COVID-19 ကန့်သတ်မှုများကြောင့် ရခိုင်ပဋိပက္ခဒေသ လူ့အခွင့်အရေးမှတ်တမ်းယူရန် ခက်ခဲ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
စစ်ရေးပဋိပက္ခများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသများတွင် COVID-19 ကပ်ရောဂါ နှင့်ဆိုင်သည့် တားမြစ်မှုများနှင့် လုံခြုံရေးအခြေအနေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူနိုင်ရေး ခက်ခဲနေသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ယခုကဲ့သို့ ပြောသည်။
“ကျနော်တို့က ကိုဗစ်မဖြစ်ခင်က ကျနော်တို့ လုံခြုံရေး ပြဿနာရှိတဲ့အတွက်ကြောင့်မို့လို့ ဒီသွားလာတဲ့ နေရာ မှာ အထူးသဖြင့် စစ်ရေးလှုပ်ရှားမှုတွေနဲ့ မတိုးမိအောင် ကျနော်တို့ သတိထားရတယ်ပေါ့လေ။ နောက်တစ်ခါ မိုင်း ကွဲ ပြီးတော့ တိုက်ပွဲထဲကို မရောက်အောင် သတိထားရတယ်ပေါ့။ နောက် COVID ဖြစ်လာတဲ့အခါကျတော့ ဒီသွားရောက် ကူညီနေရင်းနဲ့ သူများတွေဆီက ကိုယ့်ဆီကို ကူးစက်လာမှာကိုလည်း ကြောက်တယ်။ ကိုယ်က လည်းပဲ မတော်တဆ ကိုယ့်ဆီမှာ ပိုးစက်ခံနေရတာကို မသိပဲနဲ့ သွားလာတဲ့အခါမှာ ကိုယ်တွေဆီက တစ်ဆင့် တစ်ခြား သူတွေကို ပိုးကူးစက်စေမှာကိုလည်း ကျနော်တို့ စိုးရတယ်ပေါ့လေနော်။ တိုက်ပွဲတွေနဲ့အတူတော့ လူ့ အခွင့် အရေးချိုးဖောက်ခံရမှုတွေက ဆက်ရှိနေတယ်။”
ထို့အပြင် “နောက်တစ်ခါဘာရှိလဲဆိုတော့ ကျနော်တို့ အစောပိုင်းတုန်းကဆိုရင် ဒီတစ်ရွာနဲ့ တစ်ရွာသွားလာမှု တွေကို ရပ်ရွာအလိုက် ကန့်သတ်ထားတာရှိတယ်။ နောက်ပြီးတော့ ဒေသအာဏာပိုင်တွေအလိုက် ကန့်သတ် ထားတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ သွားလို့မရဘူး။ အထူးသဖြင့် ကမ့်တွေထဲကို ဝင်လို့ မရဘူး ပေါ့နော။ အဲလိုမျိုးတွေ ကြုံခဲ့တာရှိပါတယ်ခင်ဗျ” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
အဆိုပါအခြေအနေများကြောင့် ရခိုင်တိုင်းရင်းသားများအစည်းအရုံး REC အနေဖြင့် လစဉ် ထုတ်ပြန်နေကြ ရခိုင်စစ်ရှောင်ဒုက္ခသည် အရေအတွက်ကို ထုတ်ပြန်ခြင်းအား နှစ်လကျော်ကြာအောင် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပြောသည်။
“လုပ်ငန်းရပ်ဆိုင်းသလိုဖြစ်ခဲ့တာပေါ့ ကျနော်တို့က လုံးဝရပ်ဆိုင်းသွားသလိုဖြစ်ခဲ့တာပေါ့ ကျနော်တို့ ရခိုင်က အဖွဲ့ အစည်းတွေက။ ကျနော်တို့ ကိုဗစ် ဒုတိယအကြိမ် ဒီစစ်တွေမှာ စပြီးတော့ တွေ့တယ်ပေါ့နော် ဒီသြဂုတ် လောက်ပေါ့ အဲဒီသြဂုတ်ကနေပြီးတော့မှ စက်တင်ဘာလ လယ်ပိုင်းလောက်အထိ ကတော့ ကျနော်တို့ ဘာမှ လုပ်လို့မရခဲ့သလိုဖြစ်ခဲ့ပါတယ်။ လစဉ်ထုတ်နေကြ ဒုက္ခသည်စာရင်းတောင် ဇူလိုင် ပထမအပတ်က နောက်ဆုံး ပဲ၊ ကြားမှာ မထုတ်နိုင်ဘူး။ အခု အောက်တိုဘာမှ ပြန်ထုတ်နိုင်တာ။ ကျနော်တို့ အင်တာနက်လည်း မရတော့ ဖုန်းနဲ့ သတင်းအချက်အလက်ယူရတယ်။ ဒီမှာ ခိုင်မာမှုမရှိဘူး။ အဲ့ဒီတော့ ကျနော်တို့က အထူးသဖြင့် ထုတ်ပြန် ဖို့ confidence မရှိဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ခန့်မှန်ပြီးတော့ ပြောနေခဲ့တယ်။ ထုတ်ပြန်မှုတွေ မလုပ်ခဲ့ပါ ဘူးခင်ဗျ” ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။
အောက်တိုဘာလ လဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ရသေ့တောင်မြို့နယ်တွင်းတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံနှစ်ထောင်နီးပါးခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်း၊ ကျရောက် ပေါက်ကွဲလာသည့် ကျည်စများထိမှန်ပြီး ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်း၊ နေအိမ်များ မီး လောင်ပျက်စီးခြင်း၊ ရွာသားများ သံသယဖြင့် ဖမ်းဆီးခံရခြင်းနှင့် စစ်ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက် ပြေးနေကြရသည့် ရွာသားများ စားနပ်ရိက္ခာအခက်အခဲများ၊ နေရာထိုင်ခင်း အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရပြီး သွားရောက်အကူအညီပေးရန်လည်း အခက်ကြုံနေရသည်ဟု ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့ အစည်းများ၊ အကူအညီပေးနေသူများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့်အတူ ဒေသအတွင်းက စစ် ရေးပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပြည်သူများကြုံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နှင့် ပတ် သက်၍ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က တွဲဖက်အတွင်းရေးမှူး (၁) လွေးပိုးကမေဲးခြိုဝ်း က ယခု ကဲ့သို့ ပြောသည်။
“COVID-19 ဖြစ်ကတည်းကနေ အခုချိန်ထိ သွားရေး လာရေးကိစ္စတွေကလည်း ပိတ်ထားတယ်။ အဲ့ဒီမှာ ဘာ တွေ့ရလဲ ဆို တော့ သွားလာရေးနဲ့ပတ်သက်ပြီး လူထုတွေကို အဓိက ကန့်သတ်ထားပေမယ့် တပ်တွေ ကတော့ သွားလာနေ တယ်။ လှုပ်ရှားနေတယ်။ တပ်တွေကို ကန့်သတ်ထားတာမျိုး မတွေ့ရဘူး။ ဆိုတော့ ဒီတပ်တွေ ဝင် လာတဲ့ ဝင်တဲ့နေရာတွေ ကျေးရွာတွေမှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေတယ်။ အဲ့ဒါကို ကွင်း ဆင်းပြီး သတင်းတွေကောက်ဖို့ မှတ်တမ်းတွေရယူဖို့ ဆိုတာက တော်တော်လေးကို ခဲယဉ်းတဲ့အခြေမနေမှာ ဖြစ်တယ်ပေါ့။ ဆိုတော့ ဒီအချိန်မှာ နောက်တစ်ချက်က လူ့အခွင့်အရေးချိုးဖောက်ပြီ ဆိုတဲ့နေရာတွေမှာ ဖုန်း လိုင်း တွေ ဖြတ်ခံရတယ်။ အဲ့လိုဆိုရင်တော့ ကျမတု့ိ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နေရာတွေကို ဆက် သွယ်လို့ မရတော့ဘူး။ လက်လှမ်းမမှီတော့ဘူး။”
