တိုင်းရင်းသား ပါတီများ ငြိမ်းချမ်း‌ရေး ဖော်ဆောင်ရန် ကတိပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားလုပ်ဆောင်သွားကြ မည်ဟု တိုင်းရင်းသားပါတီများက ပြောသည်။

တိုင်းရင်းသားပါတီများအနေဖြင့် ငြိမ်းချမ်းရေး အပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်များ ရရှိအောင် ကြိုးစား လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသား ပါတီများက ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က “ငြိမ်းချမ်းရေးက ကျနော်တို့ မလုပ်ဘူးဆိုရင် မရနိုင်တော့ပါဘူး။ အဓိကကတော့ ၂၀၁၀ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကလည်းပဲ အစိုးရ လုပ်ပြီးပြီ ဘာမှငြိမ်းချမ်းရေးလည်း မရဘူး။ ပိုမိုဆိုးရွားလာတဲ့ အခြေအနေမျိုးပဲဖြစ်တယ်။ နောက်တစ်ချက်ကတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အစိုးရဖြစ်လာတယ်။ ငြိမ်းချမ်းရေး ဘာမှ မလုပ်နိုင်ဘူး ဒါကြောင့်လဲ ကျနော်တို့က ကိုယ်တိုင် ခံစားနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ရင် ရရှိပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်မယ်” ဟု ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကတိကဝတ်ထဲတွင် ပင်လုံသဘော တူညီ ချက်၊ ပင်လုံကတိကဝတ်များနှင့်အညီ နိုင်ငံတော်ကို စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြစ် တည်လာစေရေး အလေးထားဆောင်ရွက်သွားမည့် အချက်ပါဝင်သည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံးညှိနှိုင်းဆောင်ရွက်မယ်။ ဒါပြီးမှ သက်ဆိုင်ရာ လက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း အကုန်လုံး ညှိနှိုင်းဆောင်ရွက်ပြီးမှ အကုန်လုံး ပါတီတွေနဲ့ တူတူညီညီနဲ့ ဒီငြိမ်းချမ်းရေးကို လုပ်ဖို့ ဆန္ဒရှိလို့ လွှတ်တော်လမ်းကြောင်းထဲကနေ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး ကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးဆို ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ပဲ လွှတ်တော် လမ်းကြောင်းကနေ ငြိမ်းချမ်းရေးကို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကိုယ့်မိခင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံးညှိနှိုင်းပြီးတော့မှ စစ်မှန်တဲ့ ငြိမ်း ချမ်းရေး ကို ရရှိဖို့ လုပ်ဆောင်သွားမှာပေါ့။ နောက်တစ်ချက်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်ဖို့လည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက်လည်း အထူးကြိုးပမ်းဆောင်ရွက်ပါမည်ဆိုသည့် အချက် အပါအဝင် တိုင်းရင်းသားများ၏ အမည်နာမ၊ သမိုင်းကြောင်းနှင့် ဖြစ်တည်မှုတို့ မှန်ကန်စေရန်နှင့် စာပေ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။

၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကတိက ဝတ်များ မူဝါဒများကို ပြောဆိုကာ မဲဆွယ်စည်းရုံးမှုများ လုပ်နေကြသည်ကိုတွေ့ရသည်။

ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က “ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ပင်လုံညီလာခံ အတွက်ကတော့ ထဲထဲဝင်ဝင်ပါပြီးတော့ အဲဒီနည်းလမ်းကနေပြီးတော့ အကောင်အ ထည်ဖော်ဖို့ကတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ ရည်မှန်းချက်တော့ ထားတယ်။ ဘာဖြစ်လို့လဲဆိုတာ့ တစ်ခြား နည်းလမ်းမှ မရှိပဲ လွှတ်တော်နည်းလမ်းကလည်း လွှတ်တော်ထဲ မှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့က တော် တော်ခက်တယ်။ တော်တော်ခက်တယ်အခါကျတော့ ဒီ NCA က နေ လမ်းကြောင်းက နိုင်ငံရေးမူဘောင် ဆွေးနွေးမှု မူဘောင်ကနေတစ်ဆင့် လာတဲ့ ဒီငြိမ်းချမ်းရေး ညီလာခံ ကနေ ချင်းပါတီ အနေနဲ့တော့ ကျနော် တို့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ထဲထဲဝင်ဝင်ပါ ဝင်ပြီး တော့ ဒီငြိမ်းချမ်းရေး ညီလာခံ တက် ရောက်ရင်းနဲ့ပေါ့ ငြိမ်းချမ်းရေးအတွက်ကော ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးအတွက်ကော အကောင်အ ထည် ဖော်ဖို့ ဒီလိုပဲ ရည်မှန်းချက်ရှိပါတယ်” ဟု ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အနေဖြင့်လည်း ၎င်းတို့ပါတီ၏ နိုင်ငံရေးမူဝါဒ ၆ ချက် ၏ ပထမဆုံးအချက်တွင် အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်၊ ဒုတိယအချက်တွင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းတည်ဆောက်မည်ဟု ဖော်ပြထားသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က “NCA လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းပြီလို့ ကျနော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ NCA လက်မှတ်ထိုး လိုက်တာဟာ အပစ်အခတ် ရပ်စဲတာပဲ ကျနော်တို့ နားလည်ထားတယ်။ အပစ်ခတ်ရပ်စဲ ပြီးတာနဲ့ သေနတ်သံတွေ ဗုံးသံတွေ အမြောက် သံတွေ မကြားရတော့ဘူး ဆိုတာနဲ့ အကောက်အခွန်တွေ မကောက်တော့ဘူး ဆိုတာနဲ့ ငြိမ်းချမ်းပြီလို့ ကျနော်တို့က ဘယ်တုန်းကမှ မခံယူဘူး။ တကယ်ငြိမ်းချမ်းရေးကို ကျနော်တို့ လိုချင်တယ်။ တိုင်းရင်းသား တွေ အနှစ်နှစ် အလလ ခံစားနေရတဲ့ အထွေထွေ မကျေနပ်ချက်တွေ အကုန်လုံး ပြီးပျောက်ပြေငြိမ်းသွားမှ တကယ့် ငြိမ်းချမ်းရေး ရမယ်လို့ ကျနော်တို့ ခံယူတယ်” ဟု ပြောသည်။

ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အနေဖြင့် အခြေခံဥပဒေကို ပြင်နိုင်ရေး နည်းလမ်းများရှာ ပြင်ဆင်ပြီး ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးအထိ ကြိုးပမ်းသွားမည်ဟု ပါတီဥက္ကဌ မန်းအောင်ပြည်စိုး က ဆက်ပြောသည်။

“အတတ်နိုင်ဆုံး အခြေခံဥပဒေကိုလည်း ပြင်နိုင်ရင်လည်း ပြင်ဖို့ နည်းလမ်းရှာမယ် အခြေခံဥပဒေကို ပြင် ရင်းနဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို ကျနော်တို့က တည်ဆောက်နိုင်မယ် ညှိနှိုင်းဆွေးနွေးနိုင်မယ် တိုင်းရင်း သားတွေ လိုချင်တဲ့ ကိုယ့်ပြည်နယ် အခြေခံဥပဒေ ကိုယ့်ဟာကိုရေး ဆွဲဖို့ တန်းတူညီမျှခြင်း လွတ်လပ်ခြင်း ဆိုတဲ့ အခြေခံသဘောတရားတွေကို လက်ခံလာနိုင်တဲ့အထိ ကျနော်တို့က စောင့်ပြီးတော့ အိန္ဒိယမှာလည်း ကျနော်တို့လေ့လာမိသလောက် မိဇိုရမ်ဆိုတဲ့ ပြည်နယ် တိုက်ရင်းနဲ့ ညှိနှိုင်းကြတာပဲ တိုက်ရင်းလည်း ဆွေး နွေးကြတာပဲ အဲလိုမျိုးအပိုင်း လေးတွေ ဒါနဲ့လည်း သူတို့က အောင်မြင်မှုရလာလို့ ကျနော်တို့က လေ့လာမိ သလောက် ကျနော်တို့ သိရ တယ်။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နည်းပေါင်းစုံရှာပြီးတော့ ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ရှာဖွေပြီးတော့ မရ ရအောင်ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့သံဓိဌာန်ကတော့ ထားထားပါတယ်။”

