ရေးတွင် နိုင်ငံရေး ပါတီများ အင်အားထောင်သောင်းချီ မဲဆွယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြသည့် နိုင်ငံရေးပါတီအချို့ ဝန်းရံသူ အင်အားထောင်ချီဖြင့် အပြိုင် မဲဆွယ်လာကြ သည့်အတွက် ပါတီများအကြား ပွတ်တိုက်မှုများ မဖြစ်အောင် စိစစ်ပြီး ခွင့်ပြုပေးနေရသည်ဟု မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ က ပြောသည်။
နိုင်ငံရေးပါတီ ၇ ပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ပြိုင်ကြမည့် ရေးမြို့နယ်တွင် အဓိက ပါတီ ကြီး ၅ ပါတီ က အင်အားနှင့် အပြိုင် မဲဆွယ်နေကြသည့်အတွက် အင်အားပြသည့် ပါတီအချင်းချင်းကြား ပွတ်တိုက်မှုများ မဖြစ်အောင် စိစစ်ပြီး ခွင့်ပြုပေးနေသည်ဟု ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီသွေး က ပြောသည်။
“ရေးမှာက NLD ပြည်ခိုင်ဖြိုး UPP မွန်ညီညွတ်ရေးပါတီ UDP အဓိက လှည့်တယ်။ တော်တော်ကို လှည့်တယ်၊၊ ကျနော်တို့အနေနဲ့က သူတို့ (မဲဆွယ်လှည့်လည်ဖို့) လာတင်ရင် တစ်ဖွဲ့က လာတင်တယ် နောက်တစ်ဖွဲ့ လာတင်ရင် ကျနော်တို့က စစ်ဆေးတယ်။ ဥပမာ လမ်းကြောင်းပေါ့နော် တစ်ဖွဲ့က တောင်ပိုင်းသွားမယ် နောက်တစ်ဖွဲ့လည်း တောင်ပိုင်းပဲဆိုရင် ထပ်နေရင် ခွင့်မပြုဘူး။ တစ်ဖွဲ့က တောင်ပိုင်းသွားမယ် နောက်တစ်ဖွဲ့က မြောက်ပိုင်း သွားရင် လမ်းကြောင်းလွဲနေရင် ခွင့်ပြုတယ်။ လမ်းကြောင်း ထပ်နေရင် အဓိက ပွတ်တိုက်မှု ဖြစ်မှာ စိုးလို့လေ။”
မဲဆွယ်စည်းရုံးရေး ကာလအစတွင် COVID-19 ကူးစက်ရောဂါ ကန့်သတ်ချက်ကြောင့် ပါတီအများစုက လူအင်အားများနှင့် မဲဆွယ်စည်းရုံးခြင်း မရှိခဲ့သော်လည်း ယခု မဲဆွယ်ကာလ တစ်လကျော် ကြာလာသည့် အချိန်မှာတော့ ပါတီအချို့တို့က လူအင်အားဖြင့် လှည့်လည်မဲဆွယ်မှုများ လုပ်ဆောင်လာနေ ကြသည်။
နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက် နေ့အထိ သတ်မှတ်ထားသည်။
မွန်ညီညွတ်ရေးပါတီကလည်း ယှဉ်ပြိုင်မှု ပြင်းထန်နိုင်သည့် ရေးမြို့ နယ်နှင့် ချောင်းဆုံမြို့နယ်တို့တွင် ဝန်းရံသူ အင်အား သောင်းနှင့်ချီကာ မဲဆွယ်ခဲ့သည်။
“ကျနော်တို့က ကိုဗစ်သတ်မှတ်ချက်အတိုင်းပေါ့ လူ အယောက် ၅၀ လောက်နဲ့ လှည့်လည် မဲဆွယ်စည်းရုံးတယ် ဒါပေမယ့် ဝန်းရံသူတွေ များနေတယ်။ ဒီဟာက ကျနော်တို့ပါတီတစ်ခုတည်းမဟုတ်ဘူး တခြားပါတီတွေမှာ လည်း ဒီလိုပဲရှိတယ်၊ ကျနော်တို့က လှည့်လည်မဲဆွယ်တာကို ကျေးရွာတွေမှာရော မြို့ပေါ်တွေမှာပါ လုပ်သွားဖို့ ရှိပါတယ်” ဟု မွန်ညီညွတ်ရေးပါတီ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောသည်။
လက်ရှိအနေအထားအရ မွန်ပြည်နယ်အတွင်းက လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် လွှတ် တော် မဲဆန္ဒနယ် ၃၅ နေရာ ဝင်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီတို့က မြို့ နယ်တိုင်းတွင် ဝန်းရံထောက်ခံသူ များ ပြားနေသည်။
