မွန်ပြည်နယ် ယာဉ် အဝင်အထွက် ကုန်တင်ကားများသာ ခွင့်ပြုမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

COVID-19 ကာကွယ်သည့်အနေဖြင့် မွန်ပြည်နယ်အတွင်းသို့ ကုန်တင်ယာဉ်များ မှလွဲ၍ မည်သည့်ယာဉ်မှ ဝင်ခွင့် မပြုတော့ကြောင်း မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ မှ သိရသည်။

လတ်တလော ကူးစက်ပြန့်ပွားမှုများလာနေသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်နယ် ဝင်ပေါက်များဖြစ်သည့် စစ်တောင်းတံတား၊ ဒုံသမိနှင့် ရေးတို့တွင် စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ် ထားပြီး ပြည်နယ်အတွင်း အခြားတိုင်းဒေသကြီးတို့ နှင့် ပြည်နယ်အသီးသီးတို့မှ လာရောက်သည့် ခရီးသည် တင်ယာဉ်များ အိမ်စီးယာဉ်များကို ဝင်ရောက်လာမှု မရှိစေရန် စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ စစ်ဆေး ဆောင်ရွက်နေသည်။

“ကျနော်တို့ဘက်ကို လာတာက ကုန်ကားတစ်မျိုးပဲ ခွင့်ပြုတယ်၊ ခရီးသည်ကား အိမ်စီးကား လုံးဝ သွားလို့ မရ ဘူး။ ပိတ်ထားတယ်။ ကုန်ကားတစ်မျိုးပဲ ဖြတ်ခိုင်းထားတယ်။ ကုန်ကားမှာလည်း ကားအကြီးတွေဆိုရင် ယာဉ် မောင်းနဲ့ နောက်လိုက်နှစ်ဦး၊ ကားအသေးဆိုရင် ယာဉ်မောင်းတစ်ဦးပဲ ရောဂါစစ်ဆေးပြီးမှ ဖြတ်ခွင့်ပေးတယ်” ဟု ရေးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်း က ပြောသည်။

ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုမပြတ်စေရန်အတွက် ကုန်တင်ယာဉ်များ ဝင်ခွင့်ပြုထားသော်လည်း ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို COVID-19 ရောဂါပိုး ရှိ/မရှိ Test Kits ဖြင့် စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြု သည်ဟု ရေးမြို့ နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်တို့ကို အစောပိုင်းက Test kits ဖြင့် အခမဲ့စစ်ဆေးပေးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စက်တင်ဘာ ၆ ရက်နေ့မှ စတင်ပြီး တစ်ဦး ကျပ် ၂၀၀၀၀ နှုန်း စတင်ကောက်ခံနေသည်ဟုလည်း အုပ်ချုပ်ရေးမှူး ဦးကံဝင်း က ဆက်ပြော သည်။

Test kits ဖြင့် စစ်ဆေးပြီးပါက စစ်ဆေးပြီး ၇၂ နာရီ (၃ ရက်) ပြည့်လျှင် ပြန်လည်အစစ်ဆေးခံပြီးမှသာ မွန် ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

ယခုကဲ့သို့ Test Kits စစ်ဆေးခ ပေးဆောင်ရသည့်အပေါ် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ က ၎င်းတို့အတွက် များစွာ အခက်အခဲ ရှိနေကြောင်း ပြောသည်။

“ယာဉ်တစ်ခေါက်လိုက်တာ ဘယ်လောက်မှမရဘူး။ အခု တစ်ယောက် ၂၀၀၀၀ ပေးရမယ်ဆိုတော့ ကျနော်တို့ အတွက် အဆင်မပြေပါဘူး၊ နောက် ဒီစစ်ဆေးတာကလည်း ၃ ရက်ပဲ ပြီးရင် ပြန်စစ်ရမယ်၊ ကျနော်တို့ ရတဲ့ဟာ နဲ့ ဒီရောဂါစစ်ဆေးခနဲ့ပဲ ကုန်သွားမယ်။ ကျနော်တို့ ဘာနဲ့စားမလဲ” ဟု မော်လမြိုင်-မန္တလေးပြေးဆွဲနေသည့် အသက် ၃၀ ဝန်းကျင် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦး က ပြောသည်။

