ရွေးကောက်ပွဲကာလတွင် ပိတ်ဆို့မှုများ မွန်ပြည်သစ် ၃ ရက်ဖွင့်ပေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် ဝင် ထွက် သွားလာခွင့် ကန့်သတ်ထားသည်ကို ၃ ရက် ဖွင့်လှစ်ပေးသွားမည်ဟု မွန်ပြည်သစ်ပါတီ(NMSP) က ပြော သည်။

မွန်ပြည်သစ်ပါတီသည် COVID-19 ဖြစ်ပွားမှုနှုန်းများလာခဲ့သည့်အတွက် စက်တင်ဘာလခန့်မှစတင်၍ ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်များကို ကန့်သတ်ထားခဲ့သည်။

မိမိတို့ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် နိုဝင်လာလ ၇ ရက်နေ့မှ နိုဝင်ဘာ ၉ ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်ကို ဖွင့် လှစ်ပေးထားမည် ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူ က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က “မဲသွားပေးမယ့် ပြည်သူလူထုတွေ လွတ်လပ်စွာ မဲသွားပေးနိုင်ဖို့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျနော်တို့ ကိုဗစ်ကြောင့် ကန့်သတ်မှု လုပ်ထားတာတွေကို ဖြေလျှော့ပေးသွားမယ်” ဟု ပြောသည်။

ထု့ိအပြင် မွန်ပြည်သစ် ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့သဘောဆန္ဒအတိုင်း ကြိုက်နှစ်သက်ရာပါတီကို လွတ်လပ်စွာမဲပေးနိုင်ကြောင်းလည်း မွန်ပြည်သစ်ပါတီ က ပြောသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၀ ရက်နေ့မှစပြီး ထိန်းချုပ်ဒေသအတွင်း ဝင် ထွက်သွားလာခွင့်ကို ပြန်လည်ကန့်သတ်သွားမည်ဟုလည်း မွန်ပြည်သစ်ပါတီ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ (ဗဟို) မှ နိုင်စိုက်ချမ်းထော က ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင်များ အထူးသဖြင့် ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်း ဖျား ဒေသရှိ မဲဆန္ဒရှင်များသည် မဲရုံနှင့် မိုင် ၂၀ နှင့် ၃၀ အကြား ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး လည်း မကောင်းသည့်အတွက် မဲသွားပေးရန် ခက်ခဲနေသည့်အနေအထားများ ဖြစ်နေသည်။

“ရေးချောင်းဖျားဒေသက ပြည်သူလူထုတွေက မဲရုံနဲ့ တအားဝေးနေတယ် စိတ်ဝင်စားပေမယ့် မဲလာထည့်ဖို့က ခက်ခဲတဲ့အနေအထားမှာရှိနေတယ် ကျနော်တို့အနေနဲ့ကလည်း ကိုယ့်ဒေသကလူတွေ မဲပေးနိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ရေးမြို့နယ်တောင်ပိုင်းတွင်ပါဝင်သည့် ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) နေရာတွင် ဝင်ရောက်အရွေးခံသည့် ကိုယ်စားလှယ်လောင်း မင်းအောင်ထူး က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင် ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ မရ ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေခြင်းတို့ကြောင့် ဒေသခံများ ရွေးကောက်ပွဲ တွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှုတို့များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင် ဒေးရှင်း ပြီးခဲ့သည့် အောက်တိုဘာလ က ထုတ်ပြန်သည့် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့် အစီရင်စာထဲ တွင် ရေးသားထားသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ် ရေးချောင်းဖျားဒေသအတွင်းက မဲမပေးဖူသည့် မဲဆန္ဒရှင်ပြည်သူ ၂၀၀၀ နီးပါး က လည်း မဲစာရင်းတွင် ပါလာသည့်အတွက် ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေး ကောက်တွင် မဲပေးခွင့်ရရှိတော့မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများတွင် လူဦးရေ ၁ သိန်း ၈ သောင်း ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ထဲတွင် လူဦးရေ ၄ သောင်း ကျော် သည် ရွေးကောက်ပွဲတွင် တစ်ကြိမ်တစ်ခါမှ ပါဝင်ခွင့် မရရှိသူများဖြစ်သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ၏ “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့် အစီရင်စာ အရ သိရသည်။