နိုင်ငံရေးပါတီအချို့တို့က COVID-19 ကပ်ရောဂါ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပဲ လူအင်အား ထောင်သောင်းချီဖြင့် လှည့်လည်မဲဆွယ်နေခြင်းအပေါ် တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းသင့်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လားနေသည့် မွန်ပြည်နယ် လူထုဆုံရပ် အဖွဲ့ မှ ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်း က ပြောသည်။
ပါတီကြီးအချို့က အင်အားဖြင့် လှည့်လည်မဲဆွယ်စည်းရုံးမှုရှိနေသလို လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေသည့် ပါတီများ၊ ကိုယ်စားလှယ်လောင်းများလည်း ရှိသည်။
လာမည့် နိုဝင်ဘာလ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၇ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ပြိုင်ကြမည်ဖြစ်သည်။
နောက်ဆုံးအကြိမ် မဲစာရင်းအချက်အလက်များ အရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိနေ သည်။
*** ZAWGYI ***
ေရးတြင္ နိုင္ငံေရး ပါတီမ်ား အင္အားေထာင္ေသာင္းခ်ီ မဲဆြယ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
မြန္ျပည္နယ္တြင္ ဝင္ၿပိဳင္ၾကသည့္ ႏိုင္ငံေရးပါတီအခ်ိဳ႕ ဝန္းရံသူ အင္အားေထာင္ခ်ီျဖင့္ အၿပိဳင္ မဲဆြယ္လာၾက သည့္အတြက္ ပါတီမ်ားအၾကား ပြတ္တိုက္မႈမ်ား မျဖစ္ေအာင္ စိစစ္ၿပီး ခြင့္ျပဳေပးေနရသည္ဟု ၿမိဳ႕နယ္ ေရြး ေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ခြဲ က ေျပာသည္။
ႏိုင္ငံေရးပါတီ ၇ ပါတီႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းမ်ား ဝင္ၿပိဳင္ၾကမည့္ ေရးၿမိဳ႕နယ္တြင္ အဓိက ပါတီ ႀကီး ၅ ပါတီ က အင္အားႏွင့္ အၿပိဳင္ မဲဆြယ္ေနၾကသည့္အတြက္ အင္အားျပသည့္ ပါတီအခ်င္းခ်င္းၾကား ပြတ္တိုက္မႈမ်ား မျဖစ္ေအာင္ စိစစ္ၿပီး ခြင့္ျပဳေပးေနသည္ဟု ေရးၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႔ခြဲ ဥကၠ႒ ဦးညီေသြး က ေျပာသည္။
“ေရးမွာက NLD ျပည္ခိုင္ၿဖိဳး UPP မြန္ညီၫြတ္ေရးပါတီ UDP အဓိက လွည့္တယ္။ ေတာ္ေတာ္ကို လွည့္တယ္၊၊ က်ေနာ္တို႔အေနန႔ဲက သူတို႔ (မဲဆြယ္လွည့္လည္ဖို႔) လာတင္ရင္ တစ္ဖြဲ႔က လာတင္တယ္ ေနာက္တစ္ဖြဲ႔ လာတင္ရင္ က်ေနာ္တို႔က စစ္ေဆးတယ္။ ဥပမာ လမ္းေၾကာင္းေပါ့ေနာ္ တစ္ဖြဲ႔က ေတာင္ပိုင္းသြားမယ္ ေနာက္တစ္ဖြဲ႔လည္း ေတာင္ပိုင္းပဲဆိုရင္ ထပ္ေနရင္ ခြင့္မျပဳဘူး။ တစ္ဖြဲ႔က ေတာင္ပိုင္းသြားမယ္ ေနာက္တစ္ဖြဲ႔က ေျမာက္ပိုင္း သြားရင္ လမ္းေၾကာင္းလြဲေနရင္ ခြင့္ျပဳတယ္။ လမ္းေၾကာင္း ထပ္ေနရင္ အဓိက ပြတ္တိုက္မႈ ျဖစ္မွာ စိုးလို႔ေလ။”
