COVID-19 ကာလ ကန့်သတ်ချက်များကြောင့် မဲဆွယ်ပွဲများ အခက်အခဲများရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
COVID-19 ကပ်ရောဂါ ကာလမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ကန့်သတ်ချက်များနှင့် မဲဆွယ် စည်းရုံး နေရသလို၊ ပါတီကြီး/ငယ်ကွာခြားမှုများကြောင့်လည်း ပါတီအောင်နိုင်ရေးတွင် အဟန့်အတားဖြစ်စေနိုင် သည် ဟု ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားပါတီ အချို့ က ပြောသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက် ၍ ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“အခက်အခဲတော့ အများကြီးကြုံရပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုရှိတယ်။ နံပါတ်တစ်။ နောက် ကျနော်တို့ ဝန်း ရံသူတွေက ကျနော်တို့ ဝန်းရံဖို့ မဲထည့်ပုံထည့်နည်းတွေကို သင်ပေးတယ်။ အဲ့ဒါကိုလည်း အတိုင်ခံရတယ်။ နောက်ပြီးတော့ COVID ကာလလည်း ဖြစ်တဲ့အခါကြတော့ ၅၀ ထပ်မပိုရဆိုပြီးမှ အင်အားပြတဲ့ကိစ္စလည်း ကန့် သတ်ထားတာပေါ့ဗျာ။ အဲ့ခါကြတော့ ဟိုဘက်က ပြတာတော့ မတားဘူး။ ဒီဘက်က ပြတာတော့ တားတာတွေ တွေ့ရတယ်ပေါ့။ တားတယ်ဆိုတာလည်း တရားဝင်စာနဲ့တားတာ မဟုတ်ဘူး။ ဖုန်းနဲ့လှမ်းပြီး ပြောတာပေါ့လေ။ လူများရင်ခွင့်မပြုဘူးဆိုတာမျိုးတွေလှမ်းပြောတယ်။ နောက်ပြီး NLD ကနေ မဲဆွယ်စည်းရုံးရေး အင်အားပြနေ ကြတယ်။ မိုးညှင်းမြို့နယ်မှာ။ ကော်မရှင်ကိုလှမ်းမေးတယ်။ NLD က အခုအင်အားပြနေတာ ကော်မရှင်ကို လာ တင်လားဆို တစ်ခုမှ မတင်သေးဘူးတဲ့။ သူတို့ကျတော့ မတင်ပဲနဲ့ ကျနော်တို့ ပါတီက အင်အားပြတာကို ကျ တော့ အောက်ခြေက NLD က ကော်မရှင်ကို လှမ်းတိုင်တယ်။ ဒါတွေက မကောင်းဘူးလို့ ကျနော်ထင်တာ ပေါ့။”
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ဒေသ အလိုက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီပြည်သူများထံ စည်းရုံးသွားနေကြပြီး၊ ရိုးရာဓလေ့ တစ်ခု ဖြစ်သည့် ရေနွေးကြမ်းဝိုင်းထိုင် အိမ်လည်ကာ ပါတီမူဝါဒများကို လိုက်လံချပြခြင်းများ လုပ်ဆောင်နေ သည်ဟု စိုင်းဌေးအောင် က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြီးခဲ့သည့်လက စတင်၍ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်း လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များကို လိုက်နာရမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်သတ်ချက်များကြောင့် တိုင်းရင်းသား ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲများကို ဖြစ်ပေါ်စေသည် ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်လောင်း ဦးနောင်လတ် က ပြောသည်။
