တိုင်းရင်းသား မဲဆန္ဒနယ် အများအပြားတွင် ရွေးကောက်ပွဲဖျက်သိမ်းမှုကို တိုင်းရင်းသား ပါတီများ ဝေဖန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

ပြည်နယ် ၅ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခု အတွင်းရှိ မဲဆန္ဒနယ်မြေ အများအပြားတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းသည် တိုင်းရင်းသား မဲဆန္ဒရှင်များ အတွက် တရားမျှတမှုမရှိသလို လွတ်တော်ပြင်ပ နိုင်ငံရေး နည်းလမ်းများကို ရွေးချယ်ရန် တွန်းပို့ရာ ရောက် သည် ဟု တိုင်းရင်းသားပါတီ ၅ ပါတီက ပြောဆိုလိုက်သည်။

တိုင်းရင်းသားဒေသက မဲဆန္ဒနယ်အများအပြားကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် မှ ထုတ်ပြန်ကြေညာလိုက်သည့် အပေါ် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ ချင်းအမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (CNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့က တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမ က “မဲဆွယ်စည်းရုံးရေးကာလက ထက် ဝက်ကျော်လာပြီ၊ ရွေးကောက်ပွဲကျင်းပဖို့ကလည်း ရက် ၂၀ လောက်ပဲ လိုတော့တဲ့အချိန်မှာ ဒီလိုမျိုး နီးလာမှ မဲ ပေးခွင့်ကို ပိတ်ပင်လိုက်တာဟာ အဲ့ဒေသမှာရှိတဲ့ တိုင်းရင်းပြည်သူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ယူဆ တယ်၊ နောက်တစ်ခုက ပြည်သူတွေကို ရွေး ကောက်ပွဲက တဆင့် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကို လျှောက်လှမ်းပြီးတော့ နိုင်ငံရေးဘောင်ကို ချဲ့ ဖို့ လုပ်ရမယ့်အချိန်မှာ အခုလို ရွေးကောက်ပွဲပိတ်ပင်လိုက်တာက တိုင်းရင်းသား ပြည်သူတွေကို လွှတ်တော်ပြင်ပနိုင်ငံရေးလမ်းကြောင်း ရွေးချယ်လာအောင် တွန်းပို့လိုက်သလို ဖြစ်နေတယ်လို့ သုံးသပ်မိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ရက် ၂၀ သာ လိုတော့သည့် အချိန်တွင် တိုင်းရင်းသားဒေသ က မဲဆန္ဒနယ် အများ အပြားကို ရွေးကောက်ပွဲမကျင်းပနိုင်ဟု ထုတ်ပြန်လိုက်ခြင်းသည့်အပေါ် သက်ဆိုင်ရာ ဒေသက တိုင်းရင်းသား မဲဆန္ဒရှင်များအတွက် တရားမျှတမှုမရှိဘူးလို့ တိုင်းရင်းသား ၅ ပါတီတို့က အောက်တိုဘာ ၁၈ ရက်နေ့ ကြေညာ ချက်ထုတ်ကာ ပြောဆိုလိုက်သည်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှု ဘက်မလိုက်မှု သမာသမတ်ကျမှုနှင့် ဂုဏ်သိက္ခာရှိမှု တို့ အပြင် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမှတမှုကိုပါ မေးခွန်း ထုတ်စရာဖြစ်စေသည်ဟု လည်း တိုင်းရင်းသားပါတီများ က ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် နေရာ များသည် တိုင်းရင်းသားနိုင်ငံရေးပါတီများ သေချာပေါက်အနိုင်ရနိုင်မည့်နေရာများဖြစ်သည်ဟု တိုင်းရင်းသား နိုင်ငံရေးပါတီများ က ပြောသည်။