*** ZAWGYI ***
ေရြးေကာက္ပြဲကာလတြင္ ပိတ္ဆို႔မႈမ်ား မြန္ျပည္သစ္ ၃ ရက္ဖြင့္ေပးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္၊
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္။

မြန္ျပည္သစ္ပါတီအေနျဖင့္ ၎တို႔ထိန္းခ်ဳပ္ေဒသအတြင္းရွိ ျပည္သူမ်ား လြတ္လပ္စြာမဲေပးႏိုင္ရန္အတြက္ ဝင္ ထြက္ သြားလာခြင့္ ကန႔္သတ္ထားသည္ကို ၃ ရက္ ဖြင့္လွစ္ေပးသြားမည္ဟု မြန္ျပည္သစ္ပါတီ(NMSP) က ေျပာ သည္။

မြန္ျပည္သစ္ပါတီသည္ COVID-19 ျဖစ္ပြားမႈႏႈန္းမ်ားလာခဲ့သည့္အတြက္ စက္တင္ဘာလခန႔္မွစတင္၍ ၎တို႔ ထိန္းခ်ဳပ္ေဒသအတြင္း ဝင္ထြက္သြားလာခြင့္မ်ားကို ကန႔္သတ္ထားခဲ့သည္။

မိမိတို႔ ထိန္းခ်ဳပ္ေဒသအတြင္းရွိ မဲဆႏၵရွင္ ျပည္သူမ်ား လြတ္လပ္စြာမဲေပးႏိုင္ေရး ရည္႐ြယ္ခ်က္ျဖင့္ ႏိုဝင္လာလ ၇ ရက္ေန႔မွ ႏိုဝင္ဘာ ၉ ရက္ေန႔အထိ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသအတြင္း ဝင္ထြက္သြားလာခြင့္ကို ဖြင့္ လွစ္ေပးထားမည္ ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူ က ေျပာသည္။

မြန္ျပည္သစ္ပါတီ NMSP ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္က “မဲသြားေပးမယ့္ ျပည္သူလူထုေတြ လြတ္လပ္စြာ မဲသြားေပးႏိုင္ဖို႔ ႏိုဝင္ဘာ ၇ ရက္ေန႔ကေန ၉ ရက္ေန႔အထိ က်ေနာ္တို႔ ကိုဗစ္ေၾကာင့္ ကန႔္သတ္မႈ လုပ္ထားတာေတြကို ေျဖေလွ်ာ့ေပးသြားမယ္” ဟု ေျပာသည္။

ထု႔ိအျပင္ မြန္ျပည္သစ္ ထိန္းခ်ဳပ္ေဒသအတြင္းရွိ မဲဆႏၵရွင္ ျပည္သူမ်ားအေနျဖင့္ မိမိတို႔သေဘာဆႏၵအတိုင္း ႀကိဳက္ႏွစ္သက္ရာပါတီကို လြတ္လပ္စြာမဲေပးႏိုင္ေၾကာင္းလည္း မြန္ျပည္သစ္ပါတီ က ေျပာသည္။

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႏိုဝင္ဘာ ၁၀ ရက္ေန႔မွစၿပီး ထိန္းခ်ဳပ္ေဒသအတြင္း ဝင္ ထြက္သြားလာခြင့္ကို ျပန္လည္ကန႔္သတ္သြားမည္ဟုလည္း မြန္ျပည္သစ္ပါတီ COVID-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး ေကာ္မတီ (ဗဟို) မွ ႏိုင္စိုက္ခ်မ္းေထာ က ေျပာသည္။