လက်ရှိတွင် စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် ရေးစစ်ဆေးဂိတ်တို့မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ် အချို့မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိထားများ ရှိနေပြီး လူနာများကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက် ရှိသည်။

ရောဂါပိုးတွေ့ရှိသည့် ယာဉ်မောင်း ယာဉ်နောက်လိုက်များ နှင့် ထိတွေ့ဆက်စပ်သူများကိုလည်း သတ်မှတ်ထား သည့် နေရာများတွင် သီးခြားစောင့်ကြည့်မှု Quarantine Center များတွင် ပို့ဆောင်ထားရှိသည် ဟု လည်း သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၆ ရက်နေ့ထိ ထုတ်ပြန်ထားချက်အရ ပြည်နယ် အတွင်း COVID-19 ပိုးတွေ့လူနာ ၃၂၅ ဦးရှိပြီး ရောဂါပျောက်ကင်းသွားသူ ၁၆၉ ဦးရှိကာ သေဆုံးသူ ၇ ဦး ရှိပြီဟု သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္ ယာဥ္ အဝင္အထြက္ ကုန္တင္ကားမ်ားသာ ခြင့္ျပဳမည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

COVID-19 ကာကြယ္သည့္အေနျဖင့္ မြန္ျပည္နယ္အတြင္းသို႔ ကုန္တင္ယာဥ္မ်ား မွလြဲ၍ မည္သည့္ယာဥ္မွ ဝင္ခြင့္ မျပဳေတာ့ေၾကာင္း ၿမိဳ႕နယ္ အေထြ ေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနထံ မွ သိရသည္။

လတ္တေလာ ကူးစက္ျပန္႔ပြားမႈမ်ားလာေနသည့္ COVID-19 ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ မြန္ျပည္နယ္ ဝင္ေပါက္မ်ားျဖစ္သည့္ စစ္ေတာင္းတံတား၊ ဒံုသမိႏွင့္ ေရးတို႔တြင္ စစ္ေဆးေရး ဂိတ္မ်ား ဖြင့္လွစ္ ထားၿပီး ျပည္နယ္အတြင္း အျခားတိုင္းေဒသႀကီးတို႔ ႏွင့္ ျပည္နယ္အသီးသီးတို႔မွ လာေရာက္သည့္ ခရီးသည္ တင္ယာဥ္မ်ား အိမ္စီးယာဥ္မ်ားကို ဝင္ေရာက္လာမႈ မရွိေစရန္ စက္တင္ဘာ ၃ ရက္ေန႔က စတင္ကာ စစ္ေဆး ေဆာင္ရြက္ေနသည္။

“က်ေနာ္တို႔ဘက္ကို လာတာက ကုန္ကားတစ္မ်ဳိးပဲ ခြင့္ျပဳတယ္၊ ခရီးသည္ကား အိမ္စီးကား လံုးဝ သြားလို႔ မရ ဘူး။ ပိတ္ထားတယ္။ ကုန္ကားတစ္မ်ဳိးပဲ ျဖတ္ခိုင္းထားတယ္။ ကုန္ကားမွာလည္း ကားအႀကီးေတြဆိုရင္ ယာဥ္ ေမာင္းနဲ႔ ေနာက္လိုက္ႏွစ္ဦး၊ ကားအေသးဆိုရင္ ယာဥ္ေမာင္းတစ္ဦးပဲ ေရာဂါစစ္ေဆးၿပီးမွ ျဖတ္ခြင့္ေပးတယ္” ဟု ေရးၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးကံဝင္း က ေျပာသည္။

