့ အဲဒီ မန္ပံုေတာင္ ေၾကာ နားမွာ ျဖစ္တယ္”

ေအာက္တိုဘာလ ၂ ရက္ေန႔မွ စတင္ကာ တိုက္ပြဲမ်ားမွာ ဆက္တိုက္ဆိုသလိုျဖစ္ပြားခဲ့ၿပီး ယခုလအတြင္း တိုက္ပြဲ ျဖစ္ပြားသည့္ အႀကိမ္အေရအတြက္ ၉ ႀကိမ္အထိရွိလာသည္ဟု ဆိုသည္။

“၆ ႀကိမ္ျဖစ္တယ္။ ၃ ရက္ေန႔ ၄ ရက္ေန႔က တစ္ႀကိမ္ျဖစ္တယ္။ ၂ ရက္ေန႔က ၂ ႀကိမ္ျဖစ္တယ္။ အားလံုး ေပါင္း ၉ ႀကိမ္ျဖစ္တယ္။ တပ္က စက္တင္ဘာအကုန္မွာ သူတို႔က ေနာက္ထပ္သက္တမ္း ၁ လထပ္တိုး တာေပါ့ေနာ္။ အပစ္ရပ္စဲတာ သူတို႔ ထုတ္ျပန္ၿပီးေနာက္ပိုင္းမွာ ေနာက္ရက္မွာ စၿပီးေတာ့ သူတို႔ ထိုးစစ္စ ဆင္တာပဲ။ အဲမွာထိေတြ႕ မႈက ၂ ရက္ ကေန စျဖစ္တာေပါ့” ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ က ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးမွ တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေပ။

သို႔ေသာ္ ေအာက္တိုဘာလ ၄ ရက္ေန႔က နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္ စစ္ေၾကာင္းမွ သတ္မွတ္နယ္ေျမေက်ာ္ကာ လႈပ္ရွားလာေသာ RCSS/SSA အဖြဲ႔တို႔ ေက်ာက္မဲၿမိဳ႕နယ္ ခန္႔ခဲေက်းရြာ အေရွ႕ဖက္ မီတာ ၃၀၀၀ ခန္႔အကြာတြင္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားရာ RCSS/SSA မွ ပစ္ခတ္လိုက္သည့္ လက္နက္ႀကီး က်ည္တစ္ခ်ိဳ႕သည္ ခန္႔ခဲေက်းရြာအတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံရြာသားတစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ ဟု ေအာက္တိုဘာလ ၆ ရက္ ယေန႔တြင္ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႔က ထုတ္ျပန္ခ်က္ထဲတြင္ စြတ္စြဲထားသည္။

တပ္မေတာ္က ေျပာေနသကဲ့သို႔ RCSS/SSA သည္ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အေျခစိုက္သည့္ လက္ နက္ကိုင္ အဖြဲ႔ျဖစ္ၿပီး ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ နယ္ေျမခ်ဲ႕ထြင္လာသည့္အတြက္ တိုက္ပြဲ ျဖစ္ပြားလာ ျခင္းျဖစ္သည္ဟု ေျပာဆိုမႈသည္ NCA စာခ်ဳပ္ကို ဆန္႔က်င္ေနသည့္အျပင္ တပ္မေတာ္ႏွင့္ RCSS တို႔အၾကား တရား၀င္ နယ္ေျမ အတိအက် သတ္မွတ္ထားျခင္း မရွိေသးဟု ဒု-ဗိုလ္မွဴးႀကီး အုပ္ေခးက ေျပာသည္။

တပ္ေနရာ ခ်ထားေရးႏွင့္ နယ္ေျမသတ္မွတ္ထားရွိျခင္းကို NCA အခန္း ၃ အရ လံုၿခံဳေရး က႑တြင္ ေဆြး ေႏြးသြားရမည္ျဖစ္ၿပီး ထိုသို႔ေဆြးေႏြးမည္ေနာက္ပိုင္းမွသာ တပ္ေနရာခ်ထားေရးႏွင့္ နယ္ေျမ သတ္မွတ္ေရး ကို လုပ္ေဆာင္သြားႏိုင္မည္ဟု RCSS/SSA က ဆိုသည္။

လက္ရွိတပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႕အစည္းမ်ားအၾကား စစ္ေရးတင္းမာမႈ ရွိေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းသည္ တပ္မေတာ္ ၏ တစ္ဖက္သတ္ အပစ္ရပ္စဲေရး နယ္ေျမထဲတြင္ပါ၀င္ၿပီး အဆို ပါေဒသအတြင္ တပ္မေတာ္သည္ NCA လက္မွတ္ေရးထိုးထားသည့္ RCSS/SSA အပါအ၀င္ အျခား လက္ နက္ကိုင္ အဖြဲ႔အ စည္းမ်ားျဖစ္သည့္ PSLF/TNLA၊ KIO/KIA၊ MNDAA ကိုးကန္႔တို႔ႏွင့္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္။