ရွေးကောက်ပွဲမကျင်းပ နယ်မြေသတ်မှတ်ချက် တရားမျှတမှု မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် UEC ၏ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်သည့် နယ်မြေများ သတ်မှတ် ထုတ်ပြန်ချက်သည် တရားမျှတမှု မရှိသည့်အပြင် တိုင်းရင်း သားပါတီများကို နှိပ်ကွပ်နေသည့် ပုံစံဖြစ်နေသည်ဟု တိုင်းရင်းသားပါတီ အချို့ က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က UEC မှ ကချင်၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့ရှိ မြို့နယ်အလိုက်နှင့် အချို့ကျေးရွာအုပ်စု တော်တော်များများကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ် နိုင်ကြောင်း ထုတ်ပြန်ထားသည့်အပေါ် တိုင်းရင်းသားပါတီအချို့က တုန့်ပြန်ပြောဆိုလိုက် ခြင်းဖြစ်သည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်က “လွတ်လပ်၍ တရားမျှတ၍ ဆိုတာ အမှန်မှန် တရားမျှတမှ လွတ်လပ်မယ်လေ တရားမျှတမှ လွတ်လပ်မယ်ဆိုတဲ့ အနေအထားမှာ အခုလည်း အဲလိုပုံစံ မျိုး ဖြစ်လာတဲ့အခါကျတော့ တရားမျှတမှု မရှိဘူး။ တရားမျှတမှု မရှိဘူးဆိုတဲ့အတွက် မလွတ်လပ်နိုင်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဒီအတိုင်းပဲ ထားမယ် ဆိုလို့ရှိရင်လည်း အကောင်းဖြစ်သွားမယ့် ဥစ္စာကို အခုပုံစံမျိုး အဲလိုပြန်ပြီး လုပ်လိုက်ခြင်းအားဖြင့် ဘယ် လိုဖြစ်လာသလဲ ဆိုလို့ရှိရင် ပါတီကြီးတွေက တိုင်းရင်းသား ပါတီ တွေကို နှိပ်ကွပ်တဲ့ သဘောလို့ ကျနော် တို့က ယူဆတယ်” ဟု ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကလည်း UEC ၏ ထုတ်ပြန်ချက် သည် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့် ဆုံးရှုံးမှုကို ဖြစ်စေသည့်အတွက် တရား မျှတမှုမရှိသည့် ထုတ်ပြန်ချက်ဖြစ်သည်ဟု ခံစားရကြောင်း ပြောသည်။

“အခုလို ရွေးကောက်ပွဲနယ်မြေကို ကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဆိုရင် ပြည်သူ့ကိုယ်စားပြောရမယ်ဆိုရင်တော့ ဒီလိုကန့်သတ်ပစ်လိုက်တာ ကိုယ်တိုင်က မမျှတဘူးဆိုတဲ့ ဟာတော့ ကျနော်တို့ အဲလိုခံစားရတယ်။”

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသကိုသာ ကြည့်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နယ်မြေ သတ်မှတ်သကဲ့သို့ ကျန်းမာရေး လုံခြုံရေးအရလည်း COVID-19 ကပ်ရောဂါကြောင့် ရောဂါ ဖြစ်ပွားမှု မြင့်တက်နေသည် သာမက အသေအပျောက်နှုန်းလည်း များလာနေသည့် ရန်ကုန်တိုင်း ကဲ့သို့ ဒေသမျိုးကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နေရာတွင် အဘယ်ကြောင့် မထည့်သွင်းခြင်း သည် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဦးမျိုးကျော် က ဆက်ပြောသည်။