ထိုကဲ့သို့ တိုင်းရင်းသားနိုင်ငံရေးပါတီများ အားကောင်းပြီး အနိုင်ရနိုင်မည့်နေရာများကို ရွေးကောက်ပွဲ ကျင်းပခွင့် မဲပေးခွင့် ပိတ်ပင်လိုက်ခြင်းသည် တိုင်းရင်းသားနိုင်ငံရေးပါတီများ အနိုင်ရမည်ကို ကော်မရှင်က စိုးရိမ်ပြီး ယခုလို လုပ်ဆောင်လိုက်သလားဆိုပြီး ကော်မရှင်အပေါ် သံသယဝင်မိသည်ဟုလည်း တိုင်းရင်းသားပါတီများ က ပြော သည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စောချစ်သန်းက “ဒီမိုကရေစီစံနဲ့ ကြည့်ရင် မ ဖြစ်မနေ မဲပေးပိုင်ခွင့်ရှိသူ အားလုံးက မဲပေးခွင့်ရရှိသင့်တယ်လေ ပေးလဲပေးချင်ကြတယ်လေ အခု ရွေးကောက် ပွဲ မကျင်းပနိုင်ဘူး မဲပေးခွင့်ပိတ်ပင်လိုက်တော့ ကျနော်တို့ တိုင်းရင်းသားတွေ မဲမပေးနိုင်ကြတော့ဘူး ဆိုလို့ ရှိ ရင် ကျနော်တို့ တိုင်းရင်းသားတွေအတွက် အများကြီး နစ်နာတာပေါ့၊ ကော်မရှင်က ကြေညာထားတဲ့ ရွေး ကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ ၂၀၁၅ တုန်းကလည်း ရွေးကောက်ခံခဲ့တဲ့နေရာတွေ အများကြီး ပါလာ တယ်။ ဒီလိုလုပ်တာက သိပ်မတရားဘူးလေ တိုင်းရင်းသားတွေ တကယ်နိုင်မယ့်နေရာကို ဒီလိုလုပ်တာက မတ ရားဘူးလေ” ဟု ပြောသည်။

ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည့်ဒေသက တိုင်းရင်းသားပြည်သူများ တရားမျှ တမှု၊ တန်းတူညီမျှမှုနှင့် ရွေးကောက်ခံခွင့်နှင့် မဲပေးခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကော်မရှင် အနေဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် လိုကြောင်းလည်း တိုင်းရင်းသား ၅ ပါတီတို့က တောင်းဆို ထား သည်။

“ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီအခွင့်အရေးမှာ မဲပေးခွင့်က အခြေခံကျတဲ့အခွင့်အရေးဖြစ်တယ်။ ဒီလို အခွင့်အရေး မဲပေးခွင့်အခွင့်အရေး ရရှိခံစားခွင့်မရှိဘူးဆိုလို့ရှိရင် မဲဆန္ဒရှင်တွေက နိုင်ငံသားတစ်ယောက် အနေ နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးသွားတယ်လို့ မြင်တယ်” ဟု နိုင်လယိတမ က ဆက်ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ပြည် နယ်နှင့် တိုင်းတို့သည် ကချင်ပြည်နယ် ကရင်ပြည်နယ် ရှမ်းပြည်နယ် ရခိုင်ပြည်နယ် မွန်ပြည်နယ်နှင့် ပဲခူး တိုင်း တို့ဖြစ်ပြီး အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတို့ရှှိ မြို့ နယ်ပေါင်း ၅၀ ကျော်တို့မှ ရပ်ကွက် ၂၃ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၅၅၀ ကျော် ပါဝင်သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် တိုင်းနှင့် ပြည်နယ်များအနက်မှ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည် ရွေး ကောက်ပွဲမကျင်းပနိုင်သည့်နေရာ အများဆုံးဖြစ်ပြီး အဆိုပါဒေသက မဲဆန္ဒရှင် သုံးပုံနှစ်ပုံခန့် မဲပေးခွင့် ဆုံးရှုံးရတော့မည်ဟု လေ့လာသုံးသပ်သူများ က ဝေဖန်ပြောဆိုနေကြသည်။

*** ZAWGYI ***
တိုင္းရင္းသား မဲဆႏၵနယ္ အမ်ားအျပားတြင္ ေရြးေကာက္ပြဲဖ်က္သိမ္းမႈကို တိုင္းရင္းသား ပါတီမ်ား ေဝဖန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။

ျပည္နယ္ ၅ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး တစ္ခု အတြင္းရွိ မဲဆႏၵနယ္ေျမ အမ်ားအျပားတြင္ ေရြးေကာက္ပြဲ မက်င္းပႏုိင္ျခင္းသည္ တုိင္းရင္းသား မဲဆႏၵရွင္မ်ား အတြက္ တရားမ်ွတမႈမရွိသလို လြတ္ေတာ္ျပင္ပ ႏုိင္ငံေရး နည္းလမ္းမ်ားကို ေရြးခ်ယ္ရန္ တြန္းပို႔ရာ ေရာက္ သည္ ဟု တုိင္းရင္းသားပါတီ ၅ ပါတီက ေျပာဆိုလုိက္သည္။