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသအတြင္းရွိ မဲဆႏၵရွင္မ်ား အထူးသျဖင့္ ပါတီဗဟိုဌာနခ်ဳပ္တည္ရွိရာ ေရးေခ်ာင္း ဖ်ား ေဒသရွိ မဲဆႏၵရွင္မ်ားသည္ မဲ႐ုံႏွင့္ မိုင္ ၂၀ ႏွင့္ ၃၀ အၾကား ေဝးသည့္အျပင္ လမ္းပန္းဆက္သြယ္ေရး လည္း မေကာင္းသည့္အတြက္ မဲသြားေပးရန္ ခက္ခဲေနသည့္အေနအထားမ်ား ျဖစ္ေနသည္။

“ေရးေခ်ာင္းဖ်ားေဒသက ျပည္သူလူထုေတြက မဲ႐ုံနဲ႔ တအားေဝးေနတယ္ စိတ္ဝင္စားေပမယ့္ မဲလာထည့္ဖို႔က ခက္ခဲတဲ့အေနအထားမွာရွိေနတယ္ က်ေနာ္တို႔အေနနဲ႔ကလည္း ကိုယ့္ေဒသကလူေတြ မဲေပးႏိုင္ေအာင္ေတာ့ ႀကိဳးစားေနတယ္” ဟု ေရးၿမိဳ႕နယ္ေတာင္ပိုင္းတြင္ပါဝင္သည့္ ေရးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၂) ေနရာတြင္ ဝင္ေရာက္အေ႐ြးခံသည့္ ကိုယ္စားလွယ္ေလာင္း မင္းေအာင္ထူး က ေျပာသည္။

တိုင္းရင္းသားလက္နက္ကိုင္ထိန္းခ်ဳပ္ေဒသရွိ ျပည္သူမ်ား မဲေပးပိုင္ခြင့္ရွိေနေသာ္လည္း မဲစာရင္းတြင္ မပါဝင္ ျခင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာသတင္းအခ်က္အလက္မ်ားမရျခင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးမႈမ်ား မရ ျခင္း၊ လမ္းပန္းဆက္သြယ္ေရး ခက္ခဲျခင္း၊ မဲ႐ုံမ်ား ေဝးကြာလြန္းေနျခင္းတို႔ေၾကာင့္ ေဒသခံမ်ား ေ႐ြးေကာက္ပြဲ တြင္ ပါဝင္လာရန္ အခက္အခဲ စိန္ေခၚမႈတို႔မ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည္ဟု မြြန္ျပည္ လူ႔အခြင့္အေရး ေဖာင္ ေဒးရွင္း ၿပီးခဲ့သည့္ ေအာက္တိုဘာလ က ထုတ္ျပန္သည့္ “ဖယ္ၾကဥ္မရွိမွ လြတ္မွ်တ” ဆိုသည့္ အစီရင္စာထဲ တြင္ ေရးသားထားသည္။

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ ေရးေခ်ာင္းဖ်ားေဒသအတြင္းက မဲမေပးဖူသည့္ မဲဆႏၵရွင္ျပည္သူ ၂၀၀၀ နီးပါး က လည္း မဲစာရင္းတြင္ ပါလာသည့္အတြက္ ယခု ႏုိဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြ ေ႐ြး ေကာက္တြင္ မဲေပးခြင့္ရရွိေတာ့မည္ ျဖစ္သည္။

မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမအပါအဝင္ ျမန္မာႏိုင္ငံေတာင္ပိုင္းရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္သည့္ ေဒသမ်ားတြင္ လူဦးေရ ၁ သိန္း ၈ ေသာင္း ဝန္းက်င္ခန႔္ရွိၿပီး ၎တို႔ထဲတြင္ လူဦးေရ ၄ ေသာင္း ေက်ာ္ သည္ ေ႐ြးေကာက္ပြဲတြင္ တစ္ႀကိမ္တစ္ခါမွ ပါဝင္ခြင့္ မရရွိသူမ်ားျဖစ္သည္ဟု မြြန္ျပည္ လူ႔အခြင့္အေရး ေဖာင္ေဒးရွင္း ၏ “ဖယ္ၾကဥ္မရွိမွ လြတ္မွ်တ” ဆိုသည့္ အစီရင္စာ အရ သိရသည္။