ဦးမျိုးကျော်က “ကျနော်တို့ကတော့ မေးခွန်းအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မေးချင် တယ်။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေပဲ ဒီရွာအတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ တစ်နည်းအားဖြင့် ပြောရင် ဒီရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်တယ်ဆိုတဲ့ဟာမျိုးလို့ သတ်မှတ်ပြီးတော့ အခုလို နေ ပြီးတော့ ကျနော်တို့ ဒီမှာရှိနေတဲ့ ပြည်သူတွေအတွက်ကကော ဒီရွေးကောက်ပွဲ ကျင်းပဖို့အတွက် အဟန့် အတား အနှောက်အယှက်မဖြစ်နိုင်ဘူးလား။ ဒီရောဂါကြီးကို သူတို့ကာကွယ် ထိန်း သိမ်းပေးနိုင်တဲ့ အစီ အစဉ်တွေ ရှိပြီလား ဆိုတဲ့ဟာမျိုးပေါ့နော်။ ဒါလည်းကျနော်တို့က ဆက်စပ်ပြီးတော့ မေးရမယ်လို့ ထင် တယ်။ ကျနော်တို့ အဲဒါတွေကိုလည်း UEC အနေနဲ့ မျှတဖို့ဆိုရင် လွတ်လပ်တဲ့ မျှတတဲ့ အဖွဲ့အစည်းဖြစ်ဖို့ ဆိုရင် ဒါတွေကို ဖြေရှင်းပေးဖို့လိုမယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်ကလည်း ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေ များကို ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတိုင်း ပြုလုပ်သွားမည်ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြုပြီး နယ်မြေကန့်သတ်လိုက်ခြင်းသည် တရားမျှတမှုကို ထိ ခိုက်စေသည်ဟု ဆိုသည်။

ဦးညီစိန် က “ခုနကျနော်ပြောတဲ့ အတိုင်းပါပဲ ဒီအတိုင်းပဲ ထားလိုက်မယ်ဆိုလို့ရှိရင် အဲဒါကို မထုတ်ပြန်ပဲနဲ့ ဒီအတိုင်းပဲ ရွေးကောက်ပွဲ လုပ်သွားတယ်ဆိုလို့ရှိရင်တော့ တရားမျှတမှုဆိုတာ ဖြစ်လာနိုင်တယ်။ မအေး ချမ်းဘူး ဆိုပါအုံးတော့ မအေးချမ်းဘူးဆိုလို့ရှိရင်လည်းပဲ အေးချမ်းနိုင်အောင် တစ်ခြားနည်းနဲ့ တစ်ခြားဟာ နဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် အဆင်ပြေနိုင်မယ့် သဘောရှိတာကို အခုလိုကန့်သတ်လိုက်တဲ့ အခါကျတော့ ပိုပြီးတောင် တရားမျှတမှု မရှိနိုင်ဘူးလို့ ကျနော်တို့က မြင်ပါတယ်ဗျာ” ဟု ပြောသည်။

ထို့အတူ UEC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပေါင်းစည်းထားသည့် တိုင်းရင်းသားပါတီ ၅ ပါတီကလည်း အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲတစ်ခု၏ အရေးကြီးဆုံးသော အင်္ဂါရပ်တစ်ခုမှာ လွတ်လပ်တရားမျှတမှု ဖြစ်ပြီး ယခု ထုတ်ပြန် ချက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျ မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပြင် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို မေးခွန်းထုတ်စရာ ဖြစ်စေပါသည် ဟု ပါရှိသည်။

ထို့အပြင် ယခုကာလကဲ့သို့ နိုင်ငံသား တန်းတူအခွင့်အရေး ရရှိပြီး လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့် ရရှိစေ သည့် နည်းလမ်းဖြင့် နိုင်ငံရေးဘောင်ကို ချဲ့ထွင်ရန် မဖြစ်မနေလိုအပ်နေသည့် နိုင်ငံရေး အနေအထားမျိုး တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ယခုထုတ်ပြန်ကြေညာချက်သည် ရွေးကောက်ပွဲ ကျင်းပ ခြင်း မပြုမည့် နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပ နိုင်ငံရေး နည်းလမ်းများ ရွေးချယ် လာစေရန် တွန်းပို့ရာရောက်သည်ဟု ရှု့မြင်ပါသည် ဟု တိုင်းရင်းသားပါတီ ၅ ခု က ပြောသည်။