တိုင္းရင္းသားေဒသက မဲဆႏၵနယ္အမ်ားအျပားကို ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိဟု ျပည္ေထာင္စု ေရြး ေကာက္ပြဲေကာ္မရွင္ မွ ထုတ္ျပန္ေၾကညာလိုက္သည့္ အေပၚ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP)၊ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP)၊ ကရင္အမ်ဳိးသားဒီမိုကရက္တစ္ပါတီ (KNDP)၊ ခ်င္းအမ်ဳိးသား ဒီမိုက ေရစီအဖြဲ႔ခ်ဳပ္ (CNLD) ႏွင့္ မြန္ညီညြတ္ေရးပါတီ (MUP) တို႔က တုန္႔ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

မြန္ညီညြတ္ေရးပါတီ MUP တြဲဖက္အတြင္းေရးမွဴး (၁) ႏုိင္လယိတမ က “မဲဆြယ္စည္း႐ုံးေရးကာလက ထက္ ဝက္ေက်ာ္လာၿပီ၊ ေရြးေကာက္ပြဲက်င္းပဖို႔ကလည္း ရက္ ၂၀ ေလာက္ပဲ လိုေတာ့တဲ့အခ်ိန္မွာ ဒီလိုမ်ဳိး နီးလာမွ မဲ ေပးခြင့္ကို ပိတ္ပင္လိုက္တာဟာ အဲ့ေဒသမွာရွိတဲ့ တိုင္းရင္းျပည္သူေတြအတြက္ တရားမွ်တမႈမရွိဘူးလို႔ ယူဆ တယ္၊ ေနာက္တစ္ခုက ျပည္သူေတြကို ေရြးေကာက္ပြဲက တဆင့္ လႊတ္ေတာ္ ႏိုင္ငံေရး လမ္းေၾကာင္းကို ေလွ်ာက္လွမ္းၿပီးေတာ့ ႏိုင္ငံေရးေဘာင္ကို ခ်ဲ႕ ဖို႔ လုပ္ရမယ့္အခ်ိန္မွာ အခုလို ေရြးေကာက္ပြဲပိတ္ပင္လိုက္တာက တိုင္းရင္းသား ျပည္သူေတြကို လႊတ္ေတာ္ျပင္ပႏိုင္ငံေရးလမ္းေၾကာင္း ေရြးခ်ယ္လာေအာင္ တြန္းပို႔လိုက္သလို ျဖစ္ေနတယ္လို႔ သံုးသပ္မိတယ္” ဟု ေျပာသည္။

ေရြးေကာက္ပြဲ က်င္းပရန္ ရက္ ၂၀ သာ လိုေတာ့သည့္ အခ်ိန္တြင္ တိုင္းရင္းသားေဒသ က မဲဆႏၵနယ္ အမ်ား အျပားကို ေရြးေကာက္ပြဲမက်င္းပႏိုင္ဟု ထုတ္ျပန္လိုက္ျခင္းသည့္အေပၚ သက္ဆိုင္ရာ ေဒသက တိုင္းရင္းသား မဲဆႏၵရွင္မ်ားအတြက္ တရားမွ်တမႈမရွိဘူးလို႔ တိုင္းရင္းသား ၅ ပါတီတို႔က ေအာက္တိုဘာ ၁၈ ရက္ေန႔ ေၾကညာ ခ်က္ထုတ္ကာ ေျပာဆိုလိုက္သည္။

ထို႔အျပင္ ေရြးေကာက္ပြဲေကာ္မရွင္၏ ပြင့္လင္းျမင္သာမႈ ဘက္မလိုက္မႈ သမာသမတ္က်မႈႏွင့္ ဂုဏ္သိကၡာရွိမႈ တို႔ အျပင္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေရြးေကာက္ပြဲ၏ လြတ္လပ္မႈႏွင့္ တရားမွတမႈကိုပါ ေမးခြန္း ထုတ္စရာျဖစ္ေစသည္ဟု လည္း တိုင္းရင္းသားပါတီမ်ား က ေျပာသည္။

ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည့္ ေနရာ မ်ားသည္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား ေသခ်ာေပါက္အႏိုင္ရႏိုင္မည့္ေနရာမ်ားျဖစ္သည္ဟု တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား က ေျပာသည္။

ထိုကဲ့သို႔ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား အားေကာင္းၿပီး အႏိုင္ရႏိုင္မည့္ေနရာမ်ားကို ေရြးေကာက္ပြဲ က်င္းပခြင့္ မဲေပးခြင့္ ပိတ္ပင္လိုက္ျခင္းသည္ တိုင္းရင္းသားႏိုင္ငံေရးပါတီမ်ား အႏိုင္ရမည္ကို ေကာ္မရွင္က စိုးရိမ္ၿပီး ယခုလို လုပ္ေဆာင္လိုက္သလားဆိုၿပီး ေကာ္မရွင္အေပၚ သံသယဝင္မိသည္ဟုလည္း တိုင္းရင္းသားပါတီမ်ား က ေျပာ သည္။