“ဖားကန့်ဒေသမှာက ဒီ COVID ကိစ္စရယ် ပြီးလို့ရှိရင် ပုံစံ ၃(က) က အကျပ်အတည်းတစ်ခုဖြစ်နေတာပေါ့။ ရွေး ကောက်က သတ်မှတ်တဲ့အချိန်မှာ ကြေညာတာမဟုတ်ပဲနဲ့ အခုချိန် မှာ စာထွက်လာတယ်၊ ပြီးခဲ့တဲ့အပတ်က ထွက်လာတာပေါ့၊ ဖုတ်ပူမီးတိုက်လုပ်တာမျိုး ဖြစ်နေတော့။ ဒီ COVID ရယ်။ ကချင်ပြည်နယ်မှာ Lock down ကာလမှာ ငွေရေးကြေးရေးအစပေါ့၊ ပြင်ဆင်တဲ့ သင်ထောက်ကူပစ္စည်းတွေက အစ သွားရေးလာရေးက အစ ပေါ့နော်။ ဆိုတော့ တချို့လူတွေက ကိုဗစ်ကာလဖြစ်တဲ့အခါကြတော့ မဲဆွယ် စည်းရုံးရေးလုပ်တဲ့အခါမှာ ပြည် သူနဲ့တွေ့တဲ့အချိန်မှာ COVID အတားအဆီးကြောင့် စိုးရိမ်ကြတယ်။ ကြောက်ကြတယ်။ အင်အားကြီးပါတီ တွေကတော့ လုပ်ပြီးပါပြီ။ ပြည်နယ်အခြေဆိုက်ပါတီတွေကတော့ အခက်အခဲဖြစ် နေတာပေါ့” ဟု ဦးနောင် လတ် က ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိကျသေချာတဲ့ ထုတ်ပြန်ချက်တွေကို အချိန်မှီထုတ်တာမျိုး လုပ်စေချင် တယ်။ အခုက ထုတ်ပြန်ချက်တွေက နီးကပ်မှ ထုတ်နေကြတာလေ။ တခါတလေ ကျန်းမာရေးဝန်ကြီးဌာန က လည်း တစ်မျိုးထုတ်၊ ဒေသအစိုးရကလည်း တစ်မျိုးထုတ် ရွေးကော်ကလည်း တစ်မျိုးထုတ်တော့ အဆင် မပြေ ဘူး။ ဌာနဆိုင်ရာတွေက တစ်မျိုး၊ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်ကတစ်မျိုး၊ အဲ့လိုဖြစ်နေတော့ ကျနော်တို့ မြေ ပြင်ဆင်းရတဲ့အခါမှာ ခက်ခဲမှုတွေက အတိုင်းအထက်လွန်ကြုံနေရတာပေါ့နော်။”
ဖားကန့် ဒေသအတွင်း အင်အားကြီး ပြည်မပါတီများက စည်းရုံးဆင်းနေကြကြောင်း၊ ပါတီအင်အားပြမှုများ လည်း လုပ်ဆောင်သည်ဟု ဦးနောင်လတ်က ဆက်ပြောသည်။
“ပြည်မပါတီတွေက အခက်အခဲရှိပေမယ့် ကျနော်တို့ တိုင်းရင်းသား အခြေဆိုက်ပါတီတွေလောက် အခက်အခဲ မရှိနိုင်ဘူး။ တချို့အင်အားကြီးပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ပြီးပါပြီ။ ဘယ်ပါတီရယ်လို့တော့ မသုံးနှုန်းဘူး။ ပါတီကြီးတွေပေါ့ ပြည်မပါတီတွေကတော့ ဖားကန့်မှာ နှစ်ပါတီ သုံးပါတီရှိတာပေါ့။ ပြည်နယ် အခြေဆိုက်တွေက သူတို့ထက်စိန်ခေါ်မှု အခက်အခဲရှိတာပေါ့။ စည်းရုံးရေးလည်း အင်နဲ့အားနဲ့ မလုပ်နိုင်သေး ဘူး။”