သို့ပါ၍ အဆိုပါဒေသများရှိ တိုင်းရင်းသား ပြည်သူများ၏ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ရွေးကောက်ခံခွင့် နှင့် မဲပေးခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေး တို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခုထုတ်ပြန်ချက်ကို ပြည်လည်သုံးသပ် ပြင်ဆင်ပေးရန် လိုအပ်ပါကြောင်း ပေါင်းစည်းထားသည့် တိုင်းရင်း သား ပါတီ ၅ ခု၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ပေါင်းစည်းထားကြသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှာ မွန်ညီညွှတ်ရေးပါတီ MUP၊ ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ KySDP နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့ ဖြစ်သည်။

UEC ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ ရှမ်းပြည်နယ်တွင် မြို့နယ် ၆ မြို့ နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ်တို့မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၉ စု၊ ရခိုင်ပြည်နယ်ရှိ မြို့ နယ် ၉ မြို့နယ်နှင့် အခြားမြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့ ပါဝင်သည်။

ထို့အပြင် ကရင်ပြည်နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၂ စု၊ ကချင်ပြည်နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု ၊ ပဲခူးတိုင်းထဲက မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု နှင့် မွန်ပြည်နယ်ထဲက ၁ မြို့ နယ် မှ ကျေးရွာအုပ်စု ၁ စု တို့ပါဝင်သည်။

*** ZAWGYI ***
ေရြးေကာက္ပြဲမက်င္းပ နယ္ေျမသတ္မွတ္ခ်က္ တရားမွ်တမႈ မရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာက္မရွင္ UEC ၏ ေရြးေကာက္ပြဲ က်င္းပရန္ မျဖစ္ႏိုင္သည့္ နယ္ေျမမ်ား သတ္မွတ္ ထုတ္ျပန္ခ်က္သည္ တရားမွ်တမႈ မရွိသည့္အျပင္ တိုင္းရင္း သားပါတီမ်ားကို ႏွိပ္ကြပ္ေနသည့္ ပံုစံျဖစ္ေနသည္ ဟု တိုင္းရင္းသားပါတီ အခ်ိဳ႕ က ေျပာသည္။

ေအာက္တိုဘာလ ၁၆ ရက္ေန႔က UEC မွ ကခ်င္၊ ရွမ္း၊ ရခိုင္၊ ကရင္၊ မြန္၊ ပဲခူးတိုင္းတို႔ရွိ ၿမိဳ႕နယ္အလိုက္ႏွင့္ အခ်ိဳ႕ေက်းရြာအုပ္စု ေတာ္ေတာ္မ်ားမ်ားကို လြတ္လပ္ၿပီး တရားမွ်တေသာ ေရြးေကာက္ပြဲ က်င္းပရန္ မျဖစ္ ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည့္အေပၚ တိုင္းရင္းသားပါတီအခ်ိဳ႕က တုန္႔ျပန္ေျပာဆိုလိုက္ ျခင္းျဖစ္သည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ TNP ဥကၠ႒ ဦးညီစိန္က “လြတ္လပ္၍ တရားမွ်တ၍ ဆိုတာ အမွန္မွန္ တရားမွ်တမွ လြတ္လပ္မယ္ေလ တရားမွ်တမွ လြတ္လပ္မယ္ဆိုတဲ့ အေနအထားမွာ အခုလည္း အဲလိုပံုစံ မ်ိဳး ျဖစ္လာတဲ့အခါက်ေတာ့ တရားမွ်တမႈ မရွိဘူး။ တရားမွ်တမႈ မရွိဘူးဆိုတဲ့အတြက္ မလြတ္လပ္ႏိုင္ဘူးလို႔ က်ေနာ္တို႔ ျမင္တယ္။ ဒီအတိုင္းပဲ ထားမယ္ ဆိုလို႔ရွိရင္လည္း အေကာင္းျဖစ္သြားမယ့္ ဥစၥာကို အခုပံုစံမ်ိဳး အဲလိုျပန္ၿပီး လုပ္လိုက္ျခင္းအားျဖင့္ ဘယ္ လိုျဖစ္လာသလဲ ဆိုလို႔ရွိရင္ ပါတီႀကီးေတြက တိုင္းရင္းသား ပါတီ ေတြကို ႏွိပ္ကြပ္တဲ့ သေဘာလို႔ က်ေနာ္ တို႔က ယူဆတယ္” ဟု ေျပာသည္။

ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ALD အေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္ကလည္း UEC ၏ ထုတ္ျပန္ခ်က္ သည္ တိုင္းရင္းသားပါတီမ်ား ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးႏွင့္ မဲဆႏၵရွင္ျပည္သူမ်ား၏ မဲေပးခြင့္ ဆံုးရႈံးမႈကို ျဖစ္ေစသည့္အတြက္ တရား မွ်တမႈမရွိသည့္ ထုတ္ျပန္ခ်က္ျဖစ္သည္ဟု ခံစားရေၾကာင္း ေျပာသည္။

“အခုလို ေရြးေကာက္ပြဲနယ္ေျမကို ကန္႔သတ္ပစ္လိုက္တာ ကိုယ္တိုင္က က်ေနာ္တို႔ ျပည္သူေတြ အေနနဲ႔ ဆိုရင္ ျပည္သူ႔ကိုယ္စားေျပာရမယ္ဆိုရင္ေတာ့ ဒီလိုကန္႔သတ္ပစ္လိုက္တာ ကိုယ္တိုင္က မမွ်တဘူးဆိုတဲ့ ဟာေတာ့ က်ေနာ္တို႔ အဲလိုခံစားရတယ္။”

ေရြးေကာက္ပြဲ ေကာ္မရွင္ အေနျဖင့္ စစ္ေရး ပဋိပကၡျဖစ္ပြားေနသည့္ ေဒသကိုသာ ၾကည့္ၿပီး ေရြးေကာက္ပြဲ က်င္းပရန္ နယ္ေျမ သတ္မွတ္သကဲ့သို႔ က်န္းမာေရး လံုၿခံဳေရးအရလည္း COVID-19 ကပ္ေရာဂါေၾကာင့္ ေရာဂါ ျဖစ္ပြားမႈ ျမင့္တက္ေနသည္ သာမက အေသအေပ်ာက္ႏႈန္းလည္း မ်ားလာေနသည့္ ရန္ကုန္တိုင္း ကဲ့သို႔ ေဒသမ်ိဳးကို ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိသည့္ ေနရာတြင္ အဘယ္ေၾကာင့္ မထည့္သြင္းျခင္း သည္ ေမးခြန္းထုတ္စရာ ျဖစ္ေနသည္ဟု ဦးမ်ိဳးေက်ာ္ က ဆက္ေျပာသည္။