COVID-19 ကူးစက်မှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း လျော့ကျသွားခြင်းမရှိဘူးဟု လွေးပိုးကမေဲးခြိုဝ်း က ဆက်ပြောသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုက ရှမ်းမြောက်မှာဆိုရင် လျော့ကျမသွားဘူး။ တိုးလာတယ်လို့ပဲ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၀ ဆိုတဲ့ကာလက ပြဿနာ Conflict area မှာ ကြုံနေရတဲ့ပြဿနာတင်မကဘူး COVID-19 ရဲ့ နောက်ဆက်တွဲတွေပါ ပါတော့ သူက ပိုပြီးဆိုးတဲ့ အနေအထားကိုရောက်နေတယ်။ COVID-19 ကြောင့်မို့လို့လည်း ကျမတို့ လက်လှမ်းမမှီတဲ့ဟာတွေ အများကြီးရှိတယ်။ ဆိုတော့ အဲ့မှာ ပြောချင်တာက COVID-19 ကြောင့်မို့လို့ပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ခွင့်ပေးနေသလိုမျိုး ဖြစ်နေမလားလို့ သုံးသပ် တာတွေလည်း ရှိနေတယ်။ သေချာတာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျော့ကျမသွားပဲ ပိုတိုး လာတယ်လို့ ပြောလို့ရတာပေါ့။”
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင်လည်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား အောက်တိုဘာလ(ယခုလ)အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အနီးအနားကျေးရွာများက ဒေသခံပြည်သူ ၃၅၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်။
COVID-19 ကူးစက်မှုများ နေ့စဉ်မြှင့်တက်နေချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတိ့ုတွင် လက်နက်ကိုင်တိုက်ပွဲများ ဒေသခံပြည်သူအမြောက်အများ ထွက်ပြေးတိန်းရှောင်နေကြရပြီး မလိုလားအပ်သည့် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ မဖြစ်ပေါ်နေခြင်း၊ စစ်ရှောင်ပြည်သူများ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရ သည့် အတွက် အစိုးရအနေဖြင့် မဖြစ်မနေတာဝန်ယူ ဆောင်ရွက်ပေးရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) နှင့် မိတ်ဆက်အဖွဲ့အစည်းများကလည်း အောက်တိုဘာလ ၁၀ ရက်နေ့က သဘော ထားထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုထားသည်။
*** ZAWGYI ***
COVID-19 ကန္႔သတ္မႈမ်ားေၾကာင့္ ရခိုင္ပဋိပကၡေဒသ လူ႔အခြင့္အေရးမွတ္တမ္းယူရန္ ခက္ခဲ
သတင္းႏွင့္မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္။