ကချင်ပြည်နယ် ပြည်သူ့ ပါတီ KSPP လူငယ်ရေးရာ တာဝန်ခံ ကိုနော်ခုန့်က ၎င်းတို့ ကြုံတွေ့နေရသည့် အခြေ အနေများနှင့် ပတ်သက်၍ “ကျနော်တို့က ပြည်နယ်ခြေဆိုက်ဆိုတော့ ပြည်နယ်လို့ ထည့်တာပေါ့။ သူတို့က နိုင် ငံသားလို့ပြင်ခိုင်းတာက ပါတီတစ်ခုရဲ့ မူဝါဒကို ဝင်ပြီးစွက်ဖက်တာပေါ့။ ပြီးတော့ ကျနော်တို့က ပါတီစည်းရုံးရေး ကို စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်နေတယ်။ ဒါပေမယ့် လက်ရှိအစိုးရကသူတို့ ထုတ်ပြန်ပေမယ့်လည်း သူတို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း မဖြစ်နေတာကို တွေ့ရတယ်။ သူတို့ လူတွေ ထောင်သောင်းချီပြီး မဲဆွယ်စည်းရုံးရေးလုပ်နေတာကို တွေ့တဲ့အခါမှာ ပြောစရာတော့မရှိဘူး။ ဒါကို ကျနော်တို့က မှတ်ထားတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်းက ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းနှင့် လမ်းဖောက်လုပ်ရေးစီမံကိန်းများတွင် အလုပ် လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်၊ ပုံ(၃) က ထုတ်ပြန်ချက်နှင့် ဒေသအတွင်း အသွား အလာကန့်သတ်မှုများကြောင့်လည်း စည်းရုံးရေးလုပ်ငန်းစဉ်တွေ အခက်အခဲဖြစ်စေသည်ဟု ကချင်နိုင်ငံရေး ပါတီများ က ပြောသည်။
“လူဦးရေ တအားနည်းတဲ့ မဲဆန္ဒနယ်မှာ ပြည်မပါတီတွေက မဲရယူဖို့ လုပ်နေတာ တွေကို တွေ့ရတယ်။ ဒါက ဘာလဲဆိုတော့ အင်ဂျန်းယန်မြို့နယ်ထဲမှာ ရက်ပါင်း ၉၀ အတွင်းလည်း မဟုတ်ဘူး။ တစ်လအတွင်းပေါ့ ပြီးခဲ့တဲ့ နှစ်ပတ်လောက် သုံးပတ်လောက်အတွင်းမှာလည်း ပုံစံ ၁၀ နဲ့ပြောင်းပြီးတော့ မဲပေးဖို့ သက်သက်လုပ်ခိုင်း တာ တွေ တွေ့ရတယ်။ ပြီးတော့ ဆွမ်ပရာဘွမ်ဘက်မှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို ရွေးကောက်ပွဲလုပ်မယ့် နှစ်မှ စီမံကိန်းတွေ ချပေးတာ ဒါတွေက ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့။ အာဏာရ ပါတီနဲ့ ပြည်မပါတီတွေက လုပ်ဆောင်နေတွေကို လုံးဝမကြိုက်ဘူး” ဟု ကိုနော်ခုန့်က ဆက်ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီ ခန့်ရှိပြီး တိုင်းရင်းသားပါတီ ၁၀ ပါတီခန့်ရှိသည်ဟု ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ ရုံးခွဲထံက သိရသည်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကော်မရှင်ရှင် ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်း နီးပါ ခန့်ရှိသည်။
*** ZAWGYI ***
COVID-19 ကာလ ကန္႔သတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္ပြဲမ်ား အခက္အခဲမ်ားရွိေန
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