ဦးမ်ိဳးေက်ာ္က “က်ေနာ္တို႔ကေတာ့ ေမးခြန္းအေနနဲ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို ေမးခ်င္ တယ္။ တိုက္ပြဲ ျဖစ္ေနတဲ့ ေနရာေတြပဲ ဒီရြာအတြက္ ျပည္သူေတြအတြက္ စိုးရိမ္စရာ တစ္နည္းအားျဖင့္ ေျပာရင္ ဒီေရြးေကာက္ပြဲအတြက္ အဟန္႔အတား ျဖစ္တယ္ဆိုတဲ့ဟာမ်ိဳးလို႔ သတ္မွတ္ၿပီးေတာ့ အခုလို ေန ၿပီးေတာ့ က်ေနာ္တို႔ ဒီမွာရွိေနတဲ့ ျပည္သူေတြအတြက္ကေကာ ဒီေရြးေကာက္ပြဲ က်င္းပဖို႔အတြက္ အဟန္႔ အတား အေႏွာက္အယွက္မျဖစ္ႏိုင္ဘူးလား။ ဒီေရာဂါႀကီးကို သူတို႔ကာကြယ္ ထိန္း သိမ္းေပးႏိုင္တဲ့ အစီ အစဥ္ေတြ ရွိၿပီလား ဆိုတဲ့ဟာမ်ိဳးေပါ့ေနာ္။ ဒါလည္းက်ေနာ္တို႔က ဆက္စပ္ၿပီးေတာ့ ေမးရမယ္လို႔ ထင္ တယ္။ က်ေနာ္တို႔ အဲဒါေတြကိုလည္း UEC အေနနဲ႔ မွ်တဖို႔ဆိုရင္ လြတ္လပ္တဲ့ မွ်တတဲ့ အဖြဲ႔အစည္းျဖစ္ဖို႔ ဆိုရင္ ဒါေတြကို ေျဖရွင္းေပးဖို႔လိုမယ္လို႔ ေျပာခ်င္တယ္” ဟု ေျပာသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီ TNP ဥကၠ႒ ဦးညီစိန္ကလည္း ေရြးေကာက္ပြဲ က်င္းပမည့္ နယ္ေျမ မ်ားကို ယခင္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအတိုင္း ျပဳလုပ္သြားမည္ဆိုပါက အဆင္ေျပႏိုင္ေၾကာင္း၊ သို႔ေသာ္ ယခုကဲ့သို႔ နယ္ေျမမတည္ၿငိမ္မႈကို အေၾကာင္းျပဳၿပီး နယ္ေျမကန္႔သတ္လိုက္ျခင္းသည္ တရားမွ်တမႈကို ထိ ခိုက္ေစသည္ဟု ဆိုသည္။

ဦးညီစိန္ က “ခုနက်ေနာ္ေျပာတဲ့ အတိုင္းပါပဲ ဒီအတိုင္းပဲ ထားလိုက္မယ္ဆိုလို႔ရွိရင္ အဲဒါကို မထုတ္ျပန္ပဲနဲ႔ ဒီအတိုင္းပဲ ေရြးေကာက္ပြဲ လုပ္သြားတယ္ဆိုလို႔ရွိရင္ေတာ့ တရားမွ်တမႈဆိုတာ ျဖစ္လာႏိုင္တယ္။ မေအး ခ်မ္းဘူး ဆိုပါအံုးေတာ့ မေအးခ်မ္းဘူးဆိုလို႔ရွိရင္လည္းပဲ ေအးခ်မ္းႏိုင္ေအာင္ တစ္ျခားနည္းနဲ႔ တစ္ျခားဟာ နဲ႔ လုပ္သြားမယ္ ဆိုလို႔ရွိရင္ အဆင္ေျပႏိုင္မယ့္ သေဘာရွိတာကို အခုလိုကန္႔သတ္လိုက္တဲ့ အခါက်ေတာ့ ပိုၿပီးေတာင္ တရားမွ်တမႈ မရွိႏိုင္ဘူးလို႔ က်ေနာ္တို႔က ျမင္ပါတယ္ဗ်ာ” ဟု ေျပာသည္။

ထို႔အတူ UEC ၏ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ေပါင္းစည္းထားသည့္ တိုင္းရင္းသားပါတီ ၅ ပါတီကလည္း ေအာက္တိုဘာလ ၁၈ ရက္ေန႔တြင္ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ ေရြးေကာက္ပြဲတစ္ခု၏ အေရးႀကီးဆံုးေသာ အဂၤါရပ္တစ္ခုမွာ လြတ္လပ္တရားမွ်တမႈ ျဖစ္ၿပီး ယခု ထုတ္ျပန္ ခ်က္ေၾကာင့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္၏ ပြင့္လင္းျမင္သာမႈ၊ ဘက္မလိုက္မႈ၊ သမာသမတ္က် မႈႏွင့္ ဂုဏ္သိကၡာရွိမႈတို႔အျပင္ ႏို၀င္ဘာလ ၈ ရက္တြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြေရြး ေကာက္ပြဲ၏ လြတ္လပ္မႈႏွင့္ တရားမွ်တမႈကို ေမးခြန္းထုတ္စရာ ျဖစ္ေစပါသည္ ဟု ပါရွိသည္။