စစ္ေရးပဋိပကၡမ်ားႏွင့္ တုိက္ပြဲမ်ား ျဖစ္ပြားေနသည့္ ေနရာေဒသမ်ားတြင္ COVID-19 ကပ္ေရာဂါ ႏွင့္ဆုိင္သည့္ တားျမစ္မႈမ်ားႏွင့္ လံုၿခံဳေရးအေျခအေနေၾကာင့္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားကို မွတ္တမ္းေကာက္ယူႏုိင္ေရး ခက္ခဲေနသည္ဟု ေဒသခံ အရပ္ဘက္အဖြဲ႕အစည္းမ်ား က ေျပာသည္။
ရခိုင္ျပည္နယ္အတြင္း ႀကံဳေတြ႕ရသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္း အရံုး REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက ယခုကဲ့သို႔ ေျပာသည္။
“က်ေနာ္တို႔က ကိုဗစ္မျဖစ္ခင္က က်ေနာ္တို႔ လံုၿခံဳေရး ျပႆနာရွိတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီသြားလာတဲ့ ေနရာ မွာ အထူးသျဖင့္ စစ္ေရးလႈပ္ရွားမႈေတြနဲ႔ မတိုးမိေအာင္ က်ေနာ္တို႔ သတိထားရတယ္ေပါ့ေလ။ ေနာက္တစ္ခါ မိုင္း ကြဲ ၿပီးေတာ့ တိုက္ပြဲထဲကို မေရာက္ေအာင္ သတိထားရတယ္ေပါ့။ ေနာက္ COVID ျဖစ္လာတဲ့အခါက်ေတာ့ ဒီသြားေရာက္ ကူညီေနရင္းနဲ႔ သူမ်ားေတြဆီက ကိုယ့္ဆီကို ကူးစက္လာမွာကိုလည္း ေၾကာက္တယ္။ ကိုယ္က လည္းပဲ မေတာ္တဆ ကိုယ့္ဆီမွာ ပိုးစက္ခံေနရတာကို မသိပဲနဲ႔ သြားလာတဲ့အခါမွာ ကိုယ္ေတြဆီက တစ္ဆင့္ တစ္ျခား သူေတြကို ပိုးကူးစက္ေစမွာကိုလည္း က်ေနာ္တို႔ စိုးရတယ္ေပါ့ေလေနာ္။ တိုက္ပြဲေတြနဲ႔အတူေတာ့ လူ႔ အခြင့္ အေရးခ်ိဳးေဖာက္ခံရမႈေတြက ဆက္ရွိေနတယ္။”
ထို႔အျပင္ “ေနာက္တစ္ခါဘာရွိလဲဆိုေတာ့ က်ေနာ္တို႔ အေစာပိုင္းတုန္းကဆိုရင္ ဒီတစ္ရြာနဲ႔ တစ္ရြာသြားလာမႈ ေတြကို ရပ္ရြာအလိုက္ ကန္႔သတ္ထားတာရွိတယ္။ ေနာက္ၿပီးေတာ့ ေဒသအာဏာပိုင္ေတြအလိုက္ ကန္႔သတ္ ထားတဲ့အခါက်ေတာ့ က်ေနာ္တို႔ အေနနဲ႔ ဘယ္လိုမွ သြားလို႔မရဘူး။ အထူးသျဖင့္ ကမ့္ေတြထဲကို ၀င္လို႔ မရဘူး ေပါ့ေနာ။ အဲလိုမ်ိဳးေတြ ၾကံဳခဲ့တာရွိပါတယ္ခင္ဗ်” ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
အဆိုပါအေျခအေနမ်ားေၾကာင့္ ရခိုင္တုိင္းရင္းသားမ်ားအစည္းအရံုး REC အေနျဖင့္ လစဥ္ ထုတ္ျပန္ေနၾက ရခိုင္စစ္ေရွာင္ဒုကၡသည္ အေရအတြက္ကို ထုတ္ျပန္ျခင္းအား ႏွစ္လေက်ာ္ၾကာေအာင္ ထုတ္ျပန္ႏုိင္ခဲ့ျခင္း မရွိခဲ့ေၾကာင္း ေျပာသည္။
“လုပ္ငန္းရပ္ဆိုင္းသလိုျဖစ္ခဲ့တာေပါ့ က်ေနာ္တို႔က လံုး၀ရပ္ဆိုင္းသြားသလိုျဖစ္ခဲ့တာေပါ့ က်ေနာ္တုိ႔ ရခိုင္က အဖြဲ႕ အစည္းေတြက။ က်ေနာ္တို႔ ကိုဗစ္ ဒုတိယအႀကိမ္ ဒီစစ္ေတြမွာ စၿပီးေတာ့ ေတြ႕တယ္ေပါ့ေနာ္ ဒီၾသဂုတ္ ေလာက္ေပါ့ အဲဒီၾသဂုတ္ကေနၿပီးေတာ့မွ စက္တင္ဘာလ လယ္ပိုင္းေလာက္အထိ ကေတာ့ က်ေနာ္တို႔ ဘာမွ လုပ္လို႔မရခဲ့သလိုျဖစ္ခဲ့ပါတယ္။ လစဥ္ထုတ္ေနၾက