COVID-19 ကပ္ေရာဂါ ကာလမွာ က်င္းပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ကန႔္သတ္ခ်က္မ်ားႏွင့္ မဲဆြယ္ စည္း႐ုံး ေနရသလို၊ ပါတီႀကီး/ငယ္ကြာျခားမႈမ်ားေၾကာင့္လည္း ပါတီေအာင္ႏိုင္ေရးတြင္ အဟန႔္အတားျဖစ္ေစႏိုင္ သည္ ဟု ကခ်င္ျပည္နယ္အတြင္းက တိုင္းရင္းသားပါတီ အခ်ိဳ႕ က ေျပာသည္။
တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ စိုင္းေဌးေအာင္က မဲဆြယ္စည္းရံုးေရးႏွင့္ ပတ္သက္ ၍ ႀကံဳေနရသည့္ အခက္အခဲမ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။
“အခက္အခဲေတာ့ အမ်ားႀကီးႀကံဳရပါတယ္။ ပုဂၢိဳလ္ေရးတုိက္ခုိက္မႈရွိတယ္။ နံပါတ္တစ္။ ေနာက္ က်ေနာ္တုိ႔ ဝန္း ရံသူေတြက က်ေနာ္တုိ႔ ဝန္းရံဖို႔ မဲထည့္ပံုထည့္နည္းေတြကို သင္ေပးတယ္။ အဲ့ဒါကိုလည္း အတုိင္ခံရတယ္။ ေနာက္ၿပီးေတာ့ COVID ကာလလည္း ျဖစ္တဲ့အခါၾကေတာ့ ၅၀ ထပ္မပိုရဆိုၿပီးမွ အင္အားျပတဲ့ကိစၥလည္း ကန္႔ သတ္ထားတာေပါ့ဗ်ာ။ အဲ့ခါၾကေတာ့ ဟိုဘက္က ျပတာေတာ့ မတားဘူး။ ဒီဘက္က ျပတာေတာ့ တားတာေတြ ေတြ႕ရတယ္ေပါ့။ တားတယ္ဆိုတာလည္း တရားဝင္စာနဲ႔တားတာ မဟုတ္ဘူး။ ဖုန္းနဲ႔လွမ္းၿပီး ေျပာတာေပါ့ေလ။ လူမ်ားရင္ခြင့္မျပဳဘူးဆိုတာမ်ိဳးေတြလွမ္းေျပာတယ္။ ေနာက္ၿပီး NLD ကေန မဲဆြယ္စည္းရံုးေရး အင္အားျပေန ၾကတယ္။ မိုးညွင္းၿမိဳ႕နယ္မွာ။ ေကာ္မရွင္ကိုလွမ္းေမးတယ္။ NLD က အခုအင္အားျပေနတာ ေကာ္မရွင္ကို လာ တင္လားဆို တစ္ခုမွ မတင္ေသးဘူးတဲ့။ သူတုိ႔က်ေတာ့ မတင္ပဲနဲ႔ က်ေနာ္တို႔ ပါတီက အင္အားျပတာကို က် ေတာ့ ေအာက္ေျခက NLD က ေကာ္မရွင္ကို လွမ္းတုိင္တယ္။ ဒါေတြက မေကာင္းဘူးလို႔ က်ေနာ္ထင္တာ ေပါ့။”
တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ က ကိုယ္စားလွယ္ေလာင္းမ်ားသည္ သက္ဆုိင္ရာ ေဒသ အလိုက္ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအတြင္းရွိ ရွမ္းနီျပည္သူမ်ားထံ စည္းရံုးသြားေနၾကၿပီး၊ ရိုးရာဓေလ့ တစ္ခု ျဖစ္သည့္ ေရေႏြးၾကမ္းဝိုင္းထိုင္ အိမ္လည္ကာ ပါတီမူဝါဒမ်ားကို လိုက္လံခ်ျပျခင္းမ်ား လုပ္ေဆာင္ေန သည္ဟု စိုင္းေဌးေအာင္ က ေျပာသည္။
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကလည္း ၿပီးခဲ့သည့္လက စတင္၍ ေ႐ြးေကာက္ပြဲဆိုင္ရာ စုေဝးေဟာ ေျပာျခင္းႏွင့္ မဲဆြယ္စည္း႐ုံးျခင္း ဆိုင္ရာ အေျခအေနမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီမ်ား အေနျဖင့္ မဲဆြယ္စည္း႐ုံးရာတြင္ COVID-19 ေရာဂါ ကာကြယ္ထိန္း ခ်ဳပ္ေရးဆိုင္ရာ က်န္းမာေရး စံလုပ္ငန္း လမ္းၫႊန္ခ်က္ႏွင့္ သက္ဆိုင္ရာက အခ်ိန္ကာလ/ေနရာေဒသအလိုက္ ထုတ္ျပန္သည့္ က်န္းမာေရးဆိုင္ရာ အမိန႔္မ်ား၊ လမ္းၫႊန္ခ်က္မ်ားကို လိုက္နာရမည္ဟု ထုတ္ျပန္ထားသည္။