ကရင္အမ်ဳိးသား ဒီမိုကရက္တစ္ပါတီ အေထြေထြအတြင္းေရးမွဴး ေစာခ်စ္သန္းက “ဒီမိုကေရစီစံနဲ႔ ၾကည့္ရင္ မ ျဖစ္မေန မဲေပးပိုင္ခြင့္ရွိသူ အားလံုးက မဲေပးခြင့္ရရွိသင့္တယ္ေလ ေပးလဲေပးခ်င္ၾကတယ္ေလ အခု ေရြးေကာက္ ပြဲ မက်င္းပႏိုင္ဘူး မဲေပးခြင့္ပိတ္ပင္လိုက္ေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြ မဲမေပးႏိုင္ၾကေတာ့ဘူး ဆိုလို႔ ရွိ ရင္ က်ေနာ္တို႔ တိုင္းရင္းသားေတြအတြက္ အမ်ားႀကီး နစ္နာတာေပါ့၊ ေကာ္မရွင္က ေၾကညာထားတဲ့ ေရြး ေကာက္ပြဲ မက်င္းပႏိုင္တဲ့ေနရာေတြ ၂၀၁၅ တုန္းကလည္း ေရြးေကာက္ခံခဲ့တဲ့ေနရာေတြ အမ်ားႀကီး ပါလာ တယ္။ ဒီလိုလုပ္တာက သိပ္မတရားဘူးေလ တိုင္းရင္းသားေတြ တကယ္ႏိုင္မယ့္ေနရာကို ဒီလိုလုပ္တာက မတ ရားဘူးေလ” ဟု ေျပာသည္။

ေရြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည့္ေဒသက တိုင္းရင္းသားျပည္သူမ်ား တရားမွ် တမႈ၊ တန္းတူညီမွ်မႈႏွင့္ ေရြးေကာက္ခံခြင့္ႏွင့္ မဲေပးခြင့္ အခြင့္အေရးမ်ား မဆံုး႐ႈံးေစေရးအတြက္ ေကာ္မရွင္ အေနျဖင့္ ျပန္လည္သံုးသပ္ျပင္ဆင္ေပးရန္ လိုေၾကာင္းလည္း တိုင္းရင္းသား ၅ ပါတီတို႔က ေတာင္းဆို ထား သည္။

“က်ေနာ္တို႔ ေျပာေနတဲ့ ဒီမိုကေရစီအခြင့္အေရးမွာ မဲေပးခြင့္က အေျခခံက်တဲ့အခြင့္အေရးျဖစ္တယ္။ ဒီလို အခြင့္အေရး မဲေပးခြင့္အခြင့္အေရး ရရွိခံစားခြင့္မရွိဘူးဆိုလို႔ရွိရင္ မဲဆႏၵရွင္ေတြက ႏိုင္ငံသားတစ္ေယာက္ အေန နဲ႔ ရသင့္ရထိုက္တဲ့ အခြင့္အေရး ဆံုး႐ႈံးသြားတယ္လို႔ ျမင္တယ္” ဟု ႏိုင္လယိတမ က ဆက္ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားသည့္ ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိသည့္ ျပည္ နယ္ႏွင့္ တိုင္းတို႔သည္ ကခ်င္ျပည္နယ္ ကရင္ျပည္နယ္ ရွမ္းျပည္နယ္ ရခိုင္ျပည္နယ္ မြန္ျပည္နယ္ႏွင့္ ပဲခူး တိုင္း တို႔ျဖစ္ၿပီး အဆိုပါ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၆ ခုတို႔ရွိွ ၿမိဳ႕ နယ္ေပါင္း ၅၀ ေက်ာ္တို႔မွ ရပ္ကြက္ ၂၃ ရပ္ကြက္ ေက်းရြာအုပ္စုေပါင္း ၅၅၀ ေက်ာ္ ပါဝင္သည္။

ေရြးေကာက္ပြဲမက်င္းပႏိုင္သည့္ တိုင္းႏွင့္ ျပည္နယ္မ်ားအနက္မွ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔သည္ ေရြး ေကာက္ပြဲမက်င္းပႏိုင္သည့္ေနရာ အမ်ားဆံုးျဖစ္ၿပီး အဆိုပါေဒသက မဲဆႏၵရွင္ သံုးပံုႏွစ္ပံုခန္႔ မဲေပးခြင့္ ဆံုး႐ႈံးရေတာ့မည္ဟု ေလ့လာသံုးသပ္သူမ်ား က ေဝဖန္ေျပာဆိုေနၾကသည္။