ဒုကၡသည္စာရင္းေတာင္ ဇူလိုင္ ပထမအပတ္က ေနာက္ဆံုး ပဲ၊ ၾကားမွာ မထုတ္ႏုိင္ဘူး။ အခု ေအာက္တိုဘာမွ ျပန္ထုတ္ႏုိင္တာ။ က်ေနာ္တို႔ အင္တာနက္လည္း မရေတာ့ ဖုန္းန႔ဲ သတင္းအခ်က္အလက္ယူရတယ္။ ဒီမွာ ခိုင္မာမႈမရွိဘူး။ အဲ့ဒီေတာ့ က်ေနာ္တုိ႔က အထူးသျဖင့္ ထုတ္ျပန္ ဖို႔ confidence မရွိဘူး။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က ခန္႔မွန္ၿပီးေတာ့ ေျပာေနခဲ့တယ္။ ထုတ္ျပန္မႈေတြ မလုပ္ခဲ့ပါ ဘူးခင္ဗ်” ဟု ဦးေဇာ္ေဇာ္ထြန္း က ေျပာသည္။
ေအာက္တိုဘာလ လဆန္းပိုင္းမွ စတင္၍ ယေန႔အခ်ိန္ထိ ရေသ့ေတာင္ၿမိဳ႕နယ္တြင္းတြင္လည္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တုိ႔အၾကား တုိက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး ေဒသခံႏွစ္ေထာင္နီးပါးခန္႔ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။
အဆိုပါတုိက္ပြဲမ်ားေၾကာင့္ ေက်းရြာမ်ားအတြင္း လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲျခင္း၊ က်ေရာက္ ေပါက္ကြဲလာသည့္ က်ည္စမ်ားထိမွန္ၿပီး ရြာသားမ်ား ထိခိုက္ဒဏ္ရာရရွိျခင္း၊ ေသဆံုးျခင္း၊ ေနအိမ္မ်ား မီး ေလာင္ပ်က္စီးျခင္း၊ ရြာသားမ်ား သံသယျဖင့္ ဖမ္းဆီးခံရျခင္းႏွင့္ စစ္ေဘးလြတ္ရာ ေနရာအသီးသီးသို႔ ထြက္ ေျပးေနၾကရသည့္ ရြာသားမ်ား စားနပ္ရိကၡာအခက္အခဲမ်ား၊ ေနရာထုိင္ခင္း အခက္အခဲမ်ားႏွင့္ ရင္ဆုိင္ေနၾက ရၿပီး သြားေရာက္အကူအညီေပးရန္လည္း အခက္ႀကံဳေနရသည္ဟု ရခိုင္ျပည္နယ္အတြင္းက အရပ္ဘက္အဖြဲ႕ အစည္းမ်ား၊ အကူအညီေပးေနသူမ်ားက ေျပာသည္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္ COVID-19 ကပ္ေရာဂါ ကူးစက္မႈႏွင့္အတူ ေဒသအတြင္းက စစ္ ေရးပဋိပကၡႏွင့္ တုိက္ပြဲမ်ားေၾကာင့္ ျပည္သူမ်ားႀကံဳေနရသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအား ႏွင့္ ပတ္ သက္၍ တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္း (TWO) က တြဲဖက္အတြင္းေရးမွဴး (၁) ေလြးပိုးကေမဲးၿခိဳဝ္း က ယခု ကဲ့သို႔ ေျပာသည္။
“COVID-19 ျဖစ္ကတည္းကေန အခုခ်ိန္ထိ သြားေရး လာေရးကိစၥေတြကလည္း ပိတ္ထားတယ္။ အဲ့ဒီမွာ ဘာ ေတြ႕ရလဲ ဆို ေတာ့ သြားလာေရးနဲ႔ပတ္သက္ၿပီး လူထုေတြကို အဓိက ကန္႔သတ္ထားေပမယ့္ တပ္ေတြ ကေတာ့ သြားလာေန တယ္။ လႈပ္ရွားေနတယ္။ တပ္ေတြကို ကန္႔သတ္ထားတာမ်ိဳး မေတြ႕ရဘူး။ ဆိုေတာ့ ဒီတပ္ေတြ ဝင္ လာတဲ့ ဝင္တဲ့ေနရာေတြ ေက်းရြာေတြမွာဆုိရင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြက ရွိေနတယ္။ အဲ့ဒါကို ကြင္း ဆင္းၿပီး သတင္းေတြေကာက္ဖုိ႔ မွတ္တမ္းေတြရယူဖုိ႔ ဆိုတာက ေတာ္ေတာ္ေလးကို ခဲယဥ္းတဲ့အေျခမေနမွာ ျဖစ္တယ္ေပါ့။ ဆုိေတာ့ ဒီအခ်ိန္မွာ ေနာက္တစ္ခ်က္က လူ႔အခြင့္အေရးခ်ိဳးေဖာက္ၿပီ ဆုိတဲ့ေနရာေတြမွာ ဖုန္း လိုင္း ေတြ ျဖတ္ခံရတယ္။ အဲ့လိုဆိုရင္ေတာ့ က်မတု႔ိ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရတဲ့ ေနရာေတြကို ဆက္ သြယ္လို႔ မရေတာ့ဘူး။ လက္လွမ္းမမွီေတာ့ဘူး။”
COVID-19 ကူးစက္မႈႏွင့္အတူ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈေတြကလည္း ေလ်ာ့က်သြားျခင္းမရွိဘူးဟု ေလြးပိုးကေမဲးၿခိဳဝ္း က ဆက္ေျပာသည္။
“လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈက ရွမ္းေျမာက္မွာဆုိရင္ ေလ်ာ့က်မသြားဘူး။ တိုးလာတယ္လို႔ပဲ ေျပာလို႔ရတယ္။ ဘာျဖစ္လို႔လဲဆုိရင္ ၂၀၂၀ ဆုိတဲ့ကာလက ျပႆနာ Conflict area မွာ ႀကံဳေနရတဲ့ျပႆနာတင္မကဘူး COVID-19 ရဲ႕ ေနာက္ဆက္တြဲေတြပါ ပါေတာ့ သူက ပိုၿပီးဆိုးတဲ့ အေနအထားကိုေရာက္ေနတယ္။ COVID-19 ေၾကာင့္မို႔လို႔လည္း က်မတို႔ လက္လွမ္းမမွီတဲ့ဟာေတြ အမ်ားႀကီးရွိတယ္။ ဆိုေတာ့ အဲ့မွာ ေျပာခ်င္တာက COVID-19 ေၾကာင့္မုိ႔လို႔ပဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို လုပ္ခြင့္ေပးေနသလိုမ်ိဳး ျဖစ္ေနမလားလို႔ သံုးသပ္ တာေတြလည္း ရွိေနတယ္။ ေသခ်ာတာကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေလ်ာ့က်မသြားပဲ ပိုတုိး လာတယ္လို႔ ေျပာလို႔ရတာေပါ့။”
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္လည္း တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) တုိ႔အၾကား ေအာက္တုိဘာလ(ယခုလ)အတြင္း တုိက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနၿပီး အနီးအနားေက်းရြာမ်ားက ေဒသခံျပည္သူ ၃၅၀၀ ေက်ာ္ခန္႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။
COVID-19 ကူးစက္မႈမ်ား ေန႔စဥ္ျမွင့္တက္ေနခ်ိန္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတိ႔ုတြင္ လက္နက္ကိုင္တုိက္ပြဲမ်ား ေဒသခံျပည္သူအေျမာက္အမ်ား ထြက္ေျပးတိန္းေရွာင္ေနၾကရၿပီး မလိုလားအပ္သည့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္ အႏုိင္က်င့္မႈမ်ား မျဖစ္ေပၚေနျခင္း၊ စစ္ေရွာင္ျပည္သူမ်ား အေျခခံလူ႔အခြင့္အေရးမ်ား ဆံုးရံႈးေနရ သည့္ အတြက္ အစိုးရအေနျဖင့္ မျဖစ္မေနတာဝန္ယူ ေဆာင္ရြက္ေပးရန္ စည္းလံုးညီညြတ္ေသာ တုိင္းရင္းသား လူမ်ိဳးမ်ား မဟာမိတ္(UNA) ႏွင့္ မိတ္ဆက္အဖြဲ႕အစည္းမ်ားကလည္း ေအာက္တိုဘာလ ၁၀ ရက္ေန႔က သေဘာ ထားထုတ္ျပန္ခ်က္ ထုတ္ျပန္ကာ ေတာင္းဆိုထားသည္။