အဆိုပါ ကန႔္သတ္ခ်က္မ်ားေၾကာင့္ တိုင္းရင္းသား ပါတီမ်ားအေနျဖင့္ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ရာတြင္ အခက္အခဲမ်ားကို ျဖစ္ေပၚေစသည္ ဟု ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ၏ ဖားကန႔္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ ကိုယ္ စားလွယ္ေလာင္း ဦးေနာင္လတ္ က ေျပာသည္။
“ဖားကန္႔ေဒသမွာက ဒီ COVID ကိစၥရယ္ ၿပီးလို႔ရွိရင္ ပံုစံ ၃(က) က အက်ပ္အတည္းတစ္ခုျဖစ္ေနတာေပါ့။ ေရြး ေကာက္က သတ္မွတ္တဲ့အခ်ိန္မွာ ေၾကညာတာမဟုတ္ပဲနဲ႔ အခုခ်ိန္ မွာ စာထြက္လာတယ္၊ ၿပီးခဲ့တဲ့အပတ္က ထြက္လာတာေပါ့၊ ဖုတ္ပူမီးတို္က္လုပ္တာမ်ိဳး ျဖစ္ေနေတာ့။ ဒီ COVID ရယ္။ ကခ်င္ျပည္နယ္မွာ Lock down ကာလမွာ ေငြေရးေၾကးေရးအစေပါ့၊ ျပင္ဆင္တဲ့ သင္ေထာက္ကူပစၥည္းေတြက အစ သြားေရးလာေရးက အစ ေပါ့ေနာ္။ ဆိုေတာ့ တခ်ိဳ႕လူေတြက ကိုဗစ္ကာလျဖစ္တဲ့အခါၾကေတာ့ မဲဆြယ္ စည္းရံုးေရးလုပ္တဲ့အခါမွာ ျပည္ သူနဲ႔ေတြ႕တဲ့အခ်ိန္မွာ COVID အတားအဆီးေၾကာင့္ စိုးရိမ္ၾကတယ္။ ေၾကာက္ၾကတယ္။ အင္အားႀကီးပါတီ ေတြကေတာ့ လုပ္ၿပီးပါၿပီ။ ျပည္နယ္အေျခဆုိက္ပါတီေတြကေတာ့ အခက္အခဲျဖစ္ ေနတာေပါ့” ဟု ဦးေနာင္ လတ္ က ေျပာသည္။
“ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ တိက်ေသခ်ာတဲ့ ထုတ္ျပန္ခ်က္ေတြကို အခ်ိန္မွီထုတ္တာမ်ိဳး လုပ္ေစခ်င္ တယ္။ အခုက ထုတ္ျပန္ခ်က္ေတြက နီးကပ္မွ ထုတ္ေနၾကတာေလ။ တခါတေလ က်န္းမာေရးဝန္ႀကီးဌာန က လည္း တစ္မ်ိဳးထုတ္၊ ေဒသအစိုးရကလည္း တစ္မ်ိဳးထုတ္ ေရြးေကာ္ကလည္း တစ္မ်ိဳးထုတ္ေတာ့ အဆင္ မေျပ ဘူး။ ဌာနဆုိင္ရာေတြက တစ္မ်ိဳး၊ ျပည္နယ္အစိုးရရဲ႕ ထုတ္ျပန္ခ်က္ကတစ္မ်ိဳး၊ အဲ့လိုျဖစ္ေနေတာ့ က်ေနာ္တုိ႔ ေျမ ျပင္ဆင္းရတဲ့အခါမွာ ခက္ခဲမႈေတြက အတုိင္းအထက္လြန္ႀကံဳေနရတာေပါ့ေနာ္။”
ဖားကန္႔ ေဒသအတြင္း အင္အားႀကီး ျပည္မပါတီမ်ားက စည္းရံုးဆင္းေနၾကေၾကာင္း၊ ပါတီအင္အားျပမႈမ်ား လည္း လုပ္ေဆာင္သည္ဟု ဦးေနာင္လတ္က ဆက္ေျပာသည္။
“ျပည္မပါတီေတြက အခက္အခဲရွိေပမယ့္ က်ေနာ္တုိ႔ တုိင္းရင္းသား အေျခဆို္က္ပါတီေတြေလာက္ အခက္အခဲ မရွိႏုိင္ဘူး။ တခ်ိဳ႕အင္အားႀကီးပါတီေတြကေတာ့ မဲဆြယ္စည္းရံုးေရးေတြ လုပ္ၿပီးပါၿပီ။ ဘယ္ပါတီရယ္လို႔ေတာ့ မသံုးႏႈန္းဘူး။ ပါတီႀကီးေတြေပါ့ ျပည္မပါတီေတြကေတာ့ ဖားကန္႔မွာ ႏွစ္ပါတီ သံုးပါတီရွိတာေပါ့။ ျပည္နယ္ အေျခဆိုက္ေတြက သူတို႔ထက္စိန္ေခၚမႈ အခက္အခဲရွိတာေပါ့။ စည္းရံုးေရးလည္း အင္နဲ႔အားနဲ႔ မလုပ္ႏုိင္ေသး ဘူး။”