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ ကတိကဝတ် နှင့် မူဝါဒထဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ပါတီ၏ ရည် မှန်းချက်ထဲတွင် လူထုအခြေပြုဆွေးနွေးပွဲများကို အခြေခံ၍ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါးများနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်သွားမည်ဟု ရေးသားထားသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ အတွင်းရေးမှူး ဦးသဲရယ် က “ဒါကတော့ ကျနော်တို့ တာဝန်ရှိလာတယ်။ အာဏာရှိလာတယ်ဆိုရင်တော့ ချက်ချင်းရပ်ရမယ် ဆိုတာမျိုးထက်ကို ငြိမ်းချမ်းရေးကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ပါ့မယ်။ အထူးသဖြင့် ကျနော်တို့ ဒီတပ်နဲ့ ပတ်သက်တဲ့ဟာတွေ တပ်ပိုင်းဆိုင်ရာရော နောက်ပြီး EAOs ကိစ္စတွေရော အပြန်အလှန် သူတို့တွေရဲ့ လိုလားချက် သူတို့တွေရဲ့ ရပ်တည်ချက် ဘာတွေ ဆိုတာကိုလည်း ကျနော်တို့ ဒါတွေ အဖြေရှာပြီးတော့မှပဲ ဘယ်လိုတည် ဆောက် မယ် ဆိုတဲ့ဟာမျိုး ဆက်သွားရမှာပေါ့နော်” ဟု ပြောသည်။

ထို့နောက် “ငြိမ်းချမ်းရေးကိုလည်း လူထုအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ သွားချင်သလဲ ဆိုတဲ့ဟာမျိုးတွေလည်း အရေးကြီးပါတယ်။ ဆိုတော့ ကျနော်တို့ အာဏာရှိလို့ ကျနော်တို့ လုပ်ချင်တဲ့ ပုံစံနဲ့ တည်ဆောက်သွားလို့ မရဘူး။ ဒါက ငြိမ်းချမ်းရေးက ခုနကျနော်ပြောသလိုမျိုးပဲ တပ်မတော်လည်း ပါလာဖို့ လိုတယ်။ နောက်ပြီး တော့ EAOs တွေလည်း ပါလာဖို့လိုတယ်။ ဆိုတော့ တပ်မတော်ရဲ့ ပေါ်လစီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တော့မှ တပ်မတော်ရဲ့ ပေါ်လစီက ဘာလဲ။ EAOs တွေနဲ့ ပတ်သက် ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ပေါ်လစီက ဘယ်လိုရှိသလဲ ဆိုတဲ့ဟာမျိုးတွေတော့ ကျနော်တို့ အရင်ဆုံးဆွေးနွေးပြီးတော့မှပဲ ဒါဘယ်လို တည်ဆောက်သွားမလဲဆိုတဲ့ဟာမျိုးတွေပေါ့” ဟု ဦးသဲရယ် က ဆက်ပြောသည်။

ပြည်နယ်အတွင်း အမှန်တကယ် စစ်မှန်သည့် ငြိမ်းချမ်းရေး အောင်မြင်ဖြစ်ထွန်းပြီးသည့်အခါ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ၏ အတွင်းရေးမှူး က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ရှိသည်။

*** ZAWGYI ***
တိုင္းရင္းသား ပါတီမ်ား ၿငိမ္းခ်မ္း‌ေရး ေဖာ္ေဆာင္ရန္ ကတိျပဳ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ အႏုိင္ရရွိပါက ၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးစားလုပ္ေဆာင္သြားၾက မည္ဟု တုိင္းရင္းသားပါတီမ်ားက ေျပာသည္။

တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရး အျပင္ အမ်ိဳးသားတန္းတူေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္ ႏွင့္ ကိုယ့္ ၾကမၼာ ကိုယ္ဖန္တီးခြင့္မ်ား ရရွိေအာင္ ႀကိဳးစား လုပ္ေဆာင္သြားမည္ဟု တိုင္းရင္းသား ပါတီမ်ားက ေျပာ သည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္း က “ၿငိမ္းခ်မ္းေရးက က်ေနာ္တို႔ မလုပ္ဘူးဆိုရင္ မရႏိုင္ေတာ့ပါဘူး။ အဓိကကေတာ့ ၂၀၁၀ မွာ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရး ကလည္းပဲ အစိုးရ လုပ္ၿပီးၿပီ ဘာမွၿငိမ္းခ်မ္းေရးလည္း မရဘူး။ ပိုမိုဆိုးရြားလာတဲ့ အေျခအေနမ်ိဳးပဲျဖစ္တယ္။ ေနာက္တစ္ခ်က္ကေတာ့ ၂၀၁၅ ကေန ၂၀၂၀ အထိ NLD အစိုးရျဖစ္လာတယ္။ ၿငိမ္းခ်မ္းေရး ဘာမွ မလုပ္ႏိုင္ဘူး ဒါေၾကာင့္လဲ က်ေနာ္တို႔က ကိုယ္တိုင္ ခံစားေနတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က ေရြးေကာက္ပြဲ အႏိုင္ရရွိခဲ့ရင္ ရရွိၿပီးတဲ့ ေနာက္ပိုင္းမွာ ၿငိမ္းခ်မ္းေရးကို အားသြန္ခြန္စိုက္ လုပ္မယ္” ဟု ေျပာသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) ၏ ၂၀၂၀ ေရြးေကာက္ပြဲ ကတိကဝတ္ထဲတြင္ ပင္လံုသေဘာ တူညီ ခ်က္၊ ပင္လံုကတိကဝတ္မ်ားႏွင့္အညီ ႏုိင္ငံေတာ္ကို စစ္မွန္ေသာ ဖက္ဒရယ္ ဒီမုိကေရစီျပည္ေထာင္စု ျဖစ္ တည္လာေစေရး အေလးထားေဆာင္ရြက္သြားမည့္ အခ်က္ပါဝင္သည္။

“လက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔လည္း အကုန္လံုးညွိႏႈိင္းေဆာင္ရြက္မယ္။ ဒါၿပီးမွ သက္ဆိုင္ရာ လက္ နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔လည္း အကုန္လံုး ညွိႏႈိင္းေဆာင္ရြက္ၿပီးမွ အကုန္လံုး ပါတီေတြနဲ႔ တူတူညီညီနဲ႔ ဒီၿငိမ္းခ်မ္းေရးကို လုပ္ဖို႔ ဆႏၵရွိလို႔ လႊတ္ေတာ္လမ္းေၾကာင္းထဲကေန ဘာျဖစ္လို႔လဲဆိုေတာ့ ၿငိမ္းခ်မ္းေရး ကို လက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ မေဆြးေႏြးဘူးဆို ဘာမွလုပ္လို႔မရပါဘူး။ ဒါေၾကာင့္မို႔လို႔ပဲ လႊတ္ေတာ္ လမ္းေၾကာင္းကေန ၿငိမ္းခ်မ္းေရးကို လက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ ကိုယ့္မိခင္ လက္နက္ကိုင္ အဖြဲ႔ အစည္းေတြ က်န္တဲ့ လက္နက္ကိုင္ အဖြဲ႔အစည္းေတြ အကုန္လံုးညွိႏႈိင္းၿပီးေတာ့မွ စစ္မွန္တဲ့ ၿငိမ္း ခ်မ္းေရး ကို ရရွိဖို႔ လုပ္ေဆာင္သြားမွာေပါ့။ ေနာက္တစ္ခ်က္ကေတာ့ စစ္မွန္တဲ့ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ ေဆာက္ဖို႔လည္း လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။”

ထို႔အျပင္ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္လည္း အထူးႀကိဳးပမ္းေဆာင္ရြက္ပါမည္ဆုိသည့္ အခ်က္ အပါအဝင္ တိုင္းရင္းသားမ်ား၏ အမည္နာမ၊ သမုိင္းေၾကာင္းႏွင့္ ျဖစ္တည္မႈတို႔ မွန္ကန္ေစရန္ႏွင့္ စာေပ၊ ယဥ္ေက်းမႈမ်ား ဖြံ႔ၿဖိဳးတိုးတက္လာေစရန္ ႀကိဳးပမ္းသြားမည္ဟု ကတိကဝတ္ျပဳထားသည္။

