ပုဏ္ဏားကျွန်းမြို့နယ် ရွာသူများ မိုင်းနင်းမိ၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဗန်းဗွီးကျေးရွာမှ ရွာသား ၆ ဦးသည် တောထဲသို့ ဝဥ သွားရှာရာ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိခိုက်သေဆုံးသူများထဲမှ တစ်ဦး၏ မိသားစုဝင်က ပြော သည်။

“မနက်ပိုင်း ထမင်းစားပြီးတော့ အဖော် နဲ့ ၆ ယောက် သူကဖျံဥ သွားပြီးတော့ တူးတာပေါ့ သွားပြီးရှာတာပေါ့။ ဖျံဥသွားရှာပြီးတော့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်မှာ ကျနော်တို့က မိုင်းပေါက်ကွဲသံကို ကြားတယ်။ ၂ နာရီကျော် ၃ နာရီခွဲမှ သတင်းကြား တယ်။ ကြားကြားချင်းသွားတဲ့အခါမှာတော့ သူ့ကို ခေါ်လာခဲ့တာပေါ့ ခေါ်လာပြီးတော့ လမ်းတစ်ပိုင်းမှာ သူက အသက်မရှိတော့ဘူး။ သေဆုံးတာ ၁ ယောက် နောက် ပြီးတော့ ၂ ယောက် က ဒဏ်ရာရသွားတာ။”

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် ဗန်းဗွီးကျေးရွာသူ မစမ်းစမ်းအေး ဖြစ်သည်။

“မိုင်းနင်းမိပြီးမှ သူကနည်းနည်းဝေးတယ်ဆိုတော့ သူကသယ်လာတာ ကြာတာပေါ့ သယ်လာပြီးမှ လမ်း တစ်ပိုင်းမှာ သူက ဒီရွာ မရောက်ခင် သူက သေဆုံးသွားတာပေါ့။” ဟု ၎င်း၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ဒေါ်မထွေးနှင့် ဒေါ်လပြည့်မတို့လည်း ညာဘက်လက်တံတောင်စစ် နှင့် မျက်နှာများတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ယခုခါ ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ဒေသခံများ မကြာ ခဏထိခိုက်ဒဏ်ရာများရရှိခြင်း၊ ထိခိုက်သေဆုံးခြင်းများ ဖြစ်ပေါ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောသည်။

“ပုဏ္ဏားကျွန်းက အဲဖက်မှာ က မိုင်းခဏခဏ ကွဲတယ်။ နင်းမိုင်းတွေပဲ အဲဒီဒေသက လူတွေက တောတောင်တွေမှာ ရှာဖွေစားသောက် ရတာလေ တစ်နေ့စာ တောထဲသွားတယ်။ ထင်းရှာ ဝဥတူး အဲလိုမျိုးတွေ ဟင်းရှာ အဲလိုမျိုးတွေက သွားတာက နေ့စဉ်သွားရတယ်။ သွားတော့ မိုင်းနင်းမိတာပါ။ အဲဒီနေရာမှာ စစ်စခန်းတွေလည်းရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်ခဲ့တာတွေရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် အသီးသီးက ကျေးရွာများတွင် မြေမြှုပ်မိုင်းနှင့် အခြားသော မိုင်းအမျိုးမျိုးနှင့် ပတ်သက်သည့် ပညာပေးလုပ် ငန်းများ လုပ်ဆောင်ပေးသင့်သည်ဟုလည်း ဦးခင်မောင်လတ် က ဆက်ပြောသည်။

“ဒီလိုမျိုး အခြေအနေမှာ မဖြစ်သင့်ဘူးပေါ့။ အစိုးရက အခုနက ပြောသလို ပညာပေးလုပ်ငန်းတွေ ကာ ကွယ် စောင့်ရှောက်ရေး ကူညီရေး လုပ်ငန်းတွေက အများကြီး မိုင်းရှာကိရိယာတွေက ပညာပေးရေး အစိုးရ လုပ်ပေးရမှာ။ အဲဒါက ဝယ်သံတာမကြားသေးဘူး မိုင်းရှာတဲ့ တစ်ကိုယ်သုံး မိုင်းရှာတဲ့ ကိရိယာတွေက အဲဒါ မျိုးတွေ ဝယ်ပေးရမှာပေါ့နော်။”

ယခုမြေမြှုပ်မိုင်းပေါက်ကွဲခဲ့သည့် နေရာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ၂၀၁၉ ခုနှစ်အထိ တပ်မ တော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သို့သော်လည်း အဆိုပါမြေမြှုပ်မိုင်းမှာ မည်သူမည်ဝါ မည်သည့် အဖွဲ့အစည်းများ ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရဟု ဆိုကြသည်။

*** ZAWGYI ***
ပုဏၰားကြၽန္းၿမိဳ႕နယ္ ႐ြာသူမ်ား မိုင္းနင္းမိ၊ တစ္ဦးေသ ႏွစ္ဦးဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၀ ရက္။

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း ေျမျမဳပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ေဒသခံ တစ္ဦး ေသဆုံးကာ ႏွစ္ဦး ဒဏ္ရာရွိခဲ့သည္ဟု ေက်း႐ြာေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား က ေျပာသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔က ဗန္းဗြီးေက်း႐ြာမွ ႐ြာသား ၆ ဦးသည္ ေတာထဲသို႔ ဝဥ သြားရွာရာ ေျမျမဳပ္မိုင္း ေပါက္ကြဲခဲ့ျခင္းျဖစ္သည္ဟု ထိခိုက္ေသဆုံးသူမ်ားထဲမွ တစ္ဦး၏ မိသားစုဝင္က ေျပာ သည္။

“မနက္ပိုင္း ထမင္းစားၿပီးေတာ့ အေဖာ္ နဲ႔ ၆ ေယာက္ သူကဖ်ံဥ သြားၿပီးေတာ့ တူးတာေပါ့ သြားၿပီးရွာတာေပါ့။ ဖ်ံဥသြားရွာၿပီးေတာ့ ေန႔လည္ပိုင္း ၁ နာရီဝန္းက်င္မွာ က်ေနာ္တို႔က မိုင္းေပါက္ကြဲသံကို ၾကားတယ္။ ၂ နာရီေက်ာ္ ၃ နာရီခြဲမွ သတင္းၾကား တယ္။ ၾကားၾကားခ်င္းသြားတဲ့အခါမွာေတာ့ သူ႔ကို ေခၚလာခဲ့တာေပါ့ ေခၚလာၿပီးေတာ့ လမ္းတစ္ပိုင္းမွာ သူက အသက္မရွိေတာ့ဘူး။ ေသဆုံးတာ ၁ ေယာက္ ေနာက္ ၿပီးေတာ့ ၂ ေယာက္ က ဒဏ္ရာရသြားတာ။”

ေသဆုံးသူမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ ဗန္းဗြီးေက်း႐ြာသူ မစမ္းစမ္းေအး ျဖစ္သည္။

“မိုင္းနင္းမိၿပီးမွ သူကနည္းနည္းေဝးတယ္ဆိုေတာ့ သူကသယ္လာတာ ၾကာတာေပါ့ သယ္လာၿပီးမွ လမ္း တစ္ပိုင္းမွာ သူက ဒီ႐ြာ မေရာက္ခင္ သူက ေသဆုံးသြားတာေပါ့။” ဟု ၎၏ မိသားစုဝင္တစ္ဦး က ေျပာသည္။

ေဒၚမေထြးႏွင့္ ေဒၚလျပည့္မတို႔လည္း ညာဘက္လက္တံေတာင္စစ္ ႏွင့္ မ်က္ႏွာမ်ားတြင္ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့ၾကၿပီး ယခုခါ ယိုးတ႐ုတ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု သိရသည္။

ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း ယခုကဲ့သို႔ မိုင္းေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားလွ်က္ရွိၿပီး ေဒသခံမ်ား မၾကာ ခဏထိခိုက္ဒဏ္ရာမ်ားရရွိျခင္း၊ ထိခိုက္ေသဆုံးျခင္းမ်ား ျဖစ္ေပၚေနသည္ဟု ပုဏၰားကြၽန္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ က ေျပာသည္။

“ပုဏၰားကြၽန္းက အဲဖက္မွာ က မိုင္းခဏခဏ ကြဲတယ္။ နင္းမိုင္းေတြပဲ အဲဒီေဒသက လူေတြက ေတာေတာင္ေတြမွာ ရွာေဖြစားေသာက္ ရတာေလ တစ္ေန႔စာ ေတာထဲသြားတယ္။ ထင္းရွာ ဝဥတူး အဲလိုမ်ိဳးေတြ ဟင္းရွာ အဲလိုမ်ိဳးေတြက သြားတာက ေန႔စဥ္သြားရတယ္။ သြားေတာ့ မိုင္းနင္းမိတာပါ။ အဲဒီေနရာမွာ စစ္စခန္းေတြလည္းရွိတယ္။ တိုက္ပြဲေတြလည္း ျဖစ္ခဲ့တာေတြရွိတယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ တိုက္ပြဲမ်ား၊ စစ္ေရးပဋိပကၡမ်ား ဆက္တိုက္ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္ အသီးသီးက ေက်း႐ြာမ်ားတြင္ ေျမျမႇဳပ္မိုင္းႏွင့္ အျခားေသာ မိုင္းအမ်ိဳးမ်ိဳးႏွင့္ ပတ္သက္သည့္ ပညာေပးလုပ္ ငန္းမ်ား လုပ္ေဆာင္ေပးသင့္သည္ဟုလည္း ဦးခင္ေမာင္လတ္ က ဆက္ေျပာသည္။

“ဒီလိုမ်ိဳး အေျခအေနမွာ မျဖစ္သင့္ဘူးေပါ့။ အစိုးရက အခုနက ေျပာသလို ပညာေပးလုပ္ငန္းေတြ ကာ ကြယ္ ေစာင့္ေရွာက္ေရး ကူညီေရး လုပ္ငန္းေတြက အမ်ားႀကီး မိုင္းရွာကိရိယာေတြက ပညာေပးေရး အစိုးရ လုပ္ေပးရမွာ။ အဲဒါက ဝယ္သံတာမၾကားေသးဘူး မိုင္းရွာတဲ့ တစ္ကိုယ္သုံး မိုင္းရွာတဲ့ ကိရိယာေတြက အဲဒါ မ်ိဳးေတြ ဝယ္ေပးရမွာေပါ့ေနာ္။”

ယခုေျမျမႇဳပ္မိုင္းေပါက္ကြဲခဲ့သည့္ ေနရာသည္ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစတင္၍ ၂၀၁၉ ခုႏွစ္အထိ တပ္မ ေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့သည့္ ေနရာျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

သို႔ေသာ္လည္း အဆိုပါေျမျမႇဳပ္မိုင္းမွာ မည္သူမည္ဝါ မည္သည့္ အဖြဲ႕အစည္းမ်ား ေထာင္ထားသည့္ မိုင္းျဖစ္သည္ကို မသိရဟု ဆိုၾကသည္။