ကခ်င္ျပည္နယ္ ျပည္သူ႔ ပါတီ KSPP လူငယ္ေရးရာ တာဝန္ခံ ကိုေနာ္ခုန္႔က ၎တို႔ ႀကံဳေတြ႕ေနရသည့္ အေျခ အေနမ်ားႏွင့္ ပတ္သက္၍ “က်ေနာ္တုိ႔က ျပည္နယ္ေျခဆုိက္ဆိုေတာ့ ျပည္နယ္လို႔ ထည့္တာေပါ့။ သူတို႔က ႏိုင္ ငံသားလို႔ျပင္ခုိင္းတာက ပါတီတစ္ခုရဲ႕ မူဝါဒကို ဝင္ၿပီးစြက္ဖက္တာေပါ့။ ၿပီးေတာ့ က်ေနာ္တုိ႔က ပါတီစည္းရံုးေရး ကို စည္းမ်ဥ္းစည္းကမ္းအတုိင္း လုပ္ေနတယ္။ ဒါေပမယ့္ လက္ရွိအစိုးရကသူတို႔ ထုတ္ျပန္ေပမယ့္လည္း သူတုိ႔ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအတုိင္း မျဖစ္ေနတာကို ေတြ႕ရတယ္။ သူတို႔ လူေတြ ေထာင္ေသာင္းခ်ီၿပီး မဲဆြယ္စည္းရံုးေရးလုပ္ေနတာကို ေတြ႕တဲ့အခါမွာ ေျပာစရာေတာ့မရွိဘူး။ ဒါကို က်ေနာ္တုိ႔က မွတ္ထားတယ္” ဟု ေျပာသည္။
ကခ်င္ျပည္နယ္အတြင္းက ေက်ာက္စိမ္း တူးေဖာ္ေရးလုပ္ငန္းႏွင့္ လမ္းေဖာက္လုပ္ေရးစီမံကိန္းမ်ားတြင္ အလုပ္ လုပ္ေနၾကသည့္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား မဲေပးခြင့္၊ ပံု(၃) က ထုတ္ျပန္ခ်က္ႏွင့္ ေဒသအတြင္း အသြား အလာကန္႔သတ္မႈမ်ားေၾကာင့္လည္း စည္းရံုးေရးလုပ္ငန္းစဥ္ေတြ အခက္အခဲျဖစ္ေစသည္ဟု ကခ်င္ႏုိင္ငံေရး ပါတီမ်ား က ေျပာသည္။
“လူဦးေရ တအားနည္းတဲ့ မဲဆႏၵနယ္မွာ ျပည္မပါတီေတြက မဲရယူဖုိ႔ လုပ္ေနတာ ေတြကို ေတြ႕ရတယ္။ ဒါက ဘာလဲဆုိေတာ့ အင္ဂ်န္းယန္ၿမိဳ႕နယ္ထဲမွာ ရက္ပါင္း ၉၀ အတြင္းလည္း မဟုတ္ဘူး။ တစ္လအတြင္းေပါ့ ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္ သံုးပတ္ေလာက္အတြင္းမွာလည္း ပံုစံ ၁၀ နဲ႔ေျပာင္းၿပီးေတာ့ မဲေပးဖုိ႔ သက္သက္လုပ္ခိုင္း တာ ေတြ ေတြ႕ရတယ္။ ၿပီးေတာ့ ဆြမ္ပရာဘြမ္ဘက္မွာလည္း ေရႊ႕ေျပာင္းလုပ္သားေတြကို ေရြးေကာက္ပြဲလုပ္မယ့္ ႏွစ္မွ စီမံကိန္းေတြ ခ်ေပးတာ ဒါေတြက က်ေနာ္တုိ႔အတြက္ စိန္ေခၚမႈေပါ့။ အာဏာရ ပါတီနဲ႔ ျပည္မပါတီေတြက လုပ္ေဆာင္ေနေတြကို လံုးဝမႀကိဳက္ဘူး” ဟု ကိုေနာ္ခုန္႔က ဆက္ေျပာသည္။
ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ ၾကမည့္ ႏိုင္ငံေရးပါတီေပါင္း ၁၇ ပါတီ ခန႔္ရွိၿပီး တိုင္းရင္းသားပါတီ ၁၀ ပါတီခန္႔ရွိသည္ဟု ျပည္နယ္ ေ႐ြးေကာက္ ပြဲေကာ္မရွင္အဖြဲ႕ ႐ုံးခြဲထံက သိရသည္။
ကခ်င္ျပည္နယ္အတြင္း ေရြးေကာက္ပြဲေကာ္မရွင္ရွင္ ထုတ္ျပန္ခ်က္အရ မဲေပးပိုင္ခြင့္ရွိသူ ၁၁ သိန္း နီးပါ ခန္႔ရွိသည္။