ျပည္နယ္အတြင္း ကုန္စည္စီးဆင္းမႈမျပတ္ေစရန္အတြက္ ကုန္တင္ယာဥ္မ်ား ဝင္ခြင့္ျပဳထားေသာ္လည္း ယာဥ္ ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားကို COVID-19 ေရာဂါပိုး ရွိ/မရွိ Test Kits ျဖင့္ စစ္ေဆးၿပီးမွသာ ဝင္ခြင့္ျပဳ သည္ဟု ေရးၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ျပည္နယ္အတြင္းသို႔ ဝင္ေရာက္လာသည့္ ကုန္တင္ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္တို႔ကို အေစာပိုင္းက Test kits ျဖင့္ အခမဲ့စစ္ေဆးေပးခဲ့ေသာ္လည္း က်န္းမာေရးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အရ စက္တင္ဘာ ၆ ရက္ေန႔မွ စတင္ၿပီး တစ္ဦး က်ပ္ ၂၀၀၀၀ ႏႈန္း စတင္ေကာက္ခံေနသည္ဟုလည္း အုပ္ခ်ဳပ္ေရးမွဴး ဦးကံဝင္း က ဆက္ေျပာ သည္။

Test kits ျဖင့္ စစ္ေဆးၿပီးပါက စစ္ေဆးၿပီး ၇၂ နာရီ (၃ ရက္) ျပည့္လွ်င္ ျပန္လည္အစစ္ေဆးခံၿပီးမွသာ မြန္ ျပည္နယ္အတြင္းသို႔ ဝင္ေရာက္ခြင့္ရမည္ျဖစ္သည္။

ယခုက့ဲသို႔ Test Kits စစ္ေဆးခ ေပးေဆာင္ရသည့္အေပၚ ကုန္တင္ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ား က ၎တို႔အတြက္ မ်ားစြာ အခက္အခဲ ရွိေနေၾကာင္း ေျပာသည္။

“ယာဥ္တစ္ေခါက္လိုက္တာ ဘယ္ေလာက္မွမရဘူး။ အခု တစ္ေယာက္ ၂၀၀၀၀ ေပးရမယ္ဆိုေတာ့ က်ေနာ္တို႔ အတြက္ အဆင္မေျပပါဘူး၊ ေနာက္ ဒီစစ္ေဆးတာကလည္း ၃ ရက္ပဲ ၿပီးရင္ ျပန္စစ္ရမယ္၊ က်ေနာ္တို႔ ရတဲ့ဟာ နဲ႔ ဒီေရာဂါစစ္ေဆးခနဲ႔ပဲ ကုန္သြားမယ္။ က်ေနာ္တို႔ ဘာနဲ႔စားမလဲ” ဟု ေမာ္လၿမိဳင္-မႏၲေလးေျပးဆြဲေနသည့္ အသက္ ၃၀ ဝန္းက်င္ ကုန္တင္ယာဥ္ေနာက္လိုက္တစ္ဦး က ေျပာသည္။

လက္ရွိတြင္ စစ္ေတာင္းတံတား စစ္ေဆးေရးဂိတ္ႏွင့္ ေရးစစ္ေဆးဂိတ္တို႔မွ ဝင္ေရာက္လာသည့္ ကုန္တင္ယာဥ္ အခ်ဳိ႕မွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႔ရွိထားမ်ား ရွိေနၿပီး လူနာမ်ားကို ေမာ္လၿမိဳင္ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသေပးလ်က္ ရွိသည္။

ေရာဂါပိုးေတြ႔ရွိသည့္ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္မ်ား ႏွင့္ ထိေတြ႔ဆက္စပ္သူမ်ားကိုလည္း သတ္မွတ္ထား သည့္ ေနရာမ်ားတြင္ သီးျခားေစာင့္ၾကည့္မႈ Quarantine Center မ်ားတြင္ ပို႔ေဆာင္ထားရွိသည္ ဟု လည္း သိရသည္။

မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ေအာက္တိုဘာ ၆ ရက္ေန႔ထိ ထုတ္ျပန္ထားခ်က္အရ ျပည္နယ္ အတြင္း COVID-19 ပိုးေတြ႔လူနာ ၃၂၅ ဦးရွိၿပီး ေရာဂါေပ်ာက္ကင္းသြားသူ ၁၆၉ ဦးရွိကာ ေသဆံုးသူ ၇ ဦး ရွိၿပီဟု သိရသည္။