၂၀၂၀ တြင္ ေရြးေကာက္ပြဲဝင္ၾကမည့္ ႏုိင္ငံေရးပါတီမ်ားသည္ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္သည့္ ကတိက ၀တ္မ်ား မူဝါဒမ်ားကို ေျပာဆိုကာ မဲဆြယ္စည္းရံုးမႈမ်ား လုပ္ေနၾကသည္ကိုေတြ႕ရသည္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (CNLD) ဥကၠ႒ ဦးငိုင္ဆာ့ခ္ က “က်ေနာ္တို႔က ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္ ပင္လံုညီလာခံ အတြက္ကေတာ့ ထဲထဲ၀င္၀င္ပါၿပီးေတာ့ အဲဒီနည္းလမ္းကေနၿပီးေတာ့ အေကာင္အ ထည္ေဖာ္ဖို႔ကေတာ့ ႀကိဳးစားၾကည့္မယ္ဆိုတဲ့ ရည္မွန္းခ်က္ေတာ့ ထားတယ္။ ဘာျဖစ္လို႔လဲဆိုတာ့ တစ္ျခား နည္းလမ္းမွ မရွိပဲ လႊတ္ေတာ္နည္းလမ္းကလည္း လႊတ္ေတာ္ထဲ မွာ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ဖို႔က ေတာ္ ေတာ္ခက္တယ္။ ေတာ္ေတာ္ခက္တယ္အခါက်ေတာ့ ဒီ NCA က ေန လမ္းေၾကာင္းက ႏိုင္ငံေရးမူေဘာင္ ေဆြးေႏြးမႈ မူေဘာင္ကေနတစ္ဆင့္ လာတဲ့ ဒီၿငိမ္းခ်မ္းေရး ညီလာခံ ကေန ခ်င္းပါတီ အေနနဲ႔ေတာ့ က်ေနာ္ တို႔ ခ်င္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္အေနနဲ႔ ထဲထဲ၀င္၀င္ပါ ၀င္ၿပီး ေတာ့ ဒီၿငိမ္းခ်မ္းေရး ညီလာခံ တက္ ေရာက္ရင္းနဲ႔ေပါ့ ၿငိမ္းခ်မ္းေရးအတြက္ေကာ ဖက္ဒရယ္ ျပည္ေထာင္စု ရရွိေရးအတြက္ေကာ အေကာင္အ ထည္ ေဖာ္ဖို႔ ဒီလိုပဲ ရည္မွန္းခ်က္ရွိပါတယ္” ဟု ေျပာသည္။

ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) အေနျဖင့္လည္း ၎တို႔ပါတီ၏ ႏုိင္ငံေရးမူဝါဒ ၆ ခ်က္ ၏ ပထမဆံုးအခ်က္တြင္ အမ်ိဳး သားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ကို အာမခံေသာ ျပည္နယ္မ်ားျဖင့္ ဖြဲ႕စည္းသည့္ ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္မည္၊ ဒုတိယအခ်က္တြင္ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ႀကိဳးပမ္းတည္ေဆာက္မည္ဟု ေဖာ္ျပထားသည္။

ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စုိး က “NCA လက္မွတ္ထိုးလိုက္တာနဲ႔ ၿငိမ္းခ်မ္းၿပီလို႔ က်ေနာ္တို႔က ဘယ္တုန္းကမွ မခံယူဘူး။ NCA လက္မွတ္ထိုး လိုက္တာဟာ အပစ္အခတ္ ရပ္စဲတာပဲ က်ေနာ္တို႔ နားလည္ထားတယ္။ အပစ္ခတ္ရပ္စဲ ၿပီးတာနဲ႔ ေသနတ္သံေတြ ဗံုးသံေတြ အေျမာက္ သံေတြ မၾကားရေတာ့ဘူး ဆိုတာနဲ႔ အေကာက္အခြန္ေတြ မေကာက္ေတာ့ဘူး ဆိုတာနဲ႔ ၿငိမ္းခ်မ္းၿပီလို႔ က်ေနာ္တို႔က ဘယ္တုန္းကမွ မခံယူဘူး။ တကယ္ၿငိမ္းခ်မ္းေရးကို က်ေနာ္တို႔ လိုခ်င္တယ္။ တိုင္းရင္းသား ေတြ အႏွစ္ႏွစ္ အလလ ခံစားေနရတဲ့ အေထြေထြ မေက်နပ္ခ်က္ေတြ အကုန္လံုး ၿပီးေပ်ာက္ေျပၿငိမ္းသြားမွ တကယ့္ ၿငိမ္းခ်မ္းေရး ရမယ္လို႔ က်ေနာ္တို႔ ခံယူတယ္” ဟု ေျပာသည္။

ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP အေနျဖင့္ အေျခခံဥပေဒကို ျပင္ႏုိင္ေရး နည္းလမ္းမ်ားရွာ ျပင္ဆင္ၿပီး ျပည္နယ္အလိုက္ ဖြဲ႕စည္းပံုအေျခခံဥပေဒေရးဆြဲႏုိင္ေရးအထိ ႀကိဳးပမ္းသြားမည္ဟု ပါတီဥကၠဌ မန္းေအာင္ျပည္စုိး က ဆက္ေျပာသည္။

“အတတ္ႏိုင္ဆံုး အေျခခံဥပေဒကိုလည္း ျပင္ႏိုင္ရင္လည္း ျပင္ဖို႔ နည္းလမ္းရွာမယ္ အေျခခံဥပေဒကို ျပင္ ရင္းနဲ႔ ဒီမိုကေရစီ ျပည္ေထာင္စုကို က်ေနာ္တို႔က တည္ေဆာက္ႏိုင္မယ္ ညွိႏႈိင္းေဆြးေႏြးႏိုင္မယ္ တိုင္းရင္း သားေတြ လိုခ်င္တဲ့ ကိုယ့္ျပည္နယ္ အေျခခံဥပေဒ ကိုယ့္ဟာကိုေရး ဆြဲဖို႔ တန္းတူညီမွ်ျခင္း လြတ္လပ္ျခင္း ဆိုတဲ့ အေျခခံသေဘာတရားေတြကို လက္ခံလာႏိုင္တဲ့အထိ က်ေနာ္တို႔က ေစာင့္ၿပီးေတာ့ အိႏၵိယမွာလည္း က်ေနာ္တို႔ေလ့လာမိသေလာက္ မိဇိုရမ္ဆိုတဲ့ ျပည္နယ္ တိုက္ရင္းနဲ႔ ညွိႏႈိင္းၾကတာပဲ တိုက္ရင္းလည္း ေဆြး ေႏြးၾကတာပဲ အဲလိုမ်ိဳးအပိုင္း ေလးေတြ ဒါနဲ႔လည္း သူတို႔က ေအာင္ျမင္မႈရလာလို႔ က်ေနာ္တို႔က ေလ့လာမိ သေလာက္ က်ေနာ္တို႔ သိရ တယ္။ ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ နည္းေပါင္းစံုရွာၿပီးေတာ့ ဒီၿငိမ္းခ်မ္းေရးကို က်ေနာ္တို႔ ရွာေဖြၿပီးေတာ့ မရ ရေအာင္ႀကိဳးစားေဆာင္ရြက္မယ္ဆိုတဲ့သံဓိဌာန္ကေတာ့ ထားထားပါတယ္။”

ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) ၏ ၂၀၂၀ ေရြးေကာက္ပြဲ ေၾကညာစာတမ္း၊ ကတိကဝတ္ ႏွင့္ မူဝါဒထဲတြင္ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ တိတိက်က် ေဖာ္ျပထားျခင္း မရွိေသာ္လည္း ပါတီ၏ ရည္ မွန္းခ်က္ထဲတြင္ လူထုအေျချပဳေဆြးေႏြးပြဲမ်ားကိုု အေျခခံ၍ ၿငိမ္းခ်မ္းေရး၊ စီးပြားေရး၊ ေဒသဖြံ႔ၿဖိဳးေရး ဆိုင္ရာ မူဝါးမ်ားႏွင့္ လုပ္ငန္းစဥ္မ်ားကို ခ်မွတ္အေကာင္အထည္ေဖာ္သြားမည္ဟု ေရးသားထားသည္။

ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) ၏ အတြင္းေရးမွဴး ဦးသဲရယ္ က “ဒါကေတာ့ က်ေနာ္တို႔ တာ၀န္ရွိလာတယ္။ အာဏာရွိလာတယ္ဆိုရင္ေတာ့ ခ်က္ခ်င္းရပ္ရမယ္ ဆိုတာမ်ိဳးထက္ကို ၿငိမ္းခ်မ္းေရးကို အေကာင္းဆံုး ျဖစ္ေအာင္ တည္ေဆာက္ပါ့မယ္။ အထူးသျဖင့္ က်ေနာ္တို႔ ဒီတပ္နဲ႔ ပတ္သက္တဲ့ဟာေတြ တပ္ပိုင္းဆိုင္ရာေရာ ေနာက္ၿပီး EAOs ကိစၥေတြေရာ အျပန္အလွန္ သူတို႔ေတြရဲ႕ လိုလားခ်က္ သူတို႔ေတြရဲ႕ ရပ္တည္ခ်က္ ဘာေတြ ဆိုတာကိုလည္း က်ေနာ္တို႔ ဒါေတြ အေျဖရွာၿပီးေတာ့မွပဲ ဘယ္လိုတည္ ေဆာက္ မယ္ ဆိုတဲ့ဟာမ်ိဳး ဆက္သြားရမွာေပါ့ေနာ္” ဟု ေျပာသည္။

ထို႔ေနာက္ “ၿငိမ္းခ်မ္းေရးကိုလည္း လူထုအေနနဲ႔ ဘယ္လိုပံုစံမ်ိဳးနဲ႔ သြားခ်င္သလဲ ဆိုတဲ့ဟာမ်ိဳးေတြလည္း အေရးႀကီးပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ အာဏာရွိလို႔ က်ေနာ္တို႔ လုပ္ခ်င္တဲ့ ပံုစံနဲ႔ တည္ေဆာက္သြားလို႔ မရဘူး။ ဒါက ၿငိမ္းခ်မ္းေရးက ခုနက်ေနာ္ေျပာသလိုမ်ိဳးပဲ တပ္မေတာ္လည္း ပါလာဖို႔ လိုတယ္။ ေနာက္ၿပီး ေတာ့ EAOs ေတြလည္း ပါလာဖို႔လိုတယ္။ ဆိုေတာ့ တပ္မေတာ္ရဲ႕ ေပၚလစီ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ေတာ့မွ တပ္မေတာ္ရဲ႕ ေပၚလစီက ဘာလဲ။ EAOs ေတြနဲ႔ ပတ္သက္ ၿပီးေတာ့မွ သူတို႔ရဲ႕ ၿငိမ္းခ်မ္းေရး ဆိုတဲ့ ေပၚလစီက ဘယ္လိုရွိသလဲ ဆိုတဲ့ဟာမ်ိဳးေတြေတာ့ က်ေနာ္တို႔ အရင္ဆံုးေဆြးေႏြးၿပီးေတာ့မွပဲ ဒါဘယ္လို တည္ေဆာက္သြားမလဲဆိုတဲ့ဟာမ်ိဳးေတြေပါ့” ဟု ဦးသဲရယ္ က ဆက္ေျပာသည္။

ျပည္နယ္အတြင္း အမွန္တကယ္ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရး ေအာင္ျမင္ျဖစ္ထြန္းၿပီးသည့္အခါ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရသည့္ ဒုကၡသည္မ်ား ေနရပ္ျပန္ေရး၊ ျပန္လည္ေနရာခ်ထားေရးကိစၥမ်ားကို ဆက္လက္ ေဆာင္ရြက္သြားမည္ဟု ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) ၏ အတြင္းေရးမွဴး က ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲကို ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး ျမန္မာတစ္ႏုိင္ငံလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏုိင္ငံေရးပါတီေပါင္း ၉၃ ပါတီ ရွိသည္။