ထို႔အျပင္ ယခုကာလကဲ့သို႔ ႏိုင္ငံသား တန္းတူအခြင့္အေရး ရရွိၿပီး လႊတ္ေတာ္ႏိုင္ငံေရးတြင္ ပါ၀င္ခြင့္ ရရွိေစ သည့္ နည္းလမ္းျဖင့္ ႏိုင္ငံေရးေဘာင္ကို ခ်ဲ႕ထြင္ရန္ မျဖစ္မေနလိုအပ္ေနသည့္ ႏိုင္ငံေရး အေနအထားမ်ိဳး တြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ယခုထုတ္ျပန္ေၾကညာခ်က္သည္ ေရြးေကာက္ပြဲ က်င္းပ ျခင္း မျပဳမည့္ နယ္ေျမမ်ားမွ တိုင္းရင္းသားမ်ားအား လႊတ္ေတာ္ျပင္ပ ႏိုင္ငံေရး နည္းလမ္းမ်ား ေရြးခ်ယ္ လာေစရန္ တြန္းပို႔ရာေရာက္သည္ဟု ရႈ႕ျမင္ပါသည္ ဟု တိုင္းရင္းသားပါတီ ၅ ခု က ေျပာသည္။

သို႔ပါ၍ အဆိုပါေဒသမ်ားရွိ တိုင္းရင္းသား ျပည္သူမ်ား၏ တရားမွ်တမႈ၊ တန္းတူညီမွ်မႈႏွင့္ ေရြးေကာက္ခံခြင့္ ႏွင့္ မဲေပးခြင့္ အခြင့္အေရးမ်ား မဆံုးရႈံးေစေရး တို႔အတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ယခုထုတ္ျပန္ခ်က္ကို ျပည္လည္သံုးသပ္ ျပင္ဆင္ေပးရန္ လိုအပ္ပါေၾကာင္း ေပါင္းစည္းထားသည့္ တိုင္းရင္း သား ပါတီ ၅ ခု၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ေပါင္းစည္းထားၾကသည့္ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီမ်ားမွာ မြန္ညီၫႊတ္ေရးပါတီ MUP၊ ကခ်င္ ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP၊ ကယားျပည္နယ္ ဒီမိုကရက္ တစ္ပါတီ KySDP ႏွင့္ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD တို႔ ျဖစ္သည္။

UEC ၏ ထုတ္ျပန္ခ်က္အရ ေရြးေကာက္ပြဲ မက်င္းပႏိုင္သည့္ ေနရာမ်ားမွာ ရွမ္းျပည္နယ္တြင္ ၿမိဳ႕နယ္ ၆ ၿမိဳ႕ နယ္ႏွင့္ အျခားၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္တို႔မွ ရပ္ကြက္ ၈ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၁၂၉ စု၊ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕ နယ္ ၉ ၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္မွ ရပ္ကြက္ေပါင္း ၁၅ ရပ္ကြက္ ေက်းရြာအုပ္စု ၁၃၇ အုပ္စုတို႔ ပါ၀င္သည္။

ထို႔အျပင္ ကရင္ျပည္နယ္ ၆ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၅၂ စု၊ ကခ်င္ျပည္နယ္ ၁၁ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၁၉၂ အုပ္စု ၊ ပဲခူးတိုင္းထဲက ၿမိဳ႕နယ္ ၂ ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု ၄၂ အုပ္စု ႏွင့္ မြန္ျပည္နယ္ထဲက ၁ ၿမိဳ႕ နယ္ မွ ေက်းရြာအုပ္စု ၁ စု တို႔ပါ၀င္သည္။