မဲဆြယ္စည္းရံုးေရး ကာလအစတြင္ COVID-19 ကူးစက္ေရာဂါ ကန္႔သတ္ခ်က္ေၾကာင့္ ပါတီအမ်ားစုက လူအင္အားမ်ားႏွင့္ မဲဆြယ္စည္း႐ုံးျခင္း မ႐ွိခ့ဲေသာ္လည္း ယခု မဲဆြယ္ကာလ တစ္လေက်ာ္ ၾကာလာသည့္ အခ်ိန္မွာေတာ့ ပါတီအခ်ိဳ႕တို႔က လူအင္အားျဖင့္ လွည့္လည္မဲဆြယ္မႈမ်ား လုပ္ေဆာင္လာေန ၾကသည္။
ႏိုင္ငံေရးပါတီမ်ားအတြက္ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးကာလကို စက္တင္ဘာ ၈ ရက္ေန႔မွ ႏိုဝင္ဘာ ၆ ရက္ ေန႔အထိ သတ္မွတ္ထားသည္။
မြန္ညီၫြတ္ေရးပါတီကလည္း ယွဥ္ၿပိဳင္မႈ ျပင္းထန္ႏိုင္သည့္ ေရးၿမိဳ႕ နယ္ႏွင့္ ေခ်ာင္းဆံုၿမိဳ႕နယ္တို႔တြင္ ဝန္းရံသူ အင္အား ေသာင္းႏွင့့္ခ်ီကာ မဲဆြယ္ခ့ဲသည္။
“က်ေနာ္တို႔က ကိုဗစ္သတ္မွတ္ခ်က္အတိုင္းေပါ့ လူ အေယာက္ ၅၀ ေလာက္နဲ႔ လွည့္လည္ မဲဆြယ္စည္း႐ုံးတယ္ ဒါေပမယ့္ ဝန္းရံသူေတြ မ်ားေနတယ္။ ဒီဟာက က်ေနာ္တို႔ပါတီတစ္ခုတည္းမဟုတ္ဘူး တျခားပါတီေတြမွာ လည္း ဒီလိုပဲ႐ွိတယ္၊ က်ေနာ္တို႔က လွည့္လည္မဲဆြယ္တာကို ေက်းရြာေတြမွာေရာ ၿမိဳ႕ေပၚေတြမွာပါ လုပ္သြားဖို႔ ႐ွိပါတယ္” ဟု မြန္ညီၫြတ္ေရးပါတီ MUP ေျပာေရးဆိုခြင့္႐ွိသူ ႏိုင္စံတင္က ေျပာသည္။
လက္႐ွိအေနအထားအရ မြန္ျပည္နယ္အတြင္းက လႊတ္ေတာ္မဲဆႏၵနယ္ ၄၅ ေနရာစလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ မည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီႏွင့္ လႊတ္ ေတာ္ မဲဆႏၵနယ္ ၃၅ ေနရာ ဝင္ၿပိဳင္မည့္ မြန္ညီညြတ္ေရးပါတီတို႔က ၿမိဳ႕ နယ္တိုင္းတြင္ ဝန္းရံေထာက္ခံသူ မ်ား ျပားေနသည္။
ႏိုင္ငံေရးပါတီအခ်ိဳ႕တို႔က COVID-19 ကပ္ေရာဂါ ဆိုင္ရာစည္းကမ္းသတ္မွတ္ခ်က္မ်ားကို မလိုက္နာပဲ လူအင္အား ေထာင္ေသာင္းခ်ီျဖင့္ လွည့္လည္မဲဆြယ္ေနျခင္းအေပၚ တာဝန္႐ွိသူမ်ားအေနျဖင့္ ထိန္းသိမ္းသင့္သည္ဟု ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လားေနသည့္ မြန္ျပည္နယ္ လူထုဆံုရပ္ အဖြဲ႕ မွ ဥကၠဌ ဦးေမာင္ေမာင္ေဇာ္ထြန္း က ေျပာသည္။
ပါတီႀကီးအခ်ိဳ႕က အင္အားျဖင့္ လွည့္လည္မဲဆြယ္စည္း႐ုံးမႈ႐ွိေနသလို လူမႈကြန္ရက္စာမ်က္ႏွာကို အသံုးျပဳ၍ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ေနသည့္ ပါတီမ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ားလည္း ရွိသည္။
လာမည့္ ႏိုဝင္ဘာလ အတြင္း က်င္းပမည့္ ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ႏိုင္ငံေရးပါတီ ၁၇ ပါတီႏွင့္ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ၁၁ ဦး စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၃၀၂ ဦး ဝင္ၿပိဳင္ၾကမည္ျဖစ္သည္။
ေနာက္ဆံုးအႀကိမ္ မဲစာရင္းအခ်က္အလက္မ်ား အရ မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္႐ွိသူ ၁၈ သိန္းေက်ာ္ ႐